24/11/2022
Last week, between 16-18 November 2022, Health for All (HFA) conducted an eye screening mission and 2 reproductive health & rights (RHR) workshops in Kaw Moo Ra High School, Karen State, Burma. HFA completed vision tests with 488 students, 25 teachers, and 65 villagers. 42 recipients received eyeglasses and 5 will need eye surgery.
A total of 49 male students and 51 female students participated in the RHR workshops. Each female participant received reusable sanitary pad kits, while male participants were all given hygiene kits.
We would like to express our heartfelt appreciation to Burma Children Medical Fund Medical Fund for supporting this mission. We would also like to thank RedRocketship for supporting our RHR workshops. Finally, we would like to express our sincere thanks to all the volunteers who assisted us during the mission, and everyone who helped make this mission a success.
ပြီးခဲ့သည့်အပတ်၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်မှ ၁၈ ရက်အတွင်း လူတိုင်းအတွက်ကျန်းမာရေး (HFA)မှ မြန်မာနိုင်ငံ ကရင်ပြည်နယ်ရှိ ကော်မူးရာ အထက်တန်းကျောင်းတွင် မျက်စိစမ်းသပ်ခြင်းအစီအစဉ်နှင့် မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေး ဆိုင်ရာ (RHR)အလုပ်ရုံဆွေးနွေးပွဲ သင်တန်း ၂ ခုကိုအောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါသည်။ HFA သည် ကျောင်းသား ၄၈၈ ဦး၊ ဆရာ/ဆရာမ ၂၅ ဦး နှင့် ရွာသူရွာသား ၆၅ ဦးတို့အား အမြင်အာရုံစမ်းသပ်မှုပြုလုပ် အောင်မြင်စွာ ပြုလုပ်ပြီးဆုံးခဲ့ပါသည်။ မျက်မှန်လက်ခံရရှိသူ ၄၂ ဦးရှိပြီး လူနာ ၅ ဦးမှာမျက်စိခွဲစိတ်ကုသမှုလိုအပ်မည်ဖြစ်သည်။
RHR သင်တန်းကို ကျောင်းသား ၄၉ ဦးနှင့်ကျောင်းသူ ၅၁ ဦးတို့ တက်ရောက်ခဲ့ပါသည်။တက်ရောက်သူ ကျောင်းသူတိုင်း ပြန်လည်သုံးစွဲ နိုင်သည့် အမျိုးသမီး လစဥ်သုံး သန့်ရှင်းရေး ပစ္စည်း များ ရရှိခဲ့ကြပြီး ကျောင်းသားတိုင်းသည်လည်းတစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများလက်ခံရရှိခဲ့သည်။
ဤအစီအစဉ်ကို ကူညီပံ့ပိုးပေးခဲ့သော Burma Children Medical Fund အဖွဲ့အစည်း၊ RHR သင်တန်းအလုပ်ဖြစ်မြောက်အောင် ကူညီပံပိုးပေးသော RedRocketship အဖွဲအစည်းနှင့် ပါ၀င်ကူညီခဲ့သော စေတနာ့ဝန်ထမ်းတစ်ယောက်စီတိုင်း နှင့် ထောက်ပံကူညီသူအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါသည်။