01/06/2026
ဘုရားသခင်ရဲ့ ကျေးဇူးတော်နှင့် အလှူရှင်များ၊ ဆုတောင်းပေးကြသူ အယောက်တိုင်းရဲ့ ပံ့ပိုးကူညီ ဆုတောင်းပေးမှုကြောင့် ဗေသလ ကလေးဂေဟာမှ သားသမီးများနဲ့အတူ ဒီနေ့ ဇွန်လ ၁ရက်၊ ၂၀၂၆ မနက်မှာ ကျေးဇူးတော်ချီးမွမ်းလျက် ၂၀၂၆-၂၀၂၇ခုနှစ် ပညာသင်နှစ်မှာ ဘုရားသခင်မှ ပို့ဆောင်ပေးဖို့နှင့် ဗေသလ ကလေးဂေဟာအတွက် ပြည်တွင်း/ပြည်ပမှ ချစ်ခြင်းမေတ္တာဖြင့် ပါဝင်လှူဒါန်းကူညီဖေးမ ဆုတောင်းပေးကြသော အလှူရှင်အယောက်တိုင်းကို ဘုရားသခင်မှ ကောင်းကြီးပေးဖို့ အထူးဆုတောင်းဆက်ကပ်ကြပါတယ်။ ကလေးများအတွက် လိုအပ်လျက်ရှိသော နောက်ထပ် ကျောင်းစိမ်း၊ ကျောင်းဖြူ+ အတွင်းခံ တစ်စုံနှင့် ထီးအတွက် ဘုရားသခင်သည် ပြင်ဆင်ပေးဖို့ အထူးသတိရ ဆုတောင်းပေးဖို့ မေတ္တာရပ်ခံပါတယ်။ 🙏🙏🙏
By God's grace, our donors and prayer warriors of Bethel Home, our Bethel Home's children are able to attend their first day of 2026-2027 school year on this morning of June 1, 2026. We thank God for his blessing, praying for God's guidance in the 2026-2027 school year, and for God's blessing on all the donors who have donated and prayed for Bethel Home with love and support from local and abroad. We ask your prayers for our kids that God will provide additional school uniforms & underwears, and umbrellas. 🙏🙏🙏