PEDU youth network

PEDU youth network Traveler

04/06/2025

။ ညချမ်းချိန်ခါ ပို့မေတ္တာ။

။ ကိုယ်စိတ်နှစ်ဖြာ အေးကြည်သာ ကျန်းမာချမ်းသာကြပါစေ။
။ ဘေးရန်အနာ ဆင်းရဲကွာ ချမ်းသာဆောင်ရွက်နိုင်ပါစေ။
။ စိုးရိမ်ကြောင့်ကြ ဟူသမျှ ကင်းပဝေးကွာကြပါစေ။
။ ကပ်ဘေးများစွာ ကင်းလွတ်ကွာ မှန်စွာလွတ်ပါစေ။

။ တောင်ကလေးဆရာတော်။

27/05/2025

27/05/2025

2026ပြန်ဆုံကြမယ်

နွေရာသီသင်တန်း****************** ကရင်ပြည်နယ်၊ ဘာအံမြို့တောင်ကလေးပရိယတ္တိစာသင်တိုက်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း။နွေရာသီက...
02/04/2025

နွေရာသီသင်တန်း
*****************
* ကရင်ပြည်နယ်၊ ဘာအံမြို့
တောင်ကလေး
ပရိယတ္တိစာသင်တိုက်
ဘုန်းတော်ကြီးသင်ပညာရေးကျောင်း။

နွေရာသီကျောင်းပိတ်ရက်များအတွင်း
နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးသော
သင်တန်းများကို ဆက်လက်ဖွင့်လှစ် သင်ကြားပေးနိုင်ရန်
စီစဉ်ဆောင်ရွက်လျှက် ရှိပြီး
ကျောင်းသား၊ ကျောင်းသူများနှင့်
လူငယ်များ မည်သူမ‌ဆို တက်ရောက် သင်ကြားနိုင်ပါသည်။

* 2025 ခုနှစ်(ယခုနှစ်)
ဖွင့်လှစ်သင်ကြားပေးမည့်
သင်တန်းများမှာ -

၁။ ကရင်စာပေ(ဖလုံလိုက်ထူ့လီ)
၂။ ဗုဒ္ဓဘာသာယဉ်ကျေးမှု
၃။ သူနာပြုအကူနှင့် မိသားစုကျန်းမာရေး ကူညီစောင့်ရှောက်ခြင်း
၄။ ဒစ်ဂျီတယ်စာတတ်မြောက်မှုနှင့် စမ်းသပ်ထုတ်ကုန် ဖန်တီးခြင်း
(Digital Literacy and Budlding Minimum Viable Products)

Sein Gyi

ငလျှင်ပြင်းအား=7.72*********************(၁) ငလျင်ပြင်းအား 4.0 အောက် - ပြင်းအားအနည်းငယ်သာရှိပြီး အန္တရာယ်မရှိသလောက်ဖြစ်ပါ...
28/03/2025

ငလျှင်ပြင်းအား=7.72
*********************

(၁) ငလျင်ပြင်းအား 4.0 အောက် - ပြင်းအားအနည်းငယ်သာရှိပြီး အန္တရာယ်မရှိသလောက်ဖြစ်ပါတယ်။ ဆင်းပြေးစရာမလိုပါဘူး။

(၂) ငလျင်ပြင်းအား 4.0 - 5.0 - အန္တရာယ်အနည်းငယ်ရှိနိုင်ပြီး အထပ်မြင့်တွေမှာဆိုရင် ခံစားရနိုင်ပါတယ်။ သတိထားပြီး အနီးအနားက လုံခြုံရာနေရာကို ရွှေ့ပြောင်းနေထိုင်သင့်ပါတယ်။

(၃) ငလျင်ပြင်းအား 5.0 - 6.0 - အန္တရာယ်ရှိနိုင်ပြီး အထပ်မြင့်တွေမှာဆိုရင် ပြင်းထန်စွာခံစားရနိုင်ပါတယ်။ လှေကားကနေ ဆင်းပြေးဖို့ စဉ်းစားသင့်ပါတယ်။

(၄) ငလျင်ပြင်းအား 6.0 အထက် - ပြင်းထန်တဲ့ငလျင်ဖြစ်ပြီး အထပ်မြင့်တွေမှာဆိုရင် အန္တရာယ်များပါတယ်။ လှေကားကနေ စနစ်တကျ ဆင်းပြေးဖို့ လိုအပ်ပါတယ်။

ဆင်းပြေးရာမှာ သတိထားရမယ့်အချက်များ

(၁) အရေးပေါ်ထွက်ပေါက်ကို ကြိုတင်သိထားပါ။
(၂) အောက်ခြေထိ ရိုးရိုးလှေကားမှ လမ်းလျှောက်ဆင်းပါ၊ (ဓာတ်လှေကားကို မသုံးပါနဲ့)
(၃) ခေါင်းကို ကာကွယ်ပါ၊ လှေကားဆင်းရင်း ခေါင်းကို လက်နဲ့ကာကွယ်ပါ။
(၄) အနီးအနားက လုံခြုံရာနေရာကို ရွှေ့ပြောင်းနေထိုင်ပါ။

ငလျင်လှုပ်ပြီးနောက် အဆောက်အဦးထဲပြန်ဝင်ခြင်း မပြုပါနဲ့။ နောက်ဆက်တွဲငလျင်ငယ်များ (Aftershocks) လှုပ်နိုင်တာကြောင့် ဖြစ်ပါတယ်။ အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားပါ။ ငလျင်ကာကွယ်ရေးနဲ့ပတ်သက်ပြီး ပိုမိုသိရှိလိုပါက မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (DMH) ရဲ့ ညွှန်ကြားချက်များကို လိုက်နာသင့်ပါတယ်။

Address

Hpa-an

Alerts

Be the first to know and let us send you an email when PEDU youth network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to PEDU youth network:

Share