GWA CBT

GWA CBT Community Service which is operated by CBT ( Community Based Tourism) Team in Gwa Town Region concer

ခရီးသွားဟန်လွှဲ တောင်ယာတဲလေးတခုကို ဓာတ်ပုံရိုက်ခဲ့မိတယ်။တောင်ယာစပါး၊ ပြောင်း၊ ချဥ်ပေါင်၊ သခွား၊ ရုံးပတီအစရှိသဖြင့် တပိုင...
20/07/2024

ခရီးသွားဟန်လွှဲ တောင်ယာတဲလေးတခုကို ဓာတ်ပုံရိုက်ခဲ့မိတယ်။

တောင်ယာစပါး၊ ပြောင်း၊ ချဥ်ပေါင်၊ သခွား၊ ရုံးပတီအစရှိသဖြင့် တပိုင်တနိုင်စိုက်ပျိုးထားမှန်း သွားမကြည့်ပေမဲ့ အလိုလိုသိနေတယ်။

တောင်ယာတဲဘေးနား သစ်ပင်ပေါ်က အိမ်ငယ်လေးကို လင့်စင်လို့ ခေါ်တယ် ။ ညဘက်ဆို အဲ့ဒီလင့်စင် အပေါ်မှာ အိပ်တယ်။ နေ့ခင်းဆို အောက်ကတဲမှာသာ အနေများပြီး ချက်ပြုတ်စားသောက်တဲ့ အိမ်ပေါ့။

ဘာအတွက်ဆောက်ထားတာလဲ ဆိုတော့ သူစိုက်ထားတဲ့ စပါးနဲ့ သီးပင်စားပင်တွေကို လာစားဖို့သေချာတဲ့ ဆင်ရဲ့ အန္တရာယ်ကို ကြောက်လို့။

ဆင်လာရင် လင့်စင်ပေါ်ကနေ ခြောက်လှန့်လွှတ်မဲ့ အစီအစဥ်တော့ ရှိမှာပေါ့လေ။

မရှင်းတာက အလံဖြူထောင်ထားတာ ဘာကြောင့်လဲလို့ စဥ်းစားမရ။ 🤔🤔

ဆင်ရေ မင်းငါ့ကို ဒုက္ခမပေးပါနဲ့ကွာ။ မင်းသနားမှ ငါထမင်းစားရမှာပါ။ မင်းကို ဘာအန္တရာယ်မှ မပေးပါဘူး။ ငါ့ကိုလည်း ဒုက္ခမပေးပါနဲ့။ ချမ်းသာပေးပါကွာ လို့များ စိတ်ကူးပြီး ရည်ရွယ်လုပ်ဆောင်ထားသလားလို့ စဥ်းစားနေမိပါတော့တယ်။

တောင်သူများ ဆင်အန္တရာယ် ကင်းဝေးကြပါစေ။

ကိုယ်စိုက်တာကိုယ်စားရပါစေ။

သူ့နာမည် "ဝါးသရက်" လို့ခေါ်တယ်။ အလုံးအရွယ်အစားက ပုံထဲကအတိုင်း သေးသေးလေး။ အဲ့ဒီအရွယ်ထက် ထပ်မကြီးတော့ဘူး ဆိုပါတော့ ။ ရင့်မ...
30/04/2024

သူ့နာမည် "ဝါးသရက်" လို့ခေါ်တယ်။ အလုံးအရွယ်အစားက ပုံထဲကအတိုင်း သေးသေးလေး။ အဲ့ဒီအရွယ်ထက် ထပ်မကြီးတော့ဘူး ဆိုပါတော့ ။ ရင့်မှည့်သည်အထိ အဲ့ဒီ အရွယ်က ကြီးကိုမလာတာ။

အစိမ်းတို့စားမလား? ဆားရည်စိမ်ပြီး တနှစ်ပတ်လုံး ခံအောင် ထားပြီးစားမလား? ရတယ်။ အမှည့်တော့ စားတာ မမြင်ဖူးပါဘူး။ အစိမ်းဘဝမှာသာ ခူးဆွတ်ပြီး စားကြရတာမျိုးပေါ့။

သူက တောင်ထဲတောင်ထဲမှာသာ ပေါက်ရောက်တတ်တဲ့ သဘာဝပေါက်ပင်ပေါ့။ ရပ်ထဲရွာထဲ အိမ်ခြံဝိုင်းထဲ ရွှေ့ယူစိုက်ရင်တော့ ဖြစ်နိုင်ကောင်းပါရဲ့။ ဘယ်သူမှတော့ စိုက်တယ်လို့ မကြားမိသေးဘူး။ စမ်းကြည့်သင့်တယ်။

သူက အခု မျိုးသုဥ်းတော့မယ်။ ဘာလို့ဆို သူ့အသားက တောင်သရက်လို အသုံးပြုလို့ရတာကိုး။ အခုတော့ ကျန်ကောင်းကျန်ရာလောက်ပဲ ကျန်တော့မယ် ။ မထိန်းသိမ်းရင် နောက်ပိုင်းတွေ့ရဖို့ မလွယ်တော့ဘူး။

ဘာကြောင့်လဲဆိုတော့ ဒေသမျိုးရင်း သစ်တွေနေရာမှာ ကျူးကျော်မျိုးစိတ်တွေ ဖြစ်တဲ့ ကျွန်း၊ မန်ဂျန်ရှား ၊ ယမနေ၊ ပျဥ်းကတိုးတွေက နေရာယူလာနေလို့။ မကြာခင် ဒေသမျိုးရင်းတွေ ဖြစ်တဲ့ ကညင်၊ ကညောင်း၊ သင်္ကန်း၊ ပိန္နဲဖို၊ ကသျှစ်၊ တောင်သရက် ဆိုတာတွေကို နောက်မျိုးဆက်တွေ မြင်ဖူးဖို့ မလွယ်တော့တဲ့ အခြေအနေကို ရောက်ရှိနေပါပြီ။

ပူတယ်...ပူတယ်လို့... သိပ်မညည်းနဲ့။ ကိုယ်ရိတ်သိမ်းတဲ့အတိုင်း ကိုယ်စားသုံးရမှာပါပဲ။

ရခိုင်ရိုးမကို ဖြတ်ကျော်ရင်း တွေ့ခဲ့တဲ့ ချစ်စရာသစ်ပင်လေး😍သူက ဒီအချိန်ဆို အရွက်နီလေးတွေ ထွက်နေပြီ။သူ့မှာ ထူးခြားတဲ့ဂုဏ်ရည...
20/11/2023

ရခိုင်ရိုးမကို ဖြတ်ကျော်ရင်း တွေ့ခဲ့တဲ့ ချစ်စရာသစ်ပင်လေး😍

သူက ဒီအချိန်ဆို အရွက်နီလေးတွေ ထွက်နေပြီ။

သူ့မှာ ထူးခြားတဲ့ဂုဏ်ရည်က သစ်သားဖြူဖြူမှာ အမဲရောင် အစင်းကြောင်းလေးတွေ၊ အမဲရောင် ပန်း( ပန်းပွင့်မဟုတ်)အရစ်အရစ်လေးတွေ ဖေါက်ထားတာက သိပ်လှတယ်။

ဒါကြောင့်ပဲ ရှားပါးတဲ့ သစ်အမျိုးအစား ဖြစ်လာနေပြီ ဆိုပါတော့ ။ လူကြိုက်များတာကိုး။ ပရိဘောဂ လုပ်ရင် အရမ်းလှနေရော။

သူ့နာမည်က မန်ကျည်းပွေး တဲ့။

လိပ်ဝါ၊ ဆီချိုလိပ်၊ ဂင်လိပ်၊ လိပ်နှာခေါင်းနီ၊ တောင်လိပ်Yellow Tortoise / Elongated Tortoise(Indotestudo elongata)အစုံစာ:...
11/11/2023

လိပ်ဝါ၊ ဆီချိုလိပ်၊ ဂင်လိပ်၊ လိပ်နှာခေါင်းနီ၊ တောင်လိပ်
Yellow Tortoise / Elongated Tortoise
(Indotestudo elongata)
အစုံစာ: ကုန်းလိပ်ပါ။ ကမ္ဘာ့အဆင့် မျိုးသုဉ်းရန်နီးနေသော ရှားပါးစာရင်းဝင် လိပ်မျိုးဖြစ်ပါတယ်တဲ့။

Dr Maung Maung Kyi (ဆရာကြည်) ဆီ ပို့ပေးရန်အတွက် အိပ်စိုက်ဝယ်ခဲ့ လိုက်ပါတယ် ။ တောထဲနေတာထက်စာရင် ဆရာဆီမှာက ပိုပြီးဘေးကင်းလုံခြုံမယ်လို့ ယူဆလို့ပါ။

11.11.2023 ဆိုတော့ ၁၁ မီးငြိမ်းစေဖို့ ရည်ရွယ်ချက်နဲ့ပါ။

#ကမ္ဘာမြေအေးချမ်းပါစေ

ကျနော်တို့နေထိုင်တဲ့ ဝန်းကျင်မှာ သိသယောင်ယောင် မသိသယောင်ယောင်ရှိတဲ့ အကောင်ပလောင်လေးတွေ၊ ပန်းမန်တွေ ၊ သစ်ပင်တွေရှိနေပါတယ်...
08/11/2023

ကျနော်တို့နေထိုင်တဲ့ ဝန်းကျင်မှာ သိသယောင်ယောင် မသိသယောင်ယောင်ရှိတဲ့ အကောင်ပလောင်လေးတွေ၊ ပန်းမန်တွေ ၊ သစ်ပင်တွေရှိနေပါတယ်။

ဆိုလိုတာက ဥပမာ.. မြွေ ၁ကောင် တွေ့တယ်ဆိုပါတော့။ မြွေမှန်းတော့သိတယ်။ ဘာမြွေအမျိုးအစားလဲ? ဘယ်မျိုးရင်းလဲ? အဆိပ်ရှိသလား /မရှိဘူးလား? အတိအကျ သိမနေတာကို ဆိုလိုတာပါ။

ဒါဆိုရင်တော့ သိနိုင်တဲ့လူကို မေးကြည့်ရမှာပေါ့။

မနေ့က မိတ်ဆွေတယောက်က Messenger ကနေ လိပ်ကလေး ၁ ကောင် ရထားကြောင်း ပုံပို့လာပါတယ်။

Native Species Conservation and Identification in Myanmar ဂရုထဲ သွားပြီး မေးတော့ ရှားပါးမျိုးစိတ် လိပ်ဝါလေး ဖြစ်နေတယ်။

အခုတော့ သူ့ကို အေးချမ်းပြီးဘေးကင်းမယ့် ဆရာဒေါက်တာ မောင်မောင်ကြည်ရဲ့ " ကျောက်တောယောင်" သဘာဝဥယျာဥ်ကို ပို့ဖို့ စီစဥ်နေပါတယ်။ ယခင်က ၁ ကောင်ပို့ပေးဖူးပါတယ်။

ယခင်ပို့ဖူးတဲ့ ကောင်လေးက ကမ္ဘာပေါ်မှာ ရခိုင်တောင်ရိုးတခုတည်းမှာသာ တွေ့ရတဲ့ "ရခိုင်တောင်လိပ်"ပါ။ အခုလို အကောင်လေးတွေ တွေ့ရင် ကိုယ်တိုင်အိပ်စိုက်ပြီးဝယ်။ တကူးတက တယုတယနဲ့ ဆရာ့ဆီ ရောက်အောင် ပို့ပေးတာပါ။

အခု လိပ်ဝါလေးကိုလည်း အိပ်စိုက်ကယ်တင်လိုက်ပါဦးမယ်။ ကမ္ဘာမြေအတွက် ကုသိုလ်ပေါ့ ခင်ဗျာ။

Address

Gwa
07181

Telephone

+959260201747

Website

Alerts

Be the first to know and let us send you an email when GWA CBT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to GWA CBT:

Share

CBT TEAM

Our CBT Team, Community Service, implementation to CBT progress, development of local Community in Rakhine State.