21/10/2025
တန်ဆောင်တိုင်တွေ့ဆုံပွဲနှင့် အာစရိယပူဇော်ပွဲ🌟
ကျွန်တော်တို့ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်ရဲ့ ပြည်သူ့ဝန်ထမ်းဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများအားလုံး ပြန်လည်တွေ့ဆုံပြီး အမှတ်တရတွေပြောရင်း တရင်းတနှီးစကားတွေဖလှယ်နိုင်မယ့် တန်ဆောင်တိုင်တွေ့ဆုံပွဲကို နိုဝင်ဘာလ (၁)ရက်နေ့မှာ ကျင်းပမှာပဲဖြစ်ပါတယ်။
နောက်တစ်နေ့ နိုဝင်ဘာလ (၂)ရက်နေ့မှာတော့ အာစရိယဂုဏ်ဖြင့် ကန်တော့ခံထိုက်တဲ့ ကျွန်တော်တို့ဆရာ၊ ဆရာမများကို ကန်တော့ပြီး သြဝါဒစကားသံများနားထောင်ပြီး နွေးနွေးထွေးထွေးတွေ့ဆုံနိုင်မယ့် တန်ဆောင်တိုင်ဆရာကန်တော့ပွဲအခမ်းအနားကို ကျင်းပပြုလုပ်မှာပဲဖြစ်ပါတယ်။
နေ့ရက်။ ။နိုဝင်ဘာလ (၁)ရက် ။ (စနေနေ့-တွေ့ဆုံပွဲ)
နိုဝင်ဘာလ (၂)ရက်။ (တနင်္ဂနွေနေ့-အာစရိယပူဇော်ပွဲ)
အချိန်။ ။ည(၇)နာရီမှ (၉)နာရီအထိ။
နေရာ။ ။ Zoom Platform။
*အာစရိယပူဇော်ပွဲအခမ်းအနားအတွက် ကန်တော့ကြေးငွေများကို ကိုယ်နဲ့နီးစပ်ရာကျောင်းသားဟောင်းကိုယ်စာလှယ်များမှတဆင့် ပေးအပ်ကန်တော့နိုင်ပါသည်။
#ဆရာကန်တော့ပွဲ
#တန်ဆောင်တိုင်တွေ့ဆုံပွဲ