09/06/2026
🚨ဆေးရုံအမည်ပြောင်းလဲခြင်းအား အသိပေးကြေညာခြင်း 🏥
"လူသားတို့အား ပြုစုကုသပေးခြင်းသည် ဘုရားသခင်၏ မေတ္တာတော်ကို သက်သေခံခြင်းဖြစ်သည်"
KBC ဆေးရုံသည် ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဂရုပြုခြင်းနှင့်အတိုင်ပင်ခံဌာနလက်အောက်တွင် ၁၉၉၃ ခုနှစ်မှစတင်၍ ဆေးခန်းငယ်အဖြစ်ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၀ ခုနှစ်တွင် ကုတင်(၅၀)ဆံ့ဆေးရုံအဖြစ် ဆက်လက်၍ ကျန်းမာရေးဝန်ဆောင်မှုကိုပေးခဲ့ပါသည်။ ကျွန်ုပ်တို့၏ ဆေးရုံကို ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများဖြင့် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားနိုင်ရန်အတွက် ဆေးရုံအမည်အား အောက်ပါအတိုင်း ပြောင်းလဲခေါ်ဆိုသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
• အမည်ဟောင်း - ကေဘီစီဆေးရုံ
• အမည်သစ် - ကရင်နှစ်ခြင်းအဖွဲ့ချုပ်ဆေးရုံ (ကေဘီစီ)
ကျွန်ုပ်တို့ဆေးရုံသည် "We Treat, God Heals" (ကျွန်ုပ်တို့ ကုသပေးသည်၊ ဘုရားသခင် အနာငြိမ်းစေသည်) ဟူသော ဆောင်ပုဒ်နှင့်အညီ လူမျိုး၊ ဘာသာမရွေး ထိုက်သင့်သော ကုန်ကျစရိတ်ဖြင့် ကောင်းမွန်သောကျန်းမာရေးစောင့်ရှောက်မှုများဖြင် လူ့အဖွဲ့အစည်းအတွက် အကျိုးပြုနိုင်ရန်ဆက်လက်ကြိုးပမ်းသွားပါမည်။
လေးစားစွာဖြင့်,
ကရင်နှစ်ခြင်းအဖွဲ့ချုပ်ဆေးရုံ (ကေဘီစီ)။