14/06/2026
Meitta အဖွဲ့အစည်းမှ Triple-T ၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော Emergency Response Project စီမံကိန်းအား ဝမ်းမြောက်စွာ မျှဝေလိုပါသည်။
၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း Meitta အဖွဲ့အစည်းသည် ကျောက်ဖြူမြို့နယ်၌ စစ်ရေးပဋိပက္ခများကြောင့် နေရပ်အိုးအိမ်စွန့်ခွာလာရသည့် စစ်ရှောင်ပြည်သူများကို အရေးပေါ်စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးခဲ့ပါသည်။ အရေးပေါ်စစ်ရှောင်လာရသည် ကျေးရွာ ၂ ရွာမှ လူဦးရေ (၇၀၀) အတွက် ဆန်၊ ဆီ၊ ပဲ ကို ကူညီထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပါသည်။ အကျိုးခံစားခွင့်ရသူ တစ်ဦးလျှင် ဆန် (၂၈) ဘူး၊ ပဲ ၇၀ ကျပ်သား၊ ဆီ ၇၀ ကျပ်သားနှုန်းဖြင့် စုစုပေါင်း ဆန် (၆၃၂) တောင်း၊ ဆီပိသာ (၄၉၀) နှင့် ပဲပိသာ (၄၉၀) တို့ကို ဖြန့်ဝေပေးခဲ့ပါသည်။
ဤစီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ပံ့ပိုးကူညီမှုများ ပေးအပ်ခဲ့သည့် Triple-T အား Meitta အဖွဲ့အစည်းမှ အထူးကျေးဇူးတင်ရှိပါသည်။ ယခုကဲ့သို့သော ကူညီထောက်ပံ့မှုများသည် အကူအညီလိုအပ်နေသော ပြည်သူများ၏ စားနပ်ရိက္ခာဖူလုံမှုနှင့် လူမှုဘဝ လုံခြုံရေးကို များစွာ အထောက်အကူပြုနိုင်ခဲ့ပါသည်။