KSCN

KSCN KSCN သည် ၂၀၁၅ ခုနှစ် စက်တင်ဘာလ၌ ပြည်နယ်

KSCN နောက်ခံအကြောင်းများ
ကရင်ပြည်နယ်၌ လွန်ခဲ့သော ဆယ်စုနှစ်နှင့်ချီပြီး အရပ်ဘက်လူမှုအဖွဲ့အစည်းများ ရှိခဲ့ပါသည်။ များသောအားဖြင့် ဘာသာရေးကို အခြေခံပြီး သာရေးနာရေးလုပ်ဆောင်မှုများ၊ စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ လုပ်ဆောင်မှုများနှင့် လူမှုစာနာထောက်ထားသော လူမှုကူညီရေး လုပ်ငန်းများကိုသာ ဆောင်ရွက်ခဲ့ပါသည်။
၂၀၁၂ ခုနှစ် နောက်ပိုင်း ပိုမိုပွင့်လင်းလာသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် အရပ်ဘက် လူမှုအဖွဲ့အစည်း

များ အလျှိုလျှိုပေါ်လာခဲ့ပါသည်။ ကရင်ပြည်နယ် အရပ်ဘက် လူမှုအဖွဲ့အစည်းများကွန်ယက် (KSCN) သည် ၂၀၁၅ ခုနှစ် စက်တင်ဘာလ၌ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ဖိတ်ခေါ်ပူးပေါင်းဆောင်ရွက်စေခြင်းဖြင့် ပေါ်ထွန်းလာသော ကွန်ယက်တစ်ခုဖြစ်သည်။ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့်အတူ မဲဆန္ဒရှင်များကို မဲပေးခြင်း အသိပညာဆိုင်ရာ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန် ဖြစ်ပါသည်။

KSCN ဆိုသည်မှာ
အရပ်ဘက်လူ့အဖွဲ့အစည်းများဆိုသည်မှာ
• နိုင်ငံတော်အစိုးရအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ တရားဝင် နိုင်ငံရေးပါတီများ၊ ပြည်ပအစိုးရနှင့် ၎င်း သြဇာခံ အဖွဲ့အစည်းတစ်ခုခု၏ ဖွဲ့စည်းထိန်းချုပ်မှု အောက်တွင် မရှိသော၊
• မိမိတို့၏ သဘောဆန္ဒနှင့် ရည်မှန်းချက်အရ လာရောက်စုစည်းထားကြသည့် လွတ်လပ်သော အဖွဲ့အစည်းများနှင့် အစုအဖွဲ့များကို ဆိုလိုသည်။
• KSCN (or) KSCON သည် ဒေသအခြေခံသော ပြည်နယ်အခြေစိုက် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ကွန်ယက်တစ်ခု ဖြစ်ပါသည်။
• အရပ်ဘက်လူမှုအဖွဲ့အစည်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကရင်ပြည်နယ် အစိုးရ တာဝန်ရှိသူများနှင့်အတူ ပြည်သူလူထု၏ အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန် အဓိက ရည်ရွယ်ပါသည်။


KSCN မျှော်မှန်းချက်
ကရင်ပြည်နယ်အတွင်း ဖြစ်ပေါ်ပြောင်းလဲလာမည့် အခြေအနေအရပ်ရပ်ကို တာဝန်ရှိသူ များနှင့်အတူ မှန်ကန်သော တုန့်ပြန်မှုအားဖြင့် ကရင်ပြည်နယ်ရှိ ပြည်သူလူထုများသည် ၎င်းတို့၏ အခွင့်အရေးနှင့် အကျိုးစီးပွား အာမခံချက် အပြည့်အ၀ ရှိစေမည်။

KSCN ရည်ရွယ်ချက်
၁။ ကရင်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ကွန်ယက်သည် ကရင်ပြည်နယ်အစိုးရ တာဝန်ရှိသူများနှင့်အတူ ပြည်သူလူထု၏ အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ် စောင့်ရှောက်ရန်၊
၂။ ကရင်ပြည်နယ်ရှိ ပြည်သူလူထုများသည် အနာဂတ်၌ ဖြစ်ပေါ်လာမည့် ပြောင်းလဲ တိုးတက်မှု အရပ်ရပ်ကို မှန်ကန်စွာ တုန့်ပြန်နိုင်ရန်အတွက် အရပ်ဘက်လူမှုအဖွဲ့အစည်းအားလုံး စည်းလုံးညီညွှတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်ရန်၊
၃။ ကရင်ပြည်နယ်ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းအချင်းချင်း နားလည်မှုနှင့် ယုံကြည်မှု ပိုမို တိုးပွားလာရန်၊
၎။ အရပ်ဘက်လူမှုအဖွဲ့အစည်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကရင်ပြည်နယ်ရှိ ပြည်သူလူထု အကျိုးစီးပွားအား သည်ပိုးထမ်းရွက်ရန်၊
၅။ အရပ်ဘက်လူမှုအဖွဲ့အစည်း တစ်ဖွဲ့ချင်းစီ စွမ်းဆောင်ရည်မြင့်တက်လာစေရန်၊


KSCN ကော်မတီများ
ကရင်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ယက်သည် လုပ်ငန်းဆောင်ရွက်ရာ တွင် အဆင်ပြေချောမွေ့ပြီး ထိရောက်အောင်မြင်မှုရှိစေရန် အောက်ပါအတိုင်း ကော်မတီ (၂) ရပ် ဖြင့် ဖွဲ့စည်းထားပါသည်။
(က) ဦးဆောင်ကော်မတီ
(ခ) လုပ်ငန်းကော်မတီ

ဦးဆောင်ကော်မတီ၏ လုပ်ငန်းတာဝန်များသည် -
၁။ ဦးဆောင်ကော်မတီ၏ လုပ်ငန်းတာဝန်သည် ကွန်ယက်၏ ရည်ရွယ်ချက်လုပ်ငန်းစဉ်များ အကောင်အထည်ဖေါ်ဆောင်ရာတွင် လိုအပ်သော အကူအညီများကို ညှိနှိုင်းဆောင်ရွက် ကူညီပံ့ပိုးပေးရန်၊
၂။ ကွန်ယက်၏ ရည်ရွယ်ချက် လုပ်ငန်းစဉ်များ အကောင်အထည်ဖေါ်ဆောင်ရာတွင် လိုအပ်သော ရံပုံငွေကို ရှာဖွေညှိနှိုင်းဆောင်ရွက်ပေးရန်၊
၃။ KSCN တစ်ခုလုံး နည်းမှန်လမ်းမှန် ရှေ့သို့ချီတက်နိုင်အောင် တည့်မတ်လမ်းညွှန်ကြီးကြပ် ဦးဆောင်ပေးရန် စသည်တို့ ဖြစ်ပါသည်။

လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များသည် -
၁။ ကွန်ယက်၏ ရည်ရွယ်ချက်လုပ်ငန်းစဉ်များကို အကောင်အထည်ဖေါ်ဆောင်ရာတွင် ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှု ခံယူရမည်၊
၂။ ကွန်ယက်၏ ရည်ရွယ်ချက်လုပ်ငန်းစဉ်များ ထိရောက်အောင်မြင်စွာ အကောင်အထည် ဖေါ်နိုင်ရန် လိုအပ်သော မဟာဗျူဟာ နည်းဗျူဟာများကိုရေးဆွဲပြီး စီမံကိန်း အကောင်အထည်ဖေါ်ခြင်းဖြင့် ဆောင်ရွက်ရန်၊
၃။ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် (၇) မြို့နယ်မှ အရပ်ဘက်လူမှုအဖွဲ့အစည်းကွန်ယက် အဖွဲ့ဝင်များနှင့် ညှိနှိုင်းဆောင်ရွက်ပြီး လုပ်ငန်းအကောင်အထည်ဖေါ်ရန်၊
၎။ ဦးဆောင်ကောင်မတီ၏ လမ်းညွှန်မှုကို ခံယူပြီး၊ စီမံကိန်းများ အကောင်အထည်ဖေါ်ရာတွင် လိုအပ်သော စီမံကိန်းဝန်ထမ်းများကို ခေါ်ယူခန့်အပ်တာဝန်ပေးရန်၊
၅။ ကွန်ယက်၏ ရည်ရွယ်ချက်လုပ်ငန်းစဉ်များ အကောင်အထည်ဖေါ်ဆောင်ရာတွင် လည်းကောင်း၊ ဒေသန္တရအာဏာပိုင်နှင့် ဆက်ဆံရေးတည်ဆောက်ရာတွင်လည်းကောင်း၊ အခြားအဖွဲ့အစည်း (အလှူရှင်အပါအ၀င်) များနှင့် ချိတ်ဆက်ရာတွင်လည်းကောင်း၊ ကရင်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ကွန်ယက်၏ ညှိနှိုင်းရေးမှူးများ ရွေးချယ်ခန့်အပ်တာဝန်ပေးရန် စသည်တို့ဖြစ်သည်။

Address

Hpa-an

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+95942308119

Alerts

Be the first to know and let us send you an email when KSCN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to KSCN:

Share