IOM Myanmar

IOM Myanmar The official page of the International Organization for Migration (IOM) Mission in Myanmar.

Previously known as Mel Shwet Pyaung (Miss Migration in English)

05/08/2026

⚠️ သတိပေးချက် - ရုပ်ပိုင်းဆိုင်ရာ နှိ-ပ်-စ-က်-မှု၊ ရို-က်-နှ-က်ခံရမှု၊ ပိတ်လှောင်ခံရမှု၊ လူ-ကုန်-ကူး-ခံရမှု၊ အဓမ္မခိုင်းစေမှုများ ပါဝင်သည်။

ယခုနှစ် ကမ္ဘာ့လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသက်ရှင်လွတ်မြောက်လာသူများ၏ ဖြစ်ရပ်မှန် ဇာတ်လမ်းတိုများကို တင်ဆက်ပေးသွားပါမည်။

ဇာတ်လမ်း #၄ - ကိုမင်း၏ တန်ဖိုး

“ကျွန်တော့်တန်ဖိုးက ဘယ်လောက်ရှိလဲ သိလား၊ လပေါင်းများစွာ ကျွန်တော်ဟာ ကုန်ပစ္စည်းတစ်ခုလို အဆက်ဆံခံခဲ့ရပြီး၊ အရောင်းအဝယ် လုပ်ခံခဲ့ရပါတယ်။”

မိခင်ဖြစ်သူကို ထောက်ပံ့ဖို့နဲ့ သူ့ရဲ့အနာဂတ်ကို တည်ဆောက်ဖို့ ရည်ရွယ်ချက်နဲ့ တက္ကသိုလ်ကျောင်းဆင်း အလုပ်သင်ဖြစ်သူ ကိုမင်းက အိပ်မက်ဆိုးအဖြစ် ပြောင်းလဲသွားမဲ့ အလုပ်ခေါ်စာတစ်ခုကို လက်ခံခဲ့ပါတယ်။ အလုပ်ဆီ ရောက်တဲ့အချိန်မှာ သူ့ဖုန်းနဲ့ ပတ်စ်ပို့ကို သိမ်းဆည်းလိုက်ကြပါတယ်။

လုပ်ငန်းဝင်းထဲမှာ ပိတ်ထားပြီး မဖြစ်နိုင်တဲ့ အွန်လိုင်းလိမ်လည်မှု (ကျား-ဖြန့်) တားဂတ်တွေကို ပြည့်မီအောင် အတင်းအကျပ် ခြိမ်း-ခြောက်စေခိုင်းကြပါတယ်။ ကိုမင်းနဲ့ သူ့သူငယ်ချင်းတွေက လွတ်မြောက်ဖို့ ထွက်ပြေးကြတဲ့အခါ ဖမ်းဆီးခံရပြီး အခန်းထဲပိတ်လှောင်ကာ ပြင်းပြင်းထန်ထန် ရိုက်-နှက်-နှိ-ပ်-စ-က်ခံခဲ့ရပါတယ်။ ကိုမင်းကို နောက်ထပ်အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းဆီ ရောင်းချခဲ့ပြီး ထွက်ပြေးဖို့ အခွင့်အရေးမရမီအထိ လူ-မ-ဆန်တဲ့ နှိပ်-စက်နည်းပေါင်းစုံနဲ့ နှိပ်-စက်ခံခဲ့ရပါတယ်။

သူဟာ အ-သ-က်-ဘေးကနေ လွတ်မြောက်ခဲ့ပေမဲ့ ကုန်ပစ္စည်းတစ်ခုလို ဆက်ဆံခံခဲ့ရတဲ့ စိတ်ဒဏ်ရာတွေက နက်ရှိုင်းတဲ့ အမာရွတ်တွေအနေနဲ့ ကျန်ခဲ့ပြီး ဘဝကို ပြန်လည်ကုစားနိုင်ဖို့ ခရီးရှည်ကြီးကို ဆက်လက်ဖြတ်သန်းနေရဆဲ ဖြစ်ပါတယ်။

ဒါက ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်ပါတယ်။ သက်ဆိုင်သူရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကာကွယ်ရန် အမည်လွှဲကို အသုံးပြုထားပါတယ်။

👉 နောက်ထပ် ဖြစ်ရပ်မှန် ဇာတ်လမ်းများကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

ရာ-ဇ-ဝတ်မှုကျူးလွန်ခိုင်းဖို့ လူ-ကုန်-ကူးခံရခြင်းမှ လွတ်မြောက်လာသူတွေအတွက် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) ဝင်းကနေ လွတ်မြောက်လာတာဟာ အစသာရှိပါသေးတယ်။ သူတို့ရဲ့ မူလဘဝကို ပြန်ရဖို့နဲ့ ပြန်လည်ဝင်ဆံ့ဖို့ လူမှုအသိုင်းအဝိုင်းရဲ့ ကူညီပံ့ပိုးမှု လိုအပ်ပါတယ်။

ဒီဖြစ်ရပ်မှန် ဇာတ်လမ်းကို အများနှင့်အတူ မျှဝေကာ နောက်ထပ် ဖော်ပြပေးသွားမဲ့ ဇာတ်လမ်းတွေကိုလည်း စောင့်ကြည့်ပေးပါ။
--------------------------------------------
⚠️ Trigger Warning: Physical a-b-u-s-e, b-e-a-t-i-n-g-s, captivity, human trafficking, forced labour

A series of true survivor stories, this .

Story #4 — Ko Min’s Price

“Do you know how much I was worth? For months, I was treated like a commodity. I was bought and sold.”

Hoping to support his mother and build his future through a university internship, Ko Min accepted a job offer that quickly turned into a nightmare. Upon arrival, his phone and passport were confiscated, trapping him inside a compound where he was forced to work under threat and fear to hit impossible s-c-a-m targets. When Ko Min and his friends attempted to escape, they were caught, locked up, and severely b-e-a-t-e-n. The punishment also took a friend from him. Ko Min was resold to another scam compound, enduring months of dehumanizing captivity before finally finding a chance to run away.

Although he managed to escape and save his life, the trauma of being treated like a commodity left deep scars, leaving him with a long journey to heal, recover, and rebuild.

This is a true story. The name has been changed to protect the individual’s identity.

👉More survivor accounts are coming.

For survivors of trafficking for forced criminality, escaping the scam compound is only the beginning. They need support from their community to reintegrate into the life they once had.

Share this story and stay tuned for what’s next.

#အွန်လိုင်းလိမ်လည်မှုရဲ့နောက်ကွယ်ကဘဝများ #လူကုန်ကူးမှုပပျောက်ရေး
#ရာဇဝတ်မှုကျူးလွန်ခိုင်းဖို့လူကုန်ကူးခြင်း #လူကုန်ကူးမှုသတိပြုရေး #အလုပ်အကိုင်လိမ်လည်မှုသတိပြုရေး
#သတိရှိပါ #လူကုန်ကူးမှုတိုက်ဖျက်ရေး #လိမ်လည်မှု
#လူကုန်ကူးမှု #နိုင်ငံခြားအလုပ်အကိုင် #အလုပ်ခေါ်
#အရှေ့တောင်အာရှ #အခွင့်အလမ်း #အလုပ်ရှာဖွေရေး #လူခေါ် #အသက်မွေးဝမ်းကျောင်း #ရာထူးလစ်လပ်မှု #အလုပ်အကိုင် #လူလို #အခွင့်အလမ်းအသစ်များ

📍 အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) တွေထဲက ဘဝတိုင်းရဲ့ နောက်ကွယ်မှာ အ-တင်း-အ-ကျပ်-စေ-ခိုင်း-ခံ-ရ-မှု၊ နှိပ်-စက်-ညှင်း-ပန်...
03/08/2026

📍 အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) တွေထဲက ဘဝတိုင်းရဲ့ နောက်ကွယ်မှာ အ-တင်း-အ-ကျပ်-စေ-ခိုင်း-ခံ-ရ-မှု၊ နှိပ်-စက်-ညှင်း-ပန်း-မှုနှင့် ခေါင်း-ပုံ-ဖြတ် အမြတ်ထုတ်ခံရမှုတွေ ရှိနေပါတယ်။

ဒါကို သင်နဲ့ သင်ချစ်တဲ့သူတွေ အပါအဝင် ဘယ်သူမဆို ကြုံရနိုင်ပါတယ်။

အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) ဘဝကနေ လွတ်မြောက်ဖို့ အကောင်းဆုံး နည်းလမ်းက မဖြစ်ခင် ကြိုတင်ကာကွယ်တာပါပဲ။ သင်သာဆိုရင်ရော ရာ-ဇ-ဝတ်-မှုကျူးလွန်ခိုင်းဖို့ လူ-ကုန်-ကူးခံရတဲ့ အန္တရာယ်ကနေ သင့်ကိုယ်သင် ကာကွယ်ဖို့အတွက် ဘာလုပ်မှာပါလဲ။

💬 သင် တွေးမိတာကို ကွန်းမန့်မှာ ပြောသွားပေးပါဦး။

#အွန်လိုင်းလိမ်လည်မှုရဲ့နောက်ကွယ်ကဘဝများ #လူကုန်ကူးမှုပပျောက်ရေး
#ရာဇဝတ်မှုကျူးလွန်ခိုင်းဖို့လူကုန်ကူးခြင်း #လူကုန်ကူးမှုသတိပြုရေး #အလုပ်အကိုင်လိမ်လည်မှုသတိပြုရေး
#သတိရှိပါ #လူကုန်ကူးမှုတိုက်ဖျက်ရေး #လိမ်လည်မှု
#လူကုန်ကူးမှု #နိုင်ငံခြားအလုပ်အကိုင် #အလုပ်ခေါ်
#အရှေ့တောင်အာရှ #အခွင့်အလမ်း #အလုပ်ရှာဖွေရေး #လူခေါ် #အသက်မွေးဝမ်းကျောင်း #ရာထူးလစ်လပ်မှု #အလုပ်အကိုင် #လူလို #အခွင့်အလမ်းအသစ်များ

📍Behind many lives in scams is a human story of being coerced, abused, and exploited. It could happen to anyone, even yo...
03/08/2026

📍Behind many lives in scams is a human story of being coerced, abused, and exploited. It could happen to anyone, even you and your loved ones.

The best way to escape the life of scam is to prevent it before it happens. What you would do to prevent yourself from being trafficked into forced criminality?

💬 Comment your thoughts.

ဒီဇာတ်လမ်းကို ဖတ်ကြည့်ပြီး ကိုကို့နေရာကနေ ဝင်ခံစားကြည့်လိုက်ရအောင်!သင်သာဆိုရင်ရော ဒီဇာတ်လမ်းရဲ့ ဘယ်နေရာလောက်မှာ လှည့်ပြန...
02/08/2026

ဒီဇာတ်လမ်းကို ဖတ်ကြည့်ပြီး ကိုကို့နေရာကနေ ဝင်ခံစားကြည့်လိုက်ရအောင်!

သင်သာဆိုရင်ရော ဒီဇာတ်လမ်းရဲ့ ဘယ်နေရာလောက်မှာ လှည့်ပြန်ခဲ့မလဲ? အဖြေကို ကွန်မန့်မှာ ပြောသွားပေးပါဦး။ 👇

အစကတော့ ကံကောင်းခြင်းတွေနဲ့ စခဲ့တာပဲ။ အလုပ်မှာ လူလျှော့လိုက်ပြီးတဲ့နောက် ကိုကိုတစ်ယောက် ကော်ဖီဆိုင်တစ်ဆိုင်မှာ အထက်တန်းတုန်းက သူငယ်ချင်းတစ်ယောက်နဲ့ မမျှော်လင့်ဘဲ ဆုံခဲ့တယ်။ သူ့သူငယ်ချင်း အလုပ်အကိုင်ကောင်းနေပုံရတော့ ကိုကိုက မျှော်လင့်ချက်လေး ရှိလာပြီး အလုပ်ရှာပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။ သူ့သူငယ်ချင်းက ဝမ်းသာအားရနဲ့ပဲ အဆက်အသွယ်တစ်ခု ပေးခဲ့တယ်။ 💼

တစ်လအတွင်းမှာပဲ အရာရာက မြန်မြန်ဆန်ဆန် ဖြစ်လာခဲ့တယ်။ အင်တာဗျူးဖြေပြီး ရက်နည်းနည်းကြာတော့ အလုပ်ခေါ်စာ ရတယ်။ ကိုကိုက ပတ်စပို့နဲ့ ဗီဇာကြေးအတွက် ၁၅ သိန်းပေးခဲ့တယ်။ ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ ကုန်ပစ္စည်း တင်ပို့တဲ့လုပ်ငန်းမှာ ဘဝစာမျက်နှာအသစ် စတင်ရတော့မယ်ဆိုပြီး စိတ်လှုပ်ရှားနေခဲ့တယ်။ 🧳🛫

ဒါပေမဲ့ အခြေချလိုက်မိတဲ့ အချိန်မှာပဲ သူ့အိပ်မက်တွေ ပျက်စီးသွားတယ်။ ⚠️ သူ့ပတ်စပို့ အသိမ်းခံလိုက်ရပြီး လုံခြုံရေးအပြည့်ချထားတဲ့ ဝင်းတစ်ခုထဲကို ခေါ်သွားတာခံလိုက်ရတယ်။ အဲဒီမှာ ကုန်ပစ္စည်းတင်ပို့တဲ့ လုပ်ငန်းဆိုတာ လုံးဝမရှိဘဲ အွန်လိုင်းကနေ လိမ်လည်မှု (ကျားဖြန့်) တွေ အတင်းအကျပ်လုပ်ခိုင်းခဲ့တယ်။ တားဂတ်မပြည့်ရင် ရက်-ရက်-စက်-စက် ရိုက်-နှက်မယ်ဆိုတဲ့ ခြိမ်း-ခြောက်မှုတွေ ရင်ဆိုင်ခဲ့ရတယ်။ ကြောက်-လန့်-တကြားနဲ့ပဲ နှစ်လလောက် ဒီထဲမှာ ပိတ်မိနေပြီး တစ်လကို ဒေါ်လာ ၅၀၀ တည်းနဲ့ အတင်းအကျပ် အလုပ်ခိုင်းခံခဲ့ရတယ်။ အဲ့ဒီနောက် အာဏာပိုင်တွေက ဒီဝင်းကြီးထဲကို ဝင်ရောက်စီးနင်းပြီး ကိုကို အပါအဝင် အားလုံး ထိန်းသိမ်းခံလိုက်ရပါတယ်။ 🚨

#အွန်လိုင်းလိမ်လည်မှုရဲ့နောက်ကွယ်ကဘဝများ #လူကုန်ကူးမှုပပျောက်ရေး
#ရာဇဝတ်မှုကျူးလွန်ခိုင်းဖို့လူကုန်ကူးခြင်း #လူကုန်ကူးမှုသတိပြုရေး #အလုပ်အကိုင်လိမ်လည်မှုသတိပြုရေး
#သတိရှိပါ #လူကုန်ကူးမှုတိုက်ဖျက်ရေး #လိမ်လည်မှု
#လူကုန်ကူးမှု #နိုင်ငံခြားအလုပ်အကိုင် #အလုပ်ခေါ်
#အရှေ့တောင်အာရှ #အခွင့်အလမ်း #အလုပ်ရှာဖွေရေး #လူခေါ် #အသက်မွေးဝမ်းကျောင်း #ရာထူးလစ်လပ်မှု #အလုပ်အကိုင် #လူလို #အခွင့်အလမ်းအသစ်များ

Read the story below & imagine yourself in the shoes of Ko Ko!At what exact point in this story would you have turned ba...
02/08/2026

Read the story below & imagine yourself in the shoes of Ko Ko!

At what exact point in this story would you have turned back? Comment your answers. 👇

It started with a stroke of good luck. After being laid off from his job, Koko ran into an old high school friend at a cafe. Seeing his friend doing so well gave him hope, so Koko asked for help with his job search.👨‍💼 His friend gladly passed along a contact. 💼

Within a month, everything moved fast. He received a job offer a few days after the interview. Koko paid 15 lakhs for his passport and visa fees, excited to start a new chapter in the product export business in a country in Southeast Asia.🧳🛫

But the moment he landed, the dream shattered. ⚠️His passport was confiscated, and he was brought to a secured compound. There was no export business, only a forced online scam operation. Failure to achieve targets were faced threats of brutal beatings. For two months, he was trapped, terrified, and forced to work for just $500 a month. Then, the authorities raided the compound. Everyone was detained, including Ko Ko. 🚨

01/08/2026

⚠️ Trigger Warning: Physical a-b-u-s-e, tasing, torture, d-e-a-t-h threats, organ trafficking threats, forced labour, debt bo***ge

A series of true survivor stories, this .

Story #3 — Abebe’s survival

“I didn’t expect to be trafficked into scam compounds when I took the job offer.”

Promised a $1,500 monthly salary for a customer service role, Abebe was recruited through Telegram and even passed English and typing tests that made the offer seem legitimate. After paying $1,000 for his visa and travel, he was secretly transported across the border, where traffickers confiscated his passport and phone. Inside the compound, he was forced to work 16 to 18 hours a day committing online scams to pay off a fake, ever-increasing debt— enduring beatings, tasing, and threats of death or organ harvesting whenever he missed his targets.

Though he survived the compound, the experience stripped him of his dignity and left deep emotional wounds that he is still trying to heal from.

This is a true story. The name has been changed to protect the individual’s identity.

👉More survivor accounts are coming.

Be cautious of online job offers—especially on messaging apps like Telegram—that require you to pay upfront fees for travel or visas, and always verify employment opportunities with official sources before relocating.

Share this story and stay tuned for what’s next.

------------------------------------

⚠️ သတိပေးချက်- ရုပ်ပိုင်းဆိုင်ရာ နှိပ်-စက်-မှု၊ လျှပ်-စစ်-ရှော့တ်-တိုက်မှု၊ ညှင်း-ပန်း-နှိပ်-စက်-မှု၊ အ-သ-က်အန္တရာယ် ခြိမ်းခြောက်ခံရမှု၊ ခန္ဓာကိုယ်အစိတ်အပိုင်း ရောင်းစားမည်ဟု ခြိမ်း-ခြောက်-ခံရမှုနှင့် အဓမ္မခိုင်းစေမှုများ ပါဝင်သည်။

ယခုနှစ် ကမ္ဘာ့လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသက်ရှင်လွတ်မြောက်လာသူများ၏ ဖြစ်ရပ်မှန် ဇာတ်လမ်းတိုများကို တင်ဆက်ပေးသွားပါမည်။

ဇာတ်လမ်း #3 — အာဘီဘီ၏ လွတ်မြောက်မှု

“ဒီအလုပ်ကို လက်ခံတုန်းက အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေဆီ လူ-ကုန်-ကူးခံရမယ်လို့ လုံးဝ မမျှော်လင့်ခဲ့ပါဘူး။”

လူ-ကုန်-ကူးသူတွေက ဝန်ဆောင်မှုအလုပ်အတွက် တစ်လကို လစာ ဒေါ်လာ ၁,၅၀၀ လစာပေးမယ်လို့ ကတိပေးပြီး အာဘီဘီကို တယ်လီဂရမ်ကနေ ဖြားယောင်းခဲ့ပါတယ်။ လူ-ကုန်-ကူးသူတွေက အင်္ဂလိပ်စာနဲ့ ကွန်ပျူတာ စာရိုက်နှုန်းတွေကို စစ်ဆေးပြီး အလုပ်အတုကို အစစ်လိုပုံမှားရိုက်ပြီး လှည့်ဖျားခဲ့ကြပါတယ်။

ဗီဇာနှင့် ခရီးစရိတ်အတွက် ဒေါ်လာ ၁,၀၀၀ ခန့် ပေးချေခဲ့ရပြီးနောက် သူ့ကို နယ်စပ်ကနေတစ်ဆင့် တရားမဝင် ခိုးထုတ်ခဲ့ပါတယ်။ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းဝင်းထဲ ရောက်တဲ့အခါ သူ့ရဲ့ နိုင်ငံကူးလက်မှတ်နဲ့ ဖုန်းကို သိမ်းဆည်းခဲ့ကြပါတယ်။

တဖြည်းဖြည်း ပိုပိုတိုးလာတဲ့ အကြွေးတွေ ဆပ်ဖို့အတွက် တစ်ရက်ကို ၁၆ နာရီကနေ ၁၈ နာရီအထိ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အလုပ်တွေလုပ်ဖို့ အတင်းအကြပ် ခိုင်းခံရပြီး တားဂတ်မပြည့်တိုင်း ရိုက်-နှက်ခံရခြင်း၊ ဓာတ်လိုက်သေ-နတ်ဖြင့် တို့ခံရခြင်းနှင့် အ-သက်အန္တရာယ် ဒါမှမဟုတ် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ရောင်းစားမယ်လို့ ခြိမ်းခြောက်ခြင်းတွေ ခံခဲ့ရပါတယ်။

ဒါက ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်ပါတယ်။ သက်ဆိုင်သူရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကာကွယ်ရန် အမည်လွှဲကို အသုံးပြုထားပါတယ်။

👉နောက်ထပ် ဖြစ်ရပ်မှန် ဇာတ်လမ်းများကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

အွန်လိုင်းပေါ်က အလုပ်ခေါ်စာအတုတွေ၊ အထူးသဖြင့် တယ်လ်လီဂရမ်လို မက်ဆေ့ချ်ပို့တဲ့ အက်ပ်တွေကနေတစ်ဆင့် ခရီးစရိတ် ဒါမှမဟုတ် ဗီဇာကြေး ကြိုတောင်းထားတဲ့ အလုပ်တွေကို သတိထားပါ။ ပြည်ပကို မထွက်ခွာခင် သက်ဆိုင်ရာ တရားဝင် အဖွဲ့အစည်းတွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို အမြဲ စိစစ်ပါ။

ဒီဖြစ်ရပ်မှန် ဇာတ်လမ်းကို အများနှင့်အတူ မျှဝေကာ နောက်ထပ် ဖော်ပြပေးသွားမဲ့ ဇာတ်လမ်းတွေကိုလည်း စောင့်ကြည့်ပေးပါ။

31/07/2026

⚠️ Trigger Warning: Contains references to psychological, physical, and s-e-x-u-a-l a-b-u-s-e, and v-i-o-l-e-n-c-e.

A series of true survivor stories, this .

Story #2 — Joydeep’s Nightmare

"I thought it was a dream job... but it turned into a complete nightmare."

Looking for a better future, Joydeep was recruited by traffickers who lured him with fake promises of a great job opportunity. Instead, he was taken to an online scam compound and forced to execute scams, suffering electric shocks, beatings, and sexual abuse whenever he failed to meet his targets. Trapped in a cycle of debt bo***ge rather than earning a salary, he endured unimaginable suffering behind closed doors.

This is a true story. The name has been changed to protect the individual’s identity.
👉 More survivor accounts are coming.

Always question job offers that seem too good to be true—especially on social media and messaging apps—and learn to spot the warning signs of deceptive recruitment before taking the risk.

📍 Share this story to help spread awareness about the dangers of human trafficking!
------------------------------------
⚠️ သတိပေးချက်- ရုပ်ပိုင်းဆိုင်ရာ နှိပ်-စက်-မှု၊ လိ-င်ပိုင်းဆိုင်ရာ အ-နိုင်-ကျင့်-မှု၊ အဓမ္မခိုင်းစေမှု၊ အ-ကြမ်း-ဖက်မှု၊ လျှပ်-စစ်-ရှော့တ်တိုက် ညှဥ်း-ပန်းမှုများ ပါဝင်သည်။

ယခုနှစ် ကမ္ဘာ့လူ-ကုန်-ကူးမှုတိုက်ဖျက်ရေးနေ့ အတွက် အသက်ရှင်လွတ်မြောက်လာသူများ၏ ဖြစ်ရပ်မှန် ဇာတ်လမ်းများကို တင်ဆက်ပေးသွားပါမည်။

ဇာတ်လမ်း #2 — ဂျော့ဒိပ်၏ အိပ်မက်ဆိုး

“အိပ်မက်ဆန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းလို့ ထင်ခဲ့တာ... တကယ်တော့ အိပ်မက်ဆိုးကြီးတစ်ခု ဖြစ်ခဲ့တယ်။”

ပိုကောင်းတဲ့ အနာဂတ်ကို ရှာဖွေနေခဲ့တဲ့ ဒယ်လီဗာရီသမား ဂျော့ဒိဗ်ဟာ လူကုန်ကူးသူတွေက သိပ်ကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်း အတုတွေနဲ့ သူ့ဆီချဥ်းကပ်လာချိန်မှာ အစစ်အမှန်လို့ ထင်ခဲ့ပါတယ်။

တကယ်တမ်းကျတော့ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းဆီကို လူ-ကုန်-ကူးခံခဲ့ရပြီး အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အလုပ်တွေကို အတင်းအကျပ်စေခိုင်းခံခဲ့ရပါတော့တယ်။

တားဂတ်မပြည့်တဲ့အခါ လျှပ်-စစ်-ရှော့တ်-တိုက်တာ၊ ရိုက်-နှက်-ညှဥ်း-ဆဲတာတွေနဲ့ လိ-င်ပိုင်းအနိုင်ကျင့်တာတွေ ခံခဲ့ရပါတယ်။ လစာငွေအစား အကြွေးနွံထဲ နစ်ခဲ့ရပြီး ပိတ်လှောင်ထားတဲ့ တံခါးတွေနောက်မှာ တွေးတောင်မတွေးရဲတဲ့ ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒါက တကယ့်ဖြစ်ရပ်မှန်တစ်ခုဖြစ်ပါတယ်။ သက်ဆိုင်သူရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကာကွယ်ရန် အမည်လွှဲကို အသုံးပြုထားပါတယ်။

👉နောက်ထပ် ဖြစ်ရပ်မှန် ဇာတ်လမ်းများကို မျှဝေပေးသွားမှာမို့ စောင့်ကြည့်ပေးပါဦး။

ပုံမှန်ထက်ကောင်းလွန်းနေတဲ့ အလုပ်ခေါ်စာတွေကို သတိပြုပါ။ လူကုန်ကူးသူတွေဟာ လူမှုကွန်ရက် ဒါမှမဟုတ် မက်ဆေ့ချ်ပို့တဲ့အက်ပ်တွေကိုသုံးပြီး အလုပ်ခေါ်စာအတုတွေနဲ့ ဖြားယောင်းလေ့ရှိပါတယ်။ အန္တရာယ်ထဲ မကျရောက်အောင် အလုပ်ခေါ်စာ အတုတွေနဲ့ လူ-ကုန်-ကူးသူတွေရဲ့ အချက်ပြလက္ခဏာတွေကို အမြဲသတိပြုပါ။

📍ဒီဖြစ်ရပ်မှန် ဇာတ်လမ်းကိုလည်း အများနှင့်မျှဝေကာ လူ-ကုန်-ကူးမှုအန္တရာယ်အကြောင်း အသိပညာဖြန့်ဝေလိုက်ပါ။

30/07/2026

⚠️ သတိပေးချက်။ ရုပ်ပိုင်းဆိုင်ရာ နှိ-ပ်-စ-က်-ညှဉ်းပန်းမှု၊ လိ-င်ပိုင်းဆိုင်ရာ စော်-ကား-မှု၊ မူး-ယစ်-ဆေး-ဝါး အတင်းအကျပ် သုံးစွဲစေမှုနှင့် အ-ကြမ်း-ဖက်-ဖြစ်ရပ်များ ပါဝင်ပါသည်။

ဒီနှစ် အတွက် ဖြစ်ရပ်မှန် အသက်ရှင်လွတ်မြောက်သူများ၏ ဇာတ်လမ်းများကို အစီအစဉ်တစ်ခုအနေဖြင့် တင်ဆက်ပေးသွားပါမည်။

ဇာတ်လမ်း #1 — နော်အဲ ၏ လွတ်မြောက်မှု။
“ကျွန်မ ကျေးရွာကနေ ပိုကောင်းတဲ့ဘဝတစ်ခုအတွက် ထွက်လာတာလို့ ထင်ခဲ့တယ်။ တကယ်တော့ လူ-ကုန်-ကူး-ခံရမယ့် အ-ကျဥ်း-ထောင်ဆီကို ဝင်နေတာလို့ ဘယ်တော့မှ မထင်ခဲ့မိဘူး။”

နော်အဲကို သူယုံကြည်ရတယ်သူတစ်ယောက်က လစာကောင်းတဲ့ အလုပ်တစ်ခု ကတိပေးခဲ့တယ်။ တကယ်တော့ သူဟာ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းခွင်ထဲကို လူ-ကုန်-ကူးခံခဲ့ရတယ် တစ်ရက်ကို ၂၃ နာရီကြာ ညဆိုင်း အလုပ်လုပ်ခိုင်းခံရပြီး၊ မအိပ်ဘဲ အလုပ်လုပ်နိုင်အောင် မူး-ယစ်-ဆေးဝါးများ အတင်းတိုက်ကျွေးခံခဲ့ ပါတယ်။ တားဂတ်မပြည့်တဲ့အခါ အစာရေစာ မကျွေးဘဲ အခန်းထဲ ရက်ကြာ ပိတ်လှောင်ခံခဲ့ရပါတယ်။ အဲဒီနေရာမှာ မိုးလို့ခေါ်တဲ့ ကောင်မလေးတစ်ဦးက ဒီလိုဘဝမျိုးနဲ့ ဆက်နေရမည်ကို မခံနိုင်တော့ဘဲ ခြောက်လွှာမြင့် ပြတင်းပေါက်ကနေ ခုန်-ချသွားခဲ့တာကို နော်အဲ တွေ့ကြုံမြင်တွေ့ခဲ့ရပါတယ်။

နော်အဲ လွတ်မြောက်လာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူမ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာတွေက လုပ်ငန်းဝင်း တံတိုင်းများနောက်မှာ ကျန်ရစ်မနေခဲ့ပါဘူး။

ဒါက တကယ့်ဖြစ်ရပ်မှန်တစ်ခုပါ။ (သက်ဆိုင်သူ၏ ကိုယ်ရေးအချက်အလက်များကို ကာကွယ်ရန် အမည်လွှဲကို အသုံးပြုထားပါသည်)။

👉နောက်ထပ် ဖြစ်ရပ်မှန်ဇာတ်လမ်းများ ဆက်လက်မျှဝေသွားပါမည်။

လူ-ကုန်-ကူး-သူများသည် လူမှုကွန်ရက် သို့မဟုတ် မက်ဆေ့ချ်ပို့သည့် အက်ပ်များကို အသုံးပြု၍ ဆယ်ကျော်သက်များနှင့် လူငယ်များကို ပစ်မှတ်ထားလေ့ရှိသည်။ မိဘနှင့် အုပ်ထိန်းသူများအနေဖြင့် ဤသို့သော အန္တရာယ်များအကြောင်း သင့်ရဲ့ ကလေးငယ်များကို တခြားသူများမပြောခင် သင်ကိုယ်တိုင် ဦးစွာပြောပြထားသင့်ပါသည်။

ဒီဖြစ်ရပ်မှန်ကို မျှဝေပေးပါ၊ နောက်ထပ်အကြောင်းအရာများကိုလည်း ဆက်လက်စောင့်ကြည့်ပေးပါ။
----------------------------------------------------
⚠️ Trigger Warning: This story contains references to physical and s-e-x-u-a-l a-b-u-s-e, forced drug use, and v-i-o-l-e-n-c-e.

A series of true survivor stories, this .

This is #1 - Naw Eh’s escape.

“I thought I was leaving my village for a better life. I didn’t know I was walking into a cage.”

Naw Eh was promised a good job by a family friend. Instead, she was trafficked into a scam compound, forced to work 23-hour overnight shifts, drugged to stay awake, and locked away without food or water when she couldn’t meet her “targets.” She watched another girl, Moe, j-u-m-p from a sixth-floor window rather than keep living it.

Naw Eh escaped. But the trauma didn’t stay behind with the compound walls.

This is a true story (name changed to protect her identity).

👉More survivor accounts are coming.

Traffickers often reach young people through social media and messaging apps. If you’re a parent or caregiver, talk to the young people in your life about this risk before someone else does.

Share this story and stay tuned for what’s next.

U.S. Embassy Rangoon နှင့် IOM Myanmar တို့က World Day Against Trafficking in Persons အထိမ်းအမှတ်အဖြစ် Lives Behind Scam...
30/07/2026

U.S. Embassy Rangoon နှင့် IOM Myanmar တို့က World Day Against Trafficking in Persons အထိမ်းအမှတ်အဖြစ် Lives Behind Scam campaign ကို ဒီနေ့ အမေရိကန်စင်တာ ရန်ကုန်တွင် စတင်လိုက်ပါပြီ။

“Trapped Behind the Scam” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျင်းပတဲ့ ဒီအခမ်းအနားမှာသံတမန်အသိုင်းအဝိုင်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများ၊ လူငယ်ကိုယ်စားလှယ်များနှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး လှည့်ဖြားစည်းရုံးမှုများ၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း များ၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ထိခိုက်လွယ်သော လူမှုအသိုင်းအဝိုင်းများကို ကာကွယ်ရာတွင် အသိပညာမြှင့်တင်မှု၏ အရေးပါမှုတို့ကို ဆွေးနွေးခဲ့ကြပါတယ်။

ဒီကမ်ပိန်းကပြစ်မှုကျူးလွန်ရန် အတင်းအကျပ်ခိုင်းစေခြင်းဆိုင်ရာ လူကုန်ကူးမှုအကြောင်း အသိပညာမြှင့်တင်ရန်နှင့် အလုပ်အကိုင်၊ ဝင်ငွေ သို့မဟုတ် ပိုမိုကောင်းမွန်သော အနာဂတ်အတွက် ပေးသည့် ကတိကဝတ်အတုများနှင့် ဆက်စပ်နေသော အန္တရာယ်များကို လူမှုအသိုင်းအဝိုင်းများမှ သိရှိသတိပြုနိုင်စေရန် ရည်ရွယ်ပါတယ်။

-------------------------------------------------

U.S. Embassy Rangoon and IOM Myanmar today launched the Lives Behind Scam campaign at the American Center Yangon in commemoration of World Day Against Trafficking in Persons.

Under the theme “Trapped Behind the Scam,” the event brought together representatives from diplomatic missions, UN agencies, civil society organizations, technical experts, youth representatives and other partners to discuss deceptive recruitment, scam compounds, regional cooperation and the role of awareness in protecting vulnerable communities.

The campaign seeks to raise awareness of trafficking in persons for forced criminality and help communities recognize risks linked to false promises of work, income and a better future.

United Nations Myanmar | IOM Asia-Pacific

30/07/2026

🔴 တိုက်ရိုက်ထုတ်လွှင့်နေပါပြီ | ပြစ်မှုကျူးလွန်ရန် အတင်းအကျပ်ခိုင်းစေခြင်းဆိုင်ရာ လူကုန်ကူးမှုနှင့် နိုင်ငံဖြတ်ကျော်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းအကြောင်း ကျွမ်းကျင်သူများ၏ ဆွေးနွေးပွဲ

World Day Against Trafficking in Persons အထိမ်းအမှတ်အဖြစ် IOM Myanmar နှင့် U.S. Embassy Rangoon တို့ ပူးပေါင်း၍ Lives Behind Scam campaign ကို အမေရိကန်စင်တာ ရန်ကုန်တွင် မိတ်ဆက်ခဲ့ပါသည်။

လှည့်ဖြားစည်းရုံးမှု၊ ပြစ်မှုကျူးလွန်ရန် အတင်းအကျပ်ခိုင်းစေခြင်းဆိုင်ရာ လူကုန်ကူးမှု၊ အွန်လိုင်းလိမ်လည်မှုုု လုပ်ငန်းများနှင့် ထိခိုက်လွယ်သော လူမှုအသိုင်းအဝိုင်းများကို ကာကွယ်နိုင်ရန် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် အသိပညာမြှင့်တင်မှု၏ အရေးပါမှုတို့ကို ဆွေးနွေးသွားမည့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနိုင်ပါပြီ။

Address

No. 50-B, Thiri Mingalar, 2nd Street Ward 8
Kamayut
11041

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30

Alerts

Be the first to know and let us send you an email when IOM Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to IOM Myanmar:

Shortcuts

Share