PKU - Monastic Education School

PKU - Monastic Education School This is the Monastic Education School for those who are in need of Education.

06/01/2026

ကာမေသုကံ

16/12/2025

တူမျှဝေ

15/12/2025

ပစ္စည်းလေးပါးအလှူရှင်များအား
မေတ္တာပို့

မူလတန်း( KG to G5)အဆင့်ကျောင်းမှမူလတန်းလွန်(KG to G8)အဆင့်ကျောင်းသို့အဆင့်တိုးလျှောက်ထားမှုအားသာသနာရေးနှင့်ယဉ်ကျေးမှုဝန်...
27/05/2025

မူလတန်း( KG to G5)အဆင့်ကျောင်းမှ

မူလတန်းလွန်(KG to G8)အဆင့်ကျောင်းသို့

အဆင့်တိုးလျှောက်ထားမှုအား

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရုံး

နေပြည်တော်ရုံးချုပ်မှအဆင့်တိုးခွင့်ပြု

လျှောက်ထားစာကျရောက်လာပါပြီ

ထို့ကြောင့်

(2025/2026)ပညာသင်နှစ်မှစတင်၍

KGအဆင့်ကလေးများမှ

G8အဆင့်ကလေးများထိ

မိမိရဲ့ကျောင်းမှာ

ပညာသင်ကြားပေးခွင့်ရရှိပါပြီ

အားလုံးဝမ်းမြောက်ဝမ်းသာဖြင့်

သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေ

#🙏🙏🙏 #
ငါသည် တနေ့ မုချသေရမည်
မသေခင်မှာ ငါ့ပြည်ငါ့ရွာ ငါ့သာသနာနှင့်
ငါ့နှင့်နီးရာ လူများစွာကို
ငါသာထမ်းပိုး စွမ်းအင်ကိုးလို့
ငါကျိုးမဖက် လူကဲ့ရဲ့လဲ
မငဲ့မစောင်း ဓိဋ္ဌာန်အောင်း၍
မကောင်းလဲကယ် ကောင်းလဲဆယ်မည်
ငါသည်လူဖြစ်ရကျိုးနပ်စေသတည်း။

#ဗန်သောပါက
#ခေတ်တအမေရိကန်
(May 27,2025)

06/02/2025
31/01/2025

2024/2025 ပညာသင်နှစ် စုံညီပွဲတော်

 #သာသနဇောတိပါလပခုက္ကူဘကကျောင်းဆရာ/မများအတွက်ဦးဇင်းတစ်ပါးတည်းသာရုန်းကန်ရှာဖွေ၍လစဉ်ထောက်ပံ့ပေးနေရသည့်ပညာရေးပါရမီကုသိုလ်ဒါ...
25/12/2024

#သာသနဇောတိပါလပခုက္ကူဘကကျောင်း
ဆရာ/မများအတွက်
ဦးဇင်းတစ်ပါးတည်းသာ
ရုန်းကန်ရှာဖွေ၍
လစဉ်ထောက်ပံ့ပေးနေရသည့်
ပညာရေးပါရမီကုသိုလ်ဒါနတစ်ခုပါ

၁။လက်ထောက်ကျောင်းအုပ်ဆရာတော်
{လစဉ်နဝကမ္မ} (၁)သိန်း
၂။ဘကကျောင်းအုပ်ဦးဟန်နိုင်ထွန်း (၃)သိန်း
၃။အထွေထွေတာဝန်ခံဆရာမဒေါ်ဆုမြတ်ဝေ (၃)သိန်း
၄။ဒေါ်ခင်မာလာကျော် (၂)သိန်း
၅။ဒေါ်စောမြတ်နွယ် (၂)သိန်း
၆။ဒေါ်ဇင်ဇင်ငြိမ်း (၂)သိန်း

စုစုပေါင်း ဆရာ/မ လစာ တစ်လလျှင် (၁၃)သိန်း

အခြားအခြားသော
ကုန်ကျစရိတ်များဖြစ်သည့်
ရေဖိုး မီးဖိုး အာရုံဆွမ်းနဲ့
စာသင်ကျောင်းသင်ထောက်ကူပစ္စည်းများ
မပါသေးပါပဲလျှက် တစ်လကို(၁၃)သိန်းကုန်ကျပါသည်

#ဘကကျောင်းတာထူထောင်ထားသည်

ပခုက္ကူအလယ်တိုက်ကြီးနဲ့
မန္တလေးမစိုးရိမ်တိုက်ကြီးရဲ့
စာသင်သားဘဝကနေထွက်ထွက်ချင်း
တစ်ခါထဲကျောင်းတန်းထူထောင်သည့်
ဦးဇင်းငယ်တစ်ပါးဖြစ်နေသည့်အတွက်

အမာခံထောက်ပံ့ပေးမည့်
ကျောထောက်နောက်ခံ
ဒကာ/မ မရှိ
အဖွဲ့အစည်းနောက်ခံကလဲ မရှိပါ

ထို့ကြောင့်
တစ်ယောက်တည်းသာ
ရုန်းလာသည့်ကာလက
ခုဆိုသုံးနှစ်ပင်ကျော်ခဲ့ပါပြီ

2022/2023 ပညာသင်နှစ်ကစလို့
ဘကကျောင်းဖွင့်ပြီး ထောက်ပံ့လာခဲ့ရတာ
တစ်ယောက်တည်းဆိုတော့
အလွန်အင်မတန်ပင်ပန်းပါ၏

ဘယ်လောက်ပင်
ပင်ပန်းပါစေ

ဘယ်လောက်ပင်
ကုန်ကျပါစေ

ဤကျောင်းကနေ
ရှင်ကောင်း သာမဏေကောင်း
ရဟန်းကောင်းများပေါ်ထွက်၍

နိုင်ငံအတွက်အကျိုးပြုနိုင်မည့်
သားကောင်း သမီးကောင်းလေးတွေ
ပေါ်ထွက်လာမည်

ဆင်းရဲဒုက္ခရောက်နေကြသည့်
မြန်မာနိုင်ငံအနှံ့အပြားက
ကလေးများအတွက်
မှီခိုလို့ရသည့်နေရာဌာနတစ်ခုဖြစ်မည်ဆိုလျှင်
ဦးဇင်းကျေနပ်ပါ၏

မိမိကိုယ်တိုင်ကျောင်းထိုင်ဘဝဖြင့်
မနေရသည့်တိုင်
ကြည်နူးလို့မဆုံးသည့်ပီတိများဖြင့်
သာဓုအကြိမ်ကြိမ်
ခေါ်ဆိုနေမည်ဖြစ်ပါ၏

ဤကျောင်းကနေ
ရှင်ကောင်း သာမဏေကောင်း
ရဟန်းကောင်းများပေါ်ထွက်လာဖို့

နိုင်ငံအတွက်အကျိုးပြုနိုင်မည့်
သားကောင်း သမီးကောင်းလေးတွေ
ပေါ်ထွက်လာဖို့အတွက်

ရဟန်းသာမဏေများနှင့်
ကျောင်းသားကျောင်းသူများကို
ဆုံးမသွန်သင်ပေးနိုင်ရုံမျှမက

အဝေးကနေခေါင်းဆောင်အုပ်ချုပ်နေရသည့်
ဦးဇင်းရဲ့အမှားတွေကိုပါထောက်ပြ၍
ဦးဇင်းရဲ့လိုအပ်ချက်တွေကိုပါ
လမ်းညွှန်ပြောဆိုဆုံးမပေးနိုင်မည့်
ခေါင်းဆောင်ကောင်းတွေကို
ထပ်ပြီးရှာမှီးနေပါ၏

တစ်ယောက်ထဲကြိုးစားနေခြင်းထက်
အသင်းအဖွဲ့အစည်းနဲ့ကြိုးစားခြင်းက
ပို၍အကျိုးကြီးသည်
ရေရှည်တည်မြဲသည်မဟုတ်လော

ထို့ကြောင့်
ပြုပြီးသမျှပညာဒါန ပညာပါရမီကုသိုလ်
ပြုလုပ်ဆဲပညာဒါန ပညာပါရမီကုသိုလ်
ပြုလုပ်အားထုတ်နေအုံးမည့် ပညာဒါန ပညာပါရမီကုသိုလ်များကို တွေးမိတိုင်းပျော်ရွှင်မိပါ၏

သို့သော်
ဦးဇင်းသည်
ကိုယ်တိုင်ချမ်းသာဖို့
ကိုယ်တိုင်ကျန်းမာဖို့ထက်

ဤကျောင်းတိုးတက်ဖို့
ဤကျောင်းမှာနေသည့်ရဟန်းသာမဏေများနှင့်
ကျောင်းသား/သူများ ပြည့်ပြည့်စုံစုံနဲ့ ပညာသင်ကြားခွင့်ရဖို့ တိုးတက်ပြည့်စုံဖို့သာ
အဓိကထားသည့်အတွက်ကြောင့်

ဤကျောင်းတိုက်မတိုးတက်သေး၍
ပြည့်ပြည့်စုံစုံနဲ့ကလေးတွေကို
မပြုစုမပျိုးထောင်ပေးနိုင်သေးသ၍

ဦးဇင်းဘာဖြစ်ဖြစ်
ပြန်မလာသေးပါ

အားလုံးကိုသတိရလျှက်
အရှင်သောပါက{ခေတ္တ အမေရိကန်}

သားသမီးနဲ့မိဘညီနဲ့အကိုမောင်နဲ့နှမအချင်းများကြရင်ဖြင့်သူစိမ်းများဝမ်းသာကြ၍ပွဲလန့်တုန်းဖျာခင်းကာအခွင့်အရေးဝင်ယူတာခံကြရလိမ်...
03/12/2024

သားသမီးနဲ့မိဘ
ညီနဲ့အကို
မောင်နဲ့နှမ
အချင်းများကြရင်ဖြင့်
သူစိမ်းများဝမ်းသာကြ၍
ပွဲလန့်တုန်းဖျာခင်းကာ
အခွင့်အရေးဝင်ယူတာခံကြရလိမ့်မည်

မိသားတစ်စု
အိမ်တစ်အိမ်
မညီညွတ်ကြရင်ဖြင့်
အိမ်နီးနားချင်းများပျော်ရွှင်ကြ၍
ရေနစ်သူဝါးကူထိုးကာ
အိမ်ထောင်စုပြိုကွဲသည်အထိ
ပျက်စီးကြရလိမ့်မည်

အိမ်နီးနားအချင်းချင်း
မသင့်မြတ်ကြရင်ဖြင့်
အရေးကြုံသည့်အခါ
ကူကယ်ရာမဲ့ဖြစ်ကြပေလိမ့်မည်

ရွာသူရွာသားအချင်းချင်း
မညီညွတ်ကြလေရင်ဖြင့်
ဘေးရွာသားများအားရဝမ်းသာဖြစ်၍
ရပ်ရွာတိုးတက်ရေးနှောက်နှေးကြလိမ့်မည်

ရွာနားနီးအချင်းချင်း
ကူးသွားကူးလာမရှိကြလေရင်ဖြင့်
စီးပွားရေးကြီးပွားရေးများထိခိုက်၍
လူနေမှုဘဝဆုတ်ယုတ်မှုများကြုံကြရလိမ့်မည်

ကိုယ့်လူမျိုး ကိုယ့်ဘာသာဝင်အချင်းချင်း
သွေးကွဲကာမညီညွတ်ကြရင်ဖြင့်
အခြားလူမျိုး အခြားဘာသာဝင်များ၏
သပ်လျှိုသွေးထိုးခြင်းခံရ၍
လူမျိုးနဲ့ဘာသာပျက်စီးဆုံးရှုံးမှုများကြုံကြရလိမ့်မည်

ကိုယ့်နိုင်ငံသူ ကိုယ့်နိုင်ငံသားအချင်းချင်း
သွေးမစည်း မညီညွတ်ကြရင်ဖြင့်
အိမ်နီးချင်းနိုင်ငံများကျေနပ်အားရ၍
နယ်မြေဆုံးရှုံးမှု စီးပွားပျက်စီးမှုများဖြစ်လျက်
ကျွန်ပြုခြင်းကိုခံကြရလိမ့်မည်

အကျိုးလို၍ ညောင်ရေလောင်းသည့်ကူညီမှုများကို
သတိတရားဖြင့်ခံယူနိုင်ကြပြီး
မိမိ၏မိသားစု
မိမိ၏ရပျရှာ
မိမိ၏နယ်မြေ
မိမိ၏လူမျိုး
မိမိ၏ဘာသာ
မိမိ၏နိုင်ငံကို
ဒုက္ခမရောက်အောင်
မပျောက်မပျက်အောင်
အဖျက်အစီး မခံရလေအောင်
ကာကွယ်စောင့်ရှောက်နိုင်ကြပါစေ

 #သာသနာ့မြေအလှူရှင်များနှင့် #ကျောင်းဒါယကာဒါယိကာမများ #ကြည်နူးဝမ်းသာသာဓုခေါ်နိုင်ကြစေရန်မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေ...
06/09/2024

#သာသနာ့မြေအလှူရှင်များနှင့်
#ကျောင်းဒါယကာဒါယိကာမများ
#ကြည်နူးဝမ်းသာသာဓုခေါ်နိုင်ကြစေရန်

မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာ
သာသနဇောတိပါလပခုက္ကူ{ဘက}ကျောင်း
သာသနာ့မြေတိုးချဲ့နိုင်ရေးအတွက်
{လောကုတ္တရာပညာ လောကီပညာ နှစ်ရပ်ကိုယှဉ်တွဲ၍
မူလတန်း{ဘက}ကျောင်းအဆင့်မှ
အထက်တန်း{ဘက}ကျောင်းအဆင့်ထိဖွင့်လှစ်၍
ပရဟိတကျောင်းအဖြစ်
တိုးချဲ့သာသနာပြုနိုင်ရန်ရည်မှန်းချက်ထားသည်)

၁-နှစ် ကတိစာချုပ်ဖြင့်
ဝယ်ယူထားသော
#တိုးချဲ့သာသနာ့မြေတစ်ဧကအား
5 September,2024ရက်နေ့၌
အဖိုးအခပေးချေနိုင်ခဲ့ပါပြီ

#သာသနာ့မြေကုသိုလ်ကောင်းမှုရှင်များ

#ဓမ္မပူဇာအထူးဓမ္မသဘင်တရားပွဲများကျင်းပ၍
အကျိုးဆောင်ပေးကြပါသော
ပါဝင်လှူဒါန်းပေးကြပါသော

ထိုင်းနိုင်ငံ ချွန်ဘူရီမြို့
#လောကဓမ္မရက္ခိတနာရေးကူညီမှုအသင်းမှ
၁၃၈၅ ခုနှစ်၊ ပထမဝါဆိုလဆန်း ၇-ရက်
(9-7-2023) တနင်္ဂနွေနေ့
စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအထူးတရားပွဲကျင်းပ၍
ထိုင်းဘတ်ငွေ{105140}
(တစ်သိန်း ငါးထောင် တစ်ရာ လေးဆယ်)အား၄င်း

#စုံညီလက်တွဲပရဟိတအကျိုးတော်ဆောင်အဖွဲ့မှ
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄-ရက်
(26-11-2023)တနင်္ဂနွေနေ့
စုပေါင်းမဟာဘုံကထိန်အထူးတရားပွဲကျင်းပ၍
ထိုင်းဘတ်ငွေ{150515}
(တစ်သိန်း ငါးသောင်း ငါးရာ တစ်ဆယ့် ငါးကျပ်)အား၄င်း

အမေရိကန်နိုင်ငံ
Missouriပြည်နယ်
Kansas City
ဓမ္မအလင်းရောင်ကျောင်းဆရာတော်နှင့်
ကျောင်းအကျိုးတော်ဆောင်ဒါယကာဒါယိကာမများမှ
2024 ခုနှစ် နှစ်သစ်ကူး အထူးတရားပွဲကျင်းပ၍
အမေရိကန်ဒေါ်လာ {4800}
(လေးထောင့် ရှစ်ရာ)အား၄င်း

မလေးရှားနိုင်ငံ ဆွန်ဂိုင်းဗဆားမြို့
သာသနဇောတိပါလပခုက္ကူဘကကျောင်း(ခွဲ)
ဒါယကာ ဒါယိကာမများမှ
မလေးရှားရင်းဂစ်ငွေ (5000)
(ငါးထောင်)အား၄င်း

#အများစုပေါင်း၍
#သာသနာ့မြေဖိုးအားလှူဒါန်းကြပါသည်။

#ကျေးဇူးတင်စကား
အထက်ပါအလှူရှင်များဖြစ်ကြသည့်
#ထိုင်းနိုင်ငံ
#မလေးရှားနိုင်ငံနှင့်
#အမေရိကန်နိုင်ငံမှ
ဒါယကာ ဒါယိကာမများနှင့်တကွ

မှော်ဘီမြို့မှ
မိခင်သဖွယ်ယုံကြည်စိတ်ချရ၍
မိဘသဖွယ်မှီခိုအားထားရသည့်
နာမည်ခံ၍ဝယ်ယူလှူဒါန်းပေးပါသော
#ဒါယိကာမကြီးဒေါ်ရီရီဆွေနှင့်

ဘာသာသာသနာအတွက်နဲ့
ရပ်ရေးရွာရေးအတွက်
ကျောသားရင်သားမခွဲခြားပဲ
ရဟန်းသံဃာများနဲ့ရွာသူရွာသားများအပေါ်
သားသမီးနှင့်မခြား ဆွေမျိုးရင်းချာများကဲ့သို့
စောင့်ရှောက်ကူညီပေးပါသော
တပ်ကြီးကုန်းကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ
#ဦးရန်မျိုးအောင်ကို

သာသနဇောတိပါလပခုက္ကူ{ဘက}ကျောင်း၏
ဦးစီးပဓာနနာယကဆရာတော်ဖြစ်သော
#ဘဒ္ဒန္တသောပါက(ခေတ္တUSA)
{သာသနဓဇဓမ္မာစရိယ၊ သဒ္ဓမ္မဇောတိကဓဇ)မှ
ရင်ထဲ နှလုံးသားထဲကနေ
သာသနဇောတိပါလပခုက္ကူ{ဘက}ကျောင်း၏
သမိုင်းဝင်မှတ်တမ်းပုဂ္ဂိုလ်များအဖြစ်
#ကျေးဇူးဥပကာရအထူးတင်ရှိပါသည်။

အထက်ပါအလှူရှင်များနှင့်
အကျိုးတော်ဆောင်များအားလုံး

#သုခိတာ ဟောထ🙏ချမ်းသာဟူသမျှ အလုံးစုံပြည်ဝကြပါစေ

#ဒုက္ခာ မုစ္ဆထ🙏ဆင်းရဲဒုက္ခဟူသမျှ မြူမှုန်ကလေးမျှ မတွေ့မကြုံရပဲ လွတ်ကင်းကြပါစေ

မဟာဝိဟာရကျောင်းတိုက် မှော်ဘီမြို့ မှ သာသနဇောတိပါလပခုက္ကူဘုန်းတော်ကြီးပညာရေးကျောင်း၌ စာပေသင်ကြားနေသော ရှင်သာမဏေများ ကျောင...
13/08/2024

မဟာဝိဟာရကျောင်းတိုက် မှော်ဘီမြို့ မှ
သာသနဇောတိပါလပခုက္ကူဘုန်းတော်ကြီးပညာရေးကျောင်း၌ စာပေသင်ကြားနေသော ရှင်သာမဏေများ ကျောင်းသား/သူများအတွက် စာရေးကိရိယာများ လာ‌ေရာက်လှူဒါန်းခြင်း။

၁၃၈၆-ခု ဝါခေါင်လဆန်း (၈)ရက် တနလ်ာနေ့ #သာသနဇောတိပါလပခုက္ကူ(ဘက)ကျောင်းတိုက်၌ဝါဆိုဝါကပ်တော်မူကြကုန်သောသံဃာတော်အရှင်သူမြတ်တိ...
12/08/2024

၁၃၈၆-ခု ဝါခေါင်လဆန်း (၈)ရက် တနလ်ာနေ့

#သာသနဇောတိပါလပခုက္ကူ(ဘက)ကျောင်းတိုက်၌
ဝါဆိုဝါကပ်တော်မူကြကုန်သောသံဃာတော်အရှင်သူမြတ်တို့အား

#ဦးဘုန်းနိုင်+ဒေါ်ဖြူဖြူရွှေ (ဆုကြီးပန်)မိသားစုတို့မှ

#သ္မီးမခင်ထက်ထက်နိုင်၏ အသက်{၂၃} နှစ်ပြည့်မွေးနေ့ကုသိုလ်အထိမ်းအမှတ်အဖြစ်ဖြင့်

#ကာလဒါန ဝါဆိုသက်န်းဆက်ကပ်လှူဒါန်း​ခြင်း

#သီလဝန္တပုဂ္ဂိုလ်များဖြစ်ကြသော
ရဟန်း;သာမဏေ;သီလရှင်များနှင့်
ဥပုသ်သည်ဥပါသကာ/ဥပါသိကာမ
ဧည့်ပရိတ်သတ်အပေါင်းတို့အား
ဆွမ်းခဲဘွယ်ဘောဇဉ်ချိုချဉ်ရသာအဖြာဖြာတို့ကို
#လှူဒါန်းဆက်ကပ်ခြင်း ကုသိုလ်ကောင်းမှုအစုစုတို့ကို စေတနာသဒ္ဓါထက်သန်စွာဖြင့် ပြုလုပ်လှူဒါန်းကြပါသည်

ယ္ခုပြုအပ်သော ကုသိုလ်ကောင်းမှုကံတို့ကြောင့်
မွေးနေ့ရှင်သမီးလေးမခင်ထက်ထက်နိုင်နှင့်အတူ
ဆုကြီးပန်းမိသားစုဝင်အားလုံး

#အသက်ရှည်စွာနေထိုင်နိုင်ကြပါစေ

#၉၆ဖြာအနာရောဂါဝေဒနါများကင်းဝေးကြပါစေ

#ရန်သူမျိုးငါးပါးနှင့်တကွဘေးဥပုဒ်အန္တရာယ်အပေါင်းတို့မှအမြဲထာဝရကင်းဝေးကြပါစေ

#ယ္ခုဘဝလောကီကောင်းကျိုးလောကုတ္တုရာကောင်းကျိုးတို့ကိုသယ်ပိုးရွက်ဆောင်ပေးနိုင်စွမ်းသော
#မိတ်ကောင်းဆွေကောင်းပညာရှိသူတော်ကောင်းအပေါင်းတို့နှင့်တွေ့ဆုံပေါင်းသင်းနိုင်ကြပါစေ

#ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးကို
#အစဉ်ထာဝရထောက်ပံ့လှူဒါန်းစောင့်ရှောက်နိုင်သောသာသနာပြုပုဂ္ဂိုလ်ထူးပုဂ္ဂိလ်မြတ်များဖြစ်နိုင်ကြပါစေ

#မြတ်ဗုဒ္ဓအဆုံးအမတရားတော်များကို
#လွယ်လင့်တကူသိနိုင်မြင်နိုင်နာကြားနိုင်၍
#ချမ်းသာအစစ်ချမ်းသာအမှန်ဖြစ်သော
#မဂ်ဉာဏ်ဖိုလ်ဉာဏ်မြတ်နိဗ္ဗာန်ကိုလျှင်မြန်စွာရရှိခံစားနိုင်ကြပါစေ
🙏🙏🙏

Address

Zawtiparla Street
Hmawbi

Telephone

+959794835788

Website

Alerts

Be the first to know and let us send you an email when PKU - Monastic Education School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to PKU - Monastic Education School:

Share