Kayan Women's Organization

Call Directions Contact the organization

Kayan Women's Organization Non Profit Organization

ဆုံးဖြတ်ချက်ချမှတ်တဲ့ စားပွဲပေါ်ကို ရောက်လာတဲ့ ကရင်နီအမျိုးသမီးများကန္တာရဝတီတိုင်း(မ်)လက်ရှိ ကရင်နီပြည်ရဲ့ နိုင်ငံရေးနဲ့...
07/10/2026

ဆုံးဖြတ်ချက်ချမှတ်တဲ့ စားပွဲပေါ်ကို ရောက်လာတဲ့ ကရင်နီအမျိုးသမီးများ

ကန္တာရဝတီတိုင်း(မ်)

လက်ရှိ ကရင်နီပြည်ရဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးအခင်းအကျင်းတွေမှာ အရင်ကနဲ့ မတူတဲ့ မြင်ကွင်းတစ်ခုကို တွေ့လာရပါတယ်။ အဲဒါကတော့ အမျိုးသမီးတွေဟာ အောက်ခြေမှာပဲ ပါဝင်နေသူတွေ မဟုတ်တော့ဘဲ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးမှာ ဆုံးဖြတ်ချက်ချရတဲ့ နေရာ၊ တနည်းအားဖြင့် ခေါင်းဆောင်နေရာကို တဖြည်းဖြည်း ရောက်လာတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာပဲ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ဥက္ကဌနေရာကို အမျိုးသမီးခေါင်းဆောင်အဖြစ် မူအန်းဂျလာနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အတွင်းရေးမှူးနေရာကို မော်သဲမြာက ရွေးချယ်ခံခဲ့ကြပါတယ်။ ထူးခြားချက်အနေနဲ့ မော်သဲမြာကတော့ KNPP ရဲ့ သမိုင်းကြောင်းတလျောက် ပထမဆုံး အမျိုးသမီး ထိပ်သီးခေါင်းဆောင်နေရာအဖြစ် ရွေးချယ်ခံရတာပါ။

KSCC၊ KNPP အပါအဝင် ကရင်နီပြည်ရဲ့ အုပ်ချုပ်ရေး၊ နိုင်ငံရေးနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေမှာ အမျိုးသမီးတွေ ဦးဆောင်မှုအခန်းကဏ္ဍတွေ ရလာတာကို ကရင်နီအမျိုးသမီးတွေရဲ့ နှစ်ပေါင်းများစွာ ကြိုးပမ်းလာမှုတွေရဲ့ ရလဒ်တစ်ခုအဖြစ် မြင်ကြပါတယ်။

WWF(Women For Women Foundation) ရဲ့ ဒါရိုက်တာရိုစီကျော်ကတော့ ဒီအခြေအနေဟာ ကရင်နီသမိုင်းတစ်လျှောက် အမျိုးသမီးတွေအတွက် ဝမ်းမြောက်ဂုဏ်ယူစရာ ခြေလှမ်းတစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။

“ကရင်နီပြည်ရဲ့ KSCC၊ KNPP အပါအဝင် အုပ်ချုပ်ရေး၊ နိုင်ငံရေးနဲ့ တော်လှန်ရေးအဖွဲ့အစည်း အသီးသီးမှာ အမျိုးသမီးခေါင်းဆောင်တွေ ပိုမိုရွေးချယ်ခံလာပြီး ဦးဆောင်ကဏ္ဍမှာ ပါဝင်လာခြင်းအပေါ် ကျမတို့ အမျိုးသမီးအဖွဲ့အစည်းအနေနဲ့ ကရင်နီသမိုင်းတစ်လျှောက် ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာ ခြေလှမ်းနဲ့ အောင်မြင်မှုလည်း ဖြစ်ပါတယ်။” လို့ သူက ဆိုပါတယ်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IECရဲ့ လူငယ်ရေးရာဌာန ဌာနမှူးကြီးဖြစ်တဲ့ ခွန်းသောမတ်မ်ကလည်း အုပ်ချုပ်ရေး၊နိုင်ငံရေးမှာ အမျိုးသမီးခေါင်းဆောင်တွေပါဝင်လာတာဟာ ကောင်းမွန်တဲ့ လက္ခဏာဖြစ်ပြီး အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာအရေးကြီးကြောင်းပြောပါတယ်။

ဆောင်းပါးအပြည့်အစုံကို ကောမက်တွင်ဖတ်ရန် - - -

04/10/2026

ဦးအောင်ဆန်းမြင့် ကွယ်လွန်ပြီးနောက် KSCC ဥက္ကဋ္ဌသစ် ဖြစ်လာသည့် အမျိုးသမီးခေါင်းဆောင်၏ နိုင်ငံရေး မျှော်မှန်းချက်နှင့် ကရင်နီပြည် အနာဂတ် (Exclusive Interview)

မဇ္ဈိမ

ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့် ကွယ်လွန်သွားခဲ့ပြီးနောက် လစ်လပ်သွားတဲ့ ဥက္ကဋ္ဌရာထူးအတွက် ကရင်နီပြည် အမျိုးသမီးများအင်အားစုမှ မူအန်းဂျလာကို ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခန့်အပ်လိုက်ပါတယ်။

ဒါဟာ ကရင်နီပြည်ရဲ့ ထိပ်တန်းနိုင်ငံရေးနှင့် ကြားကာလအုပ်ချုပ်ရေး ဦးဆောင်မှုမဏ္ဍိုင်မှာ အမျိုးသမီးတဦး ပထမဆုံးအကြိမ် ဦးဆောင်ခွင့်ရရှိလာတဲ့ အရေးပါတဲ့ အသွင်ကူးပြောင်းမှု တခုလည်း ဖြစ်ပါတယ်။

ဦးအောင်ဆန်းမြင့် ကွယ်လွန်သွားပြီးနောက် KSCC ဥက္ကဋ္ဌတာဝန်ကို စတင်လက်ခံချိန်မှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေနဲ့ အနာဂတ်ဦးဆောင်မှု အခင်းအကျင်းက ဘာလဲ။ ကရင်နီပြည်ရဲ့ ထိပ်တန်း ဆုံးဖြတ်ချက်ချတဲ့ မဏ္ဍိုင်မှာ အမျိုးသမီးတဦး ဥက္ကဋ္ဌဖြစ်လာတာဟာ ကြားကာလနိုင်ငံရေးနဲ့ အမျိုးသမီးအခွင့်အရေးအတွက် ဘယ်လိုအဓိပ္ပာယ်ဆောင်သလဲ။

ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု ယန္တရားတွေ ပိုမိုခိုင်မာလာအောင် KSCC က ဘယ်လိုထိန်းကျောင်း လမ်းညွှန်သွားမလဲ။ စစ်ရေးနွံထဲမှာ စစ်ဘေးဒဏ် အပြင်းထန်ဆုံး ခံစားနေရတဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေရဲ့ အရေးပေါ်လိုအပ်ချက်တွေကို မူဝါဒအဖြစ် ဘယ်လိုထည့်သွင်း အကောင်အထည်ဖော်နေပါသလဲ။ ဒီမေးခွန်းတွေအပါအဝင် ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ဥက္ကဋ္ဌနှင့် မဇ္ဈိမ၏ သီးသန့်တွေ့ဆုံမေးမြန်းချက် အပြည့်အစုံကို ရှုစားကြရမှာ ဖြစ်ပါတယ်။

မေးမြန်း၊ တင်ဆက်၊ တည်းဖြတ် - မောင်ခက်နွေ

#တွေ့ဆုံမေးမြန်းခန်း

#မူအန်းဂျလာ

နိုင်ငံတကာငြိမ်းချမ်းရေးနေ့ အခမ်းအနားကျင်းပပြုလုပ်ခြင်းရက်စွဲ - ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့။(၂၁)ရက်နေ့၊ စက်တင်ဘာလ၊...
21/09/2026

နိုင်ငံတကာငြိမ်းချမ်းရေးနေ့ အခမ်းအနားကျင်းပပြုလုပ်ခြင်း

ရက်စွဲ - ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့။

(၂၁)ရက်နေ့၊ စက်တင်ဘာလ၊ ၂၀၂၆ ခုနှစ် တွင် ကျရောက်သော နိုင်ငံတကာငြိမ်းချမ်းရေးနေ့ အခမ်းအနားတစ်ရပ်အား ကယန်းအမျိုးသမီးအစည်းအရုံး-KyWO မှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည်။
ထိုအခမ်းအနားတွင် “ငြိမ်းချမ်းရေးအမှတ်တရ စာသားရေးသား ဆေးခြယ်ခြင်း”၊ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ ဖြစ်ပေါ်လာသည့် သမိုင်းကြောင်းဖတ်ကြားခြင်း၊
“ငြိမ်းချမ်းရေးသစ်ပင် ပုံဖော်ခြင်း”၊ “အမျိုးသမီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေး” ခေါင်းစဉ်ဖြင့်
မိသားစုစကားဝိုင်းပြုလုပ်ခြင်း၊ ဒေသအတွင်း “အမျိုးသမီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေး” ဆိုင်ရာ
အကြောင်းအရာများနှင့် ပတ်သက်ပြီး
အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ “ငြိမ်းချမ်းရေးသစ်ပင်စိုက်ပျိုးခြင်း” စသည့် လှုပ်ရှားမှု များဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် ဒေသခံလူထု ခေါင်းဆောင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းခေါင်းဆောင်များ၊ စစ်‌ဘေးရှောင်လူထုခေါင်းဆောင်များ ပါဝင်တက်ရောက်ခဲ့ပါသည်။

in Peace—For Everyone, Everywhere, Every Day

အမျိုးသမီးများ၏ ဦးဆောင်ပါဝင်မှုများအတွက််ကယန်းအမျိုးသမီးအစည်းအရုံး-KyWO မှ အမျိုးသမီးများအတွက်ဂုဏ်ယူဝမ်းမြောက်ပါသည်။ ကရင...
21/09/2026

အမျိုးသမီးများ၏ ဦးဆောင်ပါဝင်မှုများအတွက််ကယန်းအမျိုးသမီးအစည်းအရုံး-KyWO မှ အမျိုးသမီးများအတွက်ဂုဏ်ယူဝမ်းမြောက်ပါသည်။
ကရင်နီပြည်၏ နိုင်ငံရေး၊အုပ်ချုပ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု အခန်းကဏ္ဍအဆင့်ဆင့်တိုင်းတွင် အမျိုးသမီးများ၏ အဓိပ္ပာယ် ပြည့်ဝသောဦးဆောင်မှုနှင့် ဆုံးဖြတ်ချက်ချနိုင်မှု ကဏ္ဍများကို သေချာစေရန် အားလုံးဝိုင်းဝန်းပံ့ပိုးပေးခြင်းဖြင့် အမျိုးသမီးများ၏ဦးဆောင်မှုကိုမြှင့်တင်ကြပါစို့။


ကရင်နီပြည်အတိုင်ပင်ခံကောင်စီ၏ အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်းခြင်း။

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်

03/09/2026

Tamalǔ li Kayǎn (7)
ကယန်းစာသင်ကြားရေး အခန်း (၇)

ကယန်းစာကို လေ့လာလိုသူများအတွက် ကယန်းစာသင်ကြားရေးကို ပြန်လည်မျှဝေတင်ဆက်ပေးပါသည်။
https://www.facebook.com/share/v/1MFgG5Uqtw/

03/09/2026

Tamalǔ li Kayǎn (6)
ကယန်းစာကို လေ့လာလိုသူများအတွက် ကယန်းစာသင်ကြားရေးကို ပြန်လည်မျှဝေတင်ဆက်ပေးပါသည်။
https://www.facebook.com/share/v/1L7ZccRAQ6/

03/09/2026

Tamalǔ li Kayǎn (5)
ကယန်းစာကို လေ့လာလိုသူများအတွက် ကယန်းစာသင်ကြားရေးကို ပြန်လည်မျှဝေတင်ဆက်ပေးပါသည်။
https://www.facebook.com/share/v/18wFo5jjQP/

02/09/2026

Tamalǔ li Kayǎn (4)
ကယန်းစာကို လေ့လာလိုသူများအတွက် ကယန်းစာသင်ကြားရေးကို ပြန်လည်မျှဝေတင်ဆက်ပေးပါသည်။
https://www.facebook.com/share/v/19Bwbyb2DZ/

02/09/2026

Tamalǔ li Kayǎn (3)
ကယန်းစာကို လေ့လာလိုသူများအတွက် ကယန်းစာသင်ကြားရေးကို ပြန်လည်မျှဝေတင်ဆက်ပေးပါသည်။
https://www.facebook.com/share/v/1GT6PPa42b/

01/09/2026

Tamalǔ li Kayǎn (2)
ကယန်းစာကို လေ့လာလိုသူများအတွက် ကယန်းစာသင်ကြားရေးကို ပြန်လည်မျှဝေတင်ဆက်ပေးပါသည်။
https://www.facebook.com/share/v/18icpgsiDH/

Address

Khun Li
Loikaw

Telephone

09899119424

Website

Alerts

Be the first to know and let us send you an email when Kayan Women's Organization posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Kayan Women's Organization:

Shortcuts

Share