Monywa University Chem&BC Students

Monywa University  Chem&BC Students We Love Monywa University

မကြာခင် မုံရွာအလှည့်ရောက်တော့မယ်နော် ကဲ သင်ဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲ
19/03/2024

မကြာခင် မုံရွာအလှည့်ရောက်တော့မယ်နော်
ကဲ သင်ဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲ

19/03/2024

ဘ၀မှာ မဲမပေါက်တာကို
ပျော်ရတာဆိုလို့
မအလ ခေတ်မှပဲ ကြုံဖူးတော့တယ်ဗျာ

မုံရွာလမ်းဆုံ လမ်းဂွ စကစတွေဝေသွားတာတဲ့ စာရွက်တွေလို့ သိရ  photoစကစများမှ သူတို့လုပ်ရက်များကို ဖော်ထုတ်ပြသလျက်ရှိနေပါတယ်🤣...
18/02/2024

မုံရွာလမ်းဆုံ လမ်းဂွ
စကစတွေဝေသွားတာတဲ့ စာရွက်တွေလို့ သိရ
photo
စကစများမှ သူတို့လုပ်ရက်များကို ဖော်ထုတ်ပြသလျက်ရှိနေပါတယ်🤣🤣🤣 ကြည့်ကြည့်ကြပါအုံး သေးပေါက်ပြီးမှ စာဖတ်ကြပါ🤭🤣

09/02/2024
09/02/2024

တက္ကသိုလ်ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ လိုအပ်ရင် စစ်မှုထမ်းရမယ်လို့ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဆို👏👏👏ပျော်သလားဟေ့ မောင်တို့ရေ......🤣🤣🤣

09/02/2024

ယနေ့ထူးခြားမှု သတင်းများထဲမှ တခု👏👏👏

တက္ကသိုလ်ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ လိုအပ်ရင် စစ်မှုထမ်းရမယ်လို့ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဆို

အာဏာသိမ်းစစ်ကောင်စီ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း က တက္ကသိုလ်၊ ကောလိပ်နဲ့ နည်းပညာတက္ကသိုလ် ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို လိုအပ် ပါက စစ်မှုထမ်းရမယ် ပြောဆိုခဲ့တယ်လို့ ပုသိမ်ပညာရေးကောလိပ် သတင်းရင်းမြစ်တွေထံ က သိရပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်တဲ့ ဦးတင်မောင်ဝင်း က ဒီလ ၅ ရက်ကနေ နှစ်ပတ်ကြာအထိ ပုသိမ်တက္ကသိုလ်ဝန်းအတွင်း ဖွင့်လှစ်နေတဲ့ တက္ကသိုလ်၊ ကောလိပ်၊ နည်းပညာ တက္ကသိုလ် ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အခြေခံစစ်ပညာသင်တန်းမှာ ပြောကြားခဲ့တာလို့ ဆိုပါတယ်။

တပ်မတော်အနေနဲ့ တိုင်းပြည်အေးချမ်းရေးအတွက် အကြမ်းဖက်တွေကို နှိမ်နင်းနေတာဖြစ် ပြီး မည်သူမဆို စစ်ပညာသင်ကြားပြီး လိုအပ်ပါက စစ်မှုထမ်းကာ တပ်မတော်နဲ့ လက်တွဲပြီး အကြမ်းဖက် သောင်းကျန်းသူတွေကို နှိမ်နင်းကြရမယ် လို့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက ပြောဆိုကြောင်း သင်တန်းတက်နေသူတွေနဲ့ နီးစပ်သူတဦးက DNA ကိုပြောပါတယ်။

အနောက်တောင်တိုင်း စစ်ဌာနချုပ်က နည်းပြတွေ သင်ကြားတဲ့ အဲဒီအခြေခံစစ်ပညာသင်တန်းမှာ လက်နက်မဲ့ အခြေခံစစ်ပညာနဲ့ လက်နက်ငယ် စစ်ပညာတို့ကို ဒီလ ၅ ရက်ကစတင်ကာ နှစ်ပတ်ကြာ သင်ကြားမှာဖြစ်ပြီး တက်ရောက်သူ သင်တန်းသား ၁၁၆ ဦး ရှိတယ် လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် လူမှုကွန်ရက် စာမျက်နှာတချို့က ဖေါ်ပြချက်အရ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင်တချို့က မူးယစ်ဆေးလုပ်ငန်းတွေ လုပ်ပြီး မြို့တွေ၊ ရွာတွေကို မီးရှို့တာ၊ ဗုံးခွဲတာတွေ၊ လူသတ်တာတွေ အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတယ် အဲဒီလို အကြမ်းဖက်တာတွေ မလုပ်ဖို့ ဝန်ကြီးချုပ်က ပြောတယ်လို့ သင်တန်းတက်နေသူတွေနဲ့ နီးစပ်သူတဦးက ဆက်ပြောပါတယ်။

စစ်ကောင်စီ ဝါဒဖြန့် လူမှု့ကွန်ယက် သတင်းစာမျက်နှာတွေမှာတော့ ပုသိမ်တက္ကသိုလ်၊ ပညာရေးကောလိပ်၊ နည်းပညာသိပ္ပံတက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်က ဆရာ ဆရာမ ကျောင်းသူ ကျောင်းသားတွေဟာ သူတို့ရဲ့ ဆန္ဒအလျှောက် စစ်သင်တန်း တက်ရောက်ကြတာ ဖြစ်ပြီး တက်ရောက်နေတဲ့ သင်တန်းသားတွေကို တပ်ဖွဲ့ဝင်တွေလို့ ခေါ်ဝေါ်ဝါဒဖြန့်နေတာ တွေ့ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ကိုယ်ဆန္ဒနဲ့ကိုယ် တက်ချင်လွန်းလို့ တက်တာလည်း မဟုတ်ဘူး။ မအလ တပ်ထဲလည်း ဝင်တာလည်း မဟုတ်ဘူး။ မအလရဲ့တပ်မှာ ဘယ်တော့မှလည်း စစ်မှုမထမ်းနိုင်ပါဘူး။ ဆရာမ က စစ်သင်တန်း တက်ပေးပါ ပြောလာတာကြောင့် ဆရာမကို အားနာလို့တက်တာ လို့ သင်တန်းတက်နေတဲ့ တက္ကသိုလ်ကျောင်းသူတဦးက ပြောပါတယ်။

ပုသိမ်ပညာရေးကောလိပ်က နည်းပြဆရာ ဆရာမတွေနဲ့ ဆရာ ဆရာမ လောင်းတွေ က အများစု မဖြစ်မနေ တက် ကြရတာ ဖြစ်ပြီး ကျန်တက္ကသိုလ် တွေက ဆရာ ဆရာမ နဲ့ ကျောင်းသား ကျောင်းသူတွေ ကတော့ ကျောင်း အုပ် ကြီး တွေ က တက္ကသိုလ် အလိုက် မေဂျာ အလိုက် ခွဲတန်း ချပေးပြီး စစ်သင်တန်း တက်ခိုင်းတာ လို့ ပုသိမ် နည်း ပညာ တက္ကသိုလ် ဆရာ ဆရာမ တွေ နဲ့ နီးစပ်သူအချို့ထံ ကသိရပါတယ်။

စစ်ကောင်စီဟာ တော်လှန်ရေး အင်အားစု တွေ နဲ့ တိုက်တဲ့ စစ်မျက်နှာတိုင်း မှာ မြို့ရွာ စစ်စခန်း ကြီးငယ် တွေ လက်လွှတ် ဆုံးရှုံး နေရပြီး အလင်းဝင် လက်နက် ချတာ တိုက်ပွဲ ကျတာ၊ CDM လုပ်တာ ၊ တပ်က နေ ထွက်ပြေးကြတာ တွေ အပြင် အရင်ကတည်း က တပ်ရင်းအလိုက် ရှိရမယ့် စစ်သည် အင်အား နဲ့ မဖွဲ့ စည်းခဲ့တာ တွေကြောင့် လိုအပ်လာတဲ့ စစ်သည် အင်အား ကို နည်းမျိုးစုံ စုဆောင်းနေ တယ် လို့ အငြိမ်းစား တပ် ကြပ် ကြီးဟောင်း ဦးလှထွေး က သုံးသပ်ပါတယ်။

Address

Kawlin

Website

Alerts

Be the first to know and let us send you an email when Monywa University Chem&BC Students posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share