19/08/2024
⚜️ဝါခေါင်လပြည့်နေ့⚜️
ယနေ့(19.8.2024)ရက်နေ့ဟာ ဝါခေါင်လပြည့်နေ့(မေတ္တာအခါတော်နေ့)နဲ့ဓနသိဒ္ဓိနက္ခတ်စန်းယှဉ်ချိန် တစ်ထပ်တည်းကျတဲ့အပြင် (၆၃)ကြိမ်မြောက်“နိုင်ငံတော် ဘာသာနေ့”လည်းဖြစ်ပါတယ်။
ထိုသို့သောနေ့မြတ်အခါတော်မှစပြီး ကံအားကောင်းကာအခက်အခဲများပြေလျော့စေရန်အတွက်
၁။ နေအိမ်ဘုရားကျောင်းဆောင်အား သန့်ရှင်းပါ။
၂။ ဆီမီး၊ရေချမ်း၊အမွှေးနံ့သာ၊ပန်းတို့ကပ်လှူပါ။
၃။ မေတ္တသုတ်၊ဓနသိဒ္ဓိဂါထာတော်တို့အား သက်စေ့ရွတ်ဖတ်ပူဇော်ပါ။
၄။ ခွေးစာ၊ငှက်စာဒါနပြုပါ။
၅။ မိမိတတ်အားသ၍ ကုသိုလ်ကောင်းမှုပြုပါ။
၆။ နေတက်မိုးလင်းအိပ်ယာထချိန်မှာ ကိုယ်လက်သန့်စင်ပါ။(ရေချိုးပါ)
၇။ မေတ္တာတရားရှေ့ထားပြီး ကောင်းသောစကားပြော၍ ကောင်းသောအမှုကိုပြုပါ။
Credit-SharHtetPaing
မေတ္တာဖြင့်.....
#ဝင်းသီဟကျော်