People of Popa Arms

People of Popa Arms ကျောက်ပန်းတောင်းမြို့နယ် လုံခြုံရေး ကာကွယ်ရေးဆိုင်ရာ သတင်းများ၊ ဗဟုသုတဖြစ်ဖွယ်များ

“လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ”ပြည်သူလူထုတစ်ရပ်လုံး မိမိတို့ ယုံကြည်ရာတရားအလိုက် တိုင်တည်သစ္စာအဓိဋ္ဌာန်ပြုကြမည့် “လူထုသစ္စာအဓ...
30/07/2022

“လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ”

ပြည်သူလူထုတစ်ရပ်လုံး မိမိတို့ ယုံကြည်ရာတရားအလိုက် တိုင်တည်သစ္စာအဓိဋ္ဌာန်ပြုကြမည့် “လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ” များကို နိုင်ငံအနှံ့ ပြုလုပ်သွားကြမည်ဖြစ်သည်။
တနင်္ဂနွေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် နိုင်ငံအနှံ့အပြားရှိ ပြည်သူလူထုများအနေဖြင့် မိမိတို့စုဝေးရန် အဆင်ပြေသည့် နေရာဒေသတစ်ခုခုတွင် စုဝေးကြပြီး အောက်ပါ သစ္စာအဓိဋ္ဌာန်တို့ကို ရွတ်ဆို၍ သစ္စာအဓိဋ္ဌာန်ပြုကြမည်။
- တော်လှန်ရေးတွင် မြင့်မြတ်စွာရင်းနှီးပေးဆပ်ခဲ့ကြသူအပေါင်းတို့၏ ကျေးဇူးဂုဏ်ကို ဦးညွှတ်အလေးပြုပါသည်။
- တော်လှန်ရေးပန်းတိုင်ရောက်သည်အထိ ဆက်လက်ချီတက်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုပါသည်။
- တရားမျှတ လွတ်လပ်ခြင်းနှင့် တန်းတူညီမျှခြင်း တို့သည် ဤမြေ၌ တည်ပါစေသတည်း။
- တရားတဲ့သူသာ နိုင်ကြေးဟေ့
ပြည်သူများစုဝေးရာတစ်နေရာရာသို့ ရောက်ရှိရန် အခက်အခဲရှိပါက ကားဟွန်းတီးခြင်း၊ သံပုံးတီးခြင်း တို့ဖြင့် “လူထု့သစ္စာအဓိဋ္ဌာန်ပြုပွဲ” ကို ပါဝင်အားဖြည့်နိုင်ပါသည်။

နေ့ရက် - ၃၁ ဇူလိုင် ၂၀၂၂(တနင်္ဂနွေနေ့)
အချိန် - နံနက် ၁၀ နာရီ ၃၇ မိနစ်


၂၁ ကျောက်ပန်းတောင်း အဖွဲ့စာမျက်နှာ၏ ကြေညာချက်နှင့်ပတ်သက်၍ ပြည်သူထံသို့ အသိပေးအပ်ပါသည်။ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ကာက...
04/07/2022

၂၁ ကျောက်ပန်းတောင်း အဖွဲ့စာမျက်နှာ၏ ကြေညာချက်နှင့်ပတ်သက်၍ ပြည်သူထံသို့ အသိပေးအပ်ပါသည်။

ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့်

(1) ၂၁ ကျောက်ပန်းတောင်းအဖွဲ့ခေါင်းဆောင် ကိုကိုင်ဒို ၏ လုံခြုံရေးအခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။

(2) ထို့အပြင် သူကိုင်ဆောင်သောဖုန်းနှင့် ၂၁ ကျောက်ပန်းတောင်းအဖွဲ့စာမျက်နှာ ၏ စိတ်ချရမှု အခြေအနေအပြင် ယခု စာထုတ်ပြန်သည်ဆိုသော Black Box နှင့် ဒါန ဆိုသောသူများကို မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် သိရှိရခြင်းမရှိသောကြောင့် ယခုအချိန်ကာလတွင် အသိအမှတ်ပြုထားခြင်း မရှိသေးပါ။

(3) ကျောက်ပန်းတောင်းမြို့နယ်တွင်း၌ ၂၁ ကျောက်ပန်းတောင်း အဖွဲ့ဝင်များ လုံခြုံရေးအခြေအနေ အရ မတည်ရှိနေသော်လည်း အခြားမြို့နယ်အသီးသီးတွင် အကြမ်းဖက်စစ်ကောင်စီအား ဆက်လက်တိုက်ပွဲဝင်လျက်ရှိပါသည်။

(4) ၂၁ ကျောက်ပန်းတောင်းအဖွဲ့ စာမျက်နှာ နှင့် ယခုစာထုတ်ပြန်သူများကို အတည်မပြုနိုင်သေးသော အချိန်ကာလတွင် အဆိုပါစာမျက်နှာနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းမပြုကြပါရန် ပြည်သူလူထုအား အသိပေးကြေညာအပ်ပါသည်။

မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့
ကျောက်ပန်းတောင်းမြို့နယ်

16/06/2022

ဒလန်နဲ့ ပတ်သက်လို့ အဓိပ္ပါယ်ဖွင့်ဆိုရမှာ ခက်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီအား နည်းအမျိုးမျိုးဖြင့် ဆန့်ကျင်တော်လှန်နေသော CDM ဝန်ထမ်းများ၊ တော်လှန်ရေးရဲဘော်များ၊ ခေါင်းဆောင်များ၊ UG များ နှင့် ထောက်ပို့လုပ်ပေးနေကြသောသူများ တစ်ဦးသို့မဟုတ် အဖွဲ့လိုက်ဖြစ်စေတို့ကို အဖမ်းအဆီး​ ခံရ အောင်ဖြစ်စေ အသက်အန္တရာယ်ထိခိုက်အောင်ဖြစ်စေ သတင်းပေးပို့တိုင်တန်းခြင်း၊ ပါဝင်ကူညီဆောင်ရွက်ခဲ့ဖူးသူများနှင့် လက်ရှိဆောင်ရွက်နေသူများ အားလုံးပါဝင်ပါတယ်။

ဒေါက်တိုင်

အကြမ်းဖက်စကစ ၏ ထုတ်ကုန်များ၊ လုပ်ငန်းစဥ်များ၊ ပြည်သူများအပေါ်ဖိနှိပ်ရာတွင် လူ၊ ငွေကြေး၊ပစ္စည်းများအား တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ ထောက်ပံ့ကူညီပံ့ပိုးနေသော လူပုဂ္ဂိုလ် အဖွဲ့အစည်းလုပ်ငန်းများ အားလုံးကို ဆိုလိုပါတယ်။

ဘယ်သူဘယ်ဝါ ဘာညာဆိုတာ မှတ်သားထားတာ memory stick လေးတစ်ခုမှာ မဟုတ်ပါ။ အားလုံးရဲ့ အသိဉာဏ်ပညာ နှလုံးသားတွေနဲ့ပါ။

မိမိကိုယ်တိုင် နေ့စဥ်လုပ်ဆောင်နေသမျှ လိပ်ပြာသန့်ရဲ့လား ကိုယ်တိုင်ဆန်းစစ် သုံးသပ်ကြပါ။

ခွင့်လွှတ်မှုဆိုတာက တော့ လက်ရှိအနေအထားအရတော့ လုံးဝ NO ပါပဲ။

အလှူရှင်တို့ အလှူခံပို့စ်တွေ လုံခြုံရေးအရ page က တင်လေ့မရှိပါဘူး။ ဒီတစ်ခု က တော့ တင်လိုက်ပါမယ်။ ကျောက်ပန်းတောင်း နဲ့ ပုဂ...
15/06/2022

အလှူရှင်တို့ အလှူခံပို့စ်တွေ လုံခြုံရေးအရ page က တင်လေ့မရှိပါဘူး။ ဒီတစ်ခု က တော့ တင်လိုက်ပါမယ်။

ကျောက်ပန်းတောင်း နဲ့ ပုဂံ ညောင်ဦးမှာ ခွေးတွေ အင်အားတိုး၊ နေရာတကာမှာ ပျာယာခတ်နေချိန်မှာ အဖွဲ့သားတွေအတွက် နိုင်ငံခြားက မိတ်ဆွေတွေက ဂစ်တာ တစ်လက်လှူလိုက်ပါတယ်။

ဂစ်တာလေးတစ်လက် ရောက်လာလို့ အားလုံးက ဝမ်းသာနေကြပါတယ်။

အောင်ပွဲခံချိန်ကျမှ live လွှင့်ပြီး ကဲပြလိုက်မယ်။

ကျောက်ပန်းတောင်းမြို့နယ် ဘိုတဲကျေးရွာနေ မြင်းခြံ အဝေးသင်တက္ကသိုလ်ကျောင်းသားများ ဖြစ်သောကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့က...
04/06/2022

ကျောက်ပန်းတောင်းမြို့နယ် ဘိုတဲကျေးရွာနေ မြင်းခြံ အဝေးသင်တက္ကသိုလ်ကျောင်းသားများ ဖြစ်သော
ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁ တပ်ခွဲ ၂ မှ ရဲဘော် ဟိန်းဇေယျာဖြိုး အသက် ၂၁ နှစ် နှင့် ဟိန်းဇေယျာဦး အသက် ၂၀ နှစ်တို့သည် ဇွန်လ ၁ ရက်နေ့ က လက်ပံပျားရဲစခန်း၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပါသည်။

ယင်းသို့ ဖမ်းဆီးခံရစဥ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ နှိပ်စက်ညှင်းပန်းမှုများကို ကြံ့ကြံ့ခံကာ သစ္စာရှိရှိ ရဲဝံ့စွာ ထုတ်ဖော်မပြောဆိုဘဲ နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်ခဲ့ကြပါသည်။

ဇွန်လ သုံးရက် ၂၀၂၂ ရက်နေ့တွင် လက်ပံပျားရဲစခန်းက တပ်မ၉၉ထံ သို့ လွှဲပြောင်းပေးခဲ့ပြီး ယနေ့ဇွန်လ ၄ ရက် နံနက်အစောပိုင်းတွင် စစ်ကြောရေးစခန်းတွင် ဟိန်းဇေယျာဦး၏ ဦးခေါင်းအား သေနတ်ဖြင့်တေ့ပစ်ပြီး ဟိန်းဇေယျာဖြိုးအား သေနတ်ဖြင့်ပစ်ခတ်ကာ သွေးထွက်လွန်၍ ကျဆုံးခဲ့ပါသည်။

ကျဆုံးသွားသောရဲဘော်နှစ်ဦးအား ယနေ့ နေ့ခင်းသုံးနာရီ အချိန်တွင် မိဘဆွေမျိုး များအား အသိပေးကြောင်းကြားမှုမပြုဘဲ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရှိရပါသည်။

ရဲဘော်ဟိန်းဇေယျာဖြိုးနှင့် ဟိန်းဇေယျာဦးတို့၏ သစ္စာရှိရဲဝံ့စွာတိုက်ပွဲဝင်ခဲ့မှုအတွက် မြို့နယ်တော်လှန်ရေးအဖွဲ့ များအားလုံးက အာဇာနည်များအဖြစ် အသိအမှတ်ပြု ဂုဏ်ပြုပြီး ဝမ်းနည်းကြေကွဲပူဆွေးလျက်ရှိကြပါသည်။

ရဲဘော်တို့ ကျခဲ့သော အသက်သွေးများအတွက် ကျောက်ပန်းတောင်းမြို့နယ် ကာကွယ်ရေးအဖွဲ့များအားလုံးက အကြမ်းဖက်စစ်ကောင်စီအား လက်တုံ့ပြန်သွားမည်ဖြစ်ပြီး စစ်အာဏာရှင် စနစ်ပြုတ်ကျပြီး ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ရောက်ရှိသည် အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သန္နိဌာန်ပြုအပ်ပါသည်။

ဗိုလ်ပေါ်ဦး
မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့
ကျောက်ပန်းတောင်းမြို့နယ်

မေလ ၂၆ရက်နေ့ည က ရိုင်ဖယ်တစ်လက် အသီး နှစ်လုံးတည်းနဲ့ အုပ်စုလိုက်ထဲ ဝင်ဆွဲခဲ့ပါတယ်။လုံခြုံရေးအခြေအနေအရ ယနေ့မှ သတင်းထုတ်ပြန...
31/05/2022

မေလ ၂၆ရက်နေ့ည က ရိုင်ဖယ်တစ်လက် အသီး နှစ်လုံးတည်းနဲ့ အုပ်စုလိုက်ထဲ ဝင်ဆွဲခဲ့ပါတယ်။
လုံခြုံရေးအခြေအနေအရ ယနေ့မှ သတင်းထုတ်ပြန်တာပါ။

ရဲဘော်ကိုရဲထက် ကောင်းရာမွန်ရာဘုံဘဝ မှာ အနားယူပါတော့။

25/04/2022

မနေ့က ကျောက်ပန်းတောင်းနယ်က ပန်းကြိုင်ရွာအုပ်ကြီး ကို နတ်မောက်ငါးပြေမ၊ ၂၁ ကျောက်ပန်းတောင်း၊ PGF ကျောက်ပန်းတောင်းတို့ ဖောင်းဒိုင်း ၅ချက် ကျွေးပြီး ကိစ္စချောသွားရောတဲ့။

မနှစ်က စစ်တပ်ကိုခေါ်ပြီး ရွာကလူတွေ ဖမ်းခိုင်းလို့ တစ်ရွာလုံးထွက်ပြေးကြရတာ နှစ်ခါ။ ဒီအုပ်ကြီး ကို ပြီးခဲ့တဲ့မေလက ဇွပ်ဇွပ်လုပ်တော့ ကံကောင်းထောက်မပြီး မန္တလေးဆေးရုံရောက် အသက်ရှင်လျက် ပြန်ရောက်လာတယ်။ ဒါကိုတောင် အသိတရားမရသေးဘဲ ပြန်လာပြီးတော့ ရွာသားတွေကို ထပ်နှိပ်စက်တာနဲ့ ပညာပေးလိုက်ရတာပေါ့။

အခုတော့ တစ်ရွာလုံးလည်း ပျော်လို့။

ရွာကလူတွေ အားလုံးကတော့ ပွဲကတဲ့ အဖွဲ့တွေကို ကျေးဇူးတင်လွန်းလို့တဲ့။

တချို့ ရွာအုပ်ကြီးတွေကတော့ ကျနော်တို့ နှုတ်ထွက်ပါတယ်ဆိုတဲ့စာတွေလေး တင်နေကြပြီတဲ့။

ဒလန် ဒေါက်တိုင်များ အုပ်ကြီးများ အမှတ်မရှိသေးရင်တော့ ပွဲတွေဆက်ကနေ ဦးမယ်လို့တော့ ကျောက်ပန်းတောင်း မဟာမိတ် အဖွဲ့ တွေက ကတိပေးပါတယ်။

25/04/2022

မန္တလေးတိုင်းတွင် စစ်တပ်ကို ငွေကြေး ထောက်ပံ့နေသည့် ဆီဆိုင် ပိုင်ရှင်၊ စစ်မှုထမ်းဟောင်းနှင့် စစ်ကောင်စီ ခန့် အုပ်ချုပ်ရေးမှူး စုစုပေါင်း ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၄

မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် မြင်းကဘက်ကျေးရွာတွင် မီတာခများ လိုက် လံကောက်ခံ နေသော စစ်မှုထမ်းဟောင်း အောင်ဝင်းကို ဧပြီလ ၂၃ ရက်နေ့တွင် သေမင်းတမန် ပျောက်ကြား တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ပြန် အောင်ဝင်းကို သေမင်းတမန် အထူး ပျောက်ကြားတပ်ဖွဲ့မှ ဧပြီ ၂၃ရက်နေ့ ညနေ ၅နာရီခန့် တွင် တံစိုးအရှေ့ဘက်၊ မြစ်သား ခရိုင်ပတ်လမ်းအနီးတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဦးခေါင်း ကျည်ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ အောင်ဝင်းသည် ပြည်သူများ ကျပ်တည်းနေချိန်တွင် စစ်ကောင်စီလက်အောက်ခံများနှင့် ပူး ပေါင်းကာ လျှပ်စစ်မီတာခများ အတင်းအဓမ္မ ကောက်ခံခြင်း၊ ခြိမ်းခြောက်ခြင်း၊ အရပ်သားပြည်သူအား ရည်ရွယ်ချက်ရှိရှိဖြင့် စစ်ကောင်စီထံသို့ မဟုတ်မမှန်သတင်းပေးတိုင်တန်းခြင်း၊ စစ်ဆေးရေးဂိတ်နှင့် စစ်သားများထံသို့ သတင်း‌ပေးအဖြစ် ကူညီဆောင်ရွက်ပေးခြင်းတို့ကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သေမင်းတမန် အထူး ပျောက်ကြားတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အလားတူ မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်အတွင်းရှိ ပျူစောထီးများနှင့် အကြမ်း ဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ငွေကြေး ထောက်ပံ့နေသည့် နိုင်လိုက် ဆီဆိုင် ပိုင်ရှင် ထွန်းနိုင် ဆိုသူကို WTRF တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆီဆိုင်ပိုင်ရှင် ထွန်းနိုင်ကို ဝမ်းတွင်းဈေးပေါက်တွင် ဧပြီလ ၂၄ ရက်နေ့ နံနက် ၁၀နာရီ ၂၅မိနစ်ခန့်၌ WTRF တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်နှင့် ရဲများဖြင့် ပူးပေါင်းကာ မြို့နယ်အတွင်း ပြည်သူများကိုအမျိုးမျိုးအနိုင် ကျင့်နှိပ်စက်ခြင်း၊ ငွေညှစ်ခြင်းပျူစောထီးများ မွေးထုတ်ပေးခြင်း၊ ပျူစောထီးသင်တန်း ဖြစ်မြောက်ရေးအတွက် အမာခံငွေထုတ်ပေးခြင်း တို့ကြောင့် WTRF တပ်ဖွဲ့က ရှင်းလင်းရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ပန်းကြိုင် ကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကျော်မြင့်ကို ဧပြီလ ၂၄ ရက်နေ့တွင် ငါးပြေမ ပျောက်ကြားတပ်ဖွဲ့ (နတ်မောက်)၊ People's Guerrillab Force (ကျောက်ပန်းတောင်း)နှင့် 21- Guerrillab Force (ကျောက်ပန်းတောင်း) တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်း သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးသည် ကာကွယ်ရေး တပ်ဖွဲ့များ လာရောက် ပစ်ခတ်မည်ကို ကြောက်လန့်ကာ အိမ်လှည့်အိပ်နေစဉ် ပစ်ခတ် ခံရခြင်း ဖြစ်ပြီး သေနတ် ကျည် ၅ချက် ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"တစ်ခေါက်တုန်းက ဓားနဲ့ထိုးတာ မသေဘူး။ သူကလည်တယ်။ နေ့လည်ဆို တစ်အိမ်မှာနေ ညဆို ပြောင်းအိပ်နဲ့ ရှောင်နေတာ။ အခုမှ မလွတ်ဘဲ သေသွားတာ" ဟု ငါးပြေမပျောက်ကြားတပ်ဖွဲ့ရဲဘော်တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ဓားဖြင့်ထိုးခဲ့ရသော်လည်း မသေသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကျော်မြင့် ယနေ့ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။

Address

Kyaukpadaung

Website

Alerts

Be the first to know and let us send you an email when People of Popa Arms posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share