09/05/2026
Apprenticeship Masters ၅၂ ဦးနဲ့ တိုးတက်ပြောင်းလဲလာတဲ့ Training Journey @ Monywa!
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် SENTRUM Project အောက်၌ Pedagogical Skills Training (OJT & Coaching Skills) ကို TVET Development Institute (TDI) မှ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
📌 ဒီတစ်ကြိမ်မှာလည်း ထူးခြားတာက —
👉 Batch (၂) ခုခွဲ၍ Training ပို့ချခဲ့ခြင်း
🔹 Batch-1 (April 24 – April 29) – AM ၂၇ ဦး
🔹 Batch-2 (May 1 – May 6) – AM ၂၅ ဦး
💥 စုစုပေါင်း Apprenticeship Masters (၅၂) ဦး တက်ရောက်ခဲ့ကြပါသည်။
🔥 သင်တန်းအတွင်း Participants များက —
✔️ On-the-Job Training (OJT) ကို လက်တွေ့အသုံးချနိုင်သော နည်းလမ်းများ
✔️ Training Needs Analysis, Job & Task Analysis
✔️ Lesson Planning & Training Design
✔️ Assessment & Evaluation Methods
✔️ Effective Coaching & Communication Skills
တို့ကို Practical Exercises, Group Work, Discussion နှင့် Coaching Demonstration များမှတစ်ဆင့် အပြည့်အဝ လေ့လာသင်ယူခဲ့ကြပါသည်။
💡 Training ပြီးဆုံးချိန်မှာတော့ —
👉 Apprenticeship Masters များဟာ မိမိတို့လုပ်ငန်းခွင်များတွင် OJT System ကို စနစ်တကျ အကောင်အထည်ဖော်နိုင်သော Trainer များအဖြစ် တိုးတက်လာခဲ့ပြီး
👉 Apprentices များ၏ Skill Development ကို ပိုမိုထိရောက်စွာ မြှင့်တင်နိုင်မည့် အဆင့်သို့ ရောက်ရှိခဲ့ပါသည်။
🌱 Strong Trainers build strong workplaces. Strong workplaces build the nation.
🤝 TVET Development Institute (TDI) အနေဖြင့် TVET Sector အတွက် အရည်အချင်းပြည့်ဝသော Trainers များ ပိုမိုဖွံ့ဖြိုးလာစေရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။