09/04/2026
ကယန်းအမျိုးသမီးအစည်းအရုံးမှ (၂၆) ကြိမ်မြောက် ကယန်းအမျိုးသားနေ့သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ
ယနေ့ ကျရောက်သော (၂၆) ကြိမ်မြောက် ကယန်းအမျိုးသားနေ့သည် ကယန်းတိုင်းရင်းသားတို့၏ သမိုင်းဝင် ဂုဏ်သိက္ခာ၊ ရိုးရာယဉ်ကျေးမှုနှင့် အမျိုးသားရေး စည်းလုံးညီညွတ်မှုကို ထင်ရှားစေသော နေ့ထူး နေ့မြတ်ဖြစ်ပါသည်။
ကယန်းလူမျိုးများသည် ခေတ်အဆက်ဆက်၌ ပဒေသရာဇ် ဆန့်ကျင်ရေး ၊ ဖက်ဆစ်နှင့် စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးတွင် တက်ကြွစွာပါဝင်ခဲ့ကြပြီး ယနေ့တိုင် တိုက်ပွဲဝင်နေဆဲဖြစ်ပါသည်။ လက်ရှိ စစ်ပဋိပက္ခကြားမှ ရုန်းကန်နေရချိန်တွင် အနာဂတ် မျိုးဆက်သစ်များအတွက် ပိုမိုကောင်းမွန်သော အနာဂတ်သစ် ကို ဖန်တီးနိုင်ရန် လူမျိုးစုအချင်းချင်း သွေးစည်းညီညွတ်ရေး၊ အပြန်အလှန် လေးစားမှု၊ နားလည်မှုနှင့် ငြိမ်းချမ်းရေးကို အခြေခံပြီး မိမိတို့၏ အသက်သွေးကြောဖြစ်သော ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းများကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။
ဤမင်္ဂလာရှိသော နေ့မှစ၍ ကယန်းတိုင်းရင်းသားများအချင်းချင်း စည်းလုံးမှု၊ လေးစားအသိအမှတ်ပြုမှု တို့ဖြင့် လူမျိုးဂုဏ်သိက္ခာကို မြှင့်တင်ကာ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော အနာဂတ်ကို ရရှိပိုင်ဆိုင် နိုင်ကြပါစေကြောင်း ကယန်းအမျိုးသမီးအစည်းအရုံး - KyWO မှ လေးစားဂုဏ်ယူစွာ ဆုမွန်ကောင်းတောင်းအပ် ပါသည်။
ဂုဏ်ယူ၀မ်းမြောက်စွာဖြင့်
ဗဟိုကော်မတီ
ကယန်းအမျိုးသမီးအစည်းအရုံး - KyWO
Mô̌nnû mô̌nthǎ - Nein 2765 Lǎniha lan (9) daò̌
Kayǎn Pramuaphon-KyWO thonlai tamāli dô̌ (26) blanbā Kayǎnphao mô̌nnû
Taû̌lai (26) blanbā Kayǎnphao mô̌nnû ǔ ladaò̌ mè, tadaûlaô̌htan Kayǎnphao laǒpǔpra ngaò̌htingaò̌rwî̌ tharithamu tahtǒn dò, Kayǎnphao tapeǐntadwǎn mô̌nnû arî lanû preǐ nu.
Kayǎnphao mè lacaǔ dò lacaǔ, tahtaôkhòn htaô-ǎ tasaikwan blanlǔ Pade tarī/phè̄ci, yǐ prapaô̌nôn dò pabloncǔ tasaikwan. Kanaǐ tasaitapaǐ tadidòròkha akǎ tarwaǐ akhein mè anaò anǎ prarǔ nǎnkhû̌ araò́ htan dakhlô̌n dò anaò anǎnthû̌ nǎnkhû̌ karwaǐ htan da nu. Kayǎn swî̌lǎn laswî̌ dò laswî̌ thwî taniru nirǎ akaǔ, tadaoyan la pra dò la pra tarwaǐ phî ba dò tathataya taphidî̌ akaǔ htaû̌, pa laǒpǔpra ta-aò tamyû̌n tamangaò̌, lilaǐ, tahtǒn dò tahtǒntanwî lahan, laileǐthǎ pa ba rahǎn leǐn dò Kayǎnphao laǒpǔpra kamadauhtan hǒnhtan da saô ka, tayû̌ saò̄ lai ba ka-ǔ preǐ nu.
Ǔ khaucǎ taò̌-ǔ la daò̌ taû̌ lai mô̌nnû arî Kayǎnphao la pra dò la pra ta-aòdwǎn aòpeǐn tadao tayan tamanǎn khû̌cû̌ tharithamu ka dauhtan hǒnhtan, ka-aòtha aòya dò anaò anǎ nǎnkhû̌, kanaû̌ba Kayǎn pramu aphon-KyWO tadaoyan tamanǎn akaǔ kwî̌htan ba ka-ǔ preǐ nu.
Dô̌ tadaotayan akaǔ
Kòmiti kacao
Kayǎn pramu aphon - KyWO