16/09/2026
ဖ င ်နိုင်သလောက် ပဲကြီးဟင်းစားတာဆိုရင်တော့ကောင်းပါတယ်
တစ်ကယ်တမ်းကတော့ တရားဝင်မထုတ်ပြန်ပဲ မိမိတို့အဖွဲ့အစည်းမှလွဲရင် အခြားအဖွဲ့အစည်းများတစ်ချို့၏ အုပ်ချုပ်ရေးနယ်မြေဒေသတွေဟာလည်း တစ်ချို့အရာတွေဟာ ထိုနည်းတူပါပဲ
မြင်အောင်ကြည့်ကြဖို့တော့လိုတာပေါ့ တစ်လောက ပို့စ်တင်ထားသလို နိုင်ငံရေးခေါင်းစီးတွေနဲ့ တည်ဆောက်ထားတဲ့တပ်တွေ ပေါင်းစည်းနိုင်ရေးဟာ ဒီကိစ္စတွေနဲ့ ဆက်စပ်နေတာပါပဲ
သူမသာ ကိုယ်အသုဘ ကို ဘယ်သူပိုနံလဲလုပ်မနေကြပါနဲ့
တစ်ကယ်တမ်း ဒီမိုကရေစီရနေတာ နောက်ခြမ်းတစ်ကွက်လောက်သာရှိနေသလိုပဲ 😅🤣 ဒါတောင် IEC အနေနဲ့ ခက်ခဲစွာ မြေပေါ်တစ်နည်း မြေအောက်တစ်ဖုံရုန်းကန်နေရတုန်း
နောက်တစ်ခုက ခေါင်းဆောင်ကြီးများက လူထုအတွက်ဆိုပြီး သူတို့ချင်းချင်းပဲ ခေါင်းချင်းဆိုင်ပြီး ဆုံးဖြတ်ထားတဲ့ ကိစ္စတွေကို ငါတို့မှာ အံ့သြဘနန်းဖြစ်ရ ဝေဖန်နေရနဲ့ ခေါင်းဆောင်ကြီးများအုပ်စုတွေကတော့ တူတူဝိုင်းကျချိန် ဟားတိုက်နေမလားမပြောတတ်
ကယန်းပြည်သစ်ပါတီ၏ အုပ်ချုပ်ရေးနယ်မြေဒေသ အားလုံးနှင့်ပတ်သက်၍သဘောထားထုတ်ပြန်ချက်။
ရက်စွဲ။ ။ ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်။
၁။ ကယန်းဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်သည်။ ကယန်းပြည်သစ်ပါတီ အုပ်ချုပ်ရေးနယ်မြေဒေသအားလုံးကို ရည်ညွှန်းသည်။ ကယန်းဒေသအတွင်းရှိ ကယန်းပြည်သစ်ပါတီ အုပ်ချုပ်ရေးနယ်မြေဒေသအတွင်းသို့ မည်သည့်အဖွဲ့အစည်းမှ အုပ်ချုပ်ရေး၊ စစ်ရေးနှင့် အခြားကိစ္စအရပ်ရပ်ကို ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရန် ပြင်းထန်စွာတားမြစ်သည်။
၂။ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက် ရက်စွဲအရ Stakeholders အစည်းအဝေးတွင် အားလုံးသဘောတူညီချက်အတိုင်း “ကရင်နီပြည်အတွင်းရှိ အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့အစည်းများသည် ကယန်းဒေသအတွင်းရှိ ကယန်းပြည်သစ်ပါတီ အုပ်ချုပ်ရေးနယ်မြေဒေသများသို့ လုံးဝ(လုံးဝ) ဝင်ရောက်စွက်ဖက်ခြင်းမပြုရ” ဟု အဆိုပါအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုခဲ့ပြီးဖြစ်ပါသည်။
၃။ သို့ဖြစ်ပါ၍ အဆိုပါအစည်းအဝေးတွင် သဘောတူညီမှု ဆုံးဖြတ် ချက်အတိုင်း ကယန်းပြည်သစ်ပါတီမှ ကယန်းဒေသအတွင်းရှိ မိမိတို့၏အုပ်ချုပ်ရေးနယ်မြေဒေသအတွင်းသို့ ဝင်ရောက်စွက်ဖက်နှောက် ယှက်သည့် မည်သည့်လုပ်ရပ်များကိုမဆို ဆန့်ကျင်ကာကွယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။
ဗဟိုကော်မတီ
ကယန်းပြည်သစ်ပါတီ