Federal Corner

Federal Corner Vision: To promote the development of knowledge of federalism and democracy , and to bring forth a competent and responsible society for nation building.

"နှစ်သစ်ကူးဆုတောင်း"နှစ်သစ်မှာ တောထဲတောင်ထဲက ရဲဘော်တွေ၊ ပြည်တွင်းပြည်ပက ဝန်းရံနေကြသူတွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာက...
17/04/2026

"နှစ်သစ်ကူးဆုတောင်း"

နှစ်သစ်မှာ တောထဲတောင်ထဲက ရဲဘော်တွေ၊ ပြည်တွင်းပြည်ပက ဝန်းရံနေကြသူတွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ..

မတရားမှုတွေ ချုပ်ငြိမ်းတဲ့ နေ့သစ်တွေဆီကို အမြန်ဆုံး ချီတက်နိုင်ပါစေကြောင်း Federal Corner အဖွဲ့ဝင်များမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်..

နှစ်စဉ် ဒီဇင်ဘာလ ၁၀ ရက်နေ့ရောက်တိုင်း ဂုဏ်သိက္ခာ၊ တန်းတူညီမျှမှုနှင့် လွတ်လပ်မှုဆိုသည့် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးထားမှုမျ...
10/12/2025

နှစ်စဉ် ဒီဇင်ဘာလ ၁၀ ရက်နေ့ရောက်တိုင်း ဂုဏ်သိက္ခာ၊ တန်းတူညီမျှမှုနှင့် လွတ်လပ်မှုဆိုသည့် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးထားမှုများကို ပြန်လည်ဆင်ခြင်သုံးသပ်ရန်အတွက် ကမ္ဘာတစ်ဝန်းလုံးက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို အတူတကွ ကျင်းပကြပါသည်။
ဤနေ့ရက်သည် ၁၉၄၈ ခုနှစ်တွင် လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) ကို အတည်ပြုပြဋ္ဌာန်းခဲ့သည့် နှစ်ပတ်လည်နေ့လည်း ဖြစ်ပါသည်။ ဤသမိုင်းဝင် ကြေညာစာတမ်းကြီးသည် လူမျိုး၊ အသားအရောင်၊ ဘာသာ၊ ကျား/မ၊ ဘာသာစကား၊ နိုင်ငံရေး ခံယူချက် သို့မဟုတ် အခြားသော အဆင့်အတန်း တစ်စုံတစ်ရာအပေါ် ခွဲခြားခြင်းမရှိဘဲ လူတိုင်းအတွက် မွေးရာပါ အခွင့်အရေးများကို အခိုင်အမာ ဖော်ပြထားသည်။ ၎င်းသည် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး လှုပ်ရှားမှုများ၏ အုတ်မြစ်တစ်ခုအဖြစ် တည်ရှိနေပြီး တရားမျှတမှုနှင့် တန်းတူညီမျှမှုတို့အတွက် လူသားအားလုံး၏ စုပေါင်း ကတိကဝတ်ကို ဖော်ပြနေသည့် သက်သေတစ်ခုလည်း ဖြစ်ပါသည်။

ယခုနှစ်၏ ဆောင်ပုဒ်ဖြစ်သော "ကျွန်ုပ်တို့၏ အခွင့်အရေး၊ ကျွန်ုပ်တို့၏ အနာဂတ်၊ ယခုအချိန်တွင်စတင်ကြ" ဆိုသည်မှာ လူ့အခွင့်အရေးများက ကျွန်ုပ်တို့၏ နေ့စဉ်ဘဝများအပေါ် နက်ရှိုင်းစွာ သက်ရောက်မှုရှိကြောင်းကို မီးမောင်းထိုးပြနေပါသည်။ ၎င်းသည် လူ့အခွင့်အရေးများကို စိတ်ကူးယဉ် သဘောတရားများအဖြစ်သာ မဟုတ်ဘဲ၊ ကျွန်ုပ်တို့၏ ပစ္စုပ္ပန်နှင့် အနာဂတ်ကို ပုံဖော်ပေးနေသည့် လက်တွေ့ကျသော ပြောင်းလဲမှု၏ အဓိကအချက်များအဖြစ် အသိအမှတ်ပြုရန် တိုက်တွန်းနှိုးဆော်မှု တစ်ရပ်ဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ၎င်း၏ သဝဏ်လွှာတွင် "လူ့အခွင့်အရေးများသည် တိုက်ခိုက်ခံနေရပါသည်။ ၂၀၂၅ယခုနှစ် ဆောင်ပုဒ်က လူ့အခွင့်အရေးဆိုသည်မှာ အနာဂတ်ကို တည်ဆောက်ခြင်းဖြစ်ပြီး ထိုသို့လုပ်ဆောင်ရန်အချိန်မှာ ယခုပင်ဖြစ်ကြောင်း ကျွန်ုပ်တို့ကို သတိပေးနေပါသည်။ ကျွန်ုပ်တို့သည် အခွင့်အရေးအားလုံးအတွက် အချိန်တိုင်း မားမားမတ်မတ် ရပ်တည်ကြရမည်" ဟု ပြောကြားခဲ့ပါသည်။

လက်ရှိအချိန်ကာလဟာ စစ်အာဏာရှင်စနစ်ကို တော် လှန်ပြီး ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်ရေး အတွက် နွေ ဦး တော် လှန်ရေး ...
29/10/2025

လက်ရှိအချိန်ကာလဟာ စစ်အာဏာရှင်စနစ်ကို တော် လှန်ပြီး ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်ရေး အတွက် နွေ ဦး တော် လှန်ရေး ကို ရဟန်း ရှင်လူ ပြည်သူအပေါင်းရဲ့ ဦးဆောင်မှုနဲ့ ဆင်နွှဲနေကြချိန်ဖြစ်ပါတယ်။

တော်လှန်ရေးအဟုန် အားကောင်းလာတာနဲ့အမျှ တော်လှန်ရေး အင်အားစုတွေ ရဲ့ စိုးမိုးနယ်မြေ ၊ ထိန်းချုပ်နယ်မြေတွေ ကျယ်ပြန့်များပြားလာသလို တော်လှန်ဒေ သတွေမှာ နေထိုင်တဲ့ အများပြည်သူအတွက် ပညာရေး ၊
ကျန်းမာရေး ၊ စစ်ရှောင်ကူညီရေးလို အခြေခံ ပြည်သူ့ဝန်ဆောင်မှုတွေလည်း လိုအပ်လာပါတယ်။

အများပြည်သူကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေအတွက် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းတွေလည်း လိုအပ်လာပါတယ်။ ဒါ့အပြင် ဒီလို အခြေခံ ပြည်သူ့ ဝန်ဆောင်မှုတွေ ပေးဖို့နဲ့ တော်လှန်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက်
အခွန်ဘဏ္ဍာ ရှာဖွေကောက်ခံမှုတွေကလည်း အများပြည်သူအတွက် ဝန်ထုပ်ဝန်ပိုး တွေမဖြစ်ဖို့ ကြပ်မတ်ဆောင်ရွက်မယ့် စနစ်ယန္တရား တစ်ခုလည်း လိုပါတယ်။

ဒီလို တော်လှန်ဒေသတွေမှာ နေထိုင်ကြတဲ့ အများပြည်သူရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေး အင်အားစု အသီးသီးမှာ တာဝန်ရှိပါတယ်။ ဒါကြောင့်လည်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဦးဆောင်လမ်းညွှန်မှု၊ ဒေသအသီးသီးမှာရှိတဲ့ တော်လှန်အင်အားစုတွေရဲ့ ပူးပေါင်းပါဝင်မှု၊ အများပြည်သူရဲ့ သဘောတူ ကြည်ဖြူမှု၊ ထောက်ခံအားပေးမှုတို့နဲ့အတူ ကြားကာလ ဒေသန္တရ စီမံအုပ်ချုပ်ရေးစနစ်ကို ထူထောင်လည်ပတ်လျက်ရှိပါတယ်။

ဒေသအခြေအနေပေါ်လိုက်ပြီး ကြားကာလဒေသန္တရ စီမံအုပ်ချုပ်ရေးစနစ် ဖော်ဆောင်မှုဟာ အားနည်းချက်နဲ့ အားသာချက်များ မတူကွဲပြားစွာ ရှိနေသည့်တိုင် "တော်လှန်ရင်း တည်ဆောက်၊ တည်ဆောက်ရင်းတော်လှန်" ဆိုတဲ့ စကားနဲ့အညီ လိုအပ်တာကို ပြုပြင်၊ အားသာချက်တွေကို ဆက်ထိန်းရင်း ကြားကာလ ဒေသန္တရစီမံအုပ်ချုပ်ရေးကို အားလုံးပါဝင်ပြီး တာဝန်ခံမှုရှိတဲ့ စနစ်တခုဖြစ်လာအောင် တည်ဆောက်လျက်ရှိပါတယ်။

ဒီလက်စွဲစာစောင်ဟာလည်း အဲ့ဒီလုပ်ငန်းစဉ်ကြီးရဲ့ တစိတ်တပိုင်းအနေနဲ့ အထောက်အကူပြုနိုင်ရန်အတွက် ရည်ရွယ်ပြီး ဖက်ဒရယ်ဆုံရပ် (Federal Corner) အရပ်ဘက်အဖွဲ့အစည်းက ပြုစုထုတ်ပြန်ရခြင်းဖြစ်ပါတယ်။

ဒီစာစောင်မှာ လက်ရှိ ဒေသန္တရ စီမံအုပ်ချုပ်ရေးစနစ်ရဲ့ ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်များနှင့် အဓိက မူဝါဒလမ်းညွှန်မူဘောင်တွေကို အများပြည်သူ အလွယ်တကူ သိရှိနားလည်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

ဒီစာစောင်ကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ လုပ်ငန်းလမ်းညွှန် (မေလ၊ ၂၀၂၄) ကို အဓိက ကိုးကားပြီး ပြုစုထားခြင်းဖြစ်ပါတယ်။ တော်လှန်ဒေသမှာ နေထိုင်ကြတဲ့ အများပြည်သူအနေနဲ့ ကြားကာလ ဒေသန္တရ စီမံအုပ်ချုပ်မှု အကြောင်းကို အကျဉ်းမျှ သိရှိသွားဖို့အတွက် ရည်ရွယ်ပါတယ်။ အားနည်းချက်တစုံတရာရှိရင်လည်း ဝေဖန်အကြံပေးကြဖို့အတွက် မေတ္တာရပ်ခံပါတယ်။

ဖက်ဒရယ်ဆုံရပ် (Federal Corner)
အောက်တိုဘာ၊ ၂၀၂၅

စာအုပ်တွင်ပါရှိသော အကြောင်းအရာများအားလုံးကို ဖတ်ရှုနိုင်ရန်အတွက် အောက်ပါ Drive Link မှ တဆင့် Download ယူပြီး ဖတ်ရှုပေးကြဖို့ မေတ္တာရပ်ခံအပ်ပါသည်..။

https://drive.google.com/file/d/1C_HTOqBaT_c-kBEDGaoJSh9RvGRvwSK4/view?usp=sharing

မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင်က ကြားကာလအစီအမံ(ဒုတိယမူကြမ်း)ကို  မကွေးဖက်ဒရယ်ယ...
13/10/2025

မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင်က ကြားကာလအစီအမံ(ဒုတိယမူကြမ်း)ကို မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်သို့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် အောင်မြင်စွာပေးအပ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

ကော်မရှင်အနေဖြင့် စတင်ဖွဲ့စည်းသည့် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၃၀)ရက်နေ့ မှစ၍ ကြားကာလအစီအမံအား အောင်အောင်မြင်မြင် ပြင်ဆင်ရေးဆွဲနိုင်စေရေးအတွက် လုပ်ငန်းတာဝန်များကို အကျေပွန်ဆုံးဖြစ်အောင် အစွမ်းကုန် ကြိုးပမ်းအားထုတ်ခဲ့ကြပါသည်။

ထိုကဲ့သို့အရေးပါလှသည့် အစီအမံရေးဆွဲရေးလုပ်ငန်းစဥ်တွင် မကွေးအခြေစိုက် အဖွဲ့အစည်းများဖြစ်ကြသော တမာအင်စတီကျု၊ နွေဦးခရီးသည် နှင့် Federal Conrer အဖွဲ့များပါဝင်သည့် "နွေဦးတမာရပ်ဝန်း" သည် တတ်နိုင်သည့်ဘက်မှ လိုအပ်သည်များကို ပံ့ပိုးကူညီပေးနိုင်ရန် ကြိုးစားခဲ့ကြပါသည်။

အစီအမံရေးဆွဲစဥ်ကာလအတွင်းတွင် နွေဦးတမာရပ်ဝန်းအနေဖြင့် ကော်မရှင်အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ လက်ရှိ နိုင်ငံရေးပြောင်းလဲမှုများနှင့် ကြားကာလ အုပ်ချုပ်ရေးလုပ်ထုံးလုပ်နည်းများ၊ ဖက်ဒရယ်ဒီမိုကရေစီ ဥပဒေမူကြမ်းများရေးဆွဲရေး စသည့် လုပ်ငန်းစဥ်များတွင် အတွေ့အကြုံသူရှိသူများနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ဒေသခံ နိုင်ငံရေးလှုပ်ရှားသူများ တွေ့ဆုံကာ ဆွေးနွေးမှုများပြုလုပ်နိုင်မည့် Dia-Talk အစီအစဥ်များပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

ထို့သိုပူးပေါင်းဆောင်ရွက်ခြင်းမှ ရရှိလာသည့်အသီးအပွင့်ဖြစ်သည့် "မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစီအမံ (ဒုတိယမူကြမ်း)" ပေါ်ထွက်လာခြင်းအတွက် နွေဦးတမာရပ်ဝန်း၏အဖွဲ့ဝင်ဖြစ်သည့် Federal Corner အနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဖော်ပြလိုက်ရပါသည်။

စကစ ရဲ့ပြင်ဆင်မူရွေးကောက်ပွဲမှာ လူသေဆုံးအောင်လုပ်လျှင် သေဒဏ်ပေးနိုင်သည့် ဥပဒေပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကိ...
29/07/2025

စကစ
ရဲ့ပြင်ဆင်မူ

ရွေးကောက်ပွဲမှာ လူသေဆုံးအောင်လုပ်လျှင် သေဒဏ်ပေးနိုင်သည့် ဥပဒေ

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းနှင့် လူသေဆုံးအောင် လုပ်လျှင် ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်မှ အနည်းဆုံး တစ်သက် တစ်ကျွန်းအပြင် သေဒဏ်ထိ ချမှတ်နိုင်သော ဥပဒေတစ်ရပ်ကို နစက,က ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်တွင် ပြဋ္ဌာန်းခဲ့သည်။

17/07/2025

မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစီအမံရေးဆွဲရေးကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင်အားဖွဲ့စည်းအတည်ပြုခြင်း

၂၀၂၄ ခုနှစ် ဧပြီလ (၃၀)ရက်နေ့

မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်သည် (၁.၄.၂၀၂၄) ရက်နေ့တွင် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေးအားလည်းကောင်း ၊ (၃၀.၄.၂၀၂၄) ရက်နေ့တွင် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် တတိယအထူးအစည်းအဝေးအားလည်းကောင်း ခေါ်ယူကျင်းပ၍ စစ်အာဏာရှင်တော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသော
မကွေးဖက်ဒရယ်ယူနစ်အတွင်းရှိ အောက်ပါ အစုအဖွဲ့ကိုယ်စားလှယ်များ စုစုပေါင်း (၆၃)ဦးဖြင့် မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေးကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင်အား ဖွဲ့စည်းလိုက်သည်။

(က) ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင်
ပြည်သူက မဲပေးရွေးချယ်ထားသော
လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ ( ၉ ) ဦး
(ခ) နိုင်ငံရေးပါတီများ အစုအဖွဲ့ ( ၉ ) ဦး
(ဂ) ချင်းတိုင်းရင်းသားများအစုအဖွဲ့ ( ၉) ဦး
(ဃ) တောင်သား နှင့် ယော လူမျိုးစုများအစုအဖွဲ့ ( ၉ ) ဦး
(င) သမဂ္ဂများ၊အမျိုးသမီးများနှင့် လူငယ်ဆိုင်ရာအဖွဲ့အစည်းများ၊
လူထုသပိတ်လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ ( ၉ ) ဦး
(စ) စီဒီအမ်နိုင်ငံ့ဝန်ထမ်းများအစုအဖွဲ့ ( ၉ ) ဦး
(ဆ) ခုခံတွန်းလှန်ရေးကဏ္ဍက ထောက်ခံအဆိုပြုသော
ကိုယ်စားလှယ်များအစုအဖွဲ့ ( ၉ ) ဦး


မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်

https://www.facebook.com/share/p/19Vu9oFk5Z/

Address

Magway

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Federal Corner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share