ဟိုပုံးမြို့ သွေးလှူရှင် အသင်း

  • Home
  • Myanmar
  • Ho-pong
  • ဟိုပုံးမြို့ သွေးလှူရှင် အသင်း

ဟိုပုံးမြို့ သွေးလှူရှင် အသင်း မေတ္တာ စေတနာ ကရုဏာ မုဒိတာ လူမႈအက်ိဳးေ

12/05/2025

သက်ရှည်ကျန်းမာဖို့ စားသုံးဆီကို လျှော့စားစို့

“ပြင်ပလေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာ”
27/03/2025

“ပြင်ပလေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာ”

16/03/2025
ကျန်းမာရေးဝန်ကြီးဌာနပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲခရမ်းလွန်ရောင်ခြည်အန္တရာယ်ခရမ်းလွန်ရောင်...
16/03/2025

ကျန်းမာရေးဝန်ကြီးဌာန
ပြည်သူ့ကျန်းမာရေးဦးစီးဌာန
ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ

ခရမ်းလွန်ရောင်ခြည်အန္တရာယ်

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်မားစွာရှိနေသည့်အချိန်များတွင် ခရမ်းလွန်ရောင်ခြည်နှင့်ထိတွေ့ မှုကြောင့်နေလောင်ခြင်း၊ အသားအရောင်ညိုမဲလာခြင်းတို့ကိုဖြစ်စေနိုင်ပြီး ထိတွေ့မှုကာလကြာလာသောအခါ မျက်စိတိမ်စွဲခြင်း၊ အရေပြားများအရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းလာခြင်း၊ အရေပြားကင်ဆာ ဖြစ်ခြင်း စသည့်ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်။

ကာကွယ်နိုင်မည့်နည်းလမ်းများ

၁။ ခရမ်းလွန်ရောင်ခြည်မြင့်မားစွာကျရောက်နိုင်သည့် နံနက်(၁၀)နာရီမှညနေ(၄)နာရီအတွင်းတွင် နေရောင် ခြည်နှင့်တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ပါ။

၂။ အပြင်ထွက်ပါက မိမိအသားကိုနေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့မိစေရန် မျက်နှာ၊ လည်ပင်းနှင့်ပခုံးတို့ကို ပါလုံခြုံသော ထီး၊ ဦးထုပ်စသည်တို့ကို ဆောင်းသွားပါ။ ခရမ်းလွန်ရောင်ခြည် အလွယ်တကူမဖောက်နိုင်သော ချည်သားထူထူပွပွအဝတ်အထည်များကို ဝတ်ဆင်ပါ။ ခရမ်းလွန်ရောင်ခြည်သည် မျက်စိကိုလည်းထိခိုက်စေ နိုင်သဖြင့် ခရမ်းလွန်ရောင်ခြည်ကို (၉၉)%အထိ အကာအကွယ်ပေးနိုင်သည့် နေကာမျက်မှန်ကိုတပ်ဆင်ပါ။ ၃။ အဝတ်ကင်းလွတ်နေသောလက်၊လည်ပင်းနှင့်ပခုံးစသည့်နေရာများကို သနပ်ခါးထူထူ(သို့မဟုတ်)SPF ၁၅+ ပါဝင်သောနေရောင်ခံလိမ်းဆေးကို နေရောင်ခြည်ထဲမထွက်မီ (၁၅)မိနစ်ခန့်ကြိုလိမ်းပါ။ နေရောင်ခံလိမ်းဆေး တစ်ခါလိမ်းပြီး (၂)နာရီကြာပြီးတိုင်း တစ်ခါထပ်၍ လိမ်းပေးပါ။

၄။ ကလေးငယ်များနှင့်သက်ကြီး ဘိုးဘွားများသည် ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို ပိုမိုခံစားရနိုင်သဖြင့် အထူးဂရုပြုဆင်ခြင်ရန် လိုအပ်ပါသည်။ အသက်တစ်နှစ်အောက်ကလေးငယ်များကို နေပူထဲသို့ခေါ်ဆောင်ခြင်း မပြုပါနှင့်၊ ကလေးများကို အရိပ်ထဲတွင်သာ ကစားစေပါ။

နေရောင်ခြည်နှင့်မထိတွေ့စေရန်ထီး၊ ဦးထုပ် ဆောင်းပါ။

ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ပါ။

နေပူထဲသွားပါက နေကာမျက်မှန် တပ်ဆင်ပါ။

နေပူထဲသွားပါက နေရောင်ခံလိမ်းဆေး လိမ်းပါ။

မတ်လ၊ ၂၀၂၅ခုနှစ်

ပြည်သူ့ကျန်းမာရေးဦးစီးဌာနအသည်းရောင်အသားဝါ(အေ) ရောဂါ ကြိုတင်ကာကွယ်ပါအသည်းရောင်အသားဝါ(အေ)ရောဂါသည် အသည်းရောင်အသားဝါဗိုင်းရပ...
02/03/2025

ပြည်သူ့ကျန်းမာရေးဦးစီးဌာန

အသည်းရောင်အသားဝါ(အေ) ရောဂါ ကြိုတင်ကာကွယ်ပါ

အသည်းရောင်အသားဝါ(အေ)ရောဂါသည် အသည်းရောင်အသားဝါဗိုင်းရပ်စ်(အေ)ရောဂါပိုးကြောင့်ဖြစ်ပွားပြီး အလွယ် တကူ ကူးစက်တတ်စေ၍ ကပ်ရောဂါအသွင်လည်း ဖြစ်ပွားနိုင်ပါသည်၊ အသက်အရွယ်မရွေး ဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် ကလေးများတွင် ပိုမိုဖြစ်ပွားတတ်ပါသည်။

ရောဂါကူးစက်နိုင်သည့်နည်းလမ်းများ

ရောဂါပိုးရှိသူ ခန္ဓာကိုယ်မှထွက်သော အညစ်အကြေးများပါရှိနေသော မသန့်ရှင်းသည့်အစားအသောက်များကို စားသောက်မိခြင်း၊

အသည်းရောင်အသားဝါ(အေ)ရောဂါပိုးရှိသူလူနာနှင့် အနီးကပ်ထိတွေ့ခြင်း၊ ပြုစုခြင်း။

ရောဂါလက္ခဏာများ

ဖျားခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အသားဝါခြင်း၊ မျက်လုံးဝါခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ ဝမ်းအရောင်ဖျော့ခြင်းနှင့် အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း၊

ပြင်းထန်စွာအသည်းရောင်ပါက ရုတ်တရက်အသည်းပျက်စီး၍ အသက်အန္တရာယ်ထိခိုက်နိုင်ပါသည်၊

အသည်းရောင်အသားဝါ (ဘီ) သို့မဟုတ် (စီ) ရောဂါပိုးရှိသူများ၊ အိပ်ခ်ျအိုင်ဗွီပိုးရှိသူများတွင် ရောဂါဖြစ်ပွားပါက ပိုမိုပြင်းထန်စွာခံစားရနိုင်ပါသည်။

ကာကွယ်နိုင်မည့်နည်းလမ်းများ

တစ်ကိုယ်ရေသန့်ရှင်းရေးသတိပြုပါ၊ လက်ကို ဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောခြင်းကို အစားအစာများကို မကိုင်တွယ်မီ၊ မချက်ပြုတ်မီ၊ အစာမစားမီနှင့် အိမ်သာ အသုံးပြုပြီးတိုင်း ဆောင်ရွက်ပါ၊

အစားအစာများအား မချက်ပြုတ်မီ သန့်ရှင်းသောရေဖြင့် စင်ကြယ်စွာဆေးကြောပါ၊

ဆူပွက်သည်အထိကျိုချက်ထားသည့်ရေ သို့မဟုတ် ရေသန့်စင်ဆေးပြားအသုံးပြုသန့်စင်ထားသည့်ရေ သို့မဟုတ် FDA အသိအမှတ်ပြုရေသန့်ကို သောက်သုံးပါ၊

အစားအစာများအား အစိမ်းစားသုံးခြင်းမှ ရှောင်ကြဉ်ပါ၊ ယင်နားစာများကို စားသုံးခြင်းမှ ရှောင်ကြဉ်ပါ၊

အိမ်သာနှင့် မိလ္လာကန်များ ယိုစိမ့်မှုမရှိစေရန်သတိပြုပါ၊ ယင်လုံအိမ်သာ သုံးစွဲပါ၊

ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ရန် အစားအသောက်ရောင်းချသူများတွင် ရောဂါဖြစ်ပွားပါက အရေပြားနှင့် မျက်သားဝါပြီးနောက် အနည်းဆုံး (၁၀)ရက်ကြာသည်အထိ အစားအသောက် ကိုင်တွယ်ရောင်းချခြင်းအား ရပ်နားပါ။

ဖျားခြင်း၊ အရေပြားနှင့် မျက်သားဝါခြင်း စသည့် အသည်းရောင်အသားဝါ(အေ)ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ပြသပါ။

မတ်လ၊ ၂၀၂၅

23/09/2024
ရေဘေးဖြစ်နေတာ မကြည့်ရက်ဘူးတဲ့ဘယ်လိုကူရမလဲတဲ့?ဘယ်သူမဆို ကူလို့ရတဲ့နည်းတွေပြောပြပေးချင်တယ်ရှင်။ #အိမ်ကခွင့်ပြု၊ကျန်းမာရေးက...
17/09/2024

ရေဘေးဖြစ်နေတာ မကြည့်ရက်ဘူးတဲ့
ဘယ်လိုကူရမလဲတဲ့?ဘယ်သူမဆို ကူလို့ရတဲ့နည်းတွေပြောပြပေးချင်တယ်ရှင်။

#အိမ်ကခွင့်ပြု၊ကျန်းမာရေးကောင်း၊ ကိုယ့်ကိုယ်ကိုယ်စောင့်ရှောက်နိုင်တယ်ဆို
လုပ်အားကူ။
ရေဘေးဖြစ်နေတဲ့နေရာမှာ ကူချင်စရာ ကူရမှာတွေမှ
အများကြီးပဲ။
လှေပေါ်လိုက်မှ ကယ်ဆယ်ရေးမဟုတ်။
အမှိုက်တွေကူရှင်းပေးမလား
ထမင်းကူချက်ပေးမလား
လာကူတဲ့ကားတွေ ချိုင့်မကျအောင်
လမ်းအမှတ်အသားပြပေးမလား
စက်လှေဆီအတွက် ဆီဆိုင်နေရာပြပေးမလား
ထမင်းထုပ်ဝေကူမလား
ကယ်လာတဲ့ရေဘေးသင့်သူတွေကို စိတ်ဓာတ်မကျဖို့
ကယ်ဆယ်ရေးခန်းမှာ လက်လေးကိုင်ပြီးအားပေးစကား
ပြောပေးမလား၊
ကားတွေ ဆိုင်ကယ်တွေ အိမ်သုံးပစ္စည်းတွေ
ရေနစ်ကုန်တာ ဝိုင်းသယ်ကူမလား
အားလုံးက လုပ်ပေးသင့်စရာတွေချည်းပါပဲ။

#အိမ်ကခွင့်မပြု၊ ကျန်းမာရေးမကောင်း၊
ကိုယ့်ကိုယ်ကိုယ် မစောင့်ရှောက်နိုင်ရင်
ငွေအားကူ
ငွေ ၁၀၀၀ လဲ ခွန်အားပဲ
ငွေ ၁၀၀၀၀၀ လဲ ခွန်အားပဲ
နိုင်သလောက်ကူပေးလိုက်ရင်ကို အတိဒုက္ခရောက်နေသူတွေမှာ
ဝမ်းသာမဆုံးနိုင်တဲ့ ကောက်ရိုးလေးတမျှင် ရသွားတာပါပဲ။
ကောက်ရိုးလေးတွေ စုကြရင်
ခွန်အားကြီးတဲ့ မှီတည်ရာ ရသွားကြမှာပါ။

#ငွေအားမကူနိုင်ရင်
Share တစ်ချက်နဲ့ကူ။
အကူညီလိုအပ်သူတွေ အကူညီပေးနေသူတွေအကြား
ကိုယ့် share တစ်ချက်နဲ့ ကုသိုလ်တွေ စုလို့ရပါတယ်။
သတင်းစကားတစ်ခုနဲ့
လူ့အသက်တချက်ကယ်လိုက်မိတာလဲ ဖြစ်နိုင်သလို
လု့အသက်ရာချီကယ်လိုက်နိုင်တာလဲ ဖြစ်သွားနိုင်ပါတယ်။
အခြားအရာတွေ ကိုယ်ကြည့်နေ သုံးနေတဲ့ထဲကမှ
အကူအညီပေးနိုင်မယ့်အရာတွေဆို
ကူ share ပေးပါ။
Share ၁၀ ခု ထဲက တစ်ခုပဲ အကူအညီရသွားပါစေဦး
ဘယ်လောက်တန်ဖိုးရှိလိုက်တဲ့ အခမဲ့ကုသိုလ်လဲ။
အိပ်နေရင်းထိုင်နေရင်းက ကူလို့ရတဲ့အရာပါ။

#သတင်းမှားမတင်ခြင်းဖြင့်ကူ။
နံမည်ကြီးချင်ဇော၊ follower တက်ချင်ဇောနဲ့
ဒုက္ခရောက်နေသူတွေကို အသုံးမချပါနဲ့။
တစ်သံသရာလုံး အသုံးချခံ play ချခံ ဘဝကြီးနဲ့
ဝဋ်တွေပါလည်ကုန်မှာနော်
ကျိန်စာတိုက်တာမဟုတ်ဘူး။
ဘယ့်နှယ့် အပူသောကဖြစ်နေကြပါတယ်ဆို
မဖြစ်နိုင်တဲ့ သတင်းမှား သတင်းတုနဲ့
မျှော်လင့်ချက်အတုတွေပေးတဲ့ အကုသိုလ်တွေ မယူကြပါနဲ့။
သံသရာတလျှောက်လုံး အတုများသာပိုင်ဆိုင်သော
ဘဝပိုင်ရှင်များဆိုပီး ဖြစ်ကုန်ကြလိမ့်မယ်နော်။

#မခိုးခြင်းဖြင့်ကူ

ခုချိန်က လုပ်စားလို့အကောင်းဆုံးအချိန်ပါ၊
စိတ်အား လူအား ငွေအား အချိန်အား
ဒီအားတွေ စိုက်ထုတ်ကူနေသူလဲ ရှိကြသလို
အပူစာမကြောက် ရေဘေးဆိုပီးလှူတဲ့ငွေတွေကို
ကိုယ်ကျိုးသုံးပစ်တာမျိုး လုပ်ကြသူတွေလဲ ရှိနိုင်တာမို့
အဲ့လို မလုပ်ခြင်းဖြင့်လဲ ကူကြပါ။
သံသရာတလျှောက် ကိုယ်ပိုင်တဲ့ပစ္စည်း
သူများခိုးလို့ချည်းကုန်တဲ့ စိတ်ဆင်းရဲမှုကို မခံစားချင်ရင်
မခိုးခြင်းဖြင့်ကူ။

#ကိုယ်နေ့စဉ်တင်နေကြ အခြားသောအကြောင်းအရာလေးတွေ
အနည်းငယ်လောက်လျှော့ပီး ရေဘေးအကူအညီပိုစ့်လေးတွေ
ဆက်တိုက်တင်ပေးခြင်းဖြင့်ကူ
ဘာလို့ဒီလိုပြောသလို Fb က ကိုယ်တင်သမျှကို
လူတိုင်းမသိနိုင်ဘူး။
ရေဘေးအတွက် များများထိရောက်ချင်ရင်
များများတင်ပေးမှ reach ပိုများမယ်။
လူပိုသိပီး ပိုကူညီနိုင်မယ်ရှင်။
ရေဘေးပီးရင် ကျမတို့အရင်တင်နေကျအတိုင်း
လွတ်လွတ်လပ်လပ်ပြန်တင်ကြစို့လား။

အခုပြောပေးတာတွေက အခြေခံလူတိုင်းကူနိုင်တာလေးတွေပါ။

အိုကွယ် တစ်ကယ်က ကူစရာတွေ ပေါပါတယ်။
အဓိက အခြေခံအကူဆိုတာ
"ကိုယ်ချင်းစာတရား" အကူပါ။

ချစ်ခြင်းအားဖြင့်/
Credit to
အိအိခိုင်

Photo credit

သတိပြုဖွယ် အချိုမှုန့်အန္တရာယ်
06/06/2024

သတိပြုဖွယ် အချိုမှုန့်အန္တရာယ်

နေ့စဉ်ဘဝတွင် ပုံမှန်စားသုံးသင့်သည့် ထမင်းတစ်ပန်းကန်စာနမူနာ(Plate Model for Balanced Diet)ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်...
08/04/2024

နေ့စဉ်ဘဝတွင် ပုံမှန်စားသုံးသင့်သည့် ထမင်းတစ်ပန်းကန်စာနမူနာ

(Plate Model for Balanced Diet)

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ

ခရမ်းလွန်ရောင်ခြည်အန္တရာယ်
02/04/2024

ခရမ်းလွန်ရောင်ခြည်အန္တရာယ်

လေဖြတ် ကာကွယ်ဆေး ထိုးကြမလား??လေဖြတ် ရောဂါကို ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရတယ်ဆိုတာ ကြားဖူးပါသလား။ ပတ်ဝန်းကျင်မှာရော သူမျ...
04/03/2024

လေဖြတ် ကာကွယ်ဆေး ထိုးကြမလား??

လေဖြတ် ရောဂါကို ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရတယ်ဆိုတာ ကြားဖူးပါသလား။ ပတ်ဝန်းကျင်မှာရော သူများတွေသွားထိုးတာကို မြင်ဖူးပါသလား။ သွေးတိုးရောဂါရှိနေတာ လေမဖြတ်အောင် ကာကွယ်ဆေးသွားထိုးပါလားလို့ အပြောခံရဘူးလား။ တကယ်ပဲ ကာကွယ်လို့ရတယ်လို့ထင်ပါသလား။

တစ်ခါတစ်ခါ သိန်းချီပေးပြီးထိုးနေရတဲ့ ဒီကာကွယ်ဆေးတွေက တကယ်ပဲ မကာကွယ်နိုင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဖြစ်များတဲ့၊ အသက်အန္တရာယ်ရှိတဲ့ လေဖြတ် ရောဂါကို ကာကွယ်ချင်တာ လူတိုင်းရဲ့ ဆန္ဒပါ။ ဒါပေမယ့် တကယ့်ကာကွယ်နည်းက သပ်သပ်ရှိနေပါတယ်။ ဒါဘာလဲဆိုတာ ဆက်ကြည့်ရအောင်။

💠 လေဖြတ် တယ်ဆိုတာဘာလဲ

လေဖြတ် တယ်ဆိုတာ ဦးနှောက်ကို သွေးကောင်းကောင်းမရောက်လို့ ဦးနှောက်သားပုပ်သွားတာပါ။ သွေးကြောပေါက်လို့ ဖြစ်နိုင်သလို၊ သွေးခဲပိတ်လို့လည်း ဖြစ်နိုင်ပါတယ်။ အသက်အန္တရာယ်မထိခိုက်ရင်တောင်မှ အားလုံးသိတဲ့အတိုင်း လူက အကောင်းအတိုင်းပြန်ဖြစ်ဖို့ တော်တော်အချိန်ယူရမှာပါ။

💠 ဘယ်သူတွေပိုဖြစ်နိုင်လဲ

▫ အဝလွန်တဲ့သူတွေ
▫ အရက်အလွန်အကျွံသောက်တဲ့သူတွေ
▫ ဆေးလိပ်သောက်တဲ့သူတွေ
▫ မူးယစ်ဆေးသုံးတဲ့သူတွေ
▫ သွေးတိုးတဲ့သူတွေ
▫ ကိုလက်စထရောများတဲ့သူတွေ
▫ ဆီးချိုရောဂါရှိသူတွေ
▫ အိပ်ဟောက်ရှူရပ်ရောဂါရှိတဲ့သူတွေ
▫ မျိုးရိုးရှိတဲ့သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။

💠 လေဖြတ် ကာကွယ်ဆေး ဆိုတာဘာလဲ

ခုပတ်ဝန်းကျင်မှာ ထိုးထိုးနေကြတဲ့ လေဖြတ်ကာကွယ်ဆေးဆိုတာ တကယ်တော့ အလွယ်ပြောရရင် ဦးနှောက်အားဖြည့်ဆေးလို့ပြောလို့ရပါတယ်။ တချို့က အတက်ကျဆေးတွေ၊ မှတ်ဉာဏ်မေ့တာကို ကုသတဲ့ ဆေးတွေပါ။ အများဆုံးသုံးကြတာတော့ -

- Citicoline
- Piracetam
- Cerebrolysinစတဲ့ ဆေးတွေပဲဖြစ်ပါတယ်။ ဒီဆေးတွေမှာ ဘာအာနိသင်ရှိလို့ ဒီလိုသုံးရတာလဲဆိုတာ ဆက်ကြည့်ရအောင်။

♦ Citicoline

Citicolineဆိုတာ ဦးနှောက်မှာ ပုံမှန်လည်း ရှိနေတဲ့ ဓာတ်တစ်မျိုးပါ။ စားဆေးရော၊ ထိုးဆေးရောလာပါတယ်။ သူက မှတ်ဉာဏ်ချို့တဲ့တာ၊ ပါကင်ဆန်ရောဂါ၊ အယ်ဇိုင်းမားရောဂါ၊ မျက်စိတိမ်စွဲတာတွေမှာသုံးပါတယ်။ သူ့ကို dietary supplement (ဖြည့်စွက်စာ)အနေနဲ့ သုံးပါတယ်။ အလွယ်ပြောရရင် ဦးနှောက်အားဆေးပေါ့။ အသက်ကြီးတဲ့သူတွေမှာ ဒီဓာတ်နည်းတယ်လို့ ယူဆတဲ့အတွက် ဖြည့်စွက်စာအနေနဲ့ ပေးကြတာပါ။ လေဖြတ်တဲ့နေရာမှာ မသုံးဘူးလားဆိုတော့ လေဖြတ်ပြီးလို့ မြန်မြန်သက်သာလာစေဖို့အတွက်တော့ သုံးကြပါတယ်။ ဒါပေမယ့် သူက လေဖြတ်တာကို ကုသတဲ့နေရာမှာ အဓိကဆေးမဟုတ်သလို လေဖြတ်တာကိုလည်း မကာကွယ်နိုင်ပါဘူး။

♦ Piracetam

Piracetamဆိုတာ အလွယ်ပြောရရင် အာရုံကြောဆေးပါပဲ။ ဘယ်မှာသုံးလဲဆိုတော့ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကောင်းဖို့၊ ဆဲလ်တွေကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ သုံးတာပါ။နောက်ပြီး စာရေးစာဖတ်ခက်ခဲတဲ့ရောဂါ၊ အတက်ရောဂါတွေ၊ မှတ်ဉာဏ်ချို့တဲ့တဲ့ရောဂါနဲ့ အယ်လ်ဇိုင်းမားရောဂါတွေမှာလည်းသုံးပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် လေဖြတ်ရောဂါအတွက် ဒီဆေးက ဘာမှမလုပ်ပေးနိုင်ဘူးဆိုတာတွေ့ရမှာပါ။

♦ Cerebrolysin

Cerebrolysinဆိုတာလည် အလွယ်ပြောရရင်ဦးနှောက်အားတိုးဆေးပဲဖြစ်ပြီး အမိုင်နိုအက်စစ်နဲ့ ပရိုတင်းတွေပါဝင်ပါတယ်။ သူက ဦးခေါင်းဒဏ်ရာရပြီးတဲ့ နောက်မှာ မြန်မြန်နာလန်ထူအောင်၊ မှတ်ဉာဏ်ချို့တဲ့တာသက်သာအောင် (ဒါကလည်း သေချာသက်သေမပြရသေးပါဘူး)၊ အယ်လ်ဇိုင်းမားရောဂါသက်သာအောင်ဆိုပြီး သုံးကြတာပါ။ နောက်ပြီး လေဖြတ်ပြီးတဲ့သူတွေမှာ မြန်မြန်နာလန်ထူအောင် ထောက်ပံ့တဲ့အနေနဲ့ သုံးကြတာပါ။ ကုသတဲ့နေရာမှာရော၊ ကာကွယ်တဲ့နေရာမှာရော သုံးလို့မရပါဘူး။

🔴 ဒါဆိုရင် လေဖြတ် တာကို တကယ်ကာကွယ်နိုင်တဲ့ နည်းတွေက ဘာတွေလဲ။
အောက်ကနည်းလမ်းတွေက လေဖြတ်တာကို လုံးဝကြီးမဟုတ်တောင် တော်တော်ကြီးကာကွယ်နိုင်ပါတယ်။ အဲ့တာတွေကတော့ -

🔹သွေးတိုးထိန်းပါ။
🔹 သွေးတွင်းအဆီနည်းအောင်နေပါ။
ဆေးလိပ်ဖြတ်ပါ။
🔹 ဆီးချိုထိန်းပါ။
🔹 ကိုယ်အလေးချိန်ထိန်းပါ။
🔹 လတ်ဆတ်တဲ့ အသီးအရွက်တွေ၊ အသီးအနှံတွေစားပါ။
🔹 လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
🔹 အရက်လျှော့သောက်ပါ။
🔹 အိပ်ဟောက်ရှူရပ်ရောဂါရှိရင်ကုသပါ။
🔹 မူးယစ်ဆေးမသုံးပါနဲ့။

💠 လေဖြတ်ကာကွယ်ဆေး တကယ်ရှိသလား

လေဖြတ်ကာကွယ်ဆေးဆိုတာ ခုထက်ထိတော့ မရှိသေးပါဘူး။ အပြင်မှာ စျေးကြီးပေးပြီးထိုးနေကြတဲ့ ကာကွယ်ဆေးဆိုတာ တကယ်တော့ ဦးနှောက်အားတိုးဆေးလို့ပဲ ပြောရမှာပါ။ ဦးနှောက်ဆဲလ်တွေအလုပ်ကောင်းကောင်းနိုင်အောင် ကူညီပေးတာပါ။

ဦးနှောက်ဆဲလ်တွေ ကောင်းကောင်းအလုပ်နေရုံနဲ့ လေမဖြတ်တော့တာမဟုတ်ပါဘူး။ လေဖြတ်စေတဲ့ အချက်တွေကို လျှော့ချနိုင်မှသာ ကာကွယ်နိုင်မှာပါ။ ဒါကြောင့် နည်းလမ်းအမှားတွေကို ရှောင်ကြဉ်ပြီး တကယ်ကာကွယ်နိုင်တဲ့နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။ ။

Address

Ho-Pong

Telephone

+959982042831

Website

Alerts

Be the first to know and let us send you an email when ဟိုပုံးမြို့ သွေးလှူရှင် အသင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ဟိုပုံးမြို့ သွေးလှူရှင် အသင်း:

Share