𝗡𝗼 𝗠𝗼𝗻𝗲𝘆

𝗡𝗼 𝗠𝗼𝗻𝗲𝘆 အားလုံးစုစည်းနေရင်ဘာမှမဖြစ်

15/06/2026

ရက်တစ်ရာစီမံချက်ဆိုပြီး လမ်းဘေးဆိုင်တွေဖျက်၊ ရွာတွေမီးရှို့၊ နေရာအနှံ့ကို ဗုံးကြဲနေတဲ့စခတပ်က
စလော့တွေကိုတော့ ခွင့်ပြုထားပါတယ်။
အယောင်ပြဖမ်းပြပေမယ့် streaming ကနေ
ကြော်ညာနေတာကို မမြင်သလိုပါပဲ။
စလော့ game စွဲပြီး ဘဝပျက်လုနီးပါး လူငယ်တွေလည်းလက်ညှိုးထိုးမလွဲ။
စကစရဲ့တိုင်းပြည်အပေါ်ထားတဲ့ စေတနာတွေကို သိရအောင်ပါ။

၁၃ နှစ် ၁၄ နှစ်ကလေးတွေ ကျောင်းမတက်နိုင်လို့ ထွက်ကြတာအများကြီးပါ။
ဒီကလေးတွေရဲ့ပညာရေးကို ဆက်သွားချင်ရင်
စကစရဲ့ပညာရေးကျောင်းရှိပါတယ်။ အထက်တန်းပညာရေးကိုအခမဲ့သင်ပေးမှာပါ။ G 12 အောင်ရင် စစ်ထဲဝင်ရမှာလေးပဲ ပြသနာရှိတာပါ။

ပျူစောထီးတစ်ကောင်က စစ်မှုထမ်းပါတဲ့သူငယ်ချင်းကို မထည့်ရက်လို့ ညတွင်းချင်းတခြားတစ်ယောက်ကို အစားထိုးပေါ်တာဆွဲလိုက်ပါတယ်။ ရပ်ကွက်ထဲမှာတော့ ဒီကောင်မဆိုးပါဘူးဖြစ်သွားတယ်။ မြန်မာပြည်သားလူငယ်တစ်ယောက် စစ်ပွဲထဲရောက်သွားတာပါပဲ။

ဒီလူငယ်တွေ ဒီလိုခံစားနေရတာကို သိနေမြင်နေရပေမယ့် မင်းသားကိုမြင်းလို့ခေါ်လို့ထွက်တဲ့ဒေါသမျိုး လူထုဆီကထွက်မလာပါဘူး။ စကစရဲ့လက်ဆပြင်းပုံများပြောပါတယ်။

ဒီလိုဆို
တောထဲ၊ထောင်ထဲကလူငယ်တွေအကြောင်း သတိမှရပါ့မလား။ ပြည်သူတွေကမေ့သွားကြပြီလား။ No ပါ။ အခုထိ ကြံ့ကြံ့ခံ မယိုင်လဲစတမ်း ကြိုးစားအားထုတ်နေကြတဲ့ပြည်သူတွေအများကြီးပါ။ တနုက်ပွဲမှာ ကျသွားတဲ့ရဲဘော်တွေအတွက် ငိုကြွေးပြီး အောင်ပွဲရလာတဲ့လူငယ်တွေအတွက် ဝမ်းသာနေကြဆဲပါ။ ဒီလူငယ်တွေကို ပံ့ပိုးဖို့ ရဲရင့်နေကြတုန်းပါပဲ။

14/06/2026

မနက်ဖြန်ဆိုလဝက်ကျိုးပါပြီ။
အညာထီ အစောင် ၅၀ တောင်မရောင်းရသေးပါဘူး။ တစ်ယောက် ၃ စောင်လောက် အားပေးကြပါလားဟင်။

အမေစုရဲ့ ပြောစကားတွေကို အတိုလေးတွေ ဖြတ်တင်တဲ့ post တွေ အောက်မှာဆိုရင် ဘောမတစ်သိုက်က အမေစုက မတည်ငြိမ်ဘူးတို့၊ လှုပ်နေတယ်တ...
13/06/2026

အမေစုရဲ့ ပြောစကားတွေကို အတိုလေးတွေ
ဖြတ်တင်တဲ့ post တွေ အောက်မှာဆိုရင် ဘောမတစ်သိုက်က အမေစုက မတည်ငြိမ်ဘူးတို့၊ လှုပ်နေတယ်တို့ အမျိုးမျိုး ပုံဖျက်ပြောကြတော့ ရယ်ရလိုက်တာ။ သူတို့ကိုးကွယ်တဲ့ မအလက တော်တော်ကျက်သရေရှိတာကိုး။ အတောင့်လိုက်ရပ်နေတဲ့ပုံကို ခဏတွေ့လိုက်ရရင်တောင် ကျက်သရေတုံးပြီး ဘူပိတ်နေပြီ။

အမေစု နိုင်ငံတကာခရီးစဥ်တွေမှာ မြန်မာဝတ်စုံတွေနဲ့ ပန်းတွေဝေနေအောင် ပန်ထားတဲ့ပုံရိပ်တွေက ငါတို့ခေါင်းဆောင်က ဒီလိုဆိုပြီး ဂုဏ်ယူရတယ်။
ဘွဲ့ဝတ်စုံနဲ့ဆိုလည်း တယုတ်သရဲလိုဖြစ်မနေဘူး။

ဘာသာစကားဆိုလည်း မျက်နှာမငယ်ရဘူး။ EAO ပြောတာတောင် ဒစ်လည်နေတဲ့ မအလလိုကောင်မျိုးကို မြောက်မြန်မာတွေပဲ ခေါင်းဆောင်တင်လိုက်။ ငါတို့ကတော့ လုံးဝလက်မခံဘူး။

ဒါက အမေစုကို ရုပ်ပိုင်းဆိုင်ရာ ဝေဖန်လို့သာပြန်ပြောရတာ။ ပြည်သူတွေအပေါ်ထားတဲ့ စေတနာက မအလဘယ်လိုမှ လိုက်မမီဘူး။

ဒီလဆို အမေစုမွေးနေ့ရှိတယ်။ ၈၁ နှစ်ပြည့်မှာ။ အသက်ရှင်လား ဆိုတာသေချာမသိရလို့ လူထုကတောင်းဆိုနေရတယ်။ ဓာတ်ပုံတစ်ပုံထုတ်ပြပြီး နှုတ်ဆိတ်နေကြတယ်။ တနိုင်ငံလုံးက ချစ်ရတဲ့ဗိုလ်ချုပ်ရုပ်ထုတွေကိုတောင် မနာလိုစိတ်နဲ့ဖျက်ဆီးနေတဲ့ မအလက သူဘယ်လိုလိုယှဥ်ယှဥ်
မနိုင်တဲ့အမေစုကို မုန်းတီးနေမှာအသေအချာပဲ။

ပြည်သူအများလည်း မေတ္တာပို့သနေကြမှာပါ။
ပြည်သူတွေရဲ့မေတ္တာနဲ့ မအလရဲ့အမုန်း ဘယ်အရာက ပိုပြင်းထန်မလဲ။

အမေစုလိုခေါင်းဆောင်မျိုးရဲ့ ဦးဆောင်မှုနောက်လိုက်ပြီး အိပ်မက်တွေ အကောင်အထည်ဖော်ချင်သေးတယ်။ တိုင်းပြည်အတွက် ကြိုးစားချင်တယ်။ မြန်မာနိုင်ငံသားတစ်ယောက်အဖြစ် ဂုဏ်ယူကျေနပ်ချင်သေးတယ်။





Pic crd

12/06/2026

သတစ မအလ မင်းအောင်လှိုင် လက်ယားတယ်လို့ထင်သွားတာ

11/06/2026

ထီလေးတွေအားပေးကြပါဦး။
အစောင် ၅၀ တောင်မပြည့်သေးလို့ပါ။
အညာထီက ၂၂၅ စောင်ကုန်အောင် ရောင်းရမှာ။

အမေစု ၈၁ နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဘာလုပ်ရင်ကောင်းမလဲ။ ထီရောင်းတဲ့ page ဆိုတော့ ထီပဲရောင်းပါတော့မယ်။ အမေစု အမ...
08/06/2026

အမေစု ၈၁ နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဘာလုပ်ရင်ကောင်းမလဲ။ ထီရောင်းတဲ့ page ဆိုတော့ ထီပဲရောင်းပါတော့မယ်။ အမေစု အမြန်ဆုံးအချုပ်အနှောင်မှ လွတ်မြောက်ပါစေ။
Pic crd


07/06/2026

ဇွန်လပထမအပတ်မှာတော့
အညာထီ ၂၅ စောင် နဲ့
ထောက်ပို့ထီ ၅ စောင် ရောင်းပြီးပါပြီ။
အညာထီက မဖြစ်မနေ အစောင် ၂၀၀ ရောင်းဖို့ကျန်ပါတယ်။
ထောက်ပို့ထီကတော့ ရောင်းနိုင်သလောက်ရောင်းမှာပါ။
တစ်ထောင်၊နှစ်ထောင်နဲ့ တစ်လလုံးအိပ်မက်လို့ရမယ့် အခွင့်အရေးပါ။ အားပေးကြပါဦး။

06/06/2026

CDM တွေအတွက် အညာထီ တစ်စောင် တစ်ထောင်ကျပ်။
PDF တွေအတွက် ထောက်ပို့ထီ တစ်စောင် နှစ်ထောင်ကျပ်။
ဇွန်လအတွက် အားပေးဝယ်ယူလို့ရပါပြီ။

05/06/2026

ပွဲတွေဖြစ်ရင် ၆၈၀၀ တွေက ဘေးတီးကြတာပေါ့။ တလရမှာ ဘာတစ်ခုမှ မပါဝင်ဘဲ တလရဆယ်လီဆိုအထင်မကြီးဘူးဆိုတဲ့ လိပ်ပြာမလုံလို့ အရှက်ပြေပြောတဲ့အုပ်စုနဲ့ဆို​တော့ ဒေါသတွေထွက်ရတာပဲ။

ကိုယ်တိုင်လည်း အလုပ်တွဲလုပ်တဲ့အခါ ပွတ်တိုက်မှုတွေ ဖြစ်ဖူးတယ်။ Public ရောက်မလာတာပဲရှိတယ်။ Public ပေါ်တင်ကြတာလည်း နားလည်တယ်။ ကိုယ်မှန်ကြောင်းသက်သေထူချင်တာရယ်၊ ကိုယ်ရဲ့အခြေအနေနဲ့ကိုယ့်ဘက်ကခံစားချက်တွေကို နားလည်စေချင်လို့။

ဘောမတွေက ပျော်မှာပဲ။ တိုက်ပွဲမှာအကြိတ်ခံရ၊ နိုင်ငံတကာမှာအရှက်ကွဲနေတာကို တလရဘက်က အားနည်းချက်လို့ထင်ရင် လှောင်ကြတာပဲ။ ကိုယ်တွေဘက်ကလည်း စခတွေသတင်းတွေကြားရင် ဝမ်းသာတာပဲလေ။

တစ်ခုတော့ စိတ်ထဲမှာ အသေမှတ်ထားတယ်။ အချက်အလက်သက်သေမရှိဘဲ တလရကိုအမြဲတိုက်ခိုက်နေတဲ့သူတွေရဲ့စကားကြောင့်နဲ့တော့
တလရကိုဘယ်တော့မှ စိတ်မလျှော့ဘူးဆိုတာပဲ။

အခု မဖြူနဲ့ကိုဒေါင်းကိုလည်း ဆက်အားပေးနေမှာပဲ။ ကိုယ့်စိတ်ထဲကခံစားချက်မန့်မယ်ဆိုရင်တောင် Respect ပေးမန့်မှာပဲ။
တလရအတွက်သာ အလုပ်မလုပ်ကြရင်
ဒီပွဲဖြစ်မှာကိုမဟုတ်ဘူး။
တစ်ဖက်ကိုရပ်ရမယ်ဆိုရင်​တောင်
တစ်ဖက်ကိုနစ်နစ်နာနာပြောစရာအကြောင်းကိုမရှိတာ။

ပွဲဖြစ်ရင် မြောက်မြန်မာတွေပျော်နေမှာဆိုပြီး စိတ်ညစ်တတ်ကြတယ်။ ပွဲတွေဖြစ် အကွဲအပြဲတွေနဲ့ တလရအားလျော့မှာလည်း ကြောက်ကြတယ်ပေါ့။ ဒါပေမယ့် ကိုယ်တွေက ဘာတတ်နိုင်မှာလဲ။ ပွဲတွေမဖြစ်အောင် တားနိုင်စွမ်းမရှိဘူး။ ဒါပေမယ့် ဒါတွေကြောင့်တော့ တလရကို စွန့်မသွားဘူးဆိုတဲ့ တစ်ကိုယ်စာတော့ ကတိပေးနိုင်တယ်။ ဒီတော့ ဖြစ်ချင်တဲ့ပွဲဖြစ်၊ အချိန်တန်ရင် ကိုယ့်အလုပ်ကိုယ်ဆက်လုပ်ကြမယ်ဆိုရင် တလရက ဆက်သွားနေမှာပဲ။

တလရလည်းမကူဘဲ စိတ်ညစ်နေရင်တော့ မြောက်မြန်မာဘက်နေလိုက်နော်။ သူတို့ဘက်မှာ ပျော်စရာကြီး။ အခက်အခဲမရှိ ပျော်ရွှင်နေကြတာ။ သွားနေကြ။ ငလမ မအလ ဘဘကြီးကလည်းအရည်အချင်းတွေအပြည့်။ အဖြူရောင်အနုပညာရှင်တွေကလည်း ချစ်ချစ်ခင်ခင်နဲ့။ ဟုတ်တယ်။

05/06/2026

Post တစ်ခုမှာ ထိုင်းကိုသွားတော့ လေဆိပ်မှာ ဝရမ်းပြေးနဲ့နာမည်တူတယ်ဆိုပြီး အရစ်ခံရတာ ဟာသလိုတင်ပြီး မန့်မှာအခြေအနေကိုရှင်းပြတော့မှ အဲ့လောက်ထိလေးလေးနက်နက်မတွေးမိဘူးဆိုပြီး ပြန်ပြောတယ်။
အပြစ်မတင်ပါဘူး။ ကိုယ်တွေလည်း ၈၈ ကို အမှန်မသိတော့ ကြောက်ခဲ့ကြသေးတာပဲ။

ဒါပေမယ့်
၆ နှစ်မပြည့်သေးဘူးနော်။ တိုက်ပွဲတွေလည်း ပြင်းထန်နေဆဲ။ ရွာတွေပြာကျတဲ့အထိ မီးရှို့ခံနေရတာပဲ။ မအလကြောင့်လည်း ဒုက္ခများနေတုန်း။ ဆက်သွယ်ရေးစနစ်ကလည်း အရင်ကထက် အများကြီးတိုးတက်နေပြီ။
စကစဘက်က Team နဲ့ကို ဝါဒဖြန့်နေချိန်
တလရဘက်ကို အကောင်းဘက်ကပြောတာနဲ့ လော်ဘီဆိုပြီးခေါင်းစဥ်တပ်တာနဲ့ တလရရဲ့ဆိုးကျိုးတွေကို ၆၈၀၀ တွေနဲ့အပြိုင်မန့်ကြတာဆိုတော့
လေဆိပ်မှာ blacklist လုပ်ပြီးဖမ်းရတဲ့အထိ တင်းကြပ်နေတဲ့မအလရဲ့လုပ်ရပ်ထက် ဝရမ်းပြေးကို ရာဇဝတ်သမားလို့ ထင်လာကြတာ မဆန်းပါဘူး။

ဘယ်လိုလုပ်မလဲ။ ဒီလိုနိုင်ငံမှာနေမှတော့ ဒီလူတွေအားနဲ့ပဲ ဆက်သွားရမှာလေ။ ဆိုတော့ စိတ်ပျက်ရင်တောင် လက်လျှော့လို့တော့မရဘူးပေါ့။ အမေစုကို အတုယူရမယ်လေ။ ဒီတော့ ဆက်လျှောက်။

Address

Mandalay

Alerts

Be the first to know and let us send you an email when 𝗡𝗼 𝗠𝗼𝗻𝗲𝘆 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share