PEDU Learning Centre

PEDU Learning Centre This page is to uphold the young generations who cannot afford themselves for further academy and skills.

Basically, it helps rural area for the young and adult learners in order to improve their future.

11/02/2026

📍လာဖဲၜၠူဝါရီ ၁၁ သင့်ဖၠုံဆိုဒ်ဖောဟ်မူႋၮီ ဍုဂ်ၮဲဖၠဟ်ထင်း ဆ်ုမူ့လာ၄ထီး📍

📌 လ်ုထီးၰင်ႋ ၜးဖှ်ေလင့် ဖၠုံထီ့ခါန်ႋ
📌လ်ုထီးၰင်ႋ ၜးဍုဂ်ၮဲပျာ ပ်ုယင်လ်ုၜါ ဖၠုံလ်ုၜါ
📌ၜးသာ ဆိုဒ်လ်ုဆိုဒ်ဍေလ်ုဆိုဒ် သုဂ်ထင်းထေံဖာအေး
📌ၜးသာ ခါန်ႋဍွယ်ဆ်ုဍုဂ်အေး
(11.2.2026)

ုံလ်ုဝါ်

26/01/2026
Taung Galay Monastery Hosts Workshop on DIY Dish Detergent as Part of Digital Literacy Summer Class Hpa-an Township, Kar...
20/05/2025

Taung Galay Monastery Hosts Workshop on DIY Dish Detergent as Part of Digital Literacy Summer Class

Hpa-an Township, Karen State – As part of the Digital Literacy and Minimum Viable Product (MVP) 2025 summer class organized by PEDU (Phlon Education Development Unit), a special hands-on workshop was held at Taung Galay Monastery in Taung Galay village. The session, led by guest speaker Daw Nan Khin Thet Mar Win, a local expert from the village, taught young novices and nuns how to make their own eco-friendly dish detergent.

The workshop aimed to combine practical life skills with the broader goals of the digital literacy program, which focuses on empowering students with both technological and entrepreneurial knowledge. Daw Nan Khin Thet Mar Win guided the participants through the step-by-step process of mixing natural ingredients to create an effective, low-cost detergent—a skill that can be useful for both personal use and potential small-scale business opportunities.

Most of the attendees were young monastics, who enthusiastically engaged in the activity, asking questions and taking notes. The session not only provided them with a new skill but also encouraged sustainability and self-reliance.

The Digital Literacy and MVP 2025 class, conducted by PEDU at Taung Galay Monastery, continues to offer innovative learning experiences, bridging traditional education with modern digital and entrepreneurial skills.

This initiative reflects the community’s commitment to holistic education, blending technology, sustainability, and local wisdom. Stay tuned for more updates on upcoming sessions in the program!

— Reporting by Mahar Pyinnyar, Hpa-an Township, the Karen State

Hpa-an Township, Karen State – As part of the Digital Literacy and Minimum Viable Product (MVP) 2025 summer class organized by PEDU (Phlon Education Development Unit), a special hands-on workshop …

21/12/2024

၁-က-၄။ ဝက်စွယ်ရှင်(ပုံပြင်)
----------------------------------


လွန်ခဲ့သော နှစ်ပေါင်းများစွာက တောင်ငူနယ် “သောသီခို” (ခေါ်) နတ်တောင်၏ တောင်စောင်း၌ အသက်ကြီးသော အဘိုးအိုတစ်ယောက်ရှိသည်။ ၎င်းအဘိုးအိုအား “ထော့မဲပါ" ဟူ၍ ခေါ်ဝေါ်လေသည်။ “ထော့မဲပါ” ၏ အဓိပ္ပာယ်မှာ ဝက်စွယ်၏အဖြေ (ဝါ) ဝက်စွယ်၏အရှင် ဖြစ်သည်။
ထိုအဘိုးအို၏သားသမီးများလုပ်ကိုင်သော တောင်ယာတို့ကိုအလွန်ကြီးမားသော တောဝက်တစ်ကောင် သည် အစဉ်ဖျက်ဆီး၏။ ၎င်းတောဝက်ကြီး၏ ဖျက်ဆီးမှုကို မခံနိုင်ကြသော်လည်း ဝက်ကြီး၏ ကြီးမားမှုကြောင့် မည်သူမျှ မသတ်ဝံ့ချေ။ ထိုအဘိုးအိုသည် ဝက်ကြီး၏ဖျက်ဆီးမှုကြောင့် မိမိသားသမီးများ ဒုက္ခရောက်ရမည်ကို စိုးရိမ်သဖြင့် ထိုဝက်ကြီးကို ထွက်၍သတ်လေ၏။ ထိုဝက်ကြီးကို သတ်ရာတွင် အလွန်မောပန်းသဖြင့် အဘိုးအို သည် ဝက်သေကောင်ကို အိမ်သို့ ယူမလာနိုင်တော့ချေ။ အိမ်သို့ရောက်သောအခါ သားသမက်များအား ဝက်သေ ကောင်ကိုယူရန် စေလွှတ်လိုက်၏။ သို့သော် သားသမက်များသည် သွေးကွက်များနှင့် မြက်သစ်ပင်များ ကျိုးလဲ နေသောနေရာကိုသာ မြင်၏။ ဝက်သေကောင်ကို မတွေ့သဖြင့် အိမ်သို့ပြန်လာပြီး ဝက် မသတ်နိုင်ဘဲ ဝါကြွား ကြောင်း အဘိုးအိုအား ကဲ့ရဲ့ လေရာ အဘိုးအိုလည်း ဒေါသထွက်ပြီး ဒေါသထွက်ပြီး မင်းတို့ ဝက်သတ်ဖို့ ဝေးစွ။ သတ်ပြီးသော အသေကောင်ကိုမျှ ယူမလာနိုင်ကြောင်းဖြင့် ပြောလေသည်။
ထိုအငြင်းအခုံကို ငြိမ်းစေရန် ဝက်သေကောင်ကို ထားခဲ့သောနေရာသို့ သွားကြလေရာ ဝက်သေကောင် မရှိတော့ကြောင်း တွေ့ရလေသည်။ သို့သော် ထိုနေရာ၏ ပတ်ဝန်းကျင်တွင် လိုက်လံရှာဖွေရာ ဝက်သေကောင် ကို မတွေ့ဘဲ ဝက်စွယ်တစ်ခုသာ တွေ့ရလေသည်။ ၎င်းဝက်စွယ်၏ တစ်မျက်နှာမှာနီ၍ အခြားတစ်မျက်နှာမှာ ဖြူပြီး ကျန်တစ်မျက်နှာမှာ ပြာသောအရောင်ရှိ၏။ အဘိုးအိုသည် တောဝက်စွယ်ကို အိမ်သို့ယူလာပြီး ဘီး ပြုလုပ်လေသည်။ ထိုဘီးကို စ၍အသုံးပြုသည်နှင့်တစ်ပြိုင်နက် သူသည် ငယ်ရွယ်စဉ်အရွယ်သို့ ပြန်ရောက်လေ သည်။ ကံကောင်းထောက်မ၍ ဘီးကို အသုံးပြုရာတွင် သားသမီးများရှေ့တွင် အသုံးပြုမိသဖြင့် သားသမီးများ မိမိအား မှတ်မိကြလေသည်။ အကယ်၍သာ သားသမီးများမျက်ကွယ်မှာ ထိုဝက်စွယ်ကို အသုံးပြုခဲ့ပါမူ သူတို့ မှတ်မိလိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ဤဝက်စွယ်၏ တန်ခိုးကြောင့် အဘိုးအိုသည် နုပျိုလာ လေသည်။ ဤဝက်စွယ်ကို မကြာခဏ အသုံးပြုခြင်းကြောင့် ထော့မဲပါ၏ သားသမီးများသည် ဘေးဥပါဒ်အန္တရာယ် ရောဂါဘယအပေါင်းမှလွတ်ကင်း၍ လျင်မြန်စွာ လူဦးရေတိုးပွားလာလေသည်။
ဤကဲ့သို့ များလာကြသဖြင့် ထော့မဲပါ၏ သားသမီးများသည် တောင်ငူ တောင်ပေါ်တွင်သာမက ယခု တောင်ငူမြို့ တည်ရာမြေပြင်တွင် ရှေးအခါက ရွာကြီးလောက်ပင် ရှိပေလိမ့်မည်။ ထိုရွာထဲမှာပင် ဝင်ရောက် နေထိုင်ကြလေသည်။ လယ်ယာမြေများလည်း သားသမီးများပွားလာသောကြောင့် လုံလောက်စွာမရှိတော့ သဖြင့် ထော့မဲပါသည် သားသမီးများ လုပ်ကိုင်စားသောက်ရန်အတွက် မြေဩဇာကောင်းသောအရပ်ကို ထွက်ရှာလေသည်။
ထော့မဲပါပြောသည်မှာ သူသည် အိုခြင်း၊ နာခြင်းများကို အောင်မြင်သော်လည်း ပင်ပန်းစွာ အလုပ်များကို လုပ်ကိုင်ခြင်းမှာ မအောင်မြင်သေးချေ။ သူသည် ရောက်သွားသောနယ်များ၏ မြေဩဇာများကို ဤကဲ့သို့ စမ်းသပ်ကြည့်၏။ သူသည် တွင်းများကိုတူးပြီး တွင်းတစ်တွင်းမှရရှိသော မြေဇာကို အခြားတွင်းများ၌ ထည့်လျှင် တွင်းပေါင်းမည်မျှ ပြည့်နိုင်သည်ကို ကြည့်၏။
မဲခေါင်မြစ်၏ ဘယ်ဘက်တွင်ရှိသော မြေကြီးများသည် အကျယ်အဝန်းညီသော တွင်း(၄)တွင်းကိုပြည့်စေနိုင်သည်။ ဤမြေဩဇာနှင့် စိတ်မကျေနပ်ဘဲ မြစ်ကိုဖြတ်ကူးပြီး မြေဩဇာ စမ်းသပ်ကြည့်ရာ ညီမျှသော တွင်း(၇)တွင်းကို ပြည့်စေကြောင်း တွေ့ရသောအခါ သူသည် ကျေနပ်အားရဖြစ်ပြီး သားသမီးများအားခေါ်ရန် ပြန်သွားလေသည်။
အဘိုးအို၏ သားသမီးများအားလုံးလိုက်လာကြ၍ မြစ်ကမ်းနားသို့ရောက်သောအခါ ဆာမွတ်ကြလေသည်။ တစ်ယောက်ယောက်သောသူက ခရုကို စားကောင်းသည်ဟု ပြောသောအခါ သူတို့သည် ခရုများကို တစ်ခါမျှ မမြင်ဖူးသောကြောင့် ချဉ်ပေါင်ရွက်ဖြင့်ရော ပြုတ်လေ၏။ အချိန်နာရီပေါင်းများစွာ ပြုတ်ပြီး ထိုခရုများ၏ အခွံကို စမ်းသပ်ကြည့်ရာ မာနေသေးသဖြင့် ခရုများ မကျက်သေးကြောင်း ယူဆကြသည်။ အချို့လည်း ချဉ်ပေါင် ၏ နီသောအရည်ကိုတွေ့ရလျှင် ခရုများ၏သွေးဟု အောက်မေ့ကြပြီး ခရုများ မကျက်သေးဟု ယူဆကြပြီး တစ်ဖန် ထပ်ပြုတ်ကြပြန်သည်။
အဘိုးအိုလည်း မစောင့်နိုင်တော့ဘဲ ခရီးဆက်သွားရန် ပြောသော်လည်း သူ၏ သားသမီးများက အစာ စားပြီးမှ ခရီးဆက်သွားနိုင်မည်ဟု ပြောသောအခါ ထော့မဲပါက ခရီးဆက်သွားနှင့်ပြီး မိမိသွားမည့်လမ်းကို မှတ်မိစေရန် သစ်မြစ်များကို ခုတ်လှဲခဲ့မည်ဟု မှာကြားခဲ့ပြီး ခရီးဆက်သွားလေသည်။ ကျန်ရစ်သော သမီးများသည် ခရုကို အတန်ကြာပြုတ်ပြီး တရုတ်လူမျိုးအချို့ နှင့် တွေ့ဆုံသောအခါမှ ၎င်းတို့အား ခရုစားရန် နည်းပေး ပြောပြလေသည်။
သူတို့သည် ထိုခရုများကို စားသောက်ကြပြီး အဘိုးအို၏ နောက်သို့ လိုက် လေသည်။ သို့သော် လမ်း၌ ထော့မဲပါ ခုတ်လှဲထားသော တောငှက်ပျောပင်များသည် (၇)လက်မ (၈)လက်မ အထိ အစို့ထွက်လာသည်ကို တွေ့မြင်ရသောအခါ ထော့မဲပါသည် ခရီးအတော်ဝေးဝေး ရောက်နေပြီဟု ယူဆကြ၍ ထော့မဲပါနောက်သို့ ဆက် မလိုက်ကြဘဲ မိမိတို့၏ နေရင်းဌာန တောင်ငူသို့ ပြန်ကြလေသည်။
ဤထူးဆန်းသော ဘီးနှင့် ထော့မဲပါ ကွယ်ပျောက်သွားသည့်နေ့ကစ၍ ထော့မဲပါ၏သားသမီး ကရင် လူမျိုးများသည် ယခင်ကကဲ့သို့ အိုခြင်း၊ နာခြင်း၊ သေခြင်း ဘေးမှ မလွတ်မြောက်ကြတော့ချေ။ တစ်နေ့ကျလျှင် ထော့မဲပါသည် မိမိ၏ သားသမီးအားလုံးကို စုရုံးစေပြီး နံရိုး (၇) တောင်နှင့် ခြေဖဝါး (၇) ဆုပ်ရှိ ဝက်ကြီး၏အသား ကို ကျွေးလိမ့်မည်။ ထော့မဲပါ၏သားသမီးများသည် တစ်ဦးနှင့်တစ်ဦးတွေ့ဆုံခဲ့သော် တစ်ဦးစကားကိုတစ်ဦး နားလည်ကြမည် မဟုတ်ချေ။ တစ်ဦးစကားကို တစ်ဦးသင်ကြားရပေလိမ့်မည်ဟု တစ်ဆင့်စကားတစ်ဆင့်ကြားဖြင့် ကရင်လူမျိုးများသည် မိမိတို့အဘိုးထော့မဲပါ လာလတ္တံ့သောအချိန်အခါကိုသာ စောင့်မျှော်မှန်းဆနေကြကုန်၏။
(မောင်စင်ကြယ်၏ “ကရင့်ဘဝဓလေ့”စာအုပ်မှ “ဝက်စွယ်ရှင် ပုံပြင်”)
လူငယ်များ၏ ကရင်အမျိုးသားသမိုင်း (အခြေခံအဆင့်)စာအုပ်မှ ကူးယူဖော်ပြပါသည်။
Photo credit to Artstrike

19/12/2024
12/12/2024

ကရင်လူမျိုး၏ မူလဇာစ်မြစ် (၁)
သုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)

ကမ္ဘာပေါ်တွင် လူမျိုးတိုင်း၏ မူလဇာစ်မြစ်တိုင်းသည် ဝတ္ထုဆန်ဆန်၊ စိတ်ကူးယဉ် ဆန်ဆန်သာ ဖြစ်ကြပြီး မည်သူမျှ အတိအကျ ဖော်ပြခြင်း မပြုနိုင်ကြပေ။

ဥပမာအားဖြင့် ဂျပန်လူမျိုးတို့သည် မိမိတို့ ဘုရင်ကို “နေနတ်” မှ ဆင်းသက်လာသည်ဟု ယုံကြည်ကြပြီး မိမိတို့ လူမျိုးကိုလည်း “နေနတ်အနွယ်” များဟု ယူဆ ကြသည်။

ထိုနည်းတူ ကရင်လူမျိုးများ၏ မူလဇာစ်မြစ်နှင့် ပတ်သက် ၍ အမျိုးမျိုး ယူဆ ပြောဆိုကြပေသည်။ အချို့က ကရင်လူမျိုးများသည် တိဘက် လူမျိုး ဖြစ်သည်ဟု ဆိုကြသည်။ အချို့က ကရင်လူမျိုးများသည် တရုတ်ပြည် အနောက်မြောက်ပိုင်းမှ ဆင်းသက်လာကြ သော လူမျိုးတမျိုး ဖြစ်သည်ဟု ဆို၏။ အချို့ကလည်း ကရင်လူမျိုးသည် ယနေ့ မြန်မာနိုင်ငံဟု ခေါ်သော ဤနိုင်ငံ၏ မူလ တိုင်းရင်းသား (aborgine) ဟု ဆိုကြ၏။ (Judson of Burma, by professor B.R. Pearn, page 79)။ တဖန် အချို့ကလည်း ကရင်လူမျိုးများသည် ဆီးမိုက် မျိုးနွယ်ကြီးမှ ဟီဘရူးခေါ် ဟေဗြဲ အနွယ်ဝင် ၁၂ မျိုးထဲမှ ပျောက်ဆုံးသွားသော လေဝိ အနွယ်ဖြစ်သည်ဟု အထောက်အထားနှင့် အခိုင်အမာ ဆိုကြသည်။ မည်သို့ပင်ဖြစ်စေ ကရင်လူမျိုးများ၏ မူလဗီဇနှင့် မူလဇာစ်မြစ်ကို အရှိကို အရှိအတိုင်း ဖော်ထုတ်ရမည်မှာ သမိုင်းပေး တာဝန် တရပ်သာ ဖြစ်ပေသည်။

ကရင်ဟူသော အမည်
ကရင်ဟူသော အမည်ကို အမျိုးမျိုး ယူဆ ပြောဆိုကြသည်။ အများအားဖြင့် သိရသည်မှာ အမည်တခုကို ခေါ်တွင်ရာ၌ အကြောင်းတခုခုကို အစွဲပြု၍ ခေါ်လေ့ရှိကြသည်ကို တွေ့ရှိရသည်။

ဥပမာအားဖြင့် ဆူးမား (Sumer) လွင်ပြင်တွင် အခြေချ နေထိုင်သည့် လူမျိုးများကို ဆူမားရီးယန်း ဟု ခေါ်ကြသည်။ အက္ကမြို့ကို ထူထောင်ကြသော လူမျိုးကို အကားဒီးယန်း ဟု ခေါ်ကြသည်။ အမေရိကတိုက်တွင် နေထိုင်ကြသော လူမျိုးကို အမေရိကန် ဟု ခေါ်ကြသည်။

ထိုနည်းတူစွာ ကရင်လူမျိုးများသည်လည်း မိမိတို့နှင့် သက်ဆိုင်သည့် ထူးခြားသော အကြောင်းအရာ တခုခုအပေါ် မူတည်၍ ခေါ်တွင်သည်လားဟု ယူဆစရာ ရှိပါသည်။ ယခင်က ရေးသားခဲ့သော ကရင်၏ မူလဇာစ်မြစ် ပထမပိုင်းတွင် မွန်ဂိုလူမျိုးများ အစောဆုံး အခြေချ နေထိုင်သည်ဟူ၍ သမိုင်းသုတေသီများ သိရှိလာသည့် မက်ဆိုပိုတေးမီးယား ဒေသမှ ပါရှန် ပင်လယ်ကွေ့ထဲသို့ စီးဝင်သော “ကရန်မြစ်”ကို အစွဲပြုခေါ်ခြင်း ဖြစ်နိုင်စရာ အကြောင်းရှိကြောင်း ထင်မြင်ယူဆချက်ကို တင်ပြခဲ့ပါသည်။

ကမ္ဘာ့သမိုင်းတွင် ဟစ်ဆော့ ခေါ် လူမျိုးတမျိုးသည် ၎င်းတို့ကိုယ်ကို ဟစ်ဆော့ဟု ခေါ်ကြခြင်း မဟုတ်ဘဲ အီဂျစ်လူမျိုးများက ၎င်းတို့အား ခေါ်သော အမည်ဖြစ်သည်။ အီဂျစ်ဘာသာစကားဖြင့် ဟစ်ဆော့၏ အဓိပ္ပါယ်မှာ နိုင်ငံခြားသား အုပ်ချုပ်သူများ ဟု အဓိပ္ပါယ် ရသည်။ အီဂျစ်လူမျိုးများက ထိုသို့ ခေါ်ရခြင်းမှာ ဟစ်ဆော့တို့သည် ၎င်းတို့ အီဂျစ်ပြည်ကို နှစ်အတန်ကြာ လာရောက် အုပ်ချုပ်သော နိုင်ငံခြားသားများ ဖြစ်သောကြောင့်ပင်တည်း။

ကာလကတ္တား တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သော သိက္ခာတော်ရ ဆရာကြီး မန်းဘရင်က ၎င်း၏ လေ့လာသိရှိမှုကို ကျနော့်အား ပြောပြရာတွင် ရှေးတရုတ်များသည် ကရင်လူမျိုးကို “ခဲ့ရင်” ဟု ခေါ်ကြသည်။ “ဧည့်သည်” များဟူ၍ အဓိပ္ပါယ် ရသည်ဟု ဆိုသည်။ ထိုအဆိုသည်လည်း ဖြစ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ကရင်လူမျိုးများသည် အခြားသော အရပ်ဒေသ တခုခုမှ တရုတ်ပြည် အနောက်ဘက် နယ်စပ်သို့ ရောက်ရှိလာသဖြင့် ဧည့်သည်များ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ဟစ်ဆော့ အမည် ပေါ်လာပုံနှင့်လည်း ဆင်တူနေပါသည်။ မာကိုပိုလို၏ မှတ်တမ်းတွင် ကရင်လူမျိုးကို “ကရယင်” “ကရယင်နယ်” ဟု ဖော်ပြထားပါသည်။

မည်သို့ပင်ဖြစ်စေ ကရင်၏ အမည် စတင်၍ ခေါ်တွင်လာပုံကို ခရေစေ့တွင်းကျ တိတိကျကျ မဖော်ထုတ်နိုင်သော်လည်း ကရင် ဟူသော အမည်ကိုကား ကမ္ဘာ့သမိုင်းတွင် မှတ်တမ်းတင်ထားသည်ကို လေ့လာ တွေ့ရှိရပေသည်။

တဖန် မြန်မာနိုင်ငံ၌ ကရင်ကို စကောကရင်၊ ပိုးကရင်၊ မြန်မာကရင်၊ တလိုင်းကရင်၊ ကော်သူးလေ ဟူ၍ ခေါ်နေပါသဖြင့် အချို့ မသိသောသူများ အနေဖြင့် နားလည်ရန် ခက်ခဲရတော့သည်။ ကရင်လူမျိုးတွင် ဖခင်အနွယ်၊ မိခင်အနွယ် ဟူ၍ နှစ်နွယ်ရှိသည်။ ယင်းကဲ့သို့ အနွယ်များ ကွဲရသည်ကိုမူ ပြောရန် ခက်ခဲပါသည်။ ဒဏ္ဍာရီ အဆိုအရ ရှေးယခင်က ဖခင်နှင့် မိခင် နှစ်ဦး ရှိခဲ့ရာ အကြောင်း တစုံတရာကြောင့် မသင့်မြတ်ကြရာမှ ဖခင်နှင့် မိခင် ကွဲသွားရာ ဖခင်နောက် လိုက်သွားသော သားသမီးများသည် ဖခင်အနွယ် ဖြစ်သွားပြီး မိခင်နောက် လိုက်သွားသော သားသမီးများသည် မိခင်အနွယ် ဖြစ်သွားကြသည်ဟု ပြောဆိုလေ့ ရှိကြပါသည်။ ယနေ့ ကရင်များသည် ဖခင်အနွယ်ဝင် ကရင်ဖြစ်စေ၊ မိခင်အနွယ်ဝင် ကရင်ဖြစ်စေ ကရင်လူမျိုး အချင်းချင်း ချစ်ချစ်ခင်ခင် ရှိကြပါသည်။ ပို၍ သိလာလေ ပို၍ပင် ချစ်လာကြသည်ဟု ယူဆရပါသည်။

ဖခင်အနွယ်ဝင် ကရင်ကို စဝှော် ဟု ခေါ်သည်။ စာလုံး ၂ လုံးကို တလုံးတည်း အသံထွက် ပုံစံဖြင့် ပူး၍ ထွက်သည်။ မပီသူများ၊ မခေါ်တတ်သူများက စကော ဟု ခေါ်ကြသည်။ ဒါကိုပင် ပျူနိုင်ငံ သရေခေတ္တရာ ပျက်စဉ်က စကော တချပ် လေတိုက်၍ လွင့်လာသည်ကို စကောတပ်ကြီး ချီတက်လာပြီဟု ယူဆကာ တိုင်းသူပြည်သားများ လန့်ပြေးရာမှ သရေခေတ္တရာ ပျက်စီးရသည်ဟု မှတ်သားရဘူးပါသည်။ ဤ စကောတပ်ကြီး ဟု သမိုင်းတွင် ဖော်ပြမှုသည်ပင် သရေခေတ္တရာ ခေတ်ကတည်းက ဤဒေသများတွင် စကောကရင် ရှိနေပြီဟု သွယ်ဝိုက်၍ ထောက်ခံပြီးသား ဖြစ်နေပေသည်။

မိခင်အနွယ်ဝင် ကရင်များကို ပဝိုး ဟု ခေါ်သည်။ စဝေါ် ကဲ့သို့ပင် စာလုံး ၂ လုံးကို တလုံးတည်း တွဲခေါ်ပါသည်။ မခေါ်တတ်သူများက ပိုး ဟု ခေါ်ကြသည်။ မြန်မာကရင်ဟူသော အခေါ်မှာ မြန်မာများနှင့် ပိုမိုနီးကပ်စွာ နေထိုင်ခဲ့သည့် ကရင်များကို ခေါ်ခြင်းဖြစ်ပြီး တလိုင်းကရင်ဆိုသည်မှာ တလိုင်းလူမျိုးများနှင့် ပိုမိုနီးကပ်စွာ နေထိုင်သော ကရင်လူမျိုးများကို ခေါ်ခြင်းဖြစ်သည်။

ကော်သူးလေ ဟူသော အခေါ်မှာ ကရင်လူမျိုးများက မိမိတို့ နေထိုင်ရာ နိုင်ငံကို အလွန်ချစ်မြတ်နိုးစွာဖြင့် ခေါ်သော အမည်ဖြစ်သည်။ ကော် ၏ အဓိပ္ပါယ်မှာ နိုင်ငံ၊ ဒေသ၊ အရပ် ဖြစ်ပြီး သူး မှာ အမဲ (မဖြူစင်ခြင်း) ဖြစ်သည်။ လေး မှာ မရှိ (ကင်းစင်ခြင်း) ဟု အဓိပ္ပါယ် ရသည်။ သို့ဖြစ်၍ ကော်သူးလေ ဆိုလိုရင်း အဓိပ္ပါယ်မှာ ဖြူစင်သန့်ရှင်းပြီး အပြစ်ဆိုစရာ မရှိသော ကရင်အမျိုးသား နိုင်ငံ ဟူ၍ ဖြစ်ပါသည်။ အချို့ကလည်း ပန်းများ ဝေဆာ ပွင့်ဖူးသော နိုင်ငံ (Flowering country) ဟု ခေါ်ကြသည်။

အဓိကအားဖြင့် ကရင်တွင် မိခင်အနွယ် ပဝိုးကရင်နှင့် ဖခင်အနွယ် စဝှော်ကရင် ဟူ၍ရှိရာ အခြားသော ကရင်မျိုးနွယ်များသည် မိခင် ဖခင် အနွယ် နှစ်ခုမှ ဆင်းသက်လာကြခြင်း ဖြစ်ကြောင်း လေ့လာ မှတ်သားရပေသည်။ ဥပမာ ပအိုဝ့် သည် ပဝိုးကရင် မိခင်နွယ်ဝင် ဖြစ်ပြီး ကယား၊ ကယ်ခို၊ ကယ်ဘား၊ ယင်းဖြူ၊ ယင်းနက်၊ ယင်းကြား၊ ကရင်ဖြူ၊ ကရင်နီ တို့သည် ဖခင်နွယ်ဝင် စကောကရင်များ ဖြစ်ကြသည်။

(Grandfather Longlegs by Ian Morrison, page 16, the Red Karen (So called from their red tunis) the Korenbyus or striped Karens, and the Taungthus of the southern Shan States, The Padaung, … are a small Karen Tribe.)

တဖန် အခြားသော ကရင်အမည်များလည်း ရှိပါသေးသည်။ မြောင် (မျို)၊ ယောင်၊ လားဟူ (မူဆိုး)၊ အခါ (ကော်)၊ နှင့် လီစူး (လီရှော) ဟူ၍လည်း ခေါ်ကြပေသေးသည်။

(People of the Golden Triangle by Paul and Elaine Lewis, published in Great Britain by Thames and Hudson Ltd. 1984, page 7, column 1, Karen, Hmong, Mien (Yao)

Lahu, Akha, and Lisu (page 7, line 13, column 1)

Even so, the members of each tribe have an ethnic – consciosness which leads them to recognize one another as belonging to the same ethnic group.)

တဖန် မွန်လူမျိုးသည်လည်း မိခင်အနွယ်ဝင်ဟု နာမည်ကျော် သမိုင်းသုတေသီ သီအိုဒိုစတင်း က ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။

(Pwo Karen by James W. Hamilton, published in 1976, by West Publishing Co. “Foreward” page VII, 34th line. The other major branch, the Pwo – Baker’s Peguan (i.e., Mon) Karen many of whom, as Buddhists, … )

ဤ ဖော်ပြမှုသည် ကျွနု်ပ်အနေဖြင့် မငြင်းလိုပေ။ အဘယ်ကြောင့်ဆိုသော် မွန်သည် မိုဟူသော စကောကရင်အခေါ် မိုးဟူသော ပိုးကရင်အခေါ်နှင့် အလွန်တူပြီး အဓိပ္ပါယ်မှာ အမေ မိခင် ဖြစ်ပါသည်။ ၎င်းပြင် မွန်လူမျိုးသည် စကောကရင်၊ ပိုးကရင်တို့နှင့် အတူနေထိုင်ကြသည်ကို သမိုင်းတလျှောက် တွေ့ရသည်။ တလိုင်း (Talaing) ဟူသော အမည်မှာ အိန္ဒိယ တောင်ပိုင်း၊ ယခု မဒရပ်စ်နယ် အနောက်ရှိ ရှေးအခေါ် တလင်္ဂန နယ်မှ လာသော အိန္ဒိယ တောင်ပိုင်းသားများကို ခေါ်သော အမည် ဖြစ်သည်။ မွန်လူမျိုး အမည် မဟုတ်ပါ။

ထို့ပြင် မြန်မာနိုင်ငံမှ ရှမ်းလူမျိုးများနှင့် ထိုင်းနိုင်ငံမှ ထိုင်းလူမျိုးများက ကရင်လူမျိုးများကို ယန်း (Yang) ဟု ခေါ်ကြသည်။ ယန်းလျှံ (ကရင်နီ)၊ ယန်းဖုတ် (ကရင်ဖြူ)၊ ယန်းလိုင်း (ကရင်ကြား) စသဖြင့် ဝတ်စားဆင်ယင်သော အဝတ်အစားများအပေါ် မူတည်ပြီး အမည်အမျိုးမျိုး ခေါ်တွင်ကြပါသည်။ အမှန်အားဖြင့် လူမျိုးတမျိုးကို လေ့လာပါက ၎င်းမျိုးနွယ်ကြီး (Race) နှင့် ၎င်းမျိုးနွယ်ကြီးမှ ရေမြေ တောတောင် လျှိုမြောင်များ ခွဲခြားထားမှုကြောင့် ပေါ်ပေါက်လာသော မျိုးနွယ်ခွဲ (Clans) များကို ခွဲခြား လေ့လာပါက ပို၍ ပေါ်လွင်မည် ဖြစ်ပါသည်။

ကရင်မျိုးနွယ် အကြောင်းကို အသားဝါအနွယ် မွန်ဂိုလွိုက် (Mongoloid) အကြောင်းနှင့် ဆက်စပ်၍ အောက်ပါအတိုင်း လေ့လာနိုင်ပေသည်။

ဆက်လက်ဖော်ပြပါမည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏ နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။
စောကျော်ခရော့စ် ဘလော့မှ ကူးယူတင်ထားသည်။

30/11/2024
29/10/2024

၁-ခ-၂။ မျောက်တစ်ကောင်နှင့် ဖားစည် အစ
----------------------------------------
(ကရင့်သမိုင်း၊ကရင့်ယဥ်ကျေးမှုနှင့်ရိုးရာဓလေ့များအကြောင်းကို နေ့စဥ် မနက်(၆)နာရီ Karen History by Karen Vibesတွင် တင်ပေးသွားပါမည်ဖြစ်ပါသဖြင့် စောင့်မျှော်ဖတ်ရှူကြဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင့်...)


မြန်မာနိုင်ငံတွင် ကရင်လူမျိုးကသာလျှင် ဖားစည်ကို ထိန်းသိမ်းထားကြ၏။ ဖားစည်ရိုးရာ အစဉ်အလာ အား မည်သည့်အချိန် မည်သည့်နေရာက စတင်ပေါ်ပေါက်လာခဲ့ကြောင်းကို မည်သူမျှ မသိပေ။

ရှေးကျသော ဖားစည်တစ်လုံးအား တောင်ငူ၏ အရှေ့ဘက် မိုပွားကရင်တို့၏ ကျေးရွာတွင် တွေ့ရှိရပြီး နှစ်ပေါင်း(၁ဝဝဝ)ခန့်ကဟု ပြောနိုင်ကာ ဖားစည်၏ ပထမအစဟုလည်း ဆိုနိုင်ပါလိမ့်မည်။ ထိုဖားစည်ကို နည်းမှီ ပြီးမှ ပုံတူကူးယူခဲ့ကြကြောင်း သိရသည်။ သို့သော်လည်း ဖားစည်၏ မူလပထမအစနှင့် မျောက်တို့ဆက်စပ်နေကြောင်း တွေ့ရသည်။ ထိုအကြောင်းနှင့် စပ်လျဉ်း၍ ကရင်လူမျိုးတို့၌ ဖူးမော်ထော်အမည်ရှိ ပုံပြင်မှာ ရှေးအကျဆုံး ပုံပြင်တစ်ပုဒ်ဖြစ်ခဲ့သည်။ ထိုပုံပြင်အရ ကရင်တို့သည် ထောမဲပါ အမည်ရှိ တောဝက်စွယ်သခင်(Father of the Boar's Tusk)မှ ဆင်းသက်လာခဲ့ကြ၏။ လူနှင့်မျောက် အလွန်မဝေးသော (သမိုင်းကြိုကမ္ဘာဦး)ကာလကစ၍ မျိုးဆက်ပေါင်း(၇၃)ဆက်တိုင် ထော့မဲပါ ရှိခဲ့ပေလိမ့်မည်။ ဂူရှိသောတောင်(ထုံးကျောက်တောင်)နံဘေး၌ ဆန်စပါးစိုက်ပျိုး၍ ဖခင်အုပ်ထိန်းမှုအောက်၌ ရှိနေကြမှာဖြစ်သည်။ စပါးများ မှည့်ရွဲလာချိန်၌ မျောက်များက လယ်ကွင်းထဲသို့ ဆင်း၍လာရောက်ခိုးယူကြလေ့ရှိသည်။ ပိုင်ရှင်လယ်သမားများက ထိုမျောက်များအား လိုက်၍ မောင်းရသည်မှာ သေလောက်အောင် မောပန်းခဲ့၏။ နောက်ဆုံးလက်မှိုင်ချ၍ သူ၏လယ်ကွင်းတွင်း၌ လှဲချလိုက် ၏။ ထိုအခါ မျောက်အဟိတ်တိရစ္ဆာန်များသည် သူ၏အနားသို့ ဝိုင်းလာကြပြီး တစ်ဦးနှင့်တစ်ဦး စကားပြောသံ ကြားလိုက်ရ၏။

“ငါတို့သည် သူ၏စပါးများအား စားသောက်ခဲ့ပြီးပြီ။ ယခု ထိုသူလည်း သေပွဲဝင်ခဲ့ပြီ။ သူ၏ ဈာပနအား သူ့အတွက် လုပ်ပေးကြစို့ “

ထိုသို့ဖြင့် မျောက်တို့သည် လယ်ရှင်၏ခန္ဓာကိုယ်အား တောင်ကုန်းရှိ လိုဏ်ဂူထိပ်ဝသို့ သယ်ဆောင် လာ၏။ ထို ့နောက် ဖားစည်အား ယူဆောင်လာ၏။ ရှေးဦးစွာ " ဂေါဟွစေး” (ငွေဖားစည်)ကို သယ်လာ၏။ တစ်ဖန် “ဂေါဟွထူး”(Gaw Hwa Tu) ခေါ် ရွှေဖားစည် ကို သယ်လာ၏ ။ “ဂေါ်ဝါး “ခေါ် ဖားစည်ဖြူကိုလည်း သယ်လာ၏။ လယ်ရှင်၏ ပတ်ပတ်လည်၌ထိုင်၍ ဖားစည်များ ကို သယ်လာကြ၏။ ထိုမျောက်များသည် အလောင်းကောင်မှ ပြန်လည်အသက်ဝင်လာသည်ကို တွေ့မြင်၍ လွန်စွာထိတ်လန့်လျက် ဤနေရာသို့ နောက်တစ်ခါ ပြန်မလာကြတော့ပေ။ ထိုအခါ ဖူးမော်ထော်သည် ဖားစည်များကို ယူ၍ အိမ်သို့ပြန်လာခဲ့၏။ ဖူးမော်တော်အား နာလိုခြင်း မရှိသော ပိုးကရင်များက ခိုးယူခဲ့ကြ၏။ (ဖူးမော်တောမှာ စကောကရင်ဖြစ်သည်။) “ဘော်ဘော်လေး”ဟု ခေါ် သော ရေကန်အတွင်းသို့ ဖားစည်ဖြူအားပစ်ချခဲ့၏။ ထိုနေရာအား ယခုအခါမသိနိုင်တော့ပေ။ ရွှေနှင့် ငွေ ဖားစည် တို့သည် နေရာအနှံ့အပြားသို့ ပျံ့နှံ့ရောက်ရှိ၍ မော်လမြိုင်ခရိုင် ဒုံယင်း(Don Yan)ရွာအနီးရှိ ဂူတစ်ဂူအနီး၌လည်း ရှိ၏။ တူးဖော်ကြည့်ပါလျှင် တွေ့နိုင်ကြောင်း လူအချို့က ထင်ကြ၏။ ထိုဖားစည်သည် မြွေဟောက်သားရေဖြင့် ပြုလုပ်ထားကြောင်းလည်း ဆိုကြသည်။ ဖားစည်၏ အောက်ခြေပုံအား ကင်းခြေများပုံစံဖော်ထား၏။ ထို့အပြင် အစဉ်အလာတစ်ရပ်ရှိပါသည်။ “လိုဘိုးခို” (စကောကရင်)ဟူသော ရွာသားများသည် ဒုံယင်း၌ရှိသော ပိုးကရင် တို့ထံ နှစ်တိုင်း ယင်းတို့၏ ဖားစည်ကို ပြန်ပေးဖို့ တောင်းကြသည်။ သို့သော် ဗြိတိသျှတို့ မော်လမြိုင်သို့ ရောက် သည့်အခါ ထိုအစဉ်အလာမရှိတော့ပေ။

ကရင်တို့သည် ဖားစည်အား ကရင်တို့ကိုယ်တိုင်ပြုလုပ်သော အစဉ်အလာမရှိပါ။ ရှိပါ။ ယင်းတို့နှင့်အတူနေ အခြားတိုင်းရင်းသားတို့က သွန်းလုပ်ကြ၏။ ထိုလူများသည် ကရင်တို့နေထိုင်ရာ ဒေသ၏အရှေ့ဖြစ်ဖြစ်၊ အနောက်ဘက်ဒေသဖြစ်ဖြစ်၌ နေထိုင်ကြသူများပင်ဖြစ်သည်။ ရှေးအကျဆုံးသောဖားစည်ကို ရရှိခဲ့သောလူမျိုးမှာ "ယု" တို့ပင် ဖြစ်သည်။ ယင်းနှင့်စပ်လျဉ်း၍ ရှေးဟောင်းကရင်ကဗျာတစ်ပုဒ်လည်း ရှိသည်။

လူလေး - စိတ်မပူစမ်းနဲ့။
မြင်းကိုစီးကွယ့်
မော်မော်ကွေအတွက်
အမဲလိုက်ထွက်လာခဲ့
ယုတို့သွန်းတဲ့သည်ဖားစည်
မင်းဝယ်လာခဲ့ပြီးပြီ။
ပေါကုဝါးလည်း မင်းမှာရှိပြီ။
မင်းအခန်းမှာ ချိတ်ဆွဲထားတာက ဖားစည်၊
ဖားစည်သံ ချိုလွင်မြ
ပေါကုနဲ့အတူတီးပါဗျ

ထိုရှေးဟောင်းကရင်ကဗျာက ဆိုလိုသည်မှာ ဖားစည်ရှိသောလူငယ်တစ်ဦးက မော်မော်ကွေဆိုသည့် သူရှာနေသော မိန်းကလေးကို အောင်မြင်ခဲ့ပြီဖြစ်သည်။ “ပေါ်ကု”သည် ကရင်ဝါးပတ္တလားဖြစ်ပြီး ရိုက်တံငယ် (၂)ချောင်းဖြင့် တီးရသည်။ ဖားစည်ဖြင့် တွဲဖက်တီးသောအခါ ဘယ်သံ(Bass)အဖြစ် ထွက်ပေါ်စေ၏။ “ဘလော်” ဆိုသည်မှာ အမျိုးသားအခန်း၊ ရှေးခေတ်ကရင်ကျေးလက်ရွာများ၏ ဧည့်ဆောင်လည်း ဖြစ်သည်။

ရွှေခမောက်ကယ်က ငွေဆံတောက်နဲ့ တပြောင်ပြောင်
ထော်မဲပါ တဲငယ်မှာ အသာတစ်ထောက်နားရအောင်
လက်ရပစ္စည်းများလည်း စုကာထားလို့
အခါကိုအသာစောင့်ပါက
ယုသွန်းဖားစည် ရွှေလက်ဝယ်အပိုင်ရပေါ့လေး။

အဆိုပါ ကရင်ရှေးဟောင်းကဗျာကလည်း ယုတို့ထံမှ ဖားစည်ရရှိကြောင်း အထောက်အထားတစ်ရပ်ပင် ဖြစ်ပါသည်။ ရှေးဟောင်းသုတေသနဝန် မစ္စတာတော်စိန်ခိုက “ယု”သည် ယူနန်ကုန်းမြင့်၌ အခြေချ နေထိုင်သော ယွန်(Yung)လူမျိုးဟူ၍ ယူဆပါသည်။ အခြားသုတေသီများကလည်း ဖားစည်၏ ခြေရာအစအား ယူနန် ဒေသကပင်ဖြစ်ကြောင်း တိုက်ဆိုင်စွာဆိုကြသူများလည်း ရှိကြ၏။

၁၈၄၈ ခုနှစ် တည်းဖြတ်ထားသော ကရင်စကားနက်ကျမ်း (Karen Thesaurus) အတွဲ(၁) စာမျက်နှာ ၃၂၈ ၌လည်း မိမိဖတ်မိခဲ့သည်။ ထိုကျမ်း၌ ကရင်တို့သည် ဖားစည်အား ဝကော်သွ(သို့မဟုတ်)ဆွာမှ ဝယ်ယူလာခဲ့ကြောင်းကိုပင် သိရှိရသည်။ ထို့ကြောင့် ဖားစည်အား“ဝ”တို့ထံမှ ဝယ်ယူလာခဲ့မည်လောဟု ယူဆရပါသည်။ မည်သူကမျှ မည်သည့်လူမျိုးဖြစ်ကြောင်း မသိရှိနိုင်တော့ပေ။ ထိုကျမ်းပြုစုသူက ဆိုသည်မှာ ဖားစည် ဝယ်သူက ဈေးဆစ်ခဲ့ပါလျှင် ပြန်အမ်းငွေကို မသုံးရဘဲ(ဘုရားကျောင်း)ကဲ့သို့ မြတ်သောနေရာသို့ ပို့ရကြောင်း ရေးထား၏။

မှတ်ချက် - မူရင်းစာတမ်းရှင်၏ အာဘော်သာဖြစ်သည်။

(ဒေါက်တာနန်းလှိုင်၏ "ကရင်သမိုင်းသုတေသနစာစုများ” စာအုပ်မှ သိက္ခာတော်ရ အိတ်ချ် အိုင် မာရှယ် M. A., D.D ၏ ကရင်ဖားစည် စာတမ်း)

လူငယ်များ၏ ကရင်အမျိုးသားသမိုင်း (အခြေခံအဆင့်)စာအုပ်မှ ကူးယူဖော်ပြပါသည်။

29/10/2024

၁-ခ-၃။ ဖူးမော်တော် ပုံပြင်
------------------------
အပိုင်း(၁)

(ကရင့်သမိုင်း၊ကရင့်ယဥ်ကျေးမှုနှင့်ရိုးရာဓလေ့များအကြောင်းကို နေ့စဥ် မနက်(၆)နာရီ Karen History by Karen Vibesတွင် တင်ပေးသွားပါမည်ဖြစ်ပါသဖြင့် စောင့်မျှော်ဖတ်ရှူကြဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင့်...)


ရှေးအခါက သောသီဟုခေါ်သော တောင်တန်းတစ်ခုအပေါ်တွင် ဖူးမော်တော်ဟုခေါ်သော အဘိုးအို တစ်ဦး နေထိုင်လေသည်။ ထိုအဘိုးအိုတွင် သားသမီး ၇ ဦး ထွန်းကားခဲ့ပြီး ၎င်းတို့မှာ ဖူးစကယ် (ခ) ဖူးစခေကလို၊ ဖူးစခဲး (ခ) ဖူးထော့မဲပါ၊ ဖူးစလသရာ၊ ဖူးထောပလိုဖော၊ နော်တွယ်၊ နော်အဲနာနု နှင့် ဖူးကတို (ခ) ဖူးတဒါးတို့ ဖြစ်ကြသည်။

ဖူးမော်တော်သည် တောင်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေထိုင်သည်။ တစ်ခုသော မိုးတွင်းကာလတွင် ဖူးမော်တော်၏ယာခင်းထဲသို့ တောဝက်တစ်အုပ် ဝင်ရောက်ဖျက်ဆီးနေလေသည်။ ထိုအခါ ဖူးမော်တော်သည် လွန်စွာစိတ်ဆိုးသွားပြီး တောဝက်များကိုသတ်ရန်လိုက်လေရာ နောက်ဆုံးတွင် တောဝက် အသိုက်ကို တွေ့ရလေသည်။ ထို့နောက် ဖူးမော်တော်သည် ထိုတောဝက်အား ထိုးသတ်လိုက်ပြီး အိမ်ရှိ ၎င်း၏ သားသမီးများအား ဝက်အသေကောင်ကို သယ်ဆောင်လာခဲ့ရန် ပြောလေသည်။ ဖူးမော်တော်၏ သားသမီး များသည် ၎င်းတို့ ဖခင်ညွှန်ပြရာနေရာသို့ ရောက်သောအခါ ဝက်သေကောင်ကို မတွေ့ဘဲ ဖြစ်နေလေသည်။ နောက်ဆုံးတွင် ဖူးမော်တော်ကိုယ်တိုင်လာမှ ၎င်းဝက်သေကောင်တွင် ဘော်ငွေရောင်ကဲ့သို့ ဖြူဖွေး တောက်ပ နေသော အစွယ်တစ်ချောင်းနှင့် ရွှေကဲ့သို့ ဝင်းလက်တောက်ပသော အစွယ်တစ်ချောင်းကို တွေ့ရှိရလေသည်။

နောက်ပိုင်းတွင် ထိုနေရာ၌ တောဝက်များ နှောင့်ယှက်လွန်းအားကြီးသောကြောင့် ဖူးမော်တော်အနေဖြင့် သောသီခိုအရပ်မှထွက်ခွာ၍ အရှေ့အရပ်ရှိ နေရာအသစ်တစ်နေရာ၌ သွားရောက်နေထိုင်လေ၏။ ထိုနေရာ အသစ်၌လည်း တောင်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြု၍ နေထိုင်ပြန်လေသည်။ သို့သော် ထိုနေရာ ၌လည်း မျောက်များက နှစ်စဉ်နှစ်တိုင်း ယာခင်းအတွင်းသို့ ဝင်ရောက်နှောင့်ယှက်ဖျက်ဆီးမှုများနှင့် တွေ့ကြုံရ ပြန်လေသည်။

စပါးရိတ်သိမ်းပြီး ကျီအတွင်း စုသိမ်းသောအခါ မျောက်များသာမက “ဖူးထောနာသရဲ”၏ သားသမီး များသည်လည်း ကျီအတွင်းရှိ စပါးများအား လာရောက်စားသောက်ကြလေသည်။ ဖူးထောနာသရဲသည် ဖူးမော် တော်နှင့် အိမ်နီးနားချင်းတစ်ယောက်ဖြစ်ပြီး ဖားစည်သွန်းလုပ်တတ်သောသူတစ်ဦး ဖြစ်သည်။ ဖူးထောနာသရဲ နှင့် သူ၏အိမ်သူအိမ်သားများအားလုံးသည် မျောက်များကဲ့သို့ အမြီးများပါရှိသောကြောင့် အချို့သောသူများက ဖူးမော်တော်သည် ဖားစည်ကို မျောက်များထံမှရရှိသည်ဟု ပြောလေ့ရှိကြသည်။

တစ်နေ့သောအခါ ဖူးမော်တော်သည် စပါးကျီအတွင်း သွားရောက်ကြည့်ရှုရာ စပါးများလျော့နေသည် သာမက စပါးပုံပေါ်တွင် လူကဲ့သို့သော ခြေရာများကိုပါ တွေ့ရှိရလေသည်။ စပါးလာခိုးသောသူများအား ဖမ်းဆီးရန် ဖူးမော်တော်သည် အကြံအစည်တစ်ခုထုတ်လေ၏။
နောက်နေ့တွင် ပိုးတုံးလုံးကောင်တစ်ကောင်အား နှစ်ပိုင်းဖြတ်ကာ နှာခေါင်းဝတွင် တေ့ထားပြီး လူသေ ဟန်ဆောင်၍ စပါးပုံထက်တွင် လှဲအိပ်နေလေသည်။ နေလုံးသည် ထန်းတစ်ဖျားခန့် အမြင့်ရှိသောအခါ သူ့ထံသို့ ဦးတည်လာနေသော လူရိုင်းတစ်အုပ်ကို တွေ့ရှိရလေသည်။ ထိုလူများသည် ဖူးမော်တော်အား အနီးကပ် ကြည့်ရှုကြပြီးနောက် ပိုးထိ၍သေဆုံးသည်ဟု ယူဆကြလေ၏။ ထိုအခါ အချင်းချင်းတိုင်ပင်လျက် ၎င်းတို့ နေရပ်သို့ သယ်ဆောင်သွားရန် ဆုံးဖြတ်ပြီးလျှင် ငိုချင်း၊ တေးကဗျာတို့အပြင် စည်များတီးခတ်၍ အသုဘအခမ်းအနား ပြုလုပ်ပေးရန် ဆောင်ယူသွားလေသည်။

၎င်းတို့၏နေရပ်ဖြစ်သော ကျောက်ကုတင်သို့ရောက်သောအခါ ဖူးထောနာသရဲက သူ၏လူများအား ကလိုဘောခေါ်ဖော၊ ဂေါ်ကလိုထူး၊ ဂေါ်ကလိုစေး တို့ကို အစီအရီ ချထားစေပြီး ၎င်း၏နေရာ၌ထိုင်ပြီး ဤသို့ ရွတ်ဆိုလေ၏။

မြန်မာလိုအသံထွက်အားဖြင့် - ထုထော်ကလိုခဲလယ်ခဲဆေး အိုတေကလိုဝါးပေါ့ကူးစေး

မြန်မာလိုအဓိပ္ပာယ်အားဖြင့် - ဖားစည်အားလုံးကိုယူဆောင်လာပြီးသော်လည်း ကလိုဝါးပေါ့ကူးစေး ဟုခေါ်သော ဖားစည်ကျန်ရှိသေးကြောင်း လင်္ကာအားဖြင့် ရွတ်ဆိုခြင်း ဖြစ်သည်။ ထိုအခါ ဖူးမော်တော်သည် ဖူးထောနာသရဲ၌ ဖားစည်လေးလုံး ရှိကြောင်း သိရှိသွားပြီး ထိုဖားစည်များအား မည်သို့မည်ပုံအရယူရမည်ဟူ၍ ကြိတ်၍ကြံစည်လေ၏။ ဖူးထောနာသရဲ၏သားသမီးများက ကလိုဝါးပေါ့ကူးစေး ဟုခေါ်သော အဖြူရောင် ဖားစည်အား ဆောင်ယူလာကြစဉ်တွင် ကျောက်နံရံများနှင့် ထိခိုက်မိလေသည်။ အဘယ့်ကြောင့်ဆိုသော် ထို အဖြူရောင် ငွေဖားစည်သည် လွန်စွာကြီးမားလှသောကြောင့်ဖြစ်သည်။ အဖြူရောင်ဖားစည် ရောက်လာသော အခါ ငိုချင်းအားအောက်ပါအတိုင်း ကျူးဧကြလေသည်။

မြန်မာလိုအသံထွက်အားဖြင့် - လဲ့အော်ဖူးမော်တော်အဘူး ဖူးမော်တော်သံသဒါပု စီစကော့ဝါဟူးဝါဟူး စာဝု ... စာ... စာ..ဝု

မြန်မာလိုအဓိပ္ပာယ်အားဖြင့် - ဖူးမော်တော်စပါးကို ဒို့သွားစားတယ်။ ဖူးမော်တော်မှာ သေဆုံးနှင့်ပြီ ဖြစ်သည်။ ဟိုမှသည် ခုန်ဆွခုန်ဆွသွားသည် ဟူ၍ ဖြစ်လေသည်။ ညနေပိုင်းအချိန် ရောက်သောအခါ အမျိုးသမီး၊ အမျိုးသားများအားလုံး တေးသီချင်း၊ ကဗျာလင်္ကာများအားဖြင့် ကျူးဧကြလေသည်။ ၎င်းတို့အထဲမှ နော်ဝါးမို အမည်ရှိ အမျိုးသမီးတစ်ဦးက သူမ၏ ကာယအလှနှင့်ပတ်သက်၍ သူမ၏အလှနှင့် အမြီးရှည်ပုံတို့ကို ကဗျာ လင်္ကာအားဖြင့် သီကျူးစဉ် ဖူးထော်နာသရဲမှ စင်ပေါ်သို့တက်လာပြီး သူမနှင့် ကဗျာလင်္ကာအား အောက်ပါ အတိုင်း အပြိုင်သီကျူးလေ၏။

(Drum Publication Group ၏ “ဖားစည်နှင့် ကရင်လူမျိုး”စာအုပ်မှ အခန်း ၂-၂ "ဖူးမော်တော်ပုံပြင်")

လူငယ်များအတွက် ကရင်အမျိုးသားသမိုင်း (အခြေခံအဆင့်)စာအုပ်မှ ကူးယူဖော်ပြပါသည်။

29/10/2024

၁-ခ-၄။ ဖားစည်အကြောင်း
------------------------
(ကရင့်သမိုင်း၊ကရင့်ယဥ်ကျေးမှုနှင့်ရိုးရာဓလေ့များအကြောင်းကို နေ့စဥ် မနက်(၆)နာရီ Karen History by Karen Vibesတွင် တင်ပေးသွားပါမည်ဖြစ်ပါသဖြင့် စောင့်မျှော်ဖတ်ရှူကြဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင့်...)


ဖားစည်သည် ကရင်အမျိုးသားများ၏ တူရိယာပစ္စည်းများထဲမှ တစ်ခုဖြစ်ပြီး ကရင်အမျိုးသားများ၏ ရိုးရာလက္ခဏာတစ်ခုအဖြစ် ယနေ့ထိတိုင် ကရင်အမျိုးသားတို့၏ အလေးအမြတ်ထားရသော ပစ္စည်းတစ်ခု ဖြစ်သည်။ ကရင်အမျိုးသားပြတိုက်ထဲတွင် ထိန်းသိမ်းရလောက်အောင် တန်ဖိုးထား၊ အထွတ်အမြတ်ထား၊ အလေးထားရသော ပစ္စည်းတစ်ခုဖြစ်သည်။ ဖားစည်၏မူလဇစ်မြစ် မည်သည့်နေရာတွင် စတင်ခဲ့သည်ကိုမူ မသိရှိရသေးချေ။ သမိုင်းအထောက်အထား ရေးသားချက်များအရ မြန်မာနိုင်ငံအတွင်း BC-5000 တွင် စတင် ဖြစ်ပေါ်လာသည်ဟု ရေးသားဖော်ပြကြသည်။ ဖားစည်ကို ဗီယက်နမ်သင်္ချိုင်းများ၊ ကျောက်ဂူများထဲတွင် ရှာဖွေ တွေ့ရှိရလေ့ရှိသည်။

အရှေ့မြောက်အာရှတိုက်တွင်လည်း တွေ့ရှိရသကဲ့သို့ တရုတ်နိုင်ငံ ယူနန်ပြည်၊ ကုလားပြည် (အိန္ဒိယ)၊ သီဟိုကျွန်း (သီရိလင်္ကာနိုင်ငံ)၊ ကမ္ဘောဒီယားနိုင်ငံနှင့် လာအိုနိုင်ငံများတွင်တွေ့ရသည်။ အနောက်နိုင်ငံသားများ ကမူ Bronze Drum ဟုခေါ်ကြသည်။

ဖားစည်ကို ရွှေ၊ ငွေ၊ ကြေးနီ၊ သံဖြူ(သွပ်)၊ ခဲ စသည်တို့ဖြင့် သွန်းလုပ်လေ့ရှိသည်ဟု သိရှိရပြီး ကရင်လူမျိုးများ မြန်မာနိုင်ငံအတွင်း စတင်ဝင်ရောက်လာရာတွင် ဖားစည်ကိုသယ်ဆောင်လာခဲ့ကြပြီး တရုတ်ပြည် ယန်စီမြစ်ဖျား ဝလူမျိုးများနေထိုင်ရာဒေသမှ စတင်၍ ဖားစည်ကို ကောင်းမွန်စွာ သွန်းလုပ်တတ်မြောက်ပြီးဖြစ်သည်။ အမျိုးသမီး သွန်းလုပ်သောဖားစည်သည် အမျိုးသားသွန်းလုပ်သော ဖားစည်ထက်ပို၍ပင် လှပ တင့်တယ် သည်ဟုပြောစမှတ်ဖြစ်ခဲ့သည်။

ထိုအချိန်တွင် ဖားစည်ကို အောက်ပါအတိုင်း ခေါ်ဝေါ်ခဲ့ကြသည်။

(၁) ဖားစည်အမျိုးသမီး၊ ဖားစည်အမျိုးသား၊ (ဖားစည်ကို သဲသောင်ပြင်ချောင်းဖျားဒေသတွင် အမျိုးသမီး အမျိုးသားတို့ဖြင့် သွန်းလုပ်ရသည်။)

၂) ဝ-အမျိုးသမီး ၊ ဝ-အမျိုးသား (ဖားစည်ကို ဝ အမျိုးသမီး၊ ဝ အမျိုးသားများ ပါဝင်သွန်းလုပ်ခြင်း)

(၃) ပိုးကရင်အမျိုးသမီး- ပိုးကရင်အမျိုးသား (ဖားစည်ကို ပိုးကရင်အမျိုးသမီး-ပိုးကရင်အမျိုးသား ပါဝင် သွန်းလုပ်ခြင်း)

(၄) ဖားစည်ကို အမည်တပ်ခေါ်ရာတွင် အရှေ့တွင် ဂေါ် တပ်၍ ခေါ်ဆိုရသည်။ ထိုနည်းလည်းကောင်း ဖားစည် အမျိုးသမီး အမျိုးသား သို့မဟုတ် ဖားစည်ဇနီးမောင်နှံဟု တွဲ၍ ခေါ်ဆိုကြသည်။ ဖားစည်ဇနီး မောင်နှံ များထဲတွင် ရွှေကွပ် ငွေကွပ် (ဝေါ်ကော်ထူး-ဝေါ်ကော်စေး) ဖားစည်မှာ တန်ဖိုးအကြီးဆုံး ဖြစ်သည်။ ရံဖန်ရံခါ ဖားစည်မှ ချွေးများထွက်ရှိတတ်သဖြင့် တချို့က ဖားစည် မျက်ရည်ကျသည်ဟု ပြောဆိုကြသည်။ ထိုကဲ့သို့ဖြစ်ပါက ကြက်သွေး၊ ငှက်သွေးဖြင့် ဖြန်းပက်ပူဇော် သုတ်လိမ်းပေးရသော ယုံကြည်မှု ရှိကြသည်။

ဖားစည်မျက်နှာပြင်ပေါ်တွင် ဖားများ တစ်ကောင်နှင့်တစ်ကောင်နောက်လိုက်၍ လက်ယာဘက်မှ လက်ဝဲသို့ ရစ်ပတ်ထားသည်။ စည်းလုံးညီညွတ်ခြင်းနှင့် ကောင်းမွန်စွာ ဦးဆောင်ဦးရွက်ပြုခြင်းဟု အဓိပ္ပာယ်ရ သည်။

သမိုင်းအရ ဖားစည်မှာ ၂ မျိုး ၂ စားရှိသည်။ တစ်မျိုးမှာ မင်္ဂလာဖားစည်နှင့် နောက်တစ်မျိုးမှာ အမင်္ဂလာဖားစည် ဟူ၍ဖြစ်သည်။ ဖားစည်ပေါ်ရှိ ဖားများမှာ တစ်ကောင်နှင့်တစ်ကောင် မျက်နှာချင်းဆိုင်ရှိပါက ရန်ဘက်ဖြစ်သည်ဟု အဓိပ္ပာယ်ရသည်။ အေးချမ်းခြင်းမရှိ၊ ညီညွတ်ခြင်းမရှိဟု အဓိပ္ပာယ်ရသည်။ ဤကဲ့သို့သော ဖားစည်ကို ချိတ်ဆွဲ၍ မတီးပါ။ ဖားစည်မျက်နှာပြင်ကို မိုးပေါ်သို့မျက်နှာမူလျက် တီးလျှင် သာယာသောအသံ မပေးပေ။ စည်းလုံးညီညွတ်ခြင်းမရှိသည့်အချိန်တွင် တီးလေ့ရှိသည်။

ဖူးတောအူး၊ ဆရာဘူးမူ ရေးသားချက်အရ ဖားစည်အမျိုးအစား (၇)မျိုးရှိသည်။

(၁) ဖား (၄) ကောင်မှာ ဖားစည်မျက်နှာပြင်ပေါ်တွင် ဖားများ တစ်ကောင်နှင့်တစ်ကောင် နောက်လိုက်၍ လက်ယာဘက်မှ လက်ဝဲသို့ ရစ်ပတ်ထားပြီး ဖားစည်၏ကျောပြင်တွင် ထွက်ပြေးနေသော ဆင် တစ်ကောင် ရှိပြီး ချေးတုံး ၁ တုံး ကျနေသော ပုံဖြစ်သည်။

(၂) ဖား (၄) ကောင်မှာ ဖားစည်မျက်နှာပြင်ပေါ်တွင် ဖား ၂ ကောင်စီထပ်၍ လက်ယာဘက်မှ လက်ဝဲသို့ ရစ်ပတ်ထားပြီး ဖားစည်၏ကျောပြင်တွင် ထွက်ပြေးနေသော ဆင်နှစ်ကောင်ရှိပြီး ချေးတုံး ၂ တုံး ကျနေသော ပုံဖြစ်သည်။

(၃) ဖား (၄) ကောင်မှာ ဖားစည်မျက်နှာပြင်ပေါ်တွင် ဖား ၃ ကောင်စီထပ်၍ လက်ယာဘက် မှ လက်ဝဲသို့ ရစ်ပတ်ထားပြီး ဖားစည်၏ကျောပြင်တွင် ပြေးနေသောဆင်သုံးကောင်ရှိပြီး ချေးတုံး ၃ တုံး ကျနေ

သော ပုံဖြစ်သည်။ (

၄) ဖား (၄) ကောင်မှာ မျက်နှာချင်းဆိုင်လျက် ဖားစည်၏ကျောပြင်တွင် ဆင်ကြီးတစ်ကောင် ပြေးတက်လာ နေသောပုံ။

(၅) ဖား(၄)ကောင်မှာ မျက်နှာချင်းဆိုင်လျက် ဖားစည်၏ကျောပြင်တွင် ဆင်ကြီးနှစ်ကောင် ပြေးတက်လာ နေသော ပုံ။

(၆) ဖား (၄) ကောင် နှင့် ဆင် (၄)ကောင် တစ်ကောင်နောက်တစ်ကောင်လိုက်ပြီး လက်ယာဘက်မှ လက်ဝဲဘက်သို့ ရစ်ပတ်နေပုံ။

(၇) ဖားစည်မျက်နှာပြင်ပေါ်တွင် ဖား (၄) ကောင်ပျောက်သွားပြီး ဆင် (၄)ကောင်သာကျန်ရစ်ပြီး တစ်ကောင်နောက်တစ်ကောင် လိုက်နေကြသည်။

ဤအမှတ်အသားများမှာ အဓိပ္ပာယ်ကိုယ်စီ ရှိနေကြသည်။

ဖားစည်တစ်မျိုး၏ အဓိပ္ပာယ်မှာ စည်းလုံးညီညွတ်ခြင်း၊ ချစ်ခြင်းမေတ္တာ၊ မှန်ကန်ဖြောင့်မတ်ခြင်း ဖြစ်ပြီး ရဲစွမ်းသတ္တိရှိသော ဆင်ပြောင်ကြီးပင် ရင်ဆိုင်ရဲသောသတ္တိမရှိခြင်းကြောင့် ထွက်ပြေးသည်မှာ ချေးပင် ထွက်ကျသည်ဟု အဓိပ္ပာယ်ရသည်။

ဒုတိယဖားစည်တစ်မျိုးဖြစ်သည့် ဖား ၂ ကောင်ထပ် အဓိပ္ပာယ်မှာ အထက်ဖော်ပြပါ အဓိပ္ပာယ်အပြင် ဒုက္ခရောက်နေသူများအား မေတ္တာဖြင့် ရိုင်းပင်းကူညီခြင်း၊ ထိခိုက်လွယ်သူများ (အခက်အခဲရောက် နေသူများ) ဆင်းရဲတွင်းရောက်သူများအား လက်တွဲကူညီဖေးမခြင်း (ထမ်းပိုးခြင်း)ဖြစ်ပြီး၊ စသည်တို့ ကြောင့် ရဲစွမ်းသတ္တိရှိသော ဆင်ပြောင်ကြီးပင် ကြောက်ရွံ့၍ ထွက်ပြေးသည်မှာ ချေး ၂ တုံး ထွက်ကျ သည်ဟု အဓိပ္ပာယ်ရသည်။

တတိယဖားစည်တစ်မျိုးဖြစ်သည့် ဖား ၃ ကောင်ထပ် အဓိပ္ပာယ်မှာအကောင်းဆုံးဖြစ်ပြီး စည်းလုံး ညီညွတ်ခြင်း၊ ချစ်ခြင်းမေတ္တာရှိခြင်း၊ ရိုင်းပင်းကူညီခြင်း၊ ထိခိုက်လွယ်သူများကို ကူညီခြင်း စသည့် စွမ်းအားအကြီးဆုံးဖြစ်သည့်အတွက် ရဲစွမ်းသတ္တိရှိသော ဆင်ပြောင်ကြီး ၃ ကောင်ပင် ရင်ဆိုင်ရဲသော သတ္တိမရှိခြင်းကြောင့် ထွက်ပြေးသည်မှာ ချေးတုံး ၃ တုံးပင် ထွက်ကျသည်ဟု အဓိပ္ပာယ်ရသည်။

ဖား (၄) ကောင် မျက်နှာချင်းဆိုင်လျက် အမှတ်အသားမှာ- စည်းလုံးညီညွတ်ခြင်းမရှိ၊ မသင့်မမြတ် ဖြစ်လျှင် ဆင်ပြောင်ကြီးကဲ့သို့ အင်အားကြီးလာပြီး ဖျက်ဆီးရန်အတွက် ဆိုက်ရောက်လာမည်ဟု အဓိပ္ပာယ်ရသည်။

(ဖူးဘသင်စိန်၏ “နိုင်ငံရေး”စာအုပ်မှ အခန်း ၂၂ “ဖားစည်အကြောင်း")

လူငယ်များအတွက် ကရင်အမျိုးသားသမိုင်း (အခြေခံအဆင့်)စာအုပ်မှ ကူးယူဖော်ပြပါသည်။

Address

Taunggalay Village, Hpa-an Township, Karen State
Hpa-an
13011

Website

Alerts

Be the first to know and let us send you an email when PEDU Learning Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to PEDU Learning Centre:

Share