သူရိယစန္ဒာမျိုးဆက်သစ် ပအိုဝ်းလူငယ်အသင်း

  • Home
  • Myanmar
  • Hpa-an
  • သူရိယစန္ဒာမျိုးဆက်သစ် ပအိုဝ်းလူငယ်အသင်း
Directions

သူရိယစန္ဒာမျိုးဆက်သစ် ပအိုဝ်းလူငယ်အသင်း သူရိယစန္ဒာမျိုးဆက်သစ်ပအိုဝ်းလူငယ်?

ပအိုဝ်းစာပေ စာမေးပွဲဖြေဆိုနေမှုမြင်ကွင်း(ရပ်ရွာဒေသအသီးသီးမှာ နိုင်ရာဝန်ထမ်းကြတာ ဂုဏ်ယူစရာ)နောင်သငဲ့ရွာ-လှိုင်းဘွဲမြို့နယ...
27/05/2026

ပအိုဝ်းစာပေ စာမေးပွဲဖြေဆိုနေမှုမြင်ကွင်း

(ရပ်ရွာဒေသအသီးသီးမှာ နိုင်ရာဝန်ထမ်းကြတာ ဂုဏ်ယူစရာ)
နောင်သငဲ့ရွာ-လှိုင်းဘွဲမြို့နယ်
Photo:Khun Mg Yin

အရှင်ခန္တီစာရ မှ ပအိုဝ်းစာပေသင်ကြားနေကြသည့်မျိုးဆက်သစ်လူငယ်များအား သြဝါဒစကားမြွက်ကြားခြင်းနှင့်  အာဟာရများလှူဒါန်းခြင်း ...
20/05/2026

အရှင်ခန္တီစာရ မှ ပအိုဝ်းစာပေသင်ကြားနေကြ
သည့်မျိုးဆက်သစ်လူငယ်များအား သြဝါဒစကားမြွက်ကြားခြင်းနှင့် အာဟာရများလှူဒါန်းခြင်း 🙏🙏🙏🙏🙏

Photo sayar chaw
နောင်သငဲ့ရွာ-လှိုင်းဘဲွဲ မြို့နယ်

ပအိုဝ်းစာပေသင်တန်းနောင်သငဲ့ရွာ-လှိုင်းဘွဲမြို့နယ်17-05-26နောင်မျိုးဆက်များအတွက် စာပေမျိုးစေ့တွေချပေးဖို့ လက်ဆင့်ကမ်းတာဝန...
17/05/2026

ပအိုဝ်းစာပေသင်တန်း
နောင်သငဲ့ရွာ-လှိုင်းဘွဲမြို့နယ်
17-05-26
နောင်မျိုးဆက်များအတွက် စာပေမျိုးစေ့တွေချပေးဖို့
လက်ဆင့်ကမ်းတာဝန်သည် ယခုလက်ရှိမျိုးဆက်များ၏ တာဝန်ဖြစ်သည်ဆိုတာ ငြင်းဆို၍မရသော အချက်ဖြစ်ပါသည်။

ပအိုဝ်းအစ သထုံက(8)သုဝဏ္ဏဘူမိ သထုံတိုင်းပြည်ကိုအစိုးရသော ပအိုဝ်းတောင်သူလူမျိုး မဟာနေနတ်နွယ်ဖြစ်သော တုပ္ပမင်းကြီးလက်ထက်တော...
08/05/2026

ပအိုဝ်းအစ သထုံက(8)

သုဝဏ္ဏဘူမိ သထုံတိုင်းပြည်ကိုအစိုးရသော ပအိုဝ်းတောင်သူလူမျိုး မဟာနေနတ်နွယ်ဖြစ်သော တုပ္ပမင်းကြီးလက်ထက်တော်၌ ယိုးဒယားပြည်ကို
အစိုးရသော ယိုးဒယားမင်းသည် များစွာသောအခြွေအရံတို့
နှင့်အတူ သုဝဏ္ဏဘူမိ သထုံရွှေစာရံ စေတီတော်ကိုရှိခိုးပူဇော်ရန်ရောက်လာ၍ ခုနှစ်ရက်လုံးလုံး လှူဒါန်းပူဇော်ပီးမှ ယိုးဒယားပြည်သို့ပြန်ကြလေသည်ဟု သုရိယစန္ဒာမင်းကြီး
ရာဇဝင်တွင်ဖော်ပြထားပါသည်။

အရှင်ပညာသီရိ (ကျုံစောင့်)
ဘားအံမြို့နယ်
MA Buddhism-Thesis Paper-2004
စာတမ်းမှကူးယူပူဇော်ပါသည်။

Photo:Crd fb
ရန်ကုန်တိုင်း77th-Paoh National Day

Photo-77th Paoh National Dayဇရပ်ကြီး-ထန်းတပင်-ပဲခူးတိုင်းပအိုဝ်းအစ သထုံက(7)ဗိုလ်မှူးကြီး အောအာမက်မဟွန်၏ အဆိုအရ ကရင်မျိုး...
07/03/2026

Photo-77th Paoh National Day
ဇရပ်ကြီး-ထန်းတပင်-ပဲခူးတိုင်း

ပအိုဝ်းအစ သထုံက(7)

ဗိုလ်မှူးကြီး အောအာမက်မဟွန်၏ အဆိုအရ ကရင်မျိုးနွယ်မှ ပအိုဝ်းလူမျိုးများသည် လုံ့လဝိရိယအထူးရှိကြပီး ကိုယ်ခံပညာများတတ်ကျွမ်းကြသည်။ မြင်းစီးကျွမ်းကျင်သူများလည်း ဖြစ်ကြသည်။ မြင်းနှင့်အခြားတိရစ္ဆာန်များ မွေးမြူရာတွင်အထူးကျွမ်းကျင်ကြသည်။ ၎င်းလူမျိုးများ၏ အချက်အခြာဒေသသည် ( စိုင်ထုံ ) ေဒသပင်ဖြစ်သည်။ စိုင်ထုံဒေသ သည် ကြီးကျယ်ခမ်းနားသော သုဝဏ္ဏဘူမိအဖြစ် တိုးတက်ထွန်းကားလာသည်ဟု ဖော်ပြထားပါသည်။

အရှင်ပညာသီရိ (ကျုံစောင့်)
ဘားအံမြို့နယ်
MA Buddhism-Thesis Paper-2004
စာတမ်းမှကူးယူပူဇော်ပါသည်။

Photo:နှင်းယွန်းစေတဝန်ကျောင်းတိုက်ဖေ့ဘုတ်

Photo-77th Paoh National Dayဇရပ်ကြီး-ထန်းတပင်-ပဲခူးတိုင်းပအိုဝ်းအစ သထုံက(6)သုဝဏ္ဏဘူမိခေါ် သထုံပြည်သည် ပအူခေါ် ပအိုဝ်းလူမ...
05/03/2026

Photo-77th Paoh National Day
ဇရပ်ကြီး-ထန်းတပင်-ပဲခူးတိုင်း

ပအိုဝ်းအစ သထုံက(6)

သုဝဏ္ဏဘူမိခေါ် သထုံပြည်သည် ပအူခေါ် ပအိုဝ်းလူမျိုးတို့၏ ဘုရင်မင်းဆက်များကအုပ်ချုပ်ခဲ့ကြပီး /ဇေ ယျာဘူမိ(ယခုဒုံရင်းဒေသ) နှင့်ပအာဝနမြို့ (ယခုကော့ကရိတ်မြို့)များတွင် ကရင်လူမျိုးဘုရင်များက အုပ်ချုပ်စိုးစံခဲ့ကြသည်။

အရှင်ပညာသီရိ (ကျုံစောင့်)
ဘားအံမြို့နယ်
MA Buddhism-Thesis Paper-2004
စာတမ်းမှကူးယူပူဇော်ပါသည်။

Photo:နှင်းယွန်းစေတဝန်ကျောင်းတိုက်ဖေ့ဘုတ်

ပအိုဝ်းအစ သထုံက(5)လူနေထူထပ်သော သုဝဏ္ဏဘူမိသထုံဒေသကို အုပ်စိုးသော သူရိယစန္ဒာမင်းကြီးသည် ဘုန်းတန်ခိုးအာဏာကြီးမားပီး ဆင်ဖြူတ...
04/03/2026

ပအိုဝ်းအစ သထုံက(5)

လူနေထူထပ်သော သုဝဏ္ဏဘူမိသထုံဒေသကို အုပ်စိုးသော သူရိယစန္ဒာမင်းကြီးသည် ဘုန်းတန်ခိုးအာဏာကြီးမားပီး ဆင်ဖြူတော် 36 စီးပိုင်ဆိုင်ခဲ့သည်။
သထုံဒေသတွင် ပအိုဝ်းမင်းဆက်ပေါင်း (384) ဆက်အုပ်ချုပ်ခဲ့သည်။ ပအိုဝ်းတို့သည် ဘိုးဘွားအဆက်အစဥ်အဆက်ကပင် သထုံဒေသကို တည်ထောင်နေထိုင်ခဲ့ကြပီး ယနေ့ထက်တိုင် သထုံမြို့တွင် နေထိုင်လျက်ရှိကြပေသည်။

အရှင်ပညာသီရိ (ကျုံစောင့်)
ဘားအံမြို့နယ်
MA Buddhism-Thesis Paper-2004
စာတမ်းမှကူးယူပူဇော်ပါသည်။
Photo:Nang Thi
77th Paoh National Day
စိန်မြရံ ရွာ
လှိုင်းဘဲွဲမြို့နယ်

01/03/2026

77th Pa.Oh National Day

Video -Thiha Khun

ပအိုဝ်းအစ သထုံက(4)ဂေါတမမြတ်စွာဘုရား သထုံပြည်သို့ ကြွရောက်သတင်းသုံးတော်မူသည့်အခါ "ဤနေရာသည် နောင်ဘဒ္ဒကမ္ဘာ၌ စည်ပင်ဝပြောပီး...
24/02/2026

ပအိုဝ်းအစ သထုံက(4)

ဂေါတမမြတ်စွာဘုရား သထုံပြည်သို့ ကြွရောက်သတင်းသုံးတော်မူသည့်အခါ "ဤနေရာသည် နောင်ဘဒ္ဒကမ္ဘာ၌ စည်ပင်ဝပြောပီး ပအိုဝ်းတောင်သူလူမျိုးအကြီးအကဲ ဖြစ်လိမ့်မည်ဟု လည်းကောင်း-ဤအရပ်သည် သုဝဏ္ဏဘူမိဟု အမည်တွင်လိမ့်မည်/သူ ရိယစန္ဒာမင်း အုပ်စိုးလိမ့်မည်ဟု၍ လည်းကောင်း ဗျာဒိတ်ထားတော်မူခဲ့သည်ဟု သုဝဏ္ဏဘူမိ သာသနာ့သမိုင်းတွင် ဖော်ပြထားပါသည်။

အရှင်ပညာသီရိ (ကျုံစောင့်)
ဘားအံမြို့နယ်
MA Buddhism-Thesis Paper-2004
စာတမ်းမှကူးယူပူဇော်ပါသည်။
Photo:Crd to original owner

Address

Suriyacandar@gmail. Com
Hpa-an

Website

Alerts

Be the first to know and let us send you an email when သူရိယစန္ဒာမျိုးဆက်သစ် ပအိုဝ်းလူငယ်အသင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share