PYI GYI KHIN - Magway KPSC

PYI GYI KHIN - Magway KPSC Our Services
1. HIV/Syphilis Counseling and Testing
2. PrEP
3. Condom Distribution
4. Health Education

22/06/2026

🤔 **လူငယ်တွေ မေးချင်ပေမယ့် မမေးရဲကြတဲ့ မေးခွန်းများ**

ကျန်းမာရေးနဲ့ လိင်ပိုင်းဆိုင်ရာ အကြောင်းအရာတွေကို မေးမြန်းဖို့ ရှက်ရွံ့တာ၊ စိုးရိမ်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ အချက်အလက်တွေ သိရှိထားခြင်းက မိမိကိုယ်ကို ကာကွယ်ဖို့ အရေးကြီးပါတယ်။

💬 လူငယ်တွေ အများဆုံး မေးချင်ကြတဲ့ မေးခွန်းများ

❓ "HIV ရှိသူကို ပွေ့ဖက်ရင် HIV ကူးစက်နိုင်လား?"
✅ မကူးစက်နိုင်ပါဘူး။

❓ "ကွန်ဒုံးသုံးရင် HIV ကို ကာကွယ်နိုင်လား?"
✅ မှန်ကန်စွာ အသုံးပြုပါက HIV နှင့် STI များ ကူးစက်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။

❓ "HIV စစ်ဆေးတာ နာကျင်လား?"
✅ မဟုတ်ပါဘူး။ HIV စစ်ဆေးမှုဟာ လွယ်ကူမြန်ဆန်ပြီး လျှို့ဝှက်မှုရှိပါတယ်။

❓ "PrEP ဆိုတာ ဘာလဲ?"
✅ PrEP ဟာ HIV မရှိသေးသူတွေ HIV ကူးစက်မှုကို ကြိုတင်ကာကွယ်ဖို့ သောက်သုံးတဲ့ ဆေးဖြစ်ပါတယ်။

❓ "HIV ရှိရင် ပုံမှန်ဘဝ မနေထိုင်နိုင်တော့ဘူးလား?"
✅ မဟုတ်ပါဘူး။ စောစီးစွာ ကုသမှုခံယူပါက ကျန်းမာပြီး အရည်အသွေးရှိတဲ့ ဘဝကို ဆက်လက်နေထိုင်နိုင်ပါတယ်။

💙 မေးခွန်းတွေ ရှိတာဟာ ရှက်စရာမဟုတ်ပါဘူး။
မှန်ကန်တဲ့ အဖြေကို ရှာဖွေခြင်းက ကျန်းမာရေးကို ဂရုစိုက်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

📩 HIV၊ STI၊ PrEP နှင့် လိင်ကျန်းမာရေးဆိုင်ရာ မေးခွန်းများကို Page Messenger မှတစ်ဆင့် ဖြစ်စေ Viber no.09765203221 မှတစ်ဆင့်ဖြစ်စေ လျှို့ဝှက်စွာ မေးမြန်းနိုင်ပါသည်။

Job Vacancy for Lab Assistant. မကွေး ပြည်ကြီးခင် ရုံးသို့ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။ 09401673133,09400469...
21/04/2026

Job Vacancy for Lab Assistant. မကွေး ပြည်ကြီးခင် ရုံးသို့ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။ 09401673133,09400469235

‎ခင့်မိတ်ဆွေတို့ရေ ‎HIV ပိုးကို ကာကွယ်ဖို့ ဘယ်နည်းလမ်းကိုရွေးဖြစ်မလဲ ‎ကာကွယ်ခြင်းက ကုသခြင်းထက်ပိုမိုထိရောက်တယ်ဆိုတာ မေ့ထ...
10/03/2026

‎ခင့်မိတ်ဆွေတို့ရေ
‎HIV ပိုးကို ကာကွယ်ဖို့ ဘယ်နည်းလမ်းကိုရွေးဖြစ်မလဲ
‎ကာကွယ်ခြင်းက ကုသခြင်းထက်ပိုမိုထိရောက်တယ်ဆိုတာ မေ့ထားလို့မရဘူးနော် ဒါပေမယ့် ထိရောက်တဲ့ကာကွယ်မှုဖြစ်ဖို့တော့လိုအပ်ပါတယ်။

‎၁ ။ 💁‍♂️💁‍♂️💁‍♂️ PrEP က HIV ပိုးမကူးစက်ခင် ကြိုတင်သောက်သုံးရမယ့်ဆေးဖြစ်ပြီး နေ့စဥ်အချိန်တိကျစွာသောက်သုံးဖို့လိုအပ်ပါတယ် စနစ်တကျ သောက်သုံးရင် အောင်မြင်မှုရာခိုင်နှုန်းမြင့်တာမို့ရွေးချယ်နိုင်ပါတယ်

‎၂။ 💁‍♂️💁‍♂️💁‍♂️ ကွန်ဒုံး(Condom) သုံးဖို့ပါနော် လိင်ဆက်ဆံမှုပြုတိုင်း ကွန်ဒုံးကိုစနစ်တကျသုံးရင် HIV ပိုးအပြင် လိင်မှတစ်ဆင့် ကူးစက်မယ့်ရောဂါအားလုံးကိုကာကွယ်နိုင်တာမို့ ကွန်ဒုံးဆောင်ဖို့မမေ့နဲ့နော်

‎၃။ 🙅🙅🙅 PEP က HIV ပိုးကူးစက်မှုအခြေအနေရှိပြီး ချက်ချင်း(၂၄နာရီမှ ၇၂နာရီအတွင်း ) ကာကွယ်ဆေးအဖြစ် ၂၈ရက်သောက်သုံးရတဲ့ကုထုံးတစ်မျိုးဖြစ်ပါတယ်
‎ပိုးဝင်ရောက်ပြီးချိန်မှ ပိုးထိန်းဖို့သောက်ရတာမို့ ကူးစက်နိုင်ချေ🛑🛑🛑 ၁၅ရာခိုင်နှုန်းအထက် 🛑🛑🛑 ရှိပါတယ် မိမိဘာသာဝယ်သောက်တာတွေ❌❌❌ ဆွေးနွေးတာသွေးစစ်တာမရှိဘဲ သောက်ရင်အကျိုးရလဒ် မကောင်းတာမို့ ဦးစားပေးရွေးချယ်ဖို့မသင့်တော်ပါဘူးနော်

‎💁‍♂️💁‍♂️💁‍♂️ နောက်တစ်ခုမမေ့ရမှာကတော့ ပုံမှန် သွေးစစ်ဖို့ပါ အပြင်ပန်းကြည့်ရုံနဲ့ဘယ်လိုမှမသိနိုင်သလို ရောဂါလက္ခဏာတွေနဲ့မှန်းဆလို့မရတာမို့ သံသယရှိရင် သွေးစစ်တာအကောင်းဆုံးပဲနော်

‎PrEP ဆေး၀န်‌ေဆာင်မှု ရယူလိုရင်ပဲဖြစ်ဖြစ်၊ HIV ပိုးရှိမရှိစစ်ဆေးချင်တယ် ဆိုရင်ဖြစ်ဖြစ် လိုအပ်ရင် ပြည်ကြီးခင်(မကွေး)သို့ ဆက်သွယ် ၀န်ဆောင်မှု အခမဲ့ရယူနိုင်ပါတယ်။

‎ပြည်ကြီးခင်မကွေး အမှတ် ၄၆၂ ပြည်တော်သာလမ်း၊ ရန်မျိုးအောင်ရပ်ကွက် မကွေးမြို့။09400469235,09778190833


25/02/2026

HIV နဲ့ ကာလသားရောဂါပိုး ရှိမရှိ လုံခြုံစိတ်ချစွာဖြင့် သွေးစစ်ဆေးချင်တယ်ဆိုရင် ပြည်ကြီးခင် (မကွေး) သို့ အခမဲ့လာရောက် ၀န်ဆောင်မှု ရယူနိုင်ပါတယ်ခင်ဗျာ

ဆက်သွယ်ရန်လိပ်စာ
ပြည်ကြီးခင် (မကွေး)
အမှတ် ၄၆၂၊ ပြည်တော်သာလမ်း၊ ရန်မျိုးအောင်ရပ်ကွက်၊ မကွေးမြို့။
09400469235,09778190833

Address

No(462), Pyi Taw Thar Road, Yan Myo Aung Ward
Magway

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when PYI GYI KHIN - Magway KPSC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share