နဂါးနီလှုပ်ရှားစစ်ကြောင်း

  • Home
  • Myanmar
  • Madaya
  • နဂါးနီလှုပ်ရှားစစ်ကြောင်း

နဂါးနီလှုပ်ရှားစစ်ကြောင်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from နဂါးနီလှုပ်ရှားစစ်ကြောင်း, Youth Organization, Madaya township, Madaya.

18/03/2026

" မလိုက်ရဲရင်တော့ အသိုက်ထဲမှာကျန်ခဲ့လေ "

#မတ္တရာမြို့နယ်တိုက်နယ်(၆)ပြည်သူ့ကာကွယ်ရေး

#နဂါးနီလှုပ်ရှားစစ်ကြောင်း

02/02/2026

အာဏာသိမ်းတဲ့ (၅)နှစ်ပြည့်နေ့အမှတ်တရ ဂန်ဒ

ပကဖ+ပလဖ ပူးပေါင်းလုပ်ဆောင်မှုတစ်ဖြတ် ။

 #ရဲဘော်တို့ရဲ့နှလုံးသားရေးဂန်ဒ #ပလီဒီအက်တို့အကြောင်းဖြစ်ရပ်မှန်
28/01/2026

#ရဲဘော်တို့ရဲ့နှလုံးသားရေးဂန်ဒ
#ပလီဒီအက်တို့အကြောင်းဖြစ်ရပ်မှန်

အမေး 🍆ရည်းစားက အမြဲဖုန်းပြောလို့မရဘူး တပ်ကဖုန်းသိမ်းထားတယ်လို့ပြောတယ် ဟုတ်လား

အဖြေ 🌶သင်တန်းကာလနဲ့ စစ်ဆင်ရေး​ကာလတချို့မှာတော့သိမ်းထားတတ်ပါတယ်
သူဖုန်းမရှိတာမဟုတ်ပါဘူး မပြောချင်တာပါ

အမေး 🍆အင်တာနက်က အရမ်းခက်ခဲတယ်ပြောတယ်
ဖုန်းလိုင်းကလဲ ရတချက်မရတချက်တဲ့ ဟုတ်လား

အဖြေ 🌶စတားလင့်တွေ ပေါသောနေအောင်ရှိပါတယ် တချို့ဆို ရဲဘော်free cardပေးထားသေးတယ်
သူလိုင်းမရတာမဟုတ်ပါဘူး သူစာမပို့ချင်လို့မပို့တာပါ
အီလွန်မက်ကျေးဇူးနဲ့လိုင်းက dataထက်ဆယ်ဆပိုကောင်းပါတယ်

အမေး🍆 ရှေ့တန်းမှာ လူမပြောနဲ့ နွားတောင်မလာလို့ ဘယ်ကောင်မလေးမှမရှိဘူးဆို

အဖြေ 🌶ရှိပါတယ် ရွာတွေနဲ့နီးတဲ့အတွက် တရွာလုံးနဲ့ရည်းစားပတ်ဖြစ်ကြပါတယ်
ကောင်မလေးတွေမရှိတာမဟုတ်ပါဘူး သူအမှန်တိုင်းမပြောတာပါ

အမေး 🍆ကင်းစောင့်နေရလို့ တညလုံး ဖုန်းခေါ်မရဘူးဆို ဟုတ်လား

အဖြေ 🌶ကင်းတော့စောင့်ရပါတယ် အများအားဖြင့် ၂နာရီခြားတခါ ကင်းလဲပါတယ်
ကင်းတညလုံးစောင့်ရတာမဟုတ်ပါဘူး ကင်းလဲတဲ့အချိန် သူဖုန်းဆက်တဲ့ချင်တဲ့သူက မင်းမဟုတ်နေခဲ့တာပါ

အမေး 🍆တပ်ထဲကိုအလည်လိုက်လို့လုံးဝမရဘူးဆို

အဖြေ 🌶မရဘူးဟုတ်ပါတယ် ဒါပေမဲ့ တပ်နဲ့နီးစပ်ရာအိမ်တွေမှာ ခဏခွင့်တောင်းထားပြီး တွေ့လို့ရပါတယ် လာလည်လို့လုံးဝမရတာမဟုတ်ပါဘူး
သူတို့ယူချင်တဲ့သူဆို လက်ထပ်ခွင့်တင်ပြီးတခါထဲတောင်းပါတယ်

အမေး 🍆အသားပေါတာCPကြက် မယားပေါတာPDFဆိုတာ ဟုတ်လား

အဖြေ 🌶 မဟုတ်ပါဘူး CPကြက်က အသားပြဲပေမဲ့ PDFကတော့ မယားမမြဲပါဘူး စတာပါနောက်တာပါအတည်ပါ😜

ဒီလိုတော်လှန်ဗဟုသုတလေးတွေသိချင်ရင်တော့ Pageလေးကို Like&Followခဲ့နော် 😜😜😜

#ဖော်ကောင်ကေကေ

ပုံကတော့ AIပါ
ရတပုံတွေထည့်ရင် ဒီ့ထက်တောင် ပိုရယ်ရသေးတယ် မဖော်ချင်လို့ ညတိုင်းနားတွေညည်းတာညည်းတာဆိုတာ 😜😜

11/01/2026

အားလုံးရဲ့ နောက်မှာပါ.....🎼

နှိပ်မရတဲ့ခလုတ်တစ်ခုပါ.....🚨

အိတ်ကပ်မရှိတဲ့ သုံညလေးတစ်လုံးပါ ။

#မတ္တရာတိုက်နယ်(၆)
#ပြည်သူ့ကာကွယ်ရေးအဖွဲ့
#နဂါးနီလှုပ်ရှားစစ်ကြောင်း

07/01/2026

မတ္တရာက စစ်ရှောင်နေရတဲ့လူထုကို
ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်အိမ်ကိုအမြန်ဆုံး
ပြန်နိူင်ဖို့ အစွမ်းကုန်ကြိူးစားပေးပါ့မယ်လို့ကတိပေးပါတယ် "

#မတ္တရာတိုက်နယ်(၆)ပြည်သူ့ကာကွယ်ရေးအဖွဲ့
#နဂါးနီလှုပ်ရှားစစ်ကြောင်း

ပြည်တွင်းပြည်ပမှ ထောက်ပို့ကူညီပံ့ဖိုးပေးကြသောမိဘပြည်သူလူထုအားလုံးကို ကျေးဇူးအထူးပင်တင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်  ...
07/03/2025

ပြည်တွင်းပြည်ပမှ ထောက်ပို့ကူညီပံ့ဖိုးပေးကြသော
မိဘပြည်သူလူထုအားလုံးကို ကျေးဇူးအထူးပင်
တင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်

တခြားသောထောက်ပို့အလှူ‌ရှင်များ လုံခြုံရေးအတွက် မဖော်‌ပြ‌သောမှတ်တမ်းများစွာရှိပါသည် ။

15/02/2025

ပြည်တွင်းပြည်ပမှ ထောက်ပို့ကူညီပံ့ဖိုးပေးကြသော
မိဘပြည်သူလူထု အားလုံးကိုကျေးဇူးအထူးပင်တင်
ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်

အကြောင်းအမျိူးမျိုး‌ကြောင့် မှတ်တမ်းထုတ်ပြန်မှုများနောက်ကြသည့်အတွက်လဲ အနူးညွှတ်တောင်းပန်အပ်သည်။

 #ပြည်သူ့ဆီမှပြည်သူ့ဆီသို့မတ္တရာတိုက်နယ်(၆)ပ.က.ဖ နဂါးနီတပ်ဖွဲ့မှ မတ္တရာမြို့နယ်အနောက်ခြမ်း စစ်ဘေးရှောင်များဆီသို့ ဆန်အိတ...
28/11/2024

#ပြည်သူ့ဆီမှပြည်သူ့ဆီသို့

မတ္တရာတိုက်နယ်(၆)ပ.က.ဖ နဂါးနီတပ်ဖွဲ့မှ
မတ္တရာမြို့နယ်အနောက်ခြမ်း စစ်ဘေးရှောင်များဆီသို့
ဆန်အိတ်ပိုင်း(၁၀၀) ငွေ(၁၀)သိန်းကျပ်ထောက်ပံ့လှူဒါန်းပေးနိူင်ခဲ့ပါတယ် စစ်ရေးမှာလဲအရေးကြီးသလို
ဒုက္ခရောက်နေတဲ့ ပြည်သူများကိုလဲ ပစ်ထားလို့မရပါဘူး
စစ်ရှောင်ပြည်သူတွေ အရမ်းခက်ခဲနေကြပါတယ် ။

ပကဖ ဆိုတာ- ပြည်သူ့ ခုခံတော်လှန်စစ်ကို တနိုင်ငံလုံး အတိုင်းအတာနဲ့ လူထု တရပ်လုံးကို စည်းရုံးပြီး ဆင်နွှဲတဲ့ အခါ ပြည်သူ့စစ်...
18/10/2024

ပကဖ ဆိုတာ
-
ပြည်သူ့ ခုခံတော်လှန်စစ်ကို တနိုင်ငံလုံး အတိုင်းအတာနဲ့ လူထု တရပ်လုံးကို စည်းရုံးပြီး ဆင်နွှဲတဲ့ အခါ ပြည်သူ့စစ် မဟာဗျူဟာ ကျင့်သုံးပါတယ်။ ပြည်သူ့စစ် မဟာဗျူဟာ မှာ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) တွေက အခြေခံ အကျဆုံး အင်အားစုတွေ ဖြစ်တယ်။ ပြည်သူလူထုနဲ့အနီးကပ်ဆုံး ဆက်ဆံနေထိုင်ပြီး ပြည်သူ့ကာကွယ်ရေး တာဝန်ကို ထမ်းဆောင် နေတာလဲ ပကဖ အဖွဲ့တွေ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှာ ပြည်သူ့ ကာကွယ်ရေး တပ်မတော်(PDF)နဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) ဆိုပြီး (၂) မျိုးရှိပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ်မတော်ကို အမြတမ်း တပ်အသွင် တပ်ရင်း(သို့) ဗျုဟာ (သို့) စစ်ကြောင်း အဖြစ် ဖွဲ့စည်း တည်ဆောက်ထားပြီး ပကဖတွေကိုတော့ ရပ်ကျေး၊ တိုက်နယ်၊ မြို့နယ်၊ ခရိုင်၊ တိုင်းအထိ အဆင့်ဆင့် ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ ပကဖ အဖွဲ့တွေဟာ ပြည်သူ့စစ် အသွင် ဒေသ အခြေပြု အင်အားစု အဖြစ် ထမ်းဆောင်ပါတယ်။
ပကဖ အဖွဲ့တွေဟာ တိုက်ခိုက်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ သတင်းထောက်လှမ်းရေး၊ ရပ်ရွာ ကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေး၊ အရေးပေါ်ကာလ စီမံခန့်ခွဲရေး တာဝန်တွေကို ထမ်းဆောင်ပါတယ်။ ပကဖ အဖွဲ့တွေ လိုက်နာရမည့် စည်းကမ်းတွေ၊ ကျင့်ဝတ်တွေကိုလဲ စနစ်တကျ ပြဌာန်းထားရှိပြီး ဖြစ်ပါတယ်။
ပြည်သူတွေနဲ့ အနီးဆုံးမှာ ရှိပြီး ပြည်သူ့စစ် မဟာဗျူဟာ ကျင့်သုံးမယ့် ပကဖတွေဟာ လက်ရှိ ခုခံ တော်လှန်စစ်မှာ အရေးကြီးဆုံး အင်အားစုတွေထဲက တခု ဖြစ်သလို ပြည်သူ့ခုခံစစ် အောင်ပွဲ ရရှိရေး သော့ချက်နေရာမှာ ရှိတဲ့ အင်အားစုတွေ ဖြစ်ပါတယ်။

#ပကဖအသံ #ပကဖ #ပြည်သူ့ကာကွယ်ရေးအဖွဲ့

10/07/2024

စစ်ရှောင်ကြပြီဆိုလဲ
စစ်သဘောတရားကိုတော့
သဘောပေါက်ဖို့လိုတယ်

အခုလက်ရှိမှာ
မိုးကုတ် မန္တလေးလမ်းကို
ထိန်းချုပ်ဖို့ ကြိုးစားချိန်

တိုက်ပွဲက မန္တလေးဘက်ကို
ဦးတည်နေတယ်ဆိုတာလောက်တော့
သိထားသင့်ပါတယ်
မုန်တိုင်းထဲပြေးဝင်ကြသလို
ဖြစ်နေကြပြီလို့ထင်ပါတယ်

ဒါကြောင့်

စစ်ရှောင်ရင်လဲ
မန္တလေးဘက်ကိုမရှောင်ကြဘဲ
စစ်ပွဲနဲ့ဝေးတဲ့ တောပိုင်းရွာတွေမှာ
ရှောင်ကြပါလို့အကြံပြုချင်တယ်

စစ်ဆင်ရေးနာမည်က
ရှမ်း မန်း စစ်ဆင်ရေးတဲ့

အခုစစ်ရှောင်ကြတဲ့သူတွေ
မန္တလေးမှာဖြစ်ရင် ဘယ်ကိုရှောင်ကြမှာလဲ?

END GAME ဖြစ်တဲ့အတွက်
သေချာစဉ်းစားဆုံးဖြတ်ကြပါ
ပြာယာခတ်ရင် အမှားပါတတ်တယ်

စေတနာဖြင့်
အကြံပြုခြင်းပါ
စဉ်းစားတွေးခေါ်နိုင်ကြပါစေ.

25/06/2024

ထူးခြားဖြစ်စဉ်

စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်ကြားရှိ မန္တလေး-မိုးကုတ်ကားလမ်းပေါ်က တံတားတစင်းကို စစ်ကောင်စီက ချိုးဖြတ်လိုက်ပါတယ်။ မိုးကုတ်မြို့သို့လည်းကောင်း၊ သပိတ်ကျင်းမြို့သို့လည်းကောင်း စစ်ကောင်စီမှ စစ်ကူပို့ရန် ရည်ရွယ်ထားချက် ရှိပုံမရပါကြောင်း ထူးခြားဖြစ်စဉ်အနေဖြင့် တင်ပြအပ်ပါသည်။

မိဘပြည်သူများ သိရှိလိုက်နာသွားရန်ကြေငြာချက်မန္တလေး-မိုးကုတ်ကားလမ်းအသုံးပြုသွားလာကြမည့် မိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်...
25/06/2024

မိဘပြည်သူများ သိရှိလိုက်နာသွားရန်ကြေငြာချက်
မန္တလေး-မိုးကုတ်ကားလမ်းအသုံးပြုသွားလာကြမည့် မိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းနိုင်ရန်အတွက် ပြင်ဦးလွင်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်သော ထုတ်ပြန်ချက်များကို လေးစားလိုက်နာပေးကြပါဗျ

မိဘပြည်သူများ အန္တရာယ်ကင်းရှင်းရေးကို အဓိကထား ဦးတည်ပါတယ်

Address

Madaya Township
Madaya

Alerts

Be the first to know and let us send you an email when နဂါးနီလှုပ်ရှားစစ်ကြောင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to နဂါးနီလှုပ်ရှားစစ်ကြောင်း:

Share