
  • Home
  • Myanmar
  • Hlegu

နာရေးကူညီမှုအသင်း - ဒါးပိန် Free Funeral Service Society ( Darpain )

(Established February 13, 2014)
24 Hours Free Ambulance Service

အသင်း၏ ရည်ရွယ်ချက်များ
၁။ နာရေးကာယကံရှင်များ ကုန်ကျစရိတ်နည်းပါးစွာဖြင့် ဆောင်ရွက်နိုင်ကြစေရန်။
၂။ ဆင်းရဲနွမ်းပါးသည့် မိသားစုများ နာရေးကိစ္စဖြစ်ပေါ်ခဲ့သော် ငြိုးငယ်အားနည်းစိတ်များ ပပျောက်စေရန်။
၃။ ကျေးရွာအတွင်းမှ လူငယ်လူရွယ်များ သူတစ်ပါးအကျိုးကို ကူညီဆောင်ရွက်တတ်သော(ပရဟိတ) စိတ်ဓါတ်များ ဖြစ်ပေါ်စေရန်။
၄။ ကျေးရွာအတွင်း လိုအပ်လျက်ရှိသော မီးသင်္ဂြိုဟ်စက် တည်ဆောက်နိုင်ရန်။
၅။ ကျန်းမာရေး၊ ပညာရေးကဏ္ဍတို့တ

ွင် အထောက်အကူပစ္စည်းများ ပံ့ပိုးဖြည့်စည်းပေးနိုင်စေရန်။
၆။ ကျေးရွာ၏ နာရေးကိစ္စအဝဝတို့တွင် အဆင်ပြေချောမွေ့စေရန်။

ဖွဲ့စည်းပုံ
နာယကဆရာတော်
ဘဒ္ဒန္တ သူရိယ (အုဠ်ဖိုလ်ကျောင်းတိုက်)

အလုပ်အမှုဆောင်အဖွဲ့
၁။ ဦးသိန်းတန် (ဥက္ကဌ)
၂ ။ ဦးလှဌေး(ဒုဥက္ကဌ)
၃။ ဦးသဲမောင်မောင်သိန်း(အတွင်းရေးမှူး)
၄။ ဦးစန်းဦး (ဘဏ္ဍာရေးမှူး)
၅။ ဦးဇော်မိုးအောင်(စာရင်းကိုင်)
၆။ ဦးထွန်းကျော်ဦး(စာရင်းစစ်)
၇။ ဦးကျော်ဇင်ထွန်း(ပြန်ကြားရေး)
၈။ ဦးဇော်လင်း(အဖွဲ့ဝင်)
၉။ဦးလှဝင်း(အဖွဲ့ဝင်)
၁၀။ဦးခင်မောင်ထွေး(အဖွဲ့ဝင်)
၁၁။ဦးကျော်ဌေး(အဖွဲ့ဝင်)
၁၂။ဦးဌေးဝင်းသန်း(အဖွဲ့ဝင်)
၁၃။ဦးထွန်းထွန်းနိုင်(အဖွဲ့ဝင်)

နာရေးကုသိုလ်🙏🙏🙏🙏🙏၁၈.၆. ၂၀၂၆ (ကြာသပတေးနေ့) တွင်ဒါးပိန်(တောင်)စစ်ရဲသုသာန် မီးသင်္ဂြိုဟ်စက် ၌မီးသင်္ဂြိုဟ်စက် ဖွင့်ပွဲအဖြစ်...
17/06/2026

နာရေးကုသိုလ်
🙏🙏🙏🙏🙏

၁၈.၆. ၂၀၂၆ (ကြာသပတေးနေ့) တွင်
ဒါးပိန်(တောင်)စစ်ရဲသုသာန် မီးသင်္ဂြိုဟ်စက် ၌
မီးသင်္ဂြိုဟ်စက် ဖွင့်ပွဲအဖြစ်
နာရေး ၂ဦးအား မီးသင်္ဂြိုဟ်ပေးရမည်ဖြစ်ပြီး

ဒါးပိန်(တောင်)အရှေ့ပိုင်းသုသာန်ကွင်း
မီးသင်္ဂြိုဟ်စက်၌ ယခု နာရေးအပါ စုစုပေါင်း
နာရေး၃ဦးမြောက်အား မီးသင်္ဂြိုဟ်ပေးရမည်
ဖြစ်ပါသည်။

သို့အတွက်ကြောင့် လိုအပ်လျက်ရှိသော ထင်းများအား

ဒါးပိန်(တောင်)စစ်ရဲသုသာန် မီးသင်္ဂြိုဟ်စက်
ဖြစ်မြောက်ရေးအဖွဲ့က ထင်းပိသာချိန် ၃ဝဝ
နာရေးကူညီမှုအသင်း(ဒါးပိန်)က ထင်းပိသာချိန်
၂၀၀နှင့် ဒီဇယ်ဆီ ၄လီတာအား လှူဒါန်းပေးခဲ့ပါသည်။

သို့ဖြစ်ပါ၍ ! နာရေး၁ ဦးလျင် ထင်းပိသာအချိန်၁၀၀
ကုန်ကျမည်ဖြစ်ပါသောကြောင့်

ဒါးပိန် တောင်/ မြောက် မီးသင်္ဂြိုဟ်စက်များအတွက်
ထင်းအလှူရှင်များလိုအပ်လျက်ရှိပါသည်။

သို့ပါသောကြောင့် ! အသားထင်းလှူဒါန်လိုသော အလှူရှင်များအနေဖြင့်
နာရေးကူညီမှုအသင်း(ဒါးပိန်)သို့
ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း အသိပေး
နှိုးဆော် အပ်ပါသည်။

မှတ်ချက် ။ ​။ ယခုစျေးနှုန်းအရ အသားထင်းပိသာ
အချိန်၁၀၀ လျင် ခြောက်သောင်းကျပ်ဖြစ်ပါသည်။

နာရေးကူညီမှုအသင်း(ဒါးပိန်)

ဒါးပိန်(တောင်)စစ်ရဲသုသာန် မီးသင်္ဂြိုဟ်စက်            အပ်နှင်းသည့်အခမ်းအနား🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏၁၄ .၆ . ၂၀၂၆ ( တနင်္ဂနွေနေ့ )~~...
14/06/2026

ဒါးပိန်(တောင်)စစ်ရဲသုသာန် မီးသင်္ဂြိုဟ်စက်
အပ်နှင်းသည့်အခမ်းအနား
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
၁၄ .၆ . ၂၀၂၆ ( တနင်္ဂနွေနေ့ )
~~~~~~~~~~~~~~~~~~

ဒါးပိန်(တောင်) စစ်ရဲသုသာန် မီးသင်္ဂြိုဟ်စက်
ဖြစ်မြောက်ရေးကော်မတီက ဦးဆောင်၍
(၇)ရက်သားသမီးများတို့၏ ကူညီထောက်ပံ့
လှူဒါန်းပေးမှုဖြင့် ဒါးပိန်တောင် စစ်ရဲသုသာန်၌
ဆောက်လုပ်ခဲ့ပြီးဖြစ်သော မီးသင်္ဂြိုဟ်စက်အား

နာရေးကူညီမှုအသင်း(ဒါးပိန်)သို့ အပ်နှင်းသည့်
အခမ်းအနားတရပ်ကို ၁၄ .၆ .၂၀၂၆ (တနင်္ဂနွေနေ့ )
နေ့လယ် ၁၂း ၀၀ နာရီအချိန်တွင် စစ်ရဲသုသာန်
မီးသင်္ဂြိုဟ်စက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ !

ဒါးပိန်(တောင်)စစ်ရဲသုသာန် မီးသင်္ဂြိုဟ်စက်ဖြစ်မြောက်ရေး နာယကဆရာတော် ဖြစ်တော်မှုသော
အုဋ္ဌ်ဖိုလ်ကျောင်း ဆရာတော်ဥုးကဥ္ဇန အရှင်သူမြတ်
နှင့် မီးသင်္ဂြိုဟ်စက်ဖြစ်မြောက်ရေးအကျိုးတော်
ဆောင်များ ၊ ရပ်မိရပ်ဖများ ၊ ဒါးပိန်တောင် ရပ်/ကျေး
ဥက္ကဋ္ဌ နှင့် နာရေးကူညီမှုအသင်း(ဒါးပိန်)မှ
အသင်းသားများ တတ်ရောက်ခဲ့ကြပါသည်။

နာရေးကူညီမှုအသင်း(ဒါးပိန်)

နာရေးကူညီမှုအသင်း(ဒါးပိန်)စေတနာဝန်ထမ်းများအတွက်ကြည်နူးရိပ်မိသားစု၏  အလှူ🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏၁၄. ၆.  ၂၀၂၆ (တနဂ်နွေနေ့)~~~~~~~~~~~...
14/06/2026

နာရေးကူညီမှုအသင်း(ဒါးပိန်)
စေတနာဝန်ထမ်းများအတွက်ကြည်နူးရိပ်
မိသားစု၏ အလှူ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

၁၄. ၆. ၂၀၂၆ (တနဂ်နွေနေ့)
~~~~~~~~~~~~~~~

ဒါးပိန်မြို့ အမှတ်( ၂ )ရပ်ကွက်၌ ဖွင့်လှစ်ထားသော
ကြည်နူးရိပ်(၃) မိသားစုတို့က

နာရေးကူညီမှုအသင်း(ဒါးပိန်)၏ လူမှုကူညီရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ရာတွင်
လုပ်အားကုလိုလ်ယူခဲ့ကြသော စေတနာ့ဝန်ထမ်းများလိုရာသုံးစွဲနိုင်ရန်အတွက် လစဥ်အလိုက်အလှူငွေများလှူဒါန်းလျက်ရှိရာ ၂၀၂၆ ခုနှစ်ဇွန်လအတွက်
အလှူငွေ ၅၀,၀၀၀ (ငါးသောင်းကျပ်)တိတိအား
လှူဒါန်းပေးခဲ့ပါသည်။

ယခုလို လှူဒါန်းပေးခဲ့သော
ကြည်နူးရိပ်(၃) မိသားစုတို့သည်
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ၍
စီးပွားလာဘ်လဘများလည်း ဒီရေအလား
တိုးတက်ပါစေကြောင်း

နာရေးကူညီမှုအသင်း(ဒါးပိန်)မှ ဆုတောင်း
မေတ္တာပို့သအပ်ပါသည်။
🙏🙏🙏🙏🙏

နာရေးကူညီမှုအသင်း(ဒါးပိန်)

လှည်းကူးမြို့နယ် ၊ အုန်းနဲကုန်းကျေးရွာတွင် ၁၁.၆.၂၀၂၆ ခုနှစ် (ကြာသပတေး)နေ့ နေ့လယ်ကလေဆင်နှာမောင်းငယ်တစ်ခု ရုတ်တရက်တိုက်ခတ်...
12/06/2026

လှည်းကူးမြို့နယ် ၊ အုန်းနဲကုန်းကျေးရွာတွင်
၁၁.၆.၂၀၂၆ ခုနှစ် (ကြာသပတေး)နေ့ နေ့လယ်က

လေဆင်နှာမောင်းငယ်တစ်ခု ရုတ်တရက်
တိုက်ခတ်မှုကြောင့် နေအိမ် (၁၅)လုံးခန့် အမိုးအကာ
ပျက်စီးခြင်း၊ အိမ်တိုင်များယိုင်နဲ့သွားခြင်းတို့
ဖြစ်ပေါ်ခဲ့သည့်အတွက်

နာရေးကူညီမှုအသင်း(ဒါးပိန်)သည် လှည်းကူးမြို့ရှိ
အခြားသော ညီနောင်ပရဟိတအသင်းများနှင့်အတူ

သွားရောက်၍ ကူညီမှုဆိုင်ရာလုပ်ငန်းစဥ်များတို့အား
ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

နာရေးကူညီမှုအသင်း (ဒါးပိန်)

မွေးနေ့ အလှူ🎂🎂🎂🎂🎂၈ . ၆ . ၂၀၂၆ ( တနလ်ာနေ့ )----------------------------------------ဒါးပိန်မြို့ သခွတ်ပင်ရပ်ကွတ်နေကိုဟိန်း...
08/06/2026

မွေးနေ့ အလှူ
🎂🎂🎂🎂🎂
၈ . ၆ . ၂၀၂၆ ( တနလ်ာနေ့ )
----------------------------------------
ဒါးပိန်မြို့ သခွတ်ပင်ရပ်ကွတ်နေ
ကိုဟိန်းမင်းဇော် က
ယနေ့ကျရောက်သော သူ၏ မွေးနေ့အား အကြောင်းပြု၍

နာရေးကူညီမှုအသင်း(ဒါးပိန်)၏
လူမှုကူညီရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ရာတွင်
လုပ်အားကုလိုလ်ယူခဲ့ကြသော စေတနာ့ဝန်ထမ်းများ
လိုရာသုံးစွဲနိုင်ရန်အတွက် အလှူငွေ ၁၀၀,၀၀၀
(တစ်သိန်းကျပ်)တိတိအား လှူဒါန်းပေးခဲ့ပါသည်။

ယခုလို မွေးနေ့အားအကြောင်းပြု၍
လှူဒါန်းပေးခဲ့သော ကုသိုလ်စေတနာတို့ကြောင့်
မွေးနေ့ရှင် ကိုဟိန်းမင်းဇော် သည်
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ၍ ကောင်းကျိုး
လိုရာဆန္ဒများရရှိ ခံစားနိုင်ပါစေကြောင်းနှင့်
အလုပ်အကိုင်အခွင့်လမ်းများလည်း ယခုထက်မက
ပိုမိုတိုးတတ်အောင်မြင်ဖြစ်ထွန်းပါစေကြောင်း.🙏🙏🙏

နာရေးကူညီမှုအသင်း(ဒါးပိန်) ၏
စေတနာ့ဝန်ထမ်းများကဆုတောင်း မေတ္တာပို့သ
အပ်ပါသည်။

နာရေးကူညီမှုအသင်း(ဒါးပိန်)

နာရေးကုသိုလ်🙏🙏🙏🙏🙏၅ . ၆ .၂၀၂၆(သောကြာနေ့)~~~~~~~~~~~~~~~~~၅ . ၆ .၂၀၂၆(သောကြာနေ့)နံနက်က ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့သောတွ...
05/06/2026

နာရေးကုသိုလ်
🙏🙏🙏🙏🙏
၅ . ၆ .၂၀၂၆(သောကြာနေ့)
~~~~~~~~~~~~~~~~~

၅ . ၆ .၂၀၂၆(သောကြာနေ့)နံနက်က
ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့သော

တွင်းတရာကျေးရွာနေ ကွယ်လွန်သူ ဒေါ်အုန်းသန်း
အသက် (၇၃)နှစ်၏ Death Body အား

တွင်းတရာကျေးရွာမှ ဒါးပိန်မြို့ မွတ်စလင်သုသာန်
ဥယျာဥ်တော်သို့ နာရေးကူညီမှုအသင်း(ဒါးပိန်)၏
နိဗ္ဗာန်ယာဉ်( ၂ )ဖြင့်ပို့ဆောင်ကူညီဖေးမပေးခဲ့ပါသည်။

နာရေးကူညီမှုအသင်း(ဒါးပိန်)

လစဉ်ငွေလှူဒါန်းပေးခြင်း 🙏🙏🙏  🙏  🙏🙏🙏၁ . ၆ . ၂၀၂၆ (တနင်္လာနေ့)~~~~~~~~~~~~~~~~ဒါးပိန်မြို့  မြောက်ပိုင်းနေမရွှေစင်အိ(ခ) ရှ...
01/06/2026

လစဉ်ငွေလှူဒါန်းပေးခြင်း
🙏🙏🙏 🙏 🙏🙏🙏
၁ . ၆ . ၂၀၂၆ (တနင်္လာနေ့)
~~~~~~~~~~~~~~~~

ဒါးပိန်မြို့ မြောက်ပိုင်းနေ
မရွှေစင်အိ(ခ) ရှေးယွန်းစံ က
နာရေးကူညီမှုအသင်း(ဒါးပိန်)၏
လူမှုကူညီရေးလုပ်ငန်းများ ပြုလုပ်
ဆောင်ရွက်ရာတွင် ကုသိုလ်ယူ
ပါဝင်အားဖြည့် လှူဒါန်းပေးမှုအဖြစ်

လစဉ်အလိုက် အလှူငွေများပေးပို့လှူဒါန်းလျက်ရှိရာ
၂၀၂၅ခုနှစ် နိုဝင်ဘာ၊ ဒီဇင်ဘာလနှင့်
၂၀၂၆ခုနှစ် ဇန်နဝါရီမှ ​​​သြဂုတ်လအထိ
(၁၀လ) စာအတွက် အလှူငွေ
၂၀၀,၀၀၀( နှစ်သိန်းကျပ် )တိတိအား သဒ္ဓါတရား
လက်ကိုင်ထား၍လှူဒါန်းပေးခဲ့ပါသည်။

ယခုလို လှူဒါန်းပေးခဲ့သော
အလှူရှင် မရွှေစင်အိ(ခ)ရှေးယွန်းစံသည်
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ၍
ကောင်းကျိုးလိုရာ ဆန္ဒများရရှိခံစားနိုင်ပါစေကြောင်း

နာရေးကူညီမှုအသင်း(ဒါးပိန်)မှ
ဆုတောင်း မေတ္တာပို့သအပ်ပါသည်။

နာရေးကူညီမှုအသင်း(ဒါးပိန်)

၃နှစ်ပြည့် မွေးနေ့အလှူ🎂🎂🎂 🎂 🎂🎂🎂၁ . ၆ . ၂၀၂၆ (တနင်္လာနေ့)-------------------------------------ဖေဖေ မေမေတို့အား ဦးထိပ်ထား...
01/06/2026

၃နှစ်ပြည့် မွေးနေ့အလှူ
🎂🎂🎂 🎂 🎂🎂🎂
၁ . ၆ . ၂၀၂၆ (တနင်္လာနေ့)
-------------------------------------
ဖေဖေ မေမေတို့အား ဦးထိပ်ထား၍
ဒါးပိန်မြို့ မြောက်ပိုင်း နေ
မမိုးသဒ္ဒါအောင် က ! ယနေ့ကျရောက်သော သူ၏
၃နှစ်ပြည့် မွေးနေ့အား အကြောင်းပြု၍

နာရေးကူညီမှုအသင်း(ဒါးပိန်)၏
လူမှုကူညီရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ရာတွင်
ကုသိုလ်ယူ ပါဝင်အားဖြည့် လှူဒါန်းပေးမှုအဖြစ်
မတည်အလှူငွေ ၅၀,၀၀၀(ငါးသောင်းကျပ်)တိတိအား
လာရောက် လှူဒါန်းပေးခဲ့ပါသည်။

ယခုလို မွေးနေ့အားအကြောင်းပြု၍
လှူဒါန်းပေးခဲ့သော ကုသိုလ်စေတနာတို့ကြောင့်
မွေးနေ့ရှင် သမီးလေး - မမိုးသဒ္ဒါအောင် သည်
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ၍
ကောင်းကျိုးလိုရာဆန္ဒများရရှိ ခံစားနိုင်ပါစေကြောင်း
နှင့် ထူးချွန်ထက်မြတ်သော သမီးရတနာလေး
တစ်ဦးဖြစ်ပါစေကြောင်း

နာရေးကူညီမှုအသင်း(ဒါးပိန်)မှ
ဆုတောင်း မေတ္တာပို့သအပ်ပါသည်။

နာရေးကူညီမှုအသင်း(ဒါးပိန်)

ဒါးပိန်(တောင်)အရှေ့ပိုင်းသုသာန်ကွင်းမီးသင်္ဂြိုဟ်စက် အပ်နှင်းသည့်အခမ်းအနား🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏၃၀. ၅. ၂၀၂၆ ( စနေနေ့ )~~~~~~~~~~...
30/05/2026

ဒါးပိန်(တောင်)အရှေ့ပိုင်းသုသာန်ကွင်း
မီးသင်္ဂြိုဟ်စက် အပ်နှင်းသည့်အခမ်းအနား
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
၃၀. ၅. ၂၀၂၆ ( စနေနေ့ )
~~~~~~~~~~~~~~~

ဒါးပိန်(တောင်)အရှေ့ပိုင်းသုသာန်ကွင်း
မီးသင်္ဂြိုဟ်စက် ဖြစ်မြောက်ရေးကော်မတီက
ဦးဆောင်၍ (၇)ရက်သားသမီးများ၏ကူညီထောက်ပံ့
လှူဒါန်းပေးမှုဖြင့်ဒါးပိန်တောင် အရှေ့ပိုင်းသုသာန်ကွင်း
၌ ဆောက်လုပ်ခဲ့ပြီးဖြစ်သော မီးသင်္ဂြုဟ်စက်အား

နာရေးကူညီမှုအသင်း(ဒါးပိန်)သို့ အပ်နှင်းသည့်
အခမ်းအနားတရပ်ကို ယနေ့ ၃၀.၅.၂၀၂၆(စနေနေ့ )
နံနက် ၉း၀၀ နာရီအချိန်တွင် အဆိုပါမီးသင်္ဂြုဟ်စက်၌
ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ !
ဒါးပိန်(တောင်)အရှေ့ပိုင်းသုသာန်ကွင်း မီးသင်္ဂြိုဟ်
စက် ဖြစ်မြောက်ရေး ဦးဆောင် ဆရာတော်တစ်ပါး
ဖြစ်တော်မူသည့် တမံကျောင်းတိုက် ဆရာတော်အရှင်
သူမြတ် ဥူးဝါယမိန္ဒ ၊ ဖြစ်မြောက်ရေးအကျိုးတော်ဆောင် ဦးအောင်ဌေးနှင့်အဖွဲ့ ၊ ဒါးပိန်တောင် ရပ်/ကျေး
ဥက္ကဋ္ဌ နှင့် နာရေးကူညီမှုအသင်း(ဒါးပိန်)မှ
အသင်းသားများတက်ရောက်ခဲ့ကြပါသည်။

မွေးနေ့ အလှူ🎂🎂🎂🎂🎂၂၆ . ၅ . ၂၀၂၆ (အင်္ဂါနေ့)------------------------------------ဒါးပိန်မြို့ မင်းကြီးရုံပိုင်း နေကိုတင်သူအ...
26/05/2026

မွေးနေ့ အလှူ
🎂🎂🎂🎂🎂
၂၆ . ၅ . ၂၀၂၆ (အင်္ဂါနေ့)
------------------------------------
ဒါးပိန်မြို့ မင်းကြီးရုံပိုင်း နေ
ကိုတင်သူအောင်( ခေတ္တ - မလေးရှား )က
ယနေ့ကျရောက်သောသူ၏ မွေးနေ့အား
အကြောင်းပြု၍ နာရေးကူညီမှုအသင်း(ဒါးပိန်)၏
လူမှုကူညီရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ရာတွင်
ကုသိုလ်ယူပါဝင်အားဖြည့် လှူဒါန်းပေးမှုအဖြစ်
မတည်အလှူငွေ ၅၀,၀၀၀( ငါးသောင်းကျပ် )
တိတိအား လှူဒါန်းပေးခဲ့ပါသည်။

ယခုလို မွေးနေ့အားအကြောင်းပြု၍
လှူဒါန်းပေးခဲ့သော ကုသိုလ်စေတနာတို့ကြောင့်
မွေးနေ့ရှင် ကိုတင်သူအောင် သည်
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ၍
ကောင်းကျိုးလိုရာဆန္ဒများရရှိ ခံစားနိုင်ပါစေကြောင်း
နှင့် အလုပ်အကိုင်အခွင့်အရေးများလည်း
ယခုထက်မကပိုမိုတိုးတက်အောင်မြင်ပါစေကြောင်း

နာရေးကူညီမှုအသင်း(ဒါးပိန်)မှ
ဆုတောင်း မေတ္တာပို့သအပ်ပါသည်။

နာရေးကူညီမှုအသင်း(ဒါးပိန်)

Address

Myoma Yan Aung
Hlegu

Telephone

+959783615422

Website

Alerts

Be the first to know and let us send you an email when နာရေးကူညီမှုအသင်း - ဒါးပိန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share