01/08/2026
⚠️ Trigger Warning: Physical a-b-u-s-e, tasing, torture, d-e-a-t-h threats, organ trafficking threats, forced labour, debt bo***ge
A series of true survivor stories, this .
Story #3 — Abebe’s survival
“I didn’t expect to be trafficked into scam compounds when I took the job offer.”
Promised a $1,500 monthly salary for a customer service role, Abebe was recruited through Telegram and even passed English and typing tests that made the offer seem legitimate. After paying $1,000 for his visa and travel, he was secretly transported across the border, where traffickers confiscated his passport and phone. Inside the compound, he was forced to work 16 to 18 hours a day committing online scams to pay off a fake, ever-increasing debt— enduring beatings, tasing, and threats of death or organ harvesting whenever he missed his targets.
Though he survived the compound, the experience stripped him of his dignity and left deep emotional wounds that he is still trying to heal from.
This is a true story. The name has been changed to protect the individual’s identity.
👉More survivor accounts are coming.
Be cautious of online job offers—especially on messaging apps like Telegram—that require you to pay upfront fees for travel or visas, and always verify employment opportunities with official sources before relocating.
Share this story and stay tuned for what’s next.
------------------------------------
⚠️ သတိပေးချက်- ရုပ်ပိုင်းဆိုင်ရာ နှိပ်-စက်-မှု၊ လျှပ်-စစ်-ရှော့တ်-တိုက်မှု၊ ညှင်း-ပန်း-နှိပ်-စက်-မှု၊ အ-သ-က်အန္တရာယ် ခြိမ်းခြောက်ခံရမှု၊ ခန္ဓာကိုယ်အစိတ်အပိုင်း ရောင်းစားမည်ဟု ခြိမ်း-ခြောက်-ခံရမှုနှင့် အဓမ္မခိုင်းစေမှုများ ပါဝင်သည်။
ယခုနှစ် ကမ္ဘာ့လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသက်ရှင်လွတ်မြောက်လာသူများ၏ ဖြစ်ရပ်မှန် ဇာတ်လမ်းတိုများကို တင်ဆက်ပေးသွားပါမည်။
ဇာတ်လမ်း #3 — အာဘီဘီ၏ လွတ်မြောက်မှု
“ဒီအလုပ်ကို လက်ခံတုန်းက အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေဆီ လူ-ကုန်-ကူးခံရမယ်လို့ လုံးဝ မမျှော်လင့်ခဲ့ပါဘူး။”
လူ-ကုန်-ကူးသူတွေက ဝန်ဆောင်မှုအလုပ်အတွက် တစ်လကို လစာ ဒေါ်လာ ၁,၅၀၀ လစာပေးမယ်လို့ ကတိပေးပြီး အာဘီဘီကို တယ်လီဂရမ်ကနေ ဖြားယောင်းခဲ့ပါတယ်။ လူ-ကုန်-ကူးသူတွေက အင်္ဂလိပ်စာနဲ့ ကွန်ပျူတာ စာရိုက်နှုန်းတွေကို စစ်ဆေးပြီး အလုပ်အတုကို အစစ်လိုပုံမှားရိုက်ပြီး လှည့်ဖျားခဲ့ကြပါတယ်။
ဗီဇာနှင့် ခရီးစရိတ်အတွက် ဒေါ်လာ ၁,၀၀၀ ခန့် ပေးချေခဲ့ရပြီးနောက် သူ့ကို နယ်စပ်ကနေတစ်ဆင့် တရားမဝင် ခိုးထုတ်ခဲ့ပါတယ်။ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းဝင်းထဲ ရောက်တဲ့အခါ သူ့ရဲ့ နိုင်ငံကူးလက်မှတ်နဲ့ ဖုန်းကို သိမ်းဆည်းခဲ့ကြပါတယ်။
တဖြည်းဖြည်း ပိုပိုတိုးလာတဲ့ အကြွေးတွေ ဆပ်ဖို့အတွက် တစ်ရက်ကို ၁၆ နာရီကနေ ၁၈ နာရီအထိ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အလုပ်တွေလုပ်ဖို့ အတင်းအကြပ် ခိုင်းခံရပြီး တားဂတ်မပြည့်တိုင်း ရိုက်-နှက်ခံရခြင်း၊ ဓာတ်လိုက်သေ-နတ်ဖြင့် တို့ခံရခြင်းနှင့် အ-သက်အန္တရာယ် ဒါမှမဟုတ် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ရောင်းစားမယ်လို့ ခြိမ်းခြောက်ခြင်းတွေ ခံခဲ့ရပါတယ်။
ဒါက ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်ပါတယ်။ သက်ဆိုင်သူရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကာကွယ်ရန် အမည်လွှဲကို အသုံးပြုထားပါတယ်။
👉နောက်ထပ် ဖြစ်ရပ်မှန် ဇာတ်လမ်းများကို ဆက်လက်ဖော်ပြပေးသွားပါမယ်။
အွန်လိုင်းပေါ်က အလုပ်ခေါ်စာအတုတွေ၊ အထူးသဖြင့် တယ်လ်လီဂရမ်လို မက်ဆေ့ချ်ပို့တဲ့ အက်ပ်တွေကနေတစ်ဆင့် ခရီးစရိတ် ဒါမှမဟုတ် ဗီဇာကြေး ကြိုတောင်းထားတဲ့ အလုပ်တွေကို သတိထားပါ။ ပြည်ပကို မထွက်ခွာခင် သက်ဆိုင်ရာ တရားဝင် အဖွဲ့အစည်းတွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို အမြဲ စိစစ်ပါ။
ဒီဖြစ်ရပ်မှန် ဇာတ်လမ်းကို အများနှင့်အတူ မျှဝေကာ နောက်ထပ် ဖော်ပြပေးသွားမဲ့ ဇာတ်လမ်းတွေကိုလည်း စောင့်ကြည့်ပေးပါ။