MTA- Myanmar Tea Association

MTA- Myanmar Tea Association Myanmar Tea Association is one stop links for all tea Growers,Producers, Processors, Manufacturers, Distributors and farmers in Myanmar.

🍃 **Tastes of the Golden Land 2026 (Mandalay)** ရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး Panel Discussion မှာ တွေ့ဆုံကြမယ်! 🍽️မြန...
21/08/2026

🍃 **Tastes of the Golden Land 2026 (Mandalay)** ရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး Panel Discussion မှာ တွေ့ဆုံကြမယ်! 🍽️

မြန်မာ့အစားအသောက်ကဏ္ဍရဲ့ အနာဂတ်ကို ဘယ်လိုပုံဖော်ကြမလဲ❓
မန္တလေးရဲ့ အရသာတွေကို ခေတ်ရေစီးကြောင်းနဲ့အညီ ဘယ်လိုထိန်းသိမ်းမြှင့်တင်ကြမလဲ❓
မြန်မာ့ရိုးရာအရသာတွေကို ကမ္ဘာ့အလယ်မှာ လူသိများလာအောင် ဘယ်လိုဖော်ဆောင်ကြမလဲ❓

ဒီမေးခွန်းတွေအပြင် Food Business တစ်ခု အောင်မြင်လာဖို့ လိုအပ်တဲ့ အဓိကအချက်တွေ၊ ရေရှည်တည်တံ့ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်စနစ်တစ်ခု တည်ဆောက်နိုင်ဖို့ နည်းလမ်းတွေကိုပါ နယ်ပယ်အသီးသီးမှ ထိပ်တန်းလုပ်ငန်းရှင်များ၊ ပညာရှင်များရဲ့ အတွေ့အကြုံနဲ့ အမြင်များ ကနေ အတူတကွ ဆွေးနွေးအဖြေရှာသွားမှာ ဖြစ်ပါတယ်။

🍵 Myanmar Tea Producer and Exporters' Association ( MTA) အနေနဲ့ Partner Association အဖြစ် ပါဝင်ပူးပေါင်းသွားမှာဖြစ်ပြီး မြန်မာ့လက်ဖက်ကဏ္ဍကို ကိုယ်စားပြုသည့် အောက်ပါ လက်ဖက် Brand များလည်း ပါဝင်ပြသသွားမှာ ဖြစ်ပါတယ်။

**ပါဝင်ပြသမည့် လက်ဖက် Brand နှင့် လုပ်ငန်းများ**

* Mother’s Love Tea (SHWIN CHANG LONE MFG. CO., LTD.)
* ဦးကါက+ ဒေါ်စိန် လက်ဖက်လုပ်ငန်း
* TawWinKBZ Mountain Co., Ltd. (ရုပ်သေး လက်ဖက်ရည်)
* စူးရည် လက်ဖက် နှင့် အကြော်စုံ
* သဲတောင်ဖိုးထောင် လက်ဖက်နှင့် အကြော်စုံ
* TGT Tea Co., Ltd.
* FAT Tea
* တောင်ပိုင်
* ရွှန်းစိန် လက်ဖက် နှင့် အကြော်စုံ
* ဒင်္ဂါး မုန့်လုပ်ငန်း
* ရွက်နုလှိုင် လက်ဖက် နှင့် ဂျပန်ဂျင်းနု
* မြဘုရင် (MYABUYIN Dairy Plant)
* Myanmar Tea Leaf Co., Ltd.

မြန်မာ့အစားအစာယဉ်ကျေးမှုထဲမှာ အရေးပါတဲ့ လက်ဖက်ရဲ့ အရသာ၊ အမွေအနှစ်နဲ့ အနာဂတ်အခွင့်အလမ်းများ ကို မြန်မာနိုင်ငံလက်ဖက်အသင်း၏ ဒုဥက္ကဌ ဦးမောင်လွင်(ပင်ကြီးလက်ဖက်ဖွံဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ) နှင့် အသင်း၏အကြံပေး ဦးမျိုးဝင်းအောင်တို့မှပါဝင်ဆွေးနွေးမှုအတွက်ဂုဏ်ပြုကြိုဆိုပြီးလက်ဖက်အစားအသောက်မျိုးစုံကို တစ်နေရာတည်းမှာ လေ့လာခံစားနိုင်မယ့် အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ 🍃

📅 **နေ့ရက်** — ၂၂.၀၈.၂၀၂၆ နှင် ၂၃.၀၈.၂၀၂၆
⏰ **အချိန်** — မနက် ၉:၀၀ မှ ညနေ ၅:၀၀ နာရီအထိ
📍 **နေရာ** — MCC, မန္တလေး

မင်္ဂလာပါရှင့်စိုက်ပျိုးရေးအခြေပြု စီးပွားရေးလုပ်ငန်းများ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေရန် ထုတ်ကုန်ဘဝစက်ဝန်းစီမံခန့်ခွဲ...
19/08/2026

မင်္ဂလာပါရှင့်

စိုက်ပျိုးရေးအခြေပြု စီးပွားရေးလုပ်ငန်းများ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေရန် ထုတ်ကုန်ဘဝစက်ဝန်းစီမံခန့်ခွဲမှုနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲသို့ ဖိတ်ကြားခြင်း။

PRET (Promoting Environmental Transformation of Agrifood in Myanmar) Project ၏ အစီအစဉ်တစ်ရပ်အဖြစ် စိုက်ပျိုးရေးအခြေပြု စီးပွားရေးလုပ်ငန်းများ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ “ထုတ်ကုန်ဘဝစက်ဝန်းစီမံခန့်ခွဲမှု (Life Cycle Management) နှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု (Waste Management) ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ” ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် သက်ဆိုင်ရာအသိပညာများ မျှဝေဆွေးနွေးခြင်းနှင့် အတွေ့အကြုံများ ဖလှယ်ခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ပါသဖြင့် လူကြီးမင်းတို့အား လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

💦ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များ

၁။ လက်ဖက်တန်ဖိုးကွင်းဆက် (Tea Value Chain) ကို ဥပမာအဖြစ် အသုံးပြု၍ စွန့်ပစ်ပစ္စည်းများ ဖြစ်ပေါ်မှုနှင့် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို သိရှိနားလည်စေရန်။

၂။ လက်ဖက်ကဏ္ဍတွင် အသုံးချနိုင်မည့် ထုတ်ကုန်ဘဝစက်ဝန်းစီမံခန့်ခွဲမှု (Life Cycle Management) နှင့် ဘဝစက်ဝန်းအမြင် (Life Cycle Thinking) ဆိုင်ရာ အခြေခံသဘောတရားများကို မိတ်ဆက်ပေးရန်။

၃။ စွန့်ပစ်ပစ္စည်းများကို လျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်း (Reuse)၊ ပြန်လည်ထုတ်လုပ်အသုံးပြုခြင်း (Recycling) နှင့် အရင်းအမြစ်များကို ထိရောက်စွာ ပြန်လည်အသုံးချခြင်း (Resource Recovery) တို့ကို မြှင့်တင်ရန်။

၄။ စက်ဝန်းစီးပွားရေး (Circular Economy) ၏ အခြေခံသဘောတရားများနှင့် ရေရှည်တည်တံ့သော ထုတ်လုပ်မှုနည်းလမ်းများအပေါ် နားလည်မှု တိုးမြှင့်ပေးရန်။

၅။ လက်ဖက်ကဏ္ဍရှိ သက်ဆိုင်သူများအနေဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ စွမ်းဆောင်ရည်များ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် လက်တွေ့အကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများကို ဖော်ထုတ်ဆောင်ရွက်နိုင်ရေး အားပေးမြှင့်တင်ရန်။

☘️မျှော်မှန်းရလဒ်များ (Expected Outcomes)

ဆွေးနွေးပွဲအပြီးတွင်— ပါဝင်သူများသည် လက်ဖက်တန်ဖိုးကွင်းဆက်အတွင်း ဘဝစက်ဝန်းအမြင်ကို အသုံးချ၍ ရေရှည်တည်တံ့သော ထုတ်လုပ်မှုနည်းလမ်းများကို နားလည်လာမည်ဖြစ်ပါသည်။ ထို့အပြင် ပတ်ဝန်းကျင်ထိခိုက်မှုများနှင့် စွန့်ပစ်ပစ္စည်းပြဿနာများကို သိရှိပြီး စွန့်ပစ်ပစ္စည်းလျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်းနှင့် အရင်းအမြစ်များကို ထိရောက်စွာ အသုံးချခြင်းဆိုင်ရာ လက်တွေ့နည်းလမ်းများကို ဖော်ထုတ်နိုင်မည်ဖြစ်ပါသည်ရှင့်။

ပါဝင်ဆွေးနွေးလိုသူများ အနေဖြင့်မိမိတို့၏—-

၁) အမည်
၂)ဖုန်းနံပါတ်
၃)လိပ်စာ တို့အား

Comment သို့မဟုတ် Messenger မှတစ့်ဆင့် (၂၂/၀၈/၂၀၂၆)နေ့နောက်ဆုံးထား၍စာရင်းပေးသွင်းနိုင်ပါတယ်ရှင့်။

✨ "Tastes of the Golden Land 2026" ပြပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ကျေးဇူးတင်...
27/07/2026

✨ "Tastes of the Golden Land 2026" ပြပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ကျေးဇူးတင်လွှာ ✨

မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (MRA) မှ ဦးဆောင် စီစဉ်ကျင်းပသည့် "Tastes of the Golden Land" ပြပွဲကြီး အောင်မြင်ခမ်းနားစွာ ကျင်းပနိုင်ခဲ့ခြင်းအတွက် မြန်မာနိုင်ငံလက်ဖက်အသင်း (MTA) မှ ထပ်တူထပ်မျှ ဝမ်းမြောက်ဂုဏ်ယူမိပါသည်။

ပြပွဲကြီးတွင် မြန်မာ့လက်ဖက် ယဉ်ကျေးမှုနှင့် လက်ဖက်ထုတ်ကုန်များကို ကျယ်ကျယ်ပြန့်ပြန့် ပြသခွင့်ရရှိရန်အတွက် မြန်မာ့လက်ဖက်ပြခန်းများ ပါဝင်ပြသနိုင်ရေး ဖိတ်ခေါ်ပေးခဲ့ပါသော MRA ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

ထို့ပြင် ဤပြပွဲကြီး အစအဆုံး အောင်မြင်ချောမွေ့စွာ ပြီးမြောက်ရေးအတွက် အစွမ်းကုန် ဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးခဲ့ကြသည့် MRA နှင့် MTA မှ တာဝန်ရှိသူအသီးသီး၊ ဝန်ထမ်းများ၊ အသင်းဝင် ကုမ္ပဏီများနှင့် ပါဝင်ပြသပေးခဲ့ကြသော Brand အသီးသီးမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ အားလုံး၏ စေတနာနှင့် ကြိုးပမ်းအားထုတ်မှုများကိုလည်း မြန်မာနိုင်ငံလက်ဖက်အသင်းမှ အမှတ်တရ မှတ်တမ်းတင် အထူးကျေးဇူးတင်ရှိအပ်ပါသည်။

နောင်တွင်လည်း မြန်မာ့အစားအသောက်နှင့် လက်ဖက်ကဏ္ဍ စဉ်ဆက်မပြတ် တိုးတက်မြင့်မားရေးအတွက် ယခုကဲ့သို့ စည်းလုံးညီညွတ်စွာဖြင့် အတူတကွ လက်တွဲဆောင်ရွက်သွားနိုင်ရန် မျှော်လင့်ဆန္ဒပြုပါသည်။

🌿🇲🇲 Taste of the Golden Land 2026 တွင် မြန်မာနိုင်ငံလက်ဖက်အသင်း၏ ပထမရက် အောင်မြင်စွာ ပါဝင်ပြသခြင်း 🇲🇲🌿
25/07/2026

🌿🇲🇲 Taste of the Golden Land 2026 တွင် မြန်မာနိုင်ငံလက်ဖက်အသင်း၏ ပထမရက် အောင်မြင်စွာ ပါဝင်ပြသခြင်း 🇲🇲🌿


"Taste of the Golden Land" ပြပွဲမှာ ပါဝင်ပြသသွားမည့် မြန်မာနိုင်ငံ လက်ဖက်အသင်း၏ အသင်းသားလုပ်ငန်းများနှင့် အမှတ်တံဆိပ်မျာ...
22/07/2026

"Taste of the Golden Land" ပြပွဲမှာ ပါဝင်ပြသသွားမည့် မြန်မာနိုင်ငံ လက်ဖက်အသင်း၏ အသင်းသားလုပ်ငန်းများနှင့် အမှတ်တံဆိပ်များ 🍃

မြန်မာနိုင်ငံ လက်ဖက်အသင်း (Myanmar Tea Association) မှ "Taste of the Golden Land" အစားအသောက်နှင့် ထုတ်ကုန်ပြပွဲကြီးတွင် အောက်ပါ နာမည်ရ မြန်မာ့လက်ဖက်၊ အကြော်စုံနှင့် ရိုးရာစားသောက်ကုန် လုပ်ငန်းများနှင့်အတူ ပါဝင်ပြသသွားမည် ဖြစ်ပါသည်။ ☕

ပါဝင်ပြသမည့် လုပ်ငန်းများ -

🍃Myanmar Tea Association 🔰

🍃 Junction Pinlaung မြန်မာ့လက်ဖက် အမျိုးမျိုး အရောင်းဆိုင် (တာမွေ)

🥗 ဆူးလေ ဒေါ်ရိတ်ကြီး လက်ဖက်နှင့် မြန်မာ့ရိုးရာ စားသောက်ကုန်

☕ TawWinKBZ Mountain Co., Ltd. (ရုပ်သေး လက်ဖက်ရည်)

🍃 အရီးတောင်း လက်ဖက် နှင့် အကြော်စုံ

🥗 စူးရည် လက်ဖက် နှင့် အကြော်စုံ

🍃 သဲတောဖိုးထောင် လက်ဖက် နှင့် အကြော်စုံ

🥗 ရွက်နုလှိုင် လက်ဖက် နှင့် ဂျပန်ဂျင်းနုမျှင်

☕ Mother’s Love Tea

🍃 ဦးကါက + ဒေါ်စိန် လက်ဖက်လုပ်ငန်း

🥗 တောင်ပိုင် လက်ဖက်

🍃 မယ်ဗမာ လက်ဖက်

🥗 ရွှန်းစိန် လက်ဖက် နှင့် အကြော်စုံ

🍪 ဒင်္ဂါး မုန့်မျိုးစုံလုပ်ငန်း

အဆင့်မြင့် လက်ဖက်ခြောက်၊ လက်ဖက်စို ၊ လက်ဖက်သုပ်/အကြော်စုံများနှင့် ရိုးရာမုန့်များကို တစ်နေရာတည်းတွင် စုံစုံလင်လင် မြည်းစမ်းဝယ်ယူနိုင်ရန် Myanmar Tea Association ၏ လက်ဖက်ဆိုင်ခန်းများသို့ မပျက်မကွက် ကြွရောက်ခဲ့ကြဖို့ ဖိတ်ခေါ်အပ်ပါသည်။

🎉မြန်မာနိုင်ငံလက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း MTA မှ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့တွင် စတုတ္ထအကြိမ်မ...
10/07/2026

🎉မြန်မာနိုင်ငံလက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း MTA မှ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့တွင် စတုတ္ထအကြိမ်မြှောက် အသင်းနှစ်ပတ်လည် အစည်းအဝေးအခမ်းအနားကို Hotel Spring, Pyin Oo Lwin တွင် ခမ်းနားသိုက်မြိုက်စွာ အောင်အောင် မြင်မြင် ကျင်းပနိုင်ခဲ့ပါတယ်။🎉

🌟အခမ်းအနားတွင် မြန်မာနိုင်ငံလက်ဖက်အသင်းဝင် လက်ဖက်အစုအဖွဲ့များ၊ လက်ဖက်လုပ်ငန်းရှင်များ၊ အသင်း၏ မိတ်ဖတ်အဖွဲ့အစည်းများ၊ အသင်းသားစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ တတ်ရောက်ခဲ့ကြပါတယ်🌟

🍃နှစ်ပတ်လည်အစည်းအဝေးသို့ တတ်ရောက်လာသူများအားလုံးကို အသင်းမှ အစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ပါတယ်။🍃

❇️နှစ်ပတ်လည် အခမ်းအနားအစီအစဉ်များအဖြစ်❇️

✅ အသင်း၏ ပြီးဆုံးခဲ့သော တစ်နှစ်တာ လုပ်ဆောင်မှု စီရင်ခံချက်များ နှင့် ဘဏ္ဍာရေးရှင်းတမ်းနှင့် စီရင်ခံစာများ ဖတ်ကြားခြင်း၊

✅အတည်ပြုဆွေးနွေးထားသော အသင်း၏ ဖွဲ့စည်းပုံအသစ်၊လုပ်ငန်းမူဝါဒနှင့် လုပ်ငန်းလမ်းညွှန်များကို ဖတ်ကြားခြင်း၊

✅ ဖိတ်ကြားထားသော အသင်း၏အကြံပေး ပုဂ္ဂိုလ်များနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ အမှတ်တရစကား ပြောကြားခြင်း

✅ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဥ်များနှင့်လျာထားဘတ်ဂျက်ကို အတည်ပြုဆွေးနွေးခြင်း၊

✅အသင်း၏စုပေါင်းပိုင် အမှတ်တံဆိပ်နှင့် ပတ်သက်၍ ဖတ်ကြားရှင်းလင်းခြင်း၊ အတည်ပြုခြင်းနှင့် တတ်ရောက်လာသူများမှ မရှင်းလင်းသည်များကို မေးမြန်းဆွေးနွေးခြင်း

✅ မြန်မာနိုင်ငံ လက်ဖက်အသင်းမှ ဖွဲ့စည်းထားသော ကော်မတီများ၏ တစ်နှစ်တာ လုပ်ငန်းစဉ်များအား အတည်ပြုတင်ပြခြင်း

✅AYA Sompo Co, Ltd. မှ အာမခံလုပ်ငန်းစဉ်များအကြောင်း မျှဝေခြင်း

✅ AYA Bank မှ ဘဏ်နှင့် ဘဏ်လုပ်ငန်းစဉ်များအကြောင်း မျှဝေပေးခြင်း

✅ဆရာဦးဘော်ဘီ (ဒို့ကျေးလက်) မှ ထူးခြားသည့် သဘာဝမြေဩဇာများအကြောင်း မျှဝေပေးခြင်း

✅တက်ရောက်လာသည့် ဧည့်သည်တော်များနှင့် အသင်းသားများ အတူတကွ မှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်း

✅အသင်း ဥက္ကဌမှ နိဂုံးချုပ် နှုတ်ဆက်စကားပြောကြားခြင်း စသည်တို့ကို အစီအစဥ်အတိုင်း ကျင်းပဆောင်ရွက်ခဲ့ပါတယ်

✅ဇွန်လ (၁၄) ရက်နေ့ညတွင် အသင်းသားများ စုံညီစွာဖြင့် ညစာစားပွဲအခမ်းအနားကိုလည်း ပါဝင်ဆင်နွဲခဲ့ကြပါတယ်ရှင့်

🙏အသင်း၏နှစ်ပတ်လည် အစည်းအဝေးတွင် အသင်း၏တိုးတက်အောင်မြင်မှုများအတွက် ရှင်းလင်းမြင်သာမှုရှိစေရန် ရှင်းလင်းတင်ပြကာ အသင်းဝင်များအချင်းချင်းလည်း ခင်မင်ရင်းနှီးစွာဖြင့် အသင်း၏ရှေ့ဆက်မည့် လုပ်ငန်းစဥ်များအတွက် အောင်မြင်စွာဆွေးနွေးရင်း ခမ်းနားစွာ ကျင်းပနိုင်ခဲ့ပုံကို အမှတ်တရ မျှဝေပေးလိုက်ရပါတယ်ရှင့်





#

‼️Vacancy Announcement ‼️🔰 Operations and Resource Management Officer - (၁) ဦးတာဝန်များ အစီရင်ခံတင်ပြခြင်း - Project Coo...
22/06/2026

‼️Vacancy Announcement ‼️

🔰 Operations and Resource Management Officer - (၁) ဦး

တာဝန်များ အစီရင်ခံတင်ပြခြင်း - Project Coordinator
တာဝန်ထမ်းဆောင်ရန် နေရာ - မန္တလေး

လုပ်ငန်းတာဝန်များ

Administrative Tasks
▪ စာပေးစာယူ၊ စာရွက်စာတမ်းတင်သွင်းခြင်းနှင့် မှတ်တမ်းထားရှိခြင်းအပါအဝင် ရုံးအုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှုများ
▪ ပရောဂျက်အဖွဲ့များနှင့် လုပ်ဖော်ကိုင်ဖက်များအကြား ဆက်သွယ်မှုနှင့်ညှိနှိုင်းဆောင်ရွက်မှုကို ထိရောက်အောင် စီစဉ်ဆောင်ရွက်ပေးခြင်း
▪ ရုံးအဆောက်အအုံနှင့် စက်ကိရိယာများ ပြုပြင်ထိန်းသိမ်းမှုကို ကြီးကြပ်ခြင်း

Procurement and Logistics
▪ အလှူရှင်နှင့် စီမံကိန်းလမ်းညွှန်ချက်များနှင့်အညီ ဝယ်ယူမှုလုပ်ငန်းစဉ်များကိုစီမံခြင်း
▪ စီမံကိန်းအစီအစဉ်များ၊ ပွဲအခမ်းအနားများနှင့် ကွင်းဆင်းလေ့လာမှုများအတွက် ထောက်ပံ့ပို့ဆောင်ခြင်း
▪ စာရင်းနှင့်ပိုင်ဆိုင်မှုစီမံခန့်ခွဲမှုများကို ညှိနှိုင်းပြီးစောင့်ကြည့်ခြင်း

Human Resources
▪ ဝန်ထမ်းခေါ်ယူခြင်း၊ စတင်ခန့်အပ်ခြင်း၊ ဝန်ထမ်းသက်သာချောင်ချိရေးနှင့် ဝန်ထမ်းမှတ်တမ်းများ ထိန်းသိမ်းခြင်းအပါအဝင် HR လုပ်ငန်းဆောင်တာများကို ပံ့ပိုးပေးခြင်း
▪ အသင်းအဖွဲ့ရဲ့ HR မူဝါဒများကို လိုက်နာစေရန် ကြီးကြပ်ခြင်းနှင့် စွမ်းဆောင်ရည်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များကို ပံ့ပိုးပေးခြင်း
▪ ဘဏ္ဍာရေးနှင့် စာရင်းကိုင်အရာရှိများနှင့်အတူ လုပ်ခလစာနှင့်အခွန်စီမံခန့်ခွဲမှုကို ကူညီဆောင်ရွက်ပေးခြင်း

Operational Support
▪ ပရောဂျက် အကောင်အထည်ဖော်မှုကို ချောမွေ့စေရန် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို ပြုစုထိန်းသိမ်းခြင်း
▪ ပရောဂျက်အဖွဲ့နှင့် လုပ်ဖော်ကိုင်ဖက်များအတွက် ခရီးသွားအစီအစဉ်များနှင့် ထောက်ပံ့ပို့ဆောင်မှုများကို ပံ့ပိုးကူညီခြင်း

အရည်အချင်း လိုအပ်ချက်များ
✅ Admin, HR, Procurement, Logistics နှင့်သက်ဆိုင်ရာ လုပ်ငန်းခွင်တွင် အတွေ့အကြုံ အနည်းဆုံး (၁)နှစ်ရှိသူ
✅ Business Administration, Logistics, Human Resources (သို့) သက်ဆိုင်ရာနယ်ပယ်မှ ဘွဲ့တစ်ခုခုရရှိပြီးသူ
✅ MS Office Application (Word, Excel, PowerPoint) များကို ကျွမ်းကျင်စွာအသုံးပြုနိုင်သူ
✅ ကောင်းမွန်သော ပေါင်းသင်းဆက်ဆံရေးစွမ်းရည်များ ပိုင်ဆိုင်သူ
✅ လိုအပ်သလို စီမံကိန်းနေရာများကို ခရီးသွားလာနိုင်သူ
✅ အလှူရှင်-ရန်ပုံငွေ ပရောဂျက်များ အထူးသဖြင့် EU မှ ထောက်ပံ့ထားသော ပရောဂျက်များတွင် လုပ်ငန်းအတွေ့အကြုံရှိသူများအား ဦးစားပေး ခေါ်ယူလိုပါတယ်။

📢 Vacancy announcement ❕🙌🏻 (MTA) မြန်မာနိုင်ငံလက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းကြီးမှ အောက်ပါရာထူးနေရာ...
27/03/2026

📢 Vacancy announcement ❕

🙌🏻 (MTA) မြန်မာနိုင်ငံလက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းကြီးမှ အောက်ပါရာထူးနေရာအတွက် သင့်ကို အလိုရှိနေပါတယ်။

⚠ လျှောက်ထားသူများအား Rolling Basis ဖြင့် ဦးသူချက်ချင်း အင်တာဗျူးခေါ်ဆို ခန့်အပ်သွားမှာဖြစ်လို့ အမြန်ဆုံးလာရောက်လျှောက်ထားကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

🔰 Association Director (1 Post)

❗ အထက်ပါ ရာထူးနေရာသည် MTA အသင်းရုံးခန်းတည်ရှိရာ မန္တလေးမြို့မှာ အဓိကလုပ်ကိုင်ရမှာဖြစ်ပြီး လိုအပ်လျှင်လိုအပ်သလို ခရီးသွားလာရမှာဖြစ်ပါတယ်။
❕ အလုပ်အကိုင်များကို (၃)လ စမ်းသပ်ကာလအပြီးမှာ ရည်ရှည်၊ (၁)နှစ်စာချုပ်ဖြင့်ခန့်အပ်ပြီး ရှေ့ဆက်လက်တွဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဖော်ပြပါရာထူးအတွက် လုပ်ငန်းတာဝန်များနှင့် လိုအပ်သော အရည်အချင်းတို့ကို ပုံတစ်ပုံချင်းစီမှာ အသေးစိတ် ဖတ်ရှုလေ့လာနိုင်ပါတယ်။

စိတ်ဝင်စားလုပ်ကိုင်လိုသူများက
✅ အချက်အလက်ပြည့်စုံသော Resume, Cover Letter
✅ ([email protected]) သို့
✅ ၂၀၂၆ ဧပြီလ (၅) ရက်နေ့ မတိုင်မီ ပေးပို့လျှောက်ထားနိုင်ပါတယ်။

⚠ Email Subject မှာ လျှောက်ထားမည့် ရာထူးနာမည် (eg. Association Director) ကို ထည့်သွင်းပေးပို့ရပါမယ်။

ပြည်တွင်း လက်ဖက်စိုက်ပျိုးထုတ်လုပ်ရေး ဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်ပံ့ပိုးနေတဲ့ မြန်မာ့လက်ဖက်အသင်းကြီး(MTA) နှင့်အတူ လက်တွဲလုပ်ကိုင်လိုသူများ အားလုံးကို ဖိတ်ခေါ်ကြိုဆိုလိုက်ပါတယ်…💚

🌿 မြန်မာ့လက်ဖက်ပွဲတော် (Myanmar Laphet Festival) ကို ဖေဖဝါရီလ ၁၁ ရက်မှ ၁၄ ရက်နေ့အထိ ရန်ကုန်မြို့ စိမ်းလန်းစိုပြေပန်းခြံတ...
18/03/2026

🌿 မြန်မာ့လက်ဖက်ပွဲတော် (Myanmar Laphet Festival) ကို ဖေဖဝါရီလ ၁၁ ရက်မှ ၁၄ ရက်နေ့အထိ ရန်ကုန်မြို့ စိမ်းလန်းစိုပြေပန်းခြံတွင် စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။

🙏🏻 ပွဲတော်သို့ ကြွရောက်အားပေးခဲ့ကြသော ဧည့်သည်တော်များနှင့် မိတ်ဆွေများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိသလို၊ ယခုကဲ့သို့ လူစည်ကားစွာဖြင့် အောင်မြင်ခဲ့သည့်အတွက်လည်း အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါသည်။

မြန်မာ့လက်ဖက်ပွဲတော်ကြီး အောင်မြင်စွာ ကျင်းပ နိုင်စေရန် အဘက်ဘက်မှ အားဖြည့်ကူညီပေးခဲ့ကြသော—

🔰မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့
🔰 Sponsor များနှင့် Funding Partner များ၊
🔰 ပါဝင်ပြသခဲ့ကြသည့် လုပ်ငန်းရှင်များ၊
🔰 ဧည့်သည်တော်များအတွက် အမှတ်တရလက်ဆောင်များ ပံ့ပိုးပေးခဲ့ကြသော လက်ဖက်အသင်းဝင်များ၊
🔰 မြန်မာ့လက်ဖက်ကို UNESCO သို့ တင်သွင်းနိုင်ရေးအတွက် အားတက်သရော ပါဝင်လှူဒါန်းခဲ့ကြသူများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

ပွဲတော်ကြီး၏ အဓိကဒေါက်တိုင်များဖြစ်ကြသော—
▫ Core Funding Partners – Htoo Group of Companies, KMA Hotels, Loi Hein, Awba Group နှင့် Myat Eaindray Company
▫ Diamond Sponsors – “ဦးကာက” ကုမ္ပဏီ နှင့် “စည်တော်ကြီး” လက်ဖက်
▫ Gold Sponsor – AYA Sompo Insurance
▫ Silver Sponsors – UAB Bank, A+ Wallet နှင့် “မောရှမ်း” လက်ဖက်
▫ Venue Sponsors – Sein Lann So Pyay Garden နှင့် “Zephyr” Coffee & Restaurant
တို့အားလည်း လှိုက်လှဲစွာ အသိအမှတ်ပြု ကျေးဇူးတင်ရှိပါသည်။

ထို့အပြင် မြန်မာ့လက်ဖက်ပွဲတော် ဖြစ်မြောက်ရေးအတွက် စေတနာအပြည့်ဖြင့် ပါဝင်ကူညီလှူဒါန်းပေးခဲ့ကြသော မြန်မာနိုင်ငံလက်ဖက်အသင်းဝင် အလှူရှင်တစ်ဦးတစ်ယောက်ချင်းစီကိုလည်း အထူးဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

သတင်းအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ကူညီပေးခဲ့ကြသော Media Partners များဖြစ်သည့် Sky Net နှင့် Shwe FM Radio Station တို့ကိုလည်း ကျေးဇူးတင်ရှိပါသည်။

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်ဖြစ်သော “လက်ဖက်” ယဉ်ကျေးမှုကို UNESCO Intangible Cultural Heritage အဖြစ် သမိုင်းဝင်စာရင်း တင်သွင်းနိုင်ရန် ကြိုးပမ်းနေသည့်ခရီးစဉ်တွင် မိမိတို့၏ ရိုးရာဓလေ့များကို ဆက်လက်ထိန်းသိမ်းကာ ဂုဏ်ပြုမြှင့်တင်သွားမည်ဖြစ်ပါသည်… 💚

📢 Vacancy announcement ❕🙌🏻 (MTA) မြန်မာနိုင်ငံလက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းကြီးမှ အောက်ပါရာထူးနေရာ...
23/02/2026

📢 Vacancy announcement ❕

🙌🏻 (MTA) မြန်မာနိုင်ငံလက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းကြီးမှ အောက်ပါရာထူးနေရာအတွက် သင့်ကို အလိုရှိနေပါတယ်။

⚠ လျှောက်ထားသူများအား Rolling Basis ဖြင့် ဦးသူချက်ချင်း အင်တာဗျူးခေါ်ဆို ခန့်အပ်သွားမှာဖြစ်လို့ အမြန်ဆုံးလာရောက်လျှောက်ထားကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

🔰 Finance Officer (1 Post)

❗ အထက်ပါ ရာထူးနေရာသည် MTA အသင်းရုံးခန်းတည်ရှိရာ မန္တလေးမြို့မှာ အဓိကလုပ်ကိုင်ရမှာဖြစ်ပြီး လိုအပ်လျှင်လိုအပ်သလို ခရီးသွားလာရမှာဖြစ်ပါတယ်။
❕ အလုပ်အကိုင်များကို (၃)လ စမ်းသပ်ကာလအပြီးမှာ ရည်ရှည်၊ (၁)နှစ်စာချုပ်ဖြင့်ခန့်အပ်ပြီး ရှေ့ဆက်လက်တွဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဖော်ပြပါရာထူးအတွက် လုပ်ငန်းတာဝန်များနှင့် လိုအပ်သော အရည်အချင်းတို့ကို ပုံတစ်ပုံချင်းစီမှာ အသေးစိတ် ဖတ်ရှုလေ့လာနိုင်ပါတယ်။

စိတ်ဝင်စားလုပ်ကိုင်လိုသူများက
✅ အချက်အလက်ပြည့်စုံသော Resume, Cover Letter
✅ ([email protected]) သို့
✅ ၂၀၂၆ မတ်လ (၁) ရက်နေ့ မတိုင်မီ ပေးပို့လျှောက်ထားနိုင်ပါတယ်။

⚠ Email Subject မှာ လျှောက်ထားမည့် ရာထူးနာမည် (eg. Finance Officer) ကို ထည့်သွင်းပေးပို့ရပါမယ်။

ပြည်တွင်း လက်ဖက်စိုက်ပျိုးထုတ်လုပ်ရေး ဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်ပံ့ပိုးနေတဲ့ မြန်မာ့လက်ဖက်အသင်းကြီး(MTA) နှင့်အတူ လက်တွဲလုပ်ကိုင်လိုသူများ အားလုံးကို ဖိတ်ခေါ်ကြိုဆိုလိုက်ပါတယ်…💚

Address

Mandalay

Alerts

Be the first to know and let us send you an email when MTA- Myanmar Tea Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to MTA- Myanmar Tea Association:

Shortcuts

Share