01/02/2026
ယာ..ငတို့အိမ်ရို့လည်း ပါလီဖို့ကားနကေ😑😒
ဒို့ကအီးမှာ သတင်းတစ်ခုကြားက
မနီတတ်မထိုင်တတ် ရွာလမ်းချဲ့ရင်ဆိုလား
အရင်လည်းတစ်ကြိမ်ချဲ့လို့ ရွာသားတိုင်မှာ ခြံကိုနောက်သို့ဆုတ်ပီးထားကတ်ယာလန်း
အဂုတစ်ခေါက်ထပ်လုပ်ပြန်ယာတတ်
အိမ်ရှေ့ခန်း တစ်ခြမ်းပါလူပါ၊ ခြံထိုးစရာမကျန်လူမကျန်နဲ့ ဖြစ်ချင်တိုင်းဖြစ်နီကတ်တေဆိုကား
ဇာကိစ္စကြီးမင်းဖြစ်နီလို့ ရွာလမ်းကိုယင်းလောက်ချဲ့နီရလဲ
ရွာမှာ ကုန်းခင်၊ ရွာသစ်၊ ရွာမ၊ ကုန်းထောင့်၊ ကားလမ်းနား(အုန်းခင်း)ဆိုပြီ သူ့အစုနဲ့သူဟိဟာမှာ
ကုန်းခင်ကလူတိုင်ကလည်း လမ်းချဲ့ဖို့ကိစ္စကိုသဘောမတူတတ်။ ကုန်းထောင့်ကလည်းသဘောမတူလို့ကြားရင်။ ရွာသစ်ကတော့အရင်ကတည်းကပင် သူရို့မှာမိုးရာသီမှာဒုက္ခရောက်ကတ်လို့ လမ်းလုပ်ဖို့အစီအစဥ်ဟိပြီးသား။
ခေတ်ကာလမကောင်းဟာကို အခွင့်ကောင်းယူပြီးကေ ထင်တိုင်းကြဲနီကတ်တေကား။ တစ်ရွာလုံးအတိုင်းအတာနဲ့ ရွာလမ်းချဲ့ကေတောင်မပြောယာလူရို့။ အဂုက ရွာမလမ်းတစ်ခုတည်းတတ်။ ရွာအုပ်ချူပ်ရေးမှုးက စာတင်ပြီးကေ နောက်လိုက်နောက်ပါတိုင်နဲ့ မြို့နယ်ရုံးမှာ သဘောတူကြောင်းလက်မှတ်ထိုးတတ်။ တစ်ရွားလုံးကသဘောတူရင်ဆိုရင် ပုံစံမျိူး။ ကုန်းခင်နဲ့ကုန်းထောင့်က ငြင်းဆန်ခါ ရွာသစ်ကလူတိုင်က သူရို့မှာလည်းရွာလမ်းလုပ်ဖို့အစီစဥ်ဟိခါ သူရို့အပိုင်းမှာလုပ်ဖို့ကိုတောင်းရင်တတ်။ ယင်းဟာကိုမပီးလို့ကြားရင်။ ဇာကြောင့်လဲ။ လိုအပ်နီရင် အပိုင်းကိုလုပ်မပီးဘဲနဲ့ ဇာအစီအစဥ်ဟိလို့ ရွာမလမ်းကိုမှ ရွေးလုပ်ဟာလဲ။
ယင်းလောက် အိမ်တိုင်ကြပ်ပြီးကေ လမ်းချဲ့ဖို့မကောင်းရင် ရွာမလမ်းကိုမှ မျက်စိကျနီလဲ။
ရွာမလမ်းကိုချဲ့လိုက်ဟာနဲ့ တစ်ချိူ့ခြံရို့ဆိုကေ အိမ်ကိုတောင်ဖြိုပီးလိုက်ရဖို့အနေအထားမှာဟိရင်။ တစ်ချိူ့မှာဆိုကေ အုတ်တံတိုင်းခြံစည်းရိုးကိုဖျက်ပီးလိုက်ရတတ်။ တစိလည်း မလိုအပ်တေကိစ္စ ဒေကိစ္စက။ ရွာလမ်းကိုမချဲ့ကေလည်း ကားလားလို့ရရေ။ ကျောက်တင်ကား ဝင်လို့ရရေ။ တစ်ခုလေ့မလုပ်လည်း တစ်ခုလေ့ဖြစ်မလားရေ ရွာမလမ်းကို အထက်ကချဲ့မိန့်ပီးကေတောင် ခေါင်းဆောင်တစ်ယောက်အနေနဲ့ အဆင်ပြေကြောင်းကို ရွာသားတိုင်နဲ့ရပ်တည်ပြီးကေ ပြောရဖို့မဟုတ်မောင်။ အဂုက တမင်တကာ စာတင်ပီးကေတောင် လမ်းချဲ့ခွင့်တောင်းတတ်လူရို့။ အဖိုးအဖီးလက်ထက်ကပင်နီလာရင်လူတိုင် နီလို့မရဘဲ သူရို့ကိုရာ ခြံပါအိမ်ပါ လှူပစ်ခရဖို့ အနေအထားရောက်နီယာကား။ မဇောင်လုပ်ရဖို့မင်းဒါ။
တစ်ချိူ့လည်း ကျိန်လို့ဆဲလို့တတ်။ ကိုယ့်အိမ်ကိုယ့်ခြံနဲ့ အကောင်းမနီရဘဲနဲ့လန်း။ ဒုက္ခပီးလိုက်တေဆိုမှကွာဒေ။ အထက်တန်းကျောင်းရဖို့ အကောင်ထည်ဖော်နီကတ်တေ။ ယင်းကိစ္စကိုလုပ်ပါလား။ ဖြစ်မြောက်အောင်မြင်အောင် သူရထားရင် တာဝန်နဲ့ အသုံးချပြီး ကူညီပါလား။ အဂုက တစ်ခုလေ့လုပ်ဖို့မလိုတဲ့ကိစ္စကိုရာ ရေးကြီးခွင်ကျယ် လားလုပ်နီကား။ ရပ်ရွာမှာ ပြင်ချင်တိုင်းပြင်၊ ဖြစ်ချင်တိုင်းဖြစ်နီယာကား။ မဇောင်မင်းဒါ။