20/02/2026
မန္တလေးက သူငယ်ချင်းတွေ အတွက် မန္တလေးရုံးရဲ့ လိပ်စာ အသစ်လေးပါ …..။
မဟာမိတ်ဆေးခန်း (မန္တလေး) မှာ ဝန်ဆောင်မှုယူနေတဲ့/အသစ်ယူလိုတဲ့ သူငယ်ချင်းတို့ရေ...
၂၀၂၆ ဇန်နဝါရီလ (၁) ရက်နေ့ က စပြီး ကျတော်တို့ မဟာမိတ်ဆေးခန်း (မန္တလေး) ကို ယခင်နေရာဟောင်း - ၆၂လမ်း၊ ၂၅x၂၆လမ်းကြား အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ ကနေ
ရုံးနေရာ အသစ် - ၁၉လမ်း၊ Denko ဆီဆိုင်နောက်ကျောလမ်းကြား၊ ဘူးကုန်း ရပ်ကွက်၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့ သို့ပြောင်းရွေ့သွားပါတယ်၊ ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေကတော့ ယခင်အတိုင်းမပြောင်းလဲပါဘူးနော် 🤩
မဟာမိတ်ဆေးခန်း (မန္တလေး) ကို Google Map မှာရှာချင်တယ်ဆိုရင် 👉
https://maps.app.goo.gl/JNzXFzxnqVXwdjQD7
📞ဆေးခန်း ဖုန်းနံပါတ်ကတော့ ------ 09-759665608
ရုံးချိန် မနက် (၉) ကနေ ညနေ (၃) နာရီအတွင်း ဝန်ဆောင်မှု တွေ ရရှိမှာ ဖြစ်ပါတယ်
1) HIV ရောဂါဆိုင်ရာ အချက်အလက်များ မျှဝေခြင်း (HIV Health Education)
2) HIVST- အိတ်အိုင်ဗီပိုးရှိ မရှိ မိမိကိုယ်တိုင်စစ်ဆေးနိုင်ရန် နည်းပညာ, ကိရိယာ ပံ့ပိုးကူညီခြင်း
3) သွေးမစစ်ဆေးခင် အကြို နှစ်သိမ့်ဆွေးနွေးမှု ပြုလုပ်ခြင်း (Pre Test Counseling)
4) သွေးစစ်ဆေးပြီးနောက် နှစ်သိမ့်ဆွေးနွေးမှု ပြုလုပ်ခြင်း (Post Test Counseling)
5) ကာလသားရောဂါ ဆွေးနွေးခြင်း ၊ စစ်ဆေးခြင်း နှင့် ကုသခြင်း (STI counseling, testing and treatment)
6) ရောဂါပိုးရှိသူများကို အေအာရ်တီဆေးဝါး အခမဲ့ရရှိစေရန် ဆက်လက်လွဲပြောင်းပေးခြင်း (ART Referrals)
7) PrEP ဆေးသောက်လိုသူများကို နှစ်သိမ့်ဆွေးနွေးပေးခြင်း (PrEP Counseling)
8) ခုခံကျ / ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်၏ လမ်းညွှန်မှု ဖြင့် PrEP ဆေးထုတ်ပေးခြင်း (PrEP medication)
9) HIV ပိုးရှိသူ ဦးတည်အုပ်စုများ နှင့် ဆက်နွယ်သူများကို စစ်ဆေးဖော်ထုတ် သွေးစစ်ခြင်း (INDEX testing)
10) တီဘီရောဂါ စစ်ဆေးနိုင်ရန် နှင့် ကုသမှုခံယူနိုင်ရန် လွဲပြောင်းပေးခြင်း (ဦးတည်အုပ်စုဝင်များ၏ လိင်ဆက်ဆံဘက်အဖော်များနှင့် မိသားစုဝင်များသာ)
11) ဝန်ဆောင်မှု လာယူသူများအား အကျွေးအမွေးဖြင့် ဧည့်ခံခြင်း
12) အေအာရ်တီဆေးသောက်မည့်လူများအား အချက်အလက်နှင့် ကိုက်ညီလျှင် အာဟာရ ပံပိုးခြင်းများ
13) အမျိုးသားသုံး နှင့် အမျိုးသမီး ကွန်ဒုံး များပံပိုးခြင်း (Condom distributions)
14) ချောဆီများပံပိုးခြင်း (Lubricant distributions)
15) ဝန်ဆောင်မှုများ လာယူနိုင်ရန် လမ်းစရိတ်ပံ့ပိုးခြင်းများ