LOST & FOUND MYANMAR

LOST & FOUND MYANMAR POE HAP PHYU WAS CREATED L&F MM WE ARE WISHING TO SUPPORT PEOPLES WHO LOST & FOUND VALUABLE PROPERTIES.

YOU ALL ARE VERY WARMLY WELCOME TO PROMOTE THIS 'LOST & FOUND MYANMAR' PAGE.

19/10/2025

လွန်ခဲ့တဲ့ 19 နှစ်တုန်းက ခွဲခွာသွားခဲ့တဲ့
မမကို ပြန်ရှာချင်လို့ပါ။ ဝိုင်းဝန်းကူညီ
ပေးကြပါဦးရှင့်။

သူက ညီမရဲ့ အမအရင်းပါ။ သူ့နာမည်က
ဖြူစင်ခိုင်ဦး။ အိမ်က အဖေမေတွေ
ခေါ်တဲ့နာမည်က မိချောပါ။

ညီမတို့က တောင်ကြီးမြို့ အရှေ့ပင်စင် မှာ
နေကြပါတယ်။ အဖေ နာမည်က ဦးလေးငယ်၊
အမေ နာမည်က ဒေါ်သူဇာခိုင်ပါ။အမေကတော့
ဆုံးသွားပါပြီ။

ညီမတို့ အိမ်ငှားနေတဲ့ အိမ်ရှင်က ခဏအလည်
ခေါ်သွားချင်တယ်ဆိုပြီး ရန်ကုန်ကိုခေါ်သွားခဲ့
တာ။အခုထိ ပြန်မတွေ့တော့လို့ပါ။

အဲဒီကတည်းက သူ့ကို လိုက်ရှာနေတာ
အခုချိန်ထိပါ။ သူ့ကိုခေါ်သွားတဲ့သူ တွေ
လည်း ထွက်ပြေးသွားကြပါတယ်။အဆက်
သွယ် မရတော့ပါဘူး။

သူ့မောင်က အိမ်ရောင်းချင်တယ်ဆိုလို့
ညီမတို့ အိမ်ပြောင်းနေကြတာပါ။သူ့ရဲ့
မောင်ဖြစ်သူကို အိမ်ပြန်အပ်တာလည်း
အဲဒီကတည်းကပါ။

(19)နှစ်ပတ်လုံး သူ့ကို လိုက်ရှာနေကြတာ
အိမ်မှာ ရှိသမျှ ပစ္စည်းတွေလည်း ကုန်နေ
ပါပြီ။

အမေလည်း သူ့စိတ်နဲ့ဆုံးသွားခဲ့ပါပြီ။
အမေဆုံးတာလည်း သူ မသိခဲ့ရပါဘူး။

အဖေကတော့ ရှိပါသေးတယ်။ အခု အသက်
(65)နှစ်ရှိပြီ။ အဖေလည်း အခုချိန်ထိ အမကို
သတိရနေတုန်းပါ။ သတိရတဲ့စိတ်နဲ့ ခဏခဏ
မျက်ရည်ဝဲတုန်းပါပဲ။

အဖေက ကားမောင်းပါတယ်။
ကားမောင်းရင်းအမကိုရှာနေတုန်းပဲ။
နေရာလည်း တော်တော်စုံနေပါပြီ။

အခုထိ တောင်ကြီးမြို့မှာ အမကို
စောင့်နေကြပါတယ်။ မမ တယောက်
ကျန်မာစွာ ရှိနေသေးလား။

ဘယ်တွေရောက်ပြီး ဘာတွေလုပ်နေလဲ။
ငါတို့မိသားစုက အမကို အမြဲတမ်းလွမ်း
နေကြပါတယ်။

သက်ရှိထင်ရှားရှိသေးရင် ငါ့တို့အဖေဆီ
ခဏလောက်ဖြစ်ဖြစ် ပြန်လာပေးပါ
နော်။

မိသားစု အားလုံး အတူ ပြန်ဆုံမယ့်နေ့ရက်
ကို လက်ချိုးရေတွက်ရင်း ညီမတို့ အမကို
မျှော်နေကြပါတယ်။

#အခုလိုအချစ်ရေးအိမ်ထောင်ရေးနဲ့ပါတ်သက်တဲ့အသိပညာပေးစာပေလေးတွေကိုအမြဲတင်ပေးနေတာမို့ ေးကိုfollowလေးနိပ်ပေးခဲ့ကြပါနော်

#ရင်ဖွင့်စာများကိုယုံကြည်စိတ်ချစွာလာရောက်ပေးပို့လို့ရပါပြီနော်





Firefly - Kshi Vaamvu Page မှရေး
သားတင်ဆက်သည်။✍✍

11/10/2025

ကျနော်တူမလေး ညနေ ၃ နာရီ ဝန်းကျင်က တိုက်အောက်ကမုန့်ဆိုင်ကို မုန့်သွားဝယ်ရင်း အဆက်သွယ်မရ​တော့လို့ပါ။

တောင်ဉက္ကလာ (၁၃) ရပ်ကွက်၊ ဝရုဏာ လမ်းက စံမြန်မာမှာမုန့်ဝယ်ပြီးအပြန် ပျေ-ာက်သွားတာပါ။

အခုချိန်ထိအိမ်ပြန်မရောက်သေးလို့ တွေ့မိလျှင်ဆက်သွယ်ပေးဘို့ မေတ္တာရပ်ပါတယ်။

တွေ့ရှိပါက အမြန်ဆုံး ဆက်သွယ်ပေးပါ

10/10/2025

အမည် - မာန်ပိုင်ထိုက်ခင်
အသက် - 24
အရပ်မြင့် - 5"
📢 အသားဖြူဖြူ အရပ်ပု ဆံပင်အဖြောင့်အနက်ရောင်ခါးအောက်ထိရှိ
တီရှပ်အဖြူရောင်နဲ့ဂျင်းဘောင်းဘီရှည်ဝတ်ထားပါတယ်ခင်ဗျာ

ကျွန်တော့်ညီမလေးဒီနေ့ မနက် ( 9.10.25 ) စံရိပ်ငြိမ် ၆ လမ်းကသူ့ငယ်ချင်းအိမ်သွားမယ်ဆိုလို့လွှတ်လိုက်တာမနက် 11 နာရီလောက်ကဖုန်းဆက်ပြီးခဏနေပြန်လာမယ်ပြောပြီးနေ့လည် 1နာရီခွဲလောက်က ဖုန်းဆက်တော့စက်ပိတ်ထားပြီးခုချိန်ထိအိမ်ပြန်မရောက်အဆက်သွယ်မရနေပါသဖြင့်တွေ့ရှိပါကအမြန်ဆုံးဆက်သွယ်ပေးပါရန်မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ

ညီမလေးကပုံထဲကအတိုင်းဖြူဖြူသေးသေးလေးပါခင်ဗျာ တစ်ခါမှလည်းဒီလိုအပြင်တွေအကြာကြီးမသွားတက်ပါဘူး ဒီပို့စ်လေးကိုလည်းကူညီပေးကြပါအုံးခင်ဗျာ

အမြန်ဆုံး ပြန်တွေ့ပါစေ
Messengerကဆက်သွယ်ပေးပါ

30/09/2025

Address

Kamayut

Website

Alerts

Be the first to know and let us send you an email when LOST & FOUND MYANMAR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share