မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ -Mahar Rescue

  • Home
  • Myanmar
  • Mandalay
  • မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ -Mahar Rescue

မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ -Mahar Rescue အရေးပေါ်လူနာတင်ယာဥ်ဆိုင်ရာညှိနှို?

  မိသားစုများနှင့်အဆက်သွယ်ရရှိပါပြီဆွေမျိုးသားသမီးများသိရှိစေရန်မေးမြန်းချက်အရအမေကြီးဒေါ်သန်းကြည်သည် ၄၁လမ်းစျေး သို့စျေး...
08/06/2026

မိသားစုများနှင့်အဆက်သွယ်ရရှိပါပြီ

ဆွေမျိုးသားသမီးများသိရှိစေရန်

မေးမြန်းချက်အရ
အမေကြီးဒေါ်သန်းကြည်သည် ၄၁လမ်းစျေး သို့
စျေးဝယ်ထွက်လာရင်း နေအိမ်သို့ ပြန်ရန်
မျက်စိလည် လမ်းမမှတ်မိ သဖြင့်
အသင်းရုံး တွင် ခေတ္တ နားခိုင်းထားပါသည်

မှတ်ချက် - နေလင်းဦး + မဆွေ တို့ နေအိမ်မှာ နေသည်ဟု ပြောပါသည်

သိရှိပါက ဆက်သွယ်ပြောကြားပေးပါရန် အကူညီတောင်းခံအပ်ပါသည်။

ဆက်သွယ်ရန်
09785192192
09775192192

လိုအပ်ချက်များအား ကြိုတင်ပြင်ဆင်ခြင်း နှင့် ဖြည့်တင်းခြင်း အတွက် တင်ပြအလှူခံခြင်း။  ၁။ Spine Board Stretcher (ဘော်ကပ်)  ...
06/06/2026

လိုအပ်ချက်များအား ကြိုတင်ပြင်ဆင်ခြင်း နှင့် ဖြည့်တင်းခြင်း အတွက် တင်ပြအလှူခံခြင်း။

၁။ Spine Board Stretcher (ဘော်ကပ်)
ထိခိုက်ဒဏ်ရာရ လူနာများအတွက် အထူးပြုလုပ်ထားသော လူနာသယ်သည့် ပစ္စည်းတစ်ခု ဖြစ်ပါသည်။
(အထူးသဖြင့် > ကျောရိုး / လည်ပင်း ဒဏ်ရာရသူများ နှင့် ရေပြင်ကယ်ဆယ်ရေး ကူညီမှုများ အတွက် (အဓိက) အသုံးဝင်သော ပစ္စည်းဖြစ်ပါသည်။)

၂။ Folding Scoop Stretcher (ခွဲကပ်)
ကျောရိုး / တင်ပါးဆုံရိုး ကျိုးသည့်လူနာများ အတွက် အထူးသင့်လျှော်ပြီး
ကျဉ်းမြောင်းသော လမ်းကြားများ နှင့် အထပ်မြင့် တိုက်ခန်းများ ၊ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းခွင်များတွင် (အဓိက) အသုံးဝင်သော အလူမီနီယံဖြင့် ပြုလုပ်ထားသည့် ပစ္စည်းတစ်ခုဖြစ်ပါသည်။

#တန်ဖိုးငွေ
၁။ (ဘော်ကပ်) တစ်စုံလျှင် = (၆၅၀၀၀ဝိ/-)ကျပ် ဖြစ်ပြီး
၂။ (ခွဲကပ်) တစ်စုံလျှင် = (၇၅၀၀၀ဝိ/-)ကျပ် ဖြစ်ပါသည်။

#လိုအပ်ချက်။ ။
၁။ "မဟာ"ရုံး နှင့် နယ်ရုံးခွဲများ အတွက်
ဘော်ကပ် = (၅)စုံ နှင့် ခွဲကပ် = (၅)စုံ လိုအပ်ပါသောကြောင့်

လူကြီးမင်းတို့အနေဖြင့် တတ်အားသရွေ့ လှူဒါန်းပေးနိုင်ပါရန် တင်ပြအပ်ပါသည်။

"မဟာ"လူမှုကယ်ဆယ်ရေး မန္တလေး (ရုံးချုပ်)
ဥက္ကဋ္ဌ - 09402600033
- 09942600033
ရုံးဖုန်း- 09 771 192 192
- 09 785 192 192
- 09 775 192 192
- 09 778 192 192

Kpay ; 09402600033 Thet Tun Win

#အလှူရှင်
#ကယ်ဆယ်ရေး
#ဘော်ကပ်
#ခွဲကပ်
#လူနာတင်စင်

#လှူဒါန်းရေး
#မန္တလေး

"မဟာ" ပရဟိတ (ဆေးခန်း)7.7 ငလျင်ကြီးမှ အစပြုခဲ့သော ကူညီမှုတစ်ခု ယနေ့အထိတိုင် မရပ်နိုင်သေးပါ။ (17)လ ဆိုတဲ့ ကာလတစ်ခုထဲကို ရေ...
29/05/2026

"မဟာ" ပရဟိတ (ဆေးခန်း)

7.7 ငလျင်ကြီးမှ အစပြုခဲ့သော ကူညီမှုတစ်ခု ယနေ့အထိတိုင် မရပ်နိုင်သေးပါ။

(17)လ ဆိုတဲ့ ကာလတစ်ခုထဲကို ရောက်လာပြီဖြစ်သော {မဟာ}ပရဟိတ ဆေးခန်းသည် ယနေ့အချိန်အထိ ပိတ်ရက်မရှိ (ကုသိုလ်ပြု)နေဆဲပါ။

နေ့စဉ်လူနာ (၅၀မှ၁၀၀)အကြား ဆေးကုသခံနေကြသော လူမျိုးအစုံအတွက် စတင်တည်ထောင်စဉ်မှ ယနေ့အချိန်အထိ လှူဒါန်းနေကြသော #အလှူရှင် အသီးသီးကိုလည်း ရောဂါဝေဒနာ ပျောက်ကင်းသွားသူများ ကိုယ်စား အထူးကျေးတင်လျှက်ရှိပါတယ်ခင်ဗျာ။

အိမ်တစ်အိမ်မှာ လူတစ်ယောက် သာမန် နာမကျန်းဖြစ်ခဲ့လျှင် ဆေးဖိုးကုန်ကျငွေ (၁၀၀၀ဝိ/-) အောက်ခံရှိသည့် ကာလတစ်ခုမှာ
ကျွန်တော်​၏ {မဟာ}ကုသိုလ်ပြု ပရဟိတ ဆေးခန်း မှ နေ့စဉ် လူနာပေါင်း (၅၀နှင့်၁၀၀)အကြား ကာလရှည် ကုသပေးနိုင်သည့် ကုန်ကျစရိတ်ဆိုတာ ဘယ်လောက်ရှိမလည်းဗျာ ???

ထို့ကြောင့် ယနေ့အချိန်အထိ လှူဒါန်းပေးကြပါသော အလှူရှင်အသီးသီးအား ထပ်မံ၍ ကျေးဇူးအထူးတင်ရှိကြောင်း တင်ပြအပ်ပါသည်။

ကျွန်တော်​၏ {မဟာ}ကုသိုလ်ပြု ပရဟိတ ဆေးခန်း တွင်
၁။ ကလေးသူငယ်များအတွက် အစီအစဉ်များ၊
၂။ သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများ၊
၃။ သာမန်ရောဂါကုသရေးများ နှင့်
၄။ ကူးစက်လွယ်သော TB / HIV လူနာများအား ပညာပေးကဏ္ဍများဖြင့် ဆောင်ရွက်ကူညီနေခြင်းဖြစ်ပါသည်။

သို့ဖြစ်ပါ၍ {မဟာ}​၏ ကုသိုလ်ပြု ပရဟိတ ဆေးခန်းတွင် လိုအပ်ချက်များစွာရှိသောကြောင့် စေတနာ သဒ္ဒါထက်သန်သော အလှူရှင်များနှင့်ပံ့ပိုးနိုင်သူများကို မျှော်စောင့်ရင်း ...
(ဆက်လက်ရှင်သန်နေအုံးပါမယ်)

Dr. Thet Htun Win (Ph.D SW)
{မဟာ} လူမှုကယ်ဆယ်ရေး မန္တလေး။
ဥက္ကဋ္ဌ > 09-402600033
> 09-771 192 192
အတွင်းရေးမှူး > 09-775 192 192
ဆေးခန်းဌာန > 09-763 192 192
ရေအလှူဌာန > 09-778 192 192
ရေသန့်ဌာန > 09-785 192 192

ရုံးအဖွဲ့ မှူး > 09-441 119 119

~~~~~~~~~~~~~~~~~~~~~~~~~~~~

"Maha" Charity (Clinic)

A service that began with the 7.7 earthquake has not stopped until now.

The {Maha} Charity Clinic, which has been in operation for (17) months, is still open to this day.

We would like to express our gratitude to all the donors who have donated to us since the establishment of the clinic, who are treating between (50 and 100) patients of all ethnic groups every day. On behalf of those who have recovered from their illnesses, we would like to express our gratitude to all the donors who have donated to us since the establishment of the clinic.

In a time when the cost of medical treatment for a single person in a household is under (10000 Kyats-),
How much would it cost to treat between (50 and 100) patients daily at my {Maha} Charity Clinic for a long period of time???

Therefore, I would like to express my special gratitude to all the donors who have donated so far.
My {Maha} Charity Clinic provides
1. Programs for children,
2. Health care for the elderly,
3. General medical treatment and
4. Educational services for vulnerable TB/HIV patients.

Therefore, {Maha} Charity Clinic has many needs and is looking for generous donors and supporters...
(We will continue to live)
Dr. Thet Htun Win (Ph.D SW),
{Maha} Social Welfare Mandalay.
Chairman > 09-402600033
> 09-771 192 192
Secretary > 09-775 192 192
Clinic Department > 09-763 192 192
Water Donation Department > 09-778 192 192
Water Department > 09-785 192 192
Office Manager > 09-441 119 119

"မဟာ"အသင်းသား(၈၅)ဦး အတွက်  #နောက်လှည့်အကြည့်တစ်ချက် "မဟာ"လူမှုကယ်ဆယ်ရေးအဖွဲ့​၏ အဖွဲ့ဝင်များ နှင့် အဖွဲ့ဝင်များ​၏ မိသားစု...
20/05/2026

"မဟာ"အသင်းသား(၈၅)ဦး အတွက် #နောက်လှည့်အကြည့်တစ်ချက်

"မဟာ"လူမှုကယ်ဆယ်ရေးအဖွဲ့​၏ အဖွဲ့ဝင်များ နှင့် အဖွဲ့ဝင်များ​၏ မိသားစုများ အား
{ထောက်ပံ့ပေးဝေခြင်း}

အဖွဲ့ဝင် (၁)ဦးစီတိုင်းအား ....
(၁)တန်ဖိုးငွေ = (၂၅၀၀၀) ရှိ Shirt (၁)ထည်၊
(၂)တန်ဖိုးငွေ = (၂၀၀၀၀) ရှိ ဦးထုပ် (၁)လုံး၊

မိသားစုဝင်များအား(၁)မိသားစုလျှင် ....
(၁) ဆန် (၆)ပြည် ၊
(၂) ဆီ (၁)ပိဿာ ၊
(၃) ငါးသေတ္တာ (၁၀)ဗူး၊
(၄)ခေါက်ဆွဲခြောက် (၁၅)ထုပ်၊
(၅) လစဉ်သုံး (၅)ထုပ်၊
(၆) ရှမ်းရွှေတောင် ဂျင်း/လ္ဘက် (၁၀)ထုပ်၊
(၇) အသင့်စားထမင်းဗူး (၂)ဗူး၊
(၈) ငံပြာရည်ကြော် (၁၀)ထုပ် တို့အား ထောက်ပံ့ ပေးဝေခဲ့ပါသည်။

"မဟာ"အသင်းကြီး​၏ အောင်မြင်သော စွမ်းဆောင်မှုများသည်
"အားလုံး"လက်တွဲညီစွာ လျှောက်လှမ်းဆောင်ရွက်ကြခြင်းကြောင့်ဖြစ်သည်။

"မိမိတို့​၏ အသင်းဝင်တိုင်းအပေါ် တတ်အားသရွေ့ ပြန်လည် ထောက်ပံ့ခြင်းသည် အများအကျိုး အတွက် အချိန်ပြည့်ကူညီနိုင်ရန် ခွန်အားဖြည့်ခြင်းဖြစ်ပါသည်။

"မိမိတို့တစ်ဖွဲ့လုံးပိုင်ဆိုင်သော "အသင်း​၏ အမှတ်အသား (Logo)အပေါ် ယုံကြည်မှု ပိုမိုတိုးတက်စေရန် အသင်းအမှတ်အသားပါ ဝတ်စုံများအား ထောက်ပံ့ခြင်း ဖြစ်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အူမ ... တောင့်မှ .... သီလစောင့်နိုင်မည် ဆိုသည့်အတိုင်း
စား / ဝတ် / နေရေး အဆင်ပြေနေမှ ခွန်အားပြည့်ဝသော ကူညီရေးသမားတစ်ယောက်ဖြစ်မည်။

ထို့ကြောင့် ! အသင်းအုပ်ချုပ်သူ ကျွန်တော်​၏ မကြာခဏထောက်ပံ့နေကြအတိုင်း ပေးဝေထောက်ပံ့ခြင်းဖြစ်ပါသည်။

ကိုသက်ကြီး စိန်ပန်း
"မဟာ"လူမှုကယ်ဆယ်ရေး မန္တလေး။
09402600033
09942600033

အမျိုးသားစည်းကမ်းအစ "စာသင်ကျောင်းက"စာသင်ကျောင်းဆို ကူညီဖို့အသင့်ပါဗျာ ... ယနေ့ (15.5.2026) ခြင်ဆေးဖြန်း ကူညီမှု။ မန္တလေး...
16/05/2026

အမျိုးသားစည်းကမ်းအစ "စာသင်ကျောင်းက"
စာသင်ကျောင်းဆို ကူညီဖို့အသင့်ပါဗျာ ...

ယနေ့ (15.5.2026) ခြင်ဆေးဖြန်း ကူညီမှု။

မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ်
အ.ထ.က(၁၆) ကျောင်းအုပ်ဆရာကြီး၏ အကူအညီတောင်းခံချက်အရ။

ကျောင်းပိတ်ကာလတွင် ပိတ်ထားသော စာသင်ခန်းများ နှင့် ရေမြာင်းများ ၊ အိမ်သာများ အတွင်း ခိုအောင်းနေသော "ခြင်"များအား ခြင်ဆေးဖြန်း၍ ကျန်းမာရေးအထောက်အကူပြု ဆောင်ရွက်ခဲ့ပါသည်။

အကူအညီလိုအပ်ပါက ---

ကိုသက်ကြီး စိန်ပန်း ဥက္ကဋ္ဌ
"မဟာ"လူမှုကယ်ဆယ်ရေး မန္တလေး။
09402600033
09942600033

😴 အိပ်မက်တွေကဈေးကြီးတယ် 😴 စာလေး ပြီးအောင်ဖတ်ပေးပါလား ခင်ဗျ🙏 " လူမှုရေးသမားတွေပြောနေကြစကား "ပေါ့ဒီစကားပြောပြီး ပုံတင်လာပြ...
13/05/2026

😴 အိပ်မက်တွေကဈေးကြီးတယ် 😴
စာလေး ပြီးအောင်ဖတ်ပေးပါလား ခင်ဗျ🙏

" လူမှုရေးသမားတွေပြောနေကြစကား "ပေါ့

ဒီစကားပြောပြီး ပုံတင်လာပြီဆိုကတည်းက အသင်းမှာ ဒီကားလိုချင်လို့ပေါ့ဗျာ။

သူတင်တဲ့ပို့စ်လေး အလှူရှင် သူဌေးကြီးကတွေ့ပြီး လှူလို့ လှူငြား ရှာကြည့်တာပေါ့။

ဒါက ရိုးရှင်းပါတယ် ---

အမှန်တကယ် တွေ့ပြီး အမှန်တကယ် လှူလိုက်တော့လည်း အမှန်တကယ် အကျိုးရှိကြတာပါပဲ။

ကျွန်တော်တို့ ယခုသုံးနေတဲ့ Alphard / Super Custom စသည်ဖြင့် ကားတွေက လူနာတင်ယာဉ် မှ မဟုတ်တာ

ကောက် တင် ပြေး အဆင့်သာရှိတယ် ဆိုလည်း မမှားပါဘူးဗျာ။

အောက်ဆီဂျင်အိုး စနစ်တကျ မရှိဘူး ...
ECG စက် စနစ်တကျ မပါဘူး ...
ချွဲစုတ်စက် / နှလုံးခုန်စက် စသည်ဖြင့် လူနာတင်ထားသည့် ကုတင်၏ ဘေး ဝဲ ယာ မှာ စနစ်တကျ ဘာမှ မပါကြဘူးလေ။

လူနာတင်ကုတင် ဆိုတာလည်း သာမန် စတီးဗန်း သုံးကြတာများတော့
ခါးကျိုး ခြေကျိုး ဘာကျိုးကျိုး ဘာလူနာ နေနေ အဆင်ပြေသလိုပဲ တင်ကြ ပြေးကြ ပို့ကြ ရတာပေါ့။

လူ့အသက်တစ်ချောင်းဟာ တန်ဖိုးကြီးလှပါတယ်ဗျာ ...

အခု ဒီစာဖတ်နေတဲ့ လူကြီးမင်း ခင်ဗျာ ...
လူကြီးမင်း၏ ပတ်သက်မှုအရှိဆုံး လူတစ်ယောက် အရေးပေါ် တစ်ခုခုဖြစ်တယ် ထား
ဆေးရုံအထိတောင် မမှီနိုင်လောက်ဘူးပေါ့ဗျာ

အဲ့ဒီအချိန်မှာ ဒီလို လူနာတင်ကားပေါ်မှာ ပစ္စည်းအစုံအလင်နဲ့ စနစ်တကျ လေ့ကျင့်သင်ယူထားတဲ့ ပရဟိတသမားများနှင့်အတူ ရောက်လာပြီး
ဆေးရုံနှင့်အိမ် အကြားမှာ Emergency Medical Service လုပ်ပေးသွားပြီး အသက်ဆက်လက်ရှင်သန်သွားမယ်ဆိုပါက

ဒီကားကြီး တစ်စီး၏ တန်ဖိုး သိန်း(၆၀၀) ဆိုတာ ဘာမှ မဟုတ်တော့ပါဘူးဗျာ....

ဒါပဲလား ! ! !
မန္တလေးကနေ ရန်ကုန်လို နေရာမျိုး လူနာလွှဲရမယ် ဆိုသည့် ကူညီမှုမျိုးမှာ
လူနာက ဆေးသွင်းထားရတယ် ...
အောက်ဆီဂျင်ရှုနေရတယ် ...
မကြာမကြာ ချွဲစုတ်ပေးရတယ် ...
ကားပေါ်မှာ ဆရာဝန် မကလို့ ပါမောက္ခကြီးပဲပါပါ
ဒီလို ပစ္စည်းအပြည့်အစုံ ပါတဲ့ ကားမှ မဟုတ်ရင် ဘယ်အဆင်ပြေမှာလည်း ...?

နယ်ဝေး > လူနာပို့သည့် လမ်းကြောင်းပေါ်မှာ ဆရာဝန်တစ်ယောက်လက်ထဲမှာ ဒီလိုကား အပ်လိုက်ကြည့် (ဆိုင်းဝိုင်းက ဆိုင်းဆရာအလား) အကောင်းဆုံး လုပ်ဆောင်မှုတွေ ပြပြီး ထိရောက်တဲ့ ကူညီမှုတွေဖြစ်လာမှာပေါ့။

တောနယ်တွေ လူနာပို့မလား ဒီကားကြီးက 4WD ပါတော့ အဆင်ပြေပြန်ရော ...

ငွေကြေးချမ်းသာသူ မိသားစု ဘန်ကောက် ကိုတစ်ခေါက် အလည်သွား တဲ့ စရိတ်လောက်သာရှိပြီး

ငွေကြေးမတတ်နိုင်သူများ၏ အသက်ပေါင်းများစွာအတွက် အကြိုးရှိလှတဲ့ ဒီကားလေး အတွက် စဉ်းစားပေးနိုင်မလားလို့ ဆိုပြီး

ဝင်္ကဝုတ္တိအလင်္ကာဖြင့် .......

#အိမ်မက်တွေကဈေးကြီးတယ် ဆိုပြီး အလှူခံ ရခြင်း ဖြစ်ပါသည်။

အမြဲတမ်း ကိုယ်နှင့်မသိသော လူတွေကို ဘယ်လို ကယ်မယ် / ကူမယ် ဆိုပြီး စဉ်စားနေသူမို့

ဒီကားလေး လိုအပ်ကြောင်း တစ်စေ့တစောင်း တင်ပြရင်း အလှူခံအပ်ပါသည်။

အဲ ...! အိပ်မက် မဟုတ်တာကတော့ !
ဒီကားကြီး မြဝတီ တစ်ဖက်ကမ်းမှာ ရောက်နေပါပြီဗျာ ; .... !

ကိုသက်ကြီး စိန်ပန်း
"မဟာ" လူမှုကယ်ဆယ်ရေး မန္တလေး။
09402600033

ရုံးဖုန်းများ -
☎️ 09- 771 192 192
☎️ 09- 775 192 192
☎️ 09- 785 192 192
☎️ 09- 778 192 192
☎️ 09- 771 192 192

နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကိုမန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ မန္တလေးမြို့ မြို့တော်ခန်းမ...
05/05/2026

နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို

မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ

မန္တလေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ

မဟာ-လူမှုကယ်ဆယ်ရေးအဖွဲ့ အလုပ်အမှုဆောင်အဖွဲ့မှ

တက်ရောက်ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။

=======================================

မဟာ-လူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေး)
MAHAR RESCUE - Mandalay

(၅.၅.၂၀၂၆)ရက်နေ့တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ (ကြိုဆိုဂုဏ်ပြုသောအားဖြင့်) ...မီးသတ်တပ်ဖွဲ...
02/05/2026

(၅.၅.၂၀၂၆)ရက်နေ့တွင် ကျရောက်မည့်

နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ (ကြိုဆိုဂုဏ်ပြုသောအားဖြင့်) ...

မီးသတ်တပ်ဖွဲ့ဝင်များမှ သွေးလှူဒါန်းပွဲကျင်းပရာ {အခမ်းအနား} တွင်

"မဟာ"လူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေး နှင့်
"ရွိုင်ရယ်-ဒီ" ကုမ္ပဏီ တို့မှ ပူးပေါင်း၍

သွေးလှူဒါန်းကြသော "သွေးအလှူရှင်"များအား ရေဓါတ်~ အငံဓါတ် နှင့် ခွန်အားပြည့်ဝစေရန် -

Royal-D ဗူးများ လှူဒါန်း ပေးဝေ ခဲ့ပါသည်။

နွေရာသီရောက်တိုင်းမှာ ---
{ ရွိုင်ရယ်-ဒီ } ၏ အလှူ 🙏
{ မဟာ } က ကူ 🙏 ဆိုသည့်အတိုင်း

"နွေနေပူ"၏ ဒဏ်ကို အံတုကာ ကျန်းမာသော ခရီး လျှောက်လှမ်းနိုင်ဖို့ အတူတူဝိုင်းဝန်းကူညီကြခြင်း ဖြစ်ပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

အဆိုပါ > အခမ်းအနား သို့ ~~~~
မန္တလေးတိုင်းဝန်ကြီးချုပ်ကြီးနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ တိုင်းမှူးကြီးနှင့်ဒု-တိုင်းမှူး
သန္ဓေ ၊ အရံ မီးသတ်တပ်ဖွဲ့ဝင်များတို့ဖြင့် {အခမ်းအနား}အား စည်ကားစွာကျင်းပခဲ့ပါသည်။

ကိုသက်ကြီး ဥက္ကဋ္ဌ
"မဟာ" လူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေး။
09402600033
09942600033
09692600033

ကျွန်တော်တို့၏ ဆောင်ရွက်သမျှ ကုသိုလ်များအား လိုက်ပါ "လှူဒါန်း"ပေးပါသော

Royal-D ကုမ္ပဏီ ၏ မိသားစုဝင်များ အားလုံး ကျန်းမာ ချမ်းသာ၍ လိုရာဆန္ဒများပြည့်ဝကြပါစေကြောင်း ဆုတောင်းအပ်ပါသည်။

(၂.၅.၂၀၂၆)

 #မိသားစုဝင်များဆက်သွယ်လာပါပြီခင်ဗျား🛑 မိသားစုဝင် ဆွေမျိုးများ သိရှိစေရန် 🛑ရေစကြိုမြို့နယ်၊ သိမ်ကုန်းကျေးရွာ မှ အဘိုးတဦ...
01/05/2026

#မိသားစုဝင်များဆက်သွယ်လာပါပြီခင်ဗျား

🛑 မိသားစုဝင် ဆွေမျိုးများ သိရှိစေရန် 🛑

ရေစကြိုမြို့နယ်၊ သိမ်ကုန်းကျေးရွာ မှ အဘိုးတဦး

မန္တလေးမြို့သို့ ဆေးကုသလာရင်း တည်းခိုသည့်

ဘုန်းကြီးကျောင်းမှ ထွက်လာစဥ် အပြန်လမ်းနှင့်

ကျောင်းအမည်အား မမှတ်မိနေသောကြောင့်

ရွှေဘိုကျောင်းတိုက်မှ ခေတ္တတည်းခိုခွင့် ပြုထားသဖြင့်

မိသားစုဝင် ဆွေမျိုးများ သိရှိစေရန် အကြောင်းကြားအပ်

ပါသည်။ 🙏မျှဝေးပေးနိုင်ပါရန်🙏

အဘိုးအမည် / ဦးပေါ်ဦး

=======================================

မဟာ-လူမှုကယ်ဆယ်ရေး(မန္တလေး)

09 775 192 192

09 441 119 119

Address

41 Stree 89×90
Mandalay

Website

Alerts

Be the first to know and let us send you an email when မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ -Mahar Rescue posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share