We Love BEHS 1 Kyaukme

We Love BEHS 1 Kyaukme Unity is strength

10-8-2024မနက်ပိုင်းမှစ၍ ဂုတ်တွင်းလမ်းကို ဖြတ်သန်းခွင့်ပြုနေပါပြီခင်ဗျာ..
10/08/2024

10-8-2024
မနက်ပိုင်းမှစ၍ ဂုတ်တွင်းလမ်းကို
ဖြတ်သန်းခွင့်ပြုနေပါပြီခင်ဗျာ..

31/07/2024

ကျနော်တို့အားလုံး အိမ်ကိုလွမ်းနေကြပါပီ….

29/07/2024

29/7/2024
11း00(am)
ကျောက်မဲ
မနေ့ကတော့ မြို့ပြင်ဖက်မှာတော်တော်လေးပွဲကြမ်းနေတာကိုမြင်ရပါတယ်။

မြို့အစွန် ရက်ကွက် ကျေးရွာတစ်ချို့အထိ ပါပါတယ်။

ဒီနေ့မနက်တော့ငြိမ်နေပေမဲ့ ခုမွန်းတည့်ခါနီးတော့ ခပ်ဝေးဝေးမှအကြီးသံများကြားနေရပါတယ်။

မြို့တွင်းမှာတော့ဘာမှမဖြစ်ပါဘူး။

မနက်စျေးလည်းရှိပါသေးတယ်။

ကုန်စျေးနှုံးတွေကတော့ကြောက်ခမန်းလိလိကိုတက်နေပါတယ်။

အရင်ကအသားတုတစ်ပိဿာကို (၉၀၀၀) ကျပ် အခု (၂၃၀၀၀)ကျပ်ပေးနေရပါတယ်။

ဖုန်းလိုင်းတွေတစ်ခုမှမကောင်းပါ။

Telenor လိုင်း ငါးမိနစ်တစ်ခါလောက်ရပြီး ရချိန်တစ်မိနစ်လောက်ဘဲကြာပါတယ်။

စစ်ဘေးရှောင်စခန်းများမှာတော့ စစ်ဘေးရှောင်တွေ တစ်ဖြည်းဖြည်းလျှော့လာပြီး မိမိအိမ်တွေမှာပြန်နေသူတစ်ချို့တော့ရှ်ိလာပါတယ်။

ဒါပေမဲ့မိမ်ိအိမ်တွေမှာပြန်ပြီးနေသူများလည်းအငတ်ဘေးဆိုက်နေသူတစ်ချို့ကိုတွေ့ရပါတယ်။

ဖုန်းလိုင်းအင်တာနက်လိုင်းတွေကြောင့်ဒုက္ခရောက်သူများလည်းတော်တော်လေးအခက်ကြုံနေတာကိုတွေ့ရပါတယ်။

ကျွန်တော်လည်းလက်လှမ်းမှီသလောက်တော့ကူညီ ထောက်ပန့်ပေးနေပါတယ်။

အင်တာနက်လိုင်းတွေမရတာကြောင့်ကူညီမှုများကို အချိန်နဲ့တစ်​​ပြေးညီ လိုင်းပေါ်တင်မရတာဖြစ်ပါတယ်။

မိမိမ်ိသားစု ဆွေမျိုးများနဲ့အဆက်သွယ်မရလျှင်စိတ်မပူပါနဲ့ ။

ဖုန်းလိုင်းမရလို့ဖြစ်ပါတယ်။

အဝေးရောက် မိတ်ဆွေသူငယ်ချင်းများစ်ိတ်ပူပန်မှုမရှိစေရန်တင်ပေးခြင်းဖြစ်ပါတယ်။

#တို့တတွေပြန်ဆုံကြမယ်နော်
#ကျောက်မဲမြို့ကြီးအမြန်အေးချမ်းမှာပါလို့မျှော်လင့်ရင်း
🙏🙏🙏
#မွန်းတည့်(၁၁)နာရီအခြေနေထိအခြေနေကိုတင်ပေးခြင်းဖြစ်ပါသည်။

Crd - Taungpaw Thar lay

Address

Kyaukme

Website

Alerts

Be the first to know and let us send you an email when We Love BEHS 1 Kyaukme posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share