မကွေးတိုင်းဒေသကြီး လူငယ်ကွန်ရက်

မကွေးတိုင်းဒေသကြီး  လူငယ်ကွန်ရက် Youth for All, All for Myanmar ................ 2013
လူငယ့်အနာဂတ်မြင့်မားဖို ့ လက်တွဲညီညီကြိုးစားစို ့..............2014

Youth for All, All for Myanmar ................ 2013

https://www.facebook.com/share/p/19byF89tKk/
03/10/2025

https://www.facebook.com/share/p/19byF89tKk/

“မကွေးဖက်ဒရယ်ယူနစ် ကြားကာလ အစီအမံကြိုတင်ပြင်ဆင်မှုဆိုင်ရာ ကော်မရှင်နှင့် ပြည်သူများ တွေ့ဆုံပွဲ”
●____________________๑۩۩๑____________________●
မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ကော်မရှင်က ကြားကာလအစီအမံ (ပထမမူကြမ်း) ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့တွင် ပြည်သူလူထုထံ အစီရင်ခံတင်ပြထားပြီး အကြံပြုဆွေးနွေးချက်များကို ဖိတ်ခေါ်ခဲ့ပါသည်။ ပထမမူကြမ်းနှင်ပတ်သက်၍ ပြည်သူလူထုထံမှ အကြံပြုချက်များ၊ လူငယ်များထံမှ အကြံပြုချက်များ၊ တော်လှန်ရေးအင်အားစုအသီးသီးထံမှအကြံပြုချက်များ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း အသီးသီး၏ အကြံပြုချက်များရရှိခဲ့ပါသည်။ ၎င်းအကြံပြုချက်များအားလုံးကို ကော်မရှင်အနေဖြင့် လေးစားတန်ဖိုးထားစွာ ထည့်သွင်းဆွေးနွေးခဲ့ပါသည်။ ကော်မရှင်အနေဖြင့် ကြားကာလအစီအမံ (ဒုတိယမူကြမ်း) ကို အချောသတ်ရေးဆွဲဆောင်ရွက်ပြီး မကြာခင်ထုတ်ပြန်နိုင်တော့မည်ဖြစ်သည်။

သို့ဖြစ်၍ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ (ဒုတိယမူကြမ်း) နှင့်ပတ်သက်၍ မကွေးဖက်ဒရယ်ယူနစ်ရှိ ပြည်သူများ သိရှိစေရန် ရည်ရွယ်၍ "ကော်မရှင်နှင့် ပြည်သူများတွေ့ဆုံပွဲ" ကိုကျင်းပသွားမည်ဖြစ်သည်။

ပြည်သူများအတွက် ပြင်ဆင်ရေးဆွဲထားသော အစီအမံကို ပြည်သူများသိရှိနားလည်ရေးသည် အရေးပါလှသဖြင့် မကွေးဖက်ဒရယ်ယူနစ်အတွင်းမှာရှိသည့် ပြည်သူများအား ဤတွေ့ဆုံပွဲသို့ တက်ရောက်နိုင်ရန်အတွက် ကော်မရှင်တစ်ရပ်လုံးက လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ တက်ရောက်မည့်သူများအနေဖြင့် အောက်ပါ Google Form ဖောင်ပုံစံကိုဖြည့်သွင်း၍ စာရင်းပေးသွင်းနိုင်ပါသည်။

Google Form Link ရယူရန် - https://t.me/mfuiapc2025

အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက -
Telegram – https://t.me/MFUIAPC

page – https://www.facebook.com/MFUIAPC

Email – [email protected]

ကြားကာလအစီအမံကြိုတင်ပြင်ဆင်မှုဆိုင်ရာ ကော်မရှင်

မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင်

20/09/2025

ပြန်လည်ရုန်းထရမည့် မကွေးတိုင်းဒေသကြီးလူငယ်ကွန်ရက် (မကွေးဖက်ဒရယ်ယူနစ်လူငယ်ကွန်ရက်) (သို့မဟုတ်) တော်လှန်ရေးကာလ မကွေးတိုင်းဒေသကြီးလူငယ်ဖိုရမ်ဖြစ်မြောက်ရေး (မကွေးဖက်ဒရယ်ယူနစ်လူငယ်ဖိုရမ်) ၏

ရည်ရွယ်ချက်

၁။ မကွေးတိုင်းဒေသကြီးလူငယ်ကွန်ရက်ကို ပြန်လည်ချိတ်ဆက်စုစည်းရန်နှင့် တော်လှန်ရေးကာလနှင့် တော်လှန် ရေး အလွန်ကာလများတွင် လူငယ်ပူးပေါင်းပါဝင်မှုကို မြှင့်တင်ဖော်ဆောင်ရန်

၂။ တော်လှန်ရေးကာလအတွင်း စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်နစ်နာခဲ့ရသောလူငယ်များအတွက် ပြန်လည် ကုစားမှုဆိုင်ရာမူဝါဒရေးဆွဲမှုများ ဆောင်ရွက်နိုင်ရန် နှင့်

၃။ ဒေသတွင်းနိုင်ငံရေးနှင့် ဖက်ဒရယ်ယူနစ်တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များ၏အသံကို ကိုယ်စား ပြုပါဝင်နိုင်ရန် တို့ကို ရည်ရွယ်ထားပါသည်။

အလံ နဲ့ အသံ ကို နားစွန့်ကြပါလော့ လူငယ်တို့....

17/09/2025

ပြန်ရုန်းထမယ့် မကွေးဒေသ လူငယ်ဖိုရမ် ( မကွေးဖက်ဒရယ်ယူနစ် လူငယ်ဖိုရမ်) လာမည်။

Address

No-170 , Aung Saydanar (A) , 3 Street
Magway District

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

09791059727

Website

Alerts

Be the first to know and let us send you an email when မကွေးတိုင်းဒေသကြီး လူငယ်ကွန်ရက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to မကွေးတိုင်းဒေသကြီး လူငယ်ကွန်ရက်:

Share