ပြည်ကံ့ကော် စစ်ဘေးရှောင်ကူညီရေး

  • Home
  • Myanmar
  • Loikaw
  • ပြည်ကံ့ကော် စစ်ဘေးရှောင်ကူညီရေး

ပြည်ကံ့ကော် စစ်ဘေးရှောင်ကူညီရေး ပြည်ကံ့ကော် စစ်ဘေးရှောင်ကူညီရေး

ကျောင်းဖွင့်ရာသီနဲ့ကွက်တိ ခုလိုလှူပေးတော့ ကလေးတွေလည်းပျော် ကျနော်တို့လည်းဝမ်းသာရတာပေါ့ဗျာ စာအုပ်လှလှလေးတွေရတော့ ကျောင်းသ...
18/06/2026

ကျောင်းဖွင့်ရာသီနဲ့ကွက်တိ ခုလိုလှူပေးတော့ ကလေးတွေလည်းပျော် ကျနော်တို့လည်းဝမ်းသာရတာပေါ့ဗျာ စာအုပ်လှလှလေးတွေရတော့ ကျောင်းသွားရမှာလည်းမပျင်းတော့သလို စာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံ၊ ချွန်စက်လေးတွေ ဝယ်စရာမလိုတော့ ခနတာပဲဖြစ်ဖြစ် မိဘတွေလည်း တစ်ပူအေးရတာပေါ့ဗျာ အခုလိုမျိုးလှူဒါန်းပေးပါသော စင်္ကာပူနိုင်ငံရောက် Bangtan Library Myanmar foundation နှင့် BTSARMY များကိုလည်း ကျေးဇူးအထူးတင်ရှိပါ်ခင်ဗျာ ကလေးတွေပျော်ရအောင် နောက်ထပ်အလှူရှင်များကိုလည်း ဖိတ်ခေါ်ပါတယ်ခင်ဗျာ
#ပြည်ကံ့ကော်စစ်ဘေးရှောင်ကူညီရေး
#စာရေးကိရိယာမျှဝေခြင်း
#ကရင်နီ_ဒီးမော့ဆိုအနောက်ဘက်ခြမ်း
#ပြည်သူမှပြည်သူသို့မေတ္တာများဖြင့်မျှဝေစို့

ပြည်တွင်းပြည်ပမှညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာရှိတဲ့နံနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာကျနော်တို့ရဲ့ မေတ္တာမိုးစက်များကမ်ပ...
15/06/2026

ပြည်တွင်းပြည်ပမှညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာရှိတဲ့နံနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ
ကျနော်တို့ရဲ့ မေတ္တာမိုးစက်များကမ်ပိန်းလေးဟာ ဒီနေ့မှာတော့ကမ်ပိန်းနောက်ဆုံးရက်ကို ရောက်ရှိလာပါပြီခင်ဗျာ။ နောက်ဆုံးရက်ထိအခြေအနေဟာဆိုရင် 15% ပဲရရှိထားပါတယ်ခင်ဗျာ။ နောက်ဆုံးရက်လေးမှာ နောက်ထပ်ပါဝင်ချင်သူများရှိရင် ၅,၀၀၀ ကျပ်မှ စ ၍ပါဝင်နိုင်ကြောင်း ထပ်မံသတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။
#မေတ္တာမိုးစက်များ
#စစ်ဘေးရှောင်
#ပြည်ကံ့ကော်စစ်ဘေးရှောင်ကူညီရေး
#ပြည်သူမှပြည်သူသို့မေတ္တာများဖြင့်မျှဝေစို့

09/06/2026

ကမ်ပိန်းကာလ တစ်ပတ်တိတိသာကျန်ပါတော့တယ်ခင်ဗျာ နည်းများမဆိုပါဝင်ပေးကြဖို့ ထပ်မံမေတ္တာရပ်ခံတောင်းဆိုပါတယ်ခင်ဗျာ

အရေးကြီးတာမို့ post ကိုမြင်တာနဲ့ RCS ဖြင့်ကူညီပါကျနော်တို့ရဲ့ "မေတ္တာမိုးစက်များ" ကမ်ပိန်းပြီးမြောက်ဖို့ ၁၀ရက်တိတိသာကျန်...
05/06/2026

အရေးကြီးတာမို့ post ကိုမြင်တာနဲ့ RCS ဖြင့်ကူညီပါ

ကျနော်တို့ရဲ့ "မေတ္တာမိုးစက်များ" ကမ်ပိန်းပြီးမြောက်ဖို့ ၁၀ရက်တိတိသာကျန်ပါတော့တယ်ခင်ဗျာ။ လက်ရှိအချိန်ထိ 6,870,000 MMK သာရရှိထားပါသေးတယ်။ တားဂတ်ပြည့်မှီဖို့မဆိုထားနှင့် တဝက်တိတိရောက်ဖို့တောင် အများကြီးကိုလိုနေပါသေးတယ်။ ခုလက်ရှိကရင်နီမှာ ဆန်၁အိတ်ကို ၁၈၀၀၀၀ကျပ်အထိပေါက်ဈေးရှိနေပြီး ၁၈ပေပတ်လည်မိုးကာတစ်ချပ်ကို ၇၅၀၀၀ကျပ်ပါ။ ကမ်ပိန်းပြီးတဲ့အထိ ဒီပမာဏအတိုင်းသာဆိုရင် ကျနော်တို့ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ အမိုးအကာလုံခြုံဖို့နှင့် စားနပ်ရိက္ခာဖြည့်တင်းဖို့အတွက်က အိမ်ထောင်စုအနည်းငယ်အတွက်သာ ဝေမျှပေးနိုင်မယ့်အနေအထားဖြစ်နေပါတယ်။ ဒီကျန်တဲ့ ၁၀ရက်အတွင်းမှာ မိဘပြည်သူတို့ရဲ့ စုပေါင်းအားနဲ့ထပ်ဖြည့်နိုင်ရင် စ-စ်ရှောင်ပြည်သူများစွာကို အကူအညီပေးနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။ ဒါကြောင့် အနည်းအများမဆိုပါဝင်ပေးကြဖို့ ထပ်မံမေတ္တာရပ်ခံတောင်းဆိုပါရစေခင်ဗျာ။ ပါဝင်ကူညီပြီးသူများအနေဖြင့်လည်း နောက်ထပ်ကူညီသူတွေမြင်ရအောင် ဒီ post ကို share ပေးခြင်းဖြင့် ကူညီပေးကြဖို့လည်း အားနာစွာဖြင့်တောင်းဆိုပါရစေခင်ဗျာ။ အားလုံးအတူတူဆိုဖြစ်နိုင်တယ်။

ကျနော်တို့ကမ်ပိန်းလေးကို SCF မှတဆင့် လုံခြုံစိတ်ခစွာပါဝင်နိုင်ပါတယ်ခင်ဗျာ။
https://springcrowdfund.org/c/3fFApz

#မေတ္တာမိုးစက်များ
#ပြည်ကံ့ကော်စစ်ဘေးရှောင်ကူညီရေး

#တို့အတူချီတက်SCF
#ပြည်သူမှပြည်သူသို့မေတ္တာများဖြင့်မျှဝေစို့

ပမာဏဟာအဓိကမဟုတ်ပါပါဝင်ချင်တဲ့စိတ်ကသာ အဓိကပါမိမိအတွက် ဘာမှမဟုတ်တဲ့ပမာဏဟာသူတို့အတွက် ထမင်းတနပ်ပါသူတို့အတွက် ​လုံခြုံစွာအိပ...
30/05/2026

ပမာဏဟာအဓိကမဟုတ်ပါ
ပါဝင်ချင်တဲ့စိတ်ကသာ အဓိကပါ

မိမိအတွက် ဘာမှမဟုတ်တဲ့ပမာဏဟာ
သူတို့အတွက် ထမင်းတနပ်ပါ
သူတို့အတွက် ​လုံခြုံစွာအိပ်စက်ရခြင်းပါ
သူတို့အတွက် နွေးထွေးမှုပါ
သူတို့အတွက် ​မျှော်လင့်ချက်ပါ

"မေတ္တာမိုးစက်များ" ကမ်ပိန်းမှာအခုပဲ ပါဝင်လိုက်ပါ

https://springcrowdfund.org/c/3fFApz

#မေတ္တာမိုးစက်များ
#ပြည်ကံ့ကော်စစ်ဘေးရှောင်ကူညီရေး

#တို့အတူချီတက်SCF
#ပြည်သူမှပြည်သူသို့မေတ္တာများဖြင့်မျှဝေစို့

27/05/2026

၅၀၀၀ကျပ်ဆိုတဲ့ပမာဏဟာ
ဆာလောင်မှုတွေကိုပြေပျောက်စေရုံသာမက
လုံခြုံနွေးထွေးမှုတွေကိုပေးစွမ်းနိုင်ပါတယ်

"မေတ္တာမိုးစက်များ" ကမ်ပိန်းမှာအခုပဲပါဝင်လိုက်ပါ

အောက်ပါလင့်ခ်မှတဆင့် လုံခြုံစိတ်ချစွာပါဝင်နိုင်ပါပြီ

https://springcrowdfund.org/c/3fFApz

#မေတ္တာမိုးစက်များ
#ပြည်ကံ့ကော်စစ်ဘေးရှောင်ကူညီရေး
#ပြည်သူမှပြည်သူသို့မေတ္တာများဖြင့်မျှဝေစို့

#တို့အတူချီတက်SCF

23/05/2026

ရိက္ခာနဲ့ အမိုးအကာ လိုအပ်နေရှာတဲ့ စ၊စ်ရှောင်ပြည်သူတွေအတွက် မေတ္တာမိုးစက်လေးတွေကို အတူတူမျှဝေပေးကြရအောင်

SCF platform မှာ ၅၀၀၀ ကျပ်မှစတင်ပြီး ဘေးကင်းလုံခြုံစွာ အတူတူဖေးမကူညီနိုင်ပါတယ်။

https://springcrowdfund.org/c/3fFApz

#မေတ္တာမိုးစက်များ
#ပြည်ကံ့ကော်စစ်ဘေးရှောင်ကူညီရေး

#မေတ္တာမိုးစက်များ

ကမ်ပိန်း စ တာရက်၂၀ရှိပါပြီအခြေအနေကတော့မြင်တဲ့အတိုင်းပါပဲကျနော်တို့အသိမိတ်ဆွေတွေကို အကူအညီတောင်းထားတဲ့ရလဒ်ပါ နောက်ထပ်ကူညီ...
20/05/2026

ကမ်ပိန်း စ တာရက်၂၀ရှိပါပြီ
အခြေအနေကတော့မြင်တဲ့အတိုင်းပါပဲ
ကျနော်တို့အသိမိတ်ဆွေတွေကို အကူအညီတောင်းထားတဲ့ရလဒ်ပါ နောက်ထပ်ကူညီသူတွေမြင်အောင် မန့်ကလင့်ခ်လေးကို ကူညီဖြန့်ဝေပေးကြပါဦးခင်ဗျာ🙏
#မေတ္တာမိုးစက်များ
#ပြည်ကံ့ကော်စစ်ဘေးရှောင်ကူညီရေး
#ပြည်သူမှပြည်သူသို့မေတ္တာများဖြင့်မျှဝေစို့

၅၀၀၀ ကျပ်ဆိုတာ တချို့အတွက် မများတဲ့ငွေပမာဏလေးတစ်ခုပါ။ဒါပေမယ့်...စစ်ဘေးရှောင်မိသားစုတစ်စုအတွက်တော့၅၀၀၀ကျပ်ဟာဆာလောင်မှုကို...
18/05/2026

၅၀၀၀ ကျပ်ဆိုတာ
တချို့အတွက် မများတဲ့ငွေပမာဏလေးတစ်ခုပါ။

ဒါပေမယ့်...
စစ်ဘေးရှောင်မိသားစုတစ်စုအတွက်တော့
၅၀၀၀ကျပ်ဟာ
ဆာလောင်မှုကိုပြေပျောက်စေတဲ့ ရိက္ခာတစ်နပ်ဖြစ်သလို
"ငါတို့ကို သတိရနေသူတွေရှိသေးတယ်"ဆိုတဲ့
မျှော်လင့်ချက်လည်းဖြစ်ပါတယ်။

အေးစက်ပြီးမလုံခြုံတဲ့နေ့ရက်တွေထဲမှာ
နွေးထွေးမှုတစ်စိတ်တစ်ပိုင်းဖြစ်ပြီး
အားငယ်နေတဲ့နှလုံးသားတွေကို
မေတ္တာနဲ့ဖက်တွယ်ပေးတဲ့ လက်တစ်ဖက်လည်းဖြစ်ပါတယ်။

တခါတလေ
လူတချို့အတွက် "နည်းနည်းလေး"က
လူတချို့အတွက်တော့ "အရာအားလုံး"ဖြစ်နေနိုင်ပါတယ်။

သေးငယ်တဲ့ပါဝင်မှုလေးကတောင်
ဘဝတစ်ခုကိုအားဖြစ်စေနိုင်ပါတယ်။

၅၀၀၀ကျပ်တည်းဖြင့် မေတ္တာမိုးစက်များကမ်ပိန်းမှာအခုပဲပါဝင်လိုက်ပါ။

မေတ္တာမိုးစက်များကမ်ပိန်းကို အောက်ပါလင့်ခ်မှတဆင့်လည်း လုံခြုံစိတ်ချစွာပါဝင်နိုင်ပါပြီ။
https://springcrowdfund.org/c/3fFApz
#မေတ္တာမိုးစက်များ
#စစ်ဘေးရှောင်
#ပြည်သူမှပြည်သူသို့မေတ္တာများဖြင့်မျှဝေစို့
#ပြည်ကံ့ကော်စစ်ဘေးရှောင်ကူညီရေး

#တို့အတူချီတက်SCF

Address

Loikaw

Website

Alerts

Be the first to know and let us send you an email when ပြည်ကံ့ကော် စစ်ဘေးရှောင်ကူညီရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share