GWA YOUTH CLUB

GWA YOUTH CLUB Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from GWA YOUTH CLUB, Youth Organization, Bogyoke Street, Gwa.

This club is organized with 8 youths to do the activities for the improvement of youths from our town.We'll welcome for all who is interested and active for the activities that we'll do.

မင်္ဂလာပါရှင်GYCအဖွဲ့ဝင်တွေ ညီညီညွတ်ညွတ်နဲ့ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ Gwa Youth Clubဟာဆိုရင် ဒီနေ့မှာမိတ်ဆက်ခဲ့တာ  3နှစ်ပြည်...
12/07/2023

မင်္ဂလာပါရှင်

GYCအဖွဲ့ဝင်တွေ ညီညီညွတ်ညွတ်နဲ့ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ Gwa Youth Clubဟာဆိုရင် ဒီနေ့မှာမိတ်ဆက်ခဲ့တာ 3နှစ်ပြည့်ခဲ့ပါပြီရှင်...

Gwa Youth Clubကို 2020ခုနှစ်မှာစတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး 2020ခုနှစ်မှ2023ခုနှစ်အတွင်း

-သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများ

-လူငယ်စွမ်းရည်မြှင့်တင်ရေးဆိုင်ရာသင်တန်းများ၊ Youth Campများ၊လူငယ်အားကစားပွဲများ

-လူငယ်များအတွက်ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောမှုများ

-အသက်မွေးဝမ်းကြောင်းအထောက်အကူပြုသင်တန်းများ

-Online Activity များစွာကိုလုပ်ဆောင်ခဲ့ပါတယ်။

မနှစ်ကGwa Youth Club 2နှစ်ပြည့်အထိမ်းအမှတ်ပွဲကို အဖွဲ့ဝင်တွေစုပေါင်းပြီး ကျင်းပခဲ့ပေမဲ့လည်း ယနေ့ကျရောက်တဲ့3နှစ်ပြည့်မှာတော့အဖွဲ့ဝင်များ၏အခက်အခဲအမျိုးမျိုးကြောင့် မကျင်းပနိုင်တဲ့အတွက်အလွန်ဝမ်းနည်းမိပါတယ်။

📣လတ်တလောအခြေအနေမှာGYCအဖွဲ့သားတွေအနေနှင့် Activityများလုပ်ဆောင်မှုများရပ်နားထားရပေမယ့် နောက်ပိုင်းမှာပြန်လည်လုပ်ဆောင်သွားနိုင်ရန် ကြိုးစားနေကြပါတယ်ရှင်📣

GYC 3နှစ်မှသည် နောက်နှစ်ပေါင်းများစွာ အဓွန့်ရှည်ပါစေ။

❗️3rd Anniversary of Gwa Youth Club❗️


🥳Congratulations Khin Oo Zin 🥳Professional Learning Academy  မှဖွင့်လှစ်​​သောDiploma in English for Academic and Profess...
04/05/2023

🥳Congratulations Khin Oo Zin 🥳

Professional Learning Academy မှဖွင့်လှစ်​​သော
Diploma in English for Academic and Professional Purpose - Batch-2 လျောက်ထားသူများအနက်မှ အမှတ်ပေးစည်းမျည်း ဆုံးဖြတ်ချက်အရ

Step-1 Application
Step (2) Entrance Exam - Writing Test
Step (3) Interview Session တို့ကို​အောင်မြင်ကာ ​ရွေးချယ်ခံခဲ့ရ​​သော✨️ မခင်ဦးဇင်✨️အား
Gwa Youth Club မှ ၀မ်း​​မြောက်စွာဖြင့်ဂုဏ်ပြုပါသည်။

01/02/2023

YECDS Batch-3 အတွက် သင်တန်းလျှောက်လွှာခေါ်ယူခြင်း
🧑‍🎓🧑‍🎓🧑‍🎓🧑‍🎓🧑‍🎓🧑‍🎓🧑‍🎓🧑‍🎓🧑‍🎓🧑‍🎓🧑‍🎓🧑‍🎓

YECDS Program စွာ ပီချောင်းအင်စတီကျူးက အကောင်အထည်ဖော်လုပ်ဆောင်နီရေအစီအစိုင်တစ်ခုဖြစ်ပါရေ။ ဒေအစီအစိုင်မှာ ဒေသအတွင်းမှာဟိရေ လူငယ်‌ချေ တိအတွက် မိမိရို့ ‌ဒေသတိုးတက်ရီးတိကို ပိုကောင်းအောင်ဦးဆောင်နိုင်ဖို့နန့် ပြေတွင်း၊ပြေပထိ လားပြီး ပိုကောင်းရေပညာရီးတိကို ဆက်လက်သင်ကြားနိုင်ဖို့အတွက် အရည်အချင်းပြည့်၀အောင် လုပ်ဆောင်ပီးနီရေ အစီအစိုင်တစ်ခုလည်းဖြစ်ပါရေ။ ဒေသအတွင်းမှာ သိသင့်သိထိုက်ရေ လူမူရီး၊နိုင်ငံရီး၊အလုပ်အကိုင်တိနန့် ပတ်သတ်ရေ အခြေခံ သဘောတရားတိကို သိဟိနားလည်လာစီဖို့နန့် ‌‌ဂေါင်းဆောင်မှု၊ စီးပွားရီးစီမံခန့်ခွဲမူ ပညာရီးတိအပါအ၀င် အိန်ဂလိပ် ဘာသာစကား၊ ကွန်ပျူတာ တိကို ထိထိမိမိ အသုံးပြုနိုင်ဖို့အတွက် သင်ကြားပြသပီးနီရေ အစီအစိုင်တစ်ခုဖြစ်ပါရေ။

👉 ၀င်ခွင့်အတွက်လိုအပ်ချက်တိ

- အသက် ၁၇ နဲ့ ၂၃ နှစ်ကြားဖြစ်ရဖို့
- တက္ကသိုလ်၀င်တန်း ပြီးမြောက်သူဖြစ်ရဖို့
- အဂ်လိပ်စာအရေး၊ အဖတ်၊ အပြော အခြေခံ အဆင့်ရှိသူဖြစ်ရဖို့
- ဆက်လက်ပညာသင်ကြားရီးနဲ့‌ ‌ဒေသတိကို တိုးတက်အောင်လုပ်ပီး ချင်ရေ ဆန္ဒဟိသူဖြစ်ရဖို့
- ကျောင်းကိုပြီးမြောက်အောင်တက်ပြီး ကျောင်းစည်းမျဥ်စည်းကမ်းချက်တိကို လိုက်နာနိုင်ရဖို့

#ရွေးချယ်လားဖို့ ပုံစံ

🔰ပထမအဆင့်
#လျှောက်လွှာကို စီစစ်ခြင်း
🔰ဒုတိယအဆင့်
#အဂ်လိပ်စာ အရည်အချင်းစစ်ဆေးခြင်း
🔰နောက်ဆုံးအဆင့်
#လူတွေ့စစ်ဆေးမေးမြန်းခြင်း

လျှောက်လွှာကို Online link ကနီ တိုက်ရိုက် လျှောက်ထားနိုင်ရေပိုင်
👇 https://forms.office.com/r/iAPtNWvK7y

အောက်က Link ကိုနှိပ်ပြီး Download ရယူနိုင်ပါရေ👇



https://docs.google.com/document/d/1OS38F59WqY4hMpWgjtnw7I9SfX9P8qVj/edit?usp=sharing&ouid=118330113448704461544&rtpof=true&sd=true



https://drive.google.com/file/d/1iPkOx6Q2BH9OHJ_HmLVcLuwPfTpoCYBo/view?usp=sharing

👉 လျှောက်ထားချင်လူတိသည် အောက်ဖော်ပြပါနိရာတိတွင် လျှောက်လွှာတိကိုလည်း ရယူနိုင်ပြီး အီးမေးလ်မှ တစ်ဆင့်လည်း မိန်းမြန်းနိုင်ပါရေ။

ပီချောင်းအင်စတီကျူး
ကျောင်းသူ/သားရွီးချယ်ရေးဌာန

☎️ Ph : 09426710874/09264869229/ 09402087606
📧 Email: [email protected]

🌐Website: www.pechaunginstitute.com

🏢 Address:
- Pechaung Institute ၊ ဝဲကြီးထောင့်ကျေးရွာ၊ ပီချောင်းဒေသ၊ ကျောက်တော်မြို့
- Pechaung Institute ၊ စံပြပလ္လင်ပြင် ဘုန်းကြီးကျောင်း၊ မင်းဂံ ရပ်ကွက် (၃)၊ စစ်တွေမြို့

လျှောက်ထားသူသည် လျှောက်လွှာကို ပြည့်စုံစွာရီးသားပြီးကေ Email ဖြင့် ဖြစ်စီ ၊ အောက်ဖော်ပြပါနီရာတိကို လူကိုယ်တိုင်ဖြစ်စီ လာရောက် ပီးပို့နိုင်ပါရေ။

❗❗❗နောက်ဆုံး လျှောက်လွှာ ပိတ်ဖို့ ရက် (28.2.2023)
🏡 သင်တန်းနိရာ - Pichaung Institute၊ စံပြပလ္လင်ပြင် ဘုန်းကြီးကျောင်း၊ မင်းဂံ ရပ်ကွက် (၄)၊ စစ်တွေမြို၊ရခိုင်ပြည်

မှတ်ချက် ။ ။ မြို့နယ်အလိုက် သင်တန်းလျှောက်လွှာတင်နိုင်ဖို့ နိရာတိကို မကြာခင်တင်ပီးလားပါဖို့။

ပိုမိုသိဟိစီဖို့ အောက်ပါ link ကို ဝင်ရောက်လိလာနိုင်ပါ။
https://www.pechaunginstitute.com/post/diploma-in-youth-empowerment-and-community-development-studies

FYI
11/01/2023

FYI

ရခိုင်ပြည်နယ် - ကျေးလက်အမှိုက်စီမံခန့်ခွဲမှုသင်တန်းအတွက် သင်တန်းလျှောက်လွှာ ဖွင့်ပါပြီ🤩

Prevent Plastics Myanmar ရဲ့ ကျေးလက်ဒေသအမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ဆောင်မှုကဏ္ဍကို သန့်မြန်မာနှင့်အတူ ပူးပေါင်းကာ နိုင်ငံတစ်ဝှမ်းတွင် စဥ်ဆက်မပြတ် သင်တန်းများ ဖွင့်လှစ်လျက်ရှိရာ ယခုအခါ ရခိုင်ပြည်နယ်၊ ဂွမြို့တွင် ကျေးလက်အမှိုက်စီမံခန့်ခွဲမှုသင်တန်းကို ဖွင့်လှစ်တော့မည် ဖြစ်ပါသည်။ သင်တန်းသည် ဇန်နဝါရီလ (၂၇) ရက်နေ့မှ ဖေဖော်ဝါရီလ (၅) ရက်နေ့အထိ ၁၀ရက်တာ ကြာမြင့်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်၊ အထူးသဖြင့် ဂွမြို့အနီးရှိ ဒေသများတွင် အခြေပြုသည့် အရပ်ဖက်လူမှုအဖွဲ့အစည်း အဖွဲ့ဝင်များ (CSO အဖွဲ့ဝင်များ) အတွက် ရည်ရွယ်ဖွင့်လှစ်တာ ဖြစ်ပါတယ်။ အဆိုပါသင်တန်းမှတစ်ဆင့် မိမိတို့၏ရပ်ရွာမှာ ကိုယ်တိုင်အမှိုက်စီမံခန့်ခွဲမှုစနစ်တစ်ခုကို ဦးစီးထူထောင်နိုင်မည့် ခေါင်းဆောင်များကို မွေးထုတ်နိုင်မည်ဟု မျှော်လင့်ပါတယ်။

သင်တန်းကို ရခိုင်ပြည်နယ်တွင်နေထိုင်သည့် အရပ်ဖက်လူမှုအဖွဲ့အစည်းအဖွဲ့ဝင်များမှ စိတ်ဝင်စားသူ မည်သူမဆို၊ အသက်အရွယ်မရွေးလျှောက်ထားနိုင်မှာဖြစ်ပြီး သင်တန်းကာလအတွင်း စားသောက်နေထိုင်မှုနှင့် သင်တန်းတည်နေရာသို့ လာရောက်ရန် ခရီးစားရိတ် တစ်စိတ်တစ်ဒေသကိုလည်း သင်တန်းစီစဥ်သူများမှ ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။

စိတ်ပါဝင်စားပါက အောက်ပါ Link ကို ဇန်နဝါရီလ (၂၀) ရက်နေ့ နောက်ဆုံးထား၍ ဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါတယ်။ သင်တန်းနှင့် ပတ်သက်၍ မေးခွန်းများရှိပါက [email protected] ကိုသော်လည်းကောင်း၊ သန့်မြန်မာ Page Messenger မှသော်လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ သင်တန်းသားဦးရေကို (၁၅) ယောက်သာ စိစစ်လက်ခံသွားမှာဖြစ်ပြီး ဇန်နဝါရီလ (၂၀)ရက်နေ့ နောက်ဆုံးထားပြီး သင်တန်းလျှောက်လွှာ google form မှ လျှောက်ထားနိုင်ပါတယ်။

ရခိုင်ပြည်နယ် - ကျေးလက်အမှိုက်စီမံခန့်ခွဲမှုသင်တန်းကို သန့်မြန်မာမှ စီစဥ်ပို့ချတာဖြစ်ပြီး Prevent Plastics Myanmar မှ ပံ့ပိုးကူညီထားတာ ဖြစ်ပါတယ်။

သင်တန်းလျှောက်ထားရန် Google Form Link - https://tinyurl.com/349bpjh8

🥳Congratulations Khin Lai Lai Wai 🥳Akyab Institute-AI One Year Intensive Scholarship Program (လူမှုရေးသိပ္ပံကျောင်း) ကို...
23/12/2022

🥳Congratulations Khin Lai Lai Wai 🥳

Akyab Institute-AI One Year Intensive Scholarship Program (လူမှုရေးသိပ္ပံကျောင်း) ကို ရခိုင်ပြည်နယ် (၁၇) မြို့နယ်အပါအဝင် ချင်းပြည်နယ် ပလက်ဝ မြို့များမှ AI Batch-6 လျောက်ထားသူများအနက်မှ အမှတ်ပေးစည်းမျည်း ဆုံးဖြတ်ချက်အရ

Step-1 Application
Step (2) Entrance Exam - Writing Test
Step (3) Interview Session တို့ကို​အောင်မြင်ကာ ​ရွေးချယ်ခံခဲ့ရ​​သော✨️ မခင်လဲ့လဲ့​ဝေ✨️အား
Gwa Youth Club မှ ၀မ်း​​မြောက်စွာဖြင့်ဂုဏ်ပြုပါသည်။

18/12/2022

🙋🏻‍♀️မင်္ဂလာပါ GYC ကနေ ဒီအပတ်မှာSharingလုပ်ပေးချင်တဲ့အကြောင်းရာလေးကတော့ ထူးဆန်းပြီး ဆေးစွမ်းထက်တဲ့ မျိုးစိတ်တခုဖြစ်တဲ့

❄️ရှီးပဒီး❄️(Codyceps sinensis) အကြောင်းပဲဖြစ်ပါတယ်

🔎သူ့ကို ပိုးဆေးနွယ်ရှင် / ဆောင်းပိုးနွေမြတ်လို့လဲခေါ်ကြပါတယ်

🔎ရှီးပဒီးများကို မြန်မာနိုင်ငံမြောက်ဖျားပိုင်းရေခဲတောင်များရှိရာ

🌁ကချင်ပြည်နယ် ပူတာအိုမြို့🌁 အနီးတဝိုက်မှာတွေ့နိုင်ပါတယ်

🏔️အေးခဲတဲ့ရေခဲတောင်လိုနေရာမျိုးမှာသာတွေ့ရတက်လို့ ဟိမ၀န္တာတောင်တန်းဖြာဆင်းတဲ့ အိန္ဒိယ၊တရုတ်၊တိဘက်၊နီပေါ၊ဘူတန် ဒေသတေ‌ွမှာလဲပေါများစွာပေါက်ရောက်ပါတယ်

🐛ဆောင်းရာသီ ရေခဲချိန်မှာ ပိုးတုန်းလုံးလိုကောင်လေးဘ၀ကနေ

🦠ကပ်ပါးမှိုတမျိုးနဲ့သဟာဇာတဖြစ်စွာပေါင်းစပ်မိကြပြီး

🔎နွေရာသီ‌ေရခဲ‌ေပျာ်ချိန်ရောက်မှ ဦးခေါင်းကနေ နှာမောင်းသဖွယ် အညှောင့်‌ထွက်လာပြီး မြေပြင်ပေါ်တွင်အပင်ကဲ့သို့ရှင်သန်ကြပါတယ်

#ဒါကြောင့်ဆောင်းပိုးနွေမြက်လို့လဲခေါ်ကြပါတယ်

အပင်လဲဟုတ်သတ္တဝါလဲဟုတ်တာကြောင့် အာဟာရဓါတ်စုံစွာပါရှိပါတယ်🎁

-မျိုးပွားဆိုင်ရာပြဿနာတွေ
-ဆီး/ကျောက်ကပ်နဲ့ပါတ်သတ်တဲ့ရောဂါတွေ
-အာရုံကြောစနစ်နဲ့ကိုယ်ခံအား ကောင်းမွန်စေဖို့
-အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်၊နှလုံး၊အသည်း၊
ဆီချို၊သွေးတိုး၊ကင်ဆာ စတဲ့ရောဂါတွေကို

#ကြိုတင်ကာကွယ်ဖို့_နဲ့_ကုသရာမှာသုံးစွဲကြပါတယ်

၉၆-ပါးရောဂါတေ‌ွ ကုသဖို့အတွက် 1757 ခုနှစ်‌ေလာက်ထဲက တော်၀င်ဆေးတလက်အဖြစ်

⛩️တရုတ်နိုင်ငံမှာတရား၀င်သုံးဆွဲခဲ့တယ်လို့ သမိုင်းအထောက်ထားများမှတဆင့်သိရှိရပါတယ်⛩️

အလွန်ဆေးစွမ်းထက်တာကြောင့်တချို့နေရာတေ‌ွမှာရွှေထက်တန်ဖိုးကြီးပေး၀ယ်ရပါတယ်

🇲🇲🇲🇲မြန်မာနိုင်ငံမှာတော့ ကချင်ပြည်နယ်အတွင်းနဲ့တချို့နေရာတွေမှာသာ တန်ဖိုးထားမှီဝဲနေကြသေးပါတယ်🇲🇲🇲🇲

🔎ဓါတ်ခွဲခန်းတွေမှာစမ်းသပ်မွေးဖွားထုတ်လုပ်တဲ့ ရှီးပဒီးတွေလဲရှိပြီး

#သဘာ၀အတိုင်းတူးဖော်ရရှိတဲ့ဟာကသာ အာနိသင်ပိုထိရောက်ပြီးအဖိုးတန်ပါတယ်

🔎ရှီးပဒီးကို ဆေးအဖြစ်ထုတ်လုပ်မ‌ှီဝဲရုံမျှမကပ‌ဲ

🍲အာဟာရပြည့်‌ေအာင်ဟင်းလျာထဲထည့်ချက်စားသောက်ကြသလို

🍯ပျားရည်၊အရက်ဦးရည်၊ဆန်အရက်တို့နဲ့စိမ်ထားပြီး‌ဆေးဝါးဖြစ်လဲသောက်သုံးကြပါတယ်

☕ရေနွေးထဲခပ်၍လဲသောက်လို့ရပါသေးတယ်

🔶ဒီထက်ထဲထဲ၀င်၀င်လေ့လာချင်ရင်တော့ Fame ကဒေါက်တာခင်မောင်လွင် စာအုပ်ထုတ်ထားတာရှိတယ်လို့လဲသိရပါတယ်🔶

ကဲ.....ဒီအပါတ်မှာကမ္ဘာ့တန်ဖိုးအရှိဆုံးအင်းဆက်လေးအကြောင်းပြောပြပြီးသွားပြီဆိုတော့

နောက်အပါတ်တွေမှာလဲဘယ်လိုစိတ်၀င်စားစရာအကြောင်းရာတွေထပ်လာဦးမလဲစောင့်ကြည့်ပေးပါဦးနော်🥰🥰

content🖋 - Ma Theint Myat Su

အားလုံးပဲမင်္ဂလာပါ🍀ဒီနှစ်ဒီဇင်ဘာမှာကျရောက်တဲ့ YSEALI 9th Anniversary ကို Gwa Youth Club နဲ့ YSEALI alumni တွေကပါဝင်ဆင်နွ...
16/12/2022

အားလုံးပဲမင်္ဂလာပါ🍀

ဒီနှစ်ဒီဇင်ဘာမှာကျရောက်တဲ့ YSEALI 9th Anniversary ကို Gwa Youth Club နဲ့ YSEALI alumni တွေကပါဝင်ဆင်နွှဲနေတဲ့ပုံ‌တေွပဲဖြစ်ပါတယ်။✨
Online training တွေတက်ပြီး Gwa community မှာ knowledge sharing လုပ်ပေးတဲ့ volunteersတစ်ဦးချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ volunteers တွေမှ online training sessions တွေမှာသင်ခဲ့ရတဲ့အိမ်ထောင်ရှင်မတွေ၊ ကလေးတွေကို အမှိုက်တွေစနစ်တကျခွဲဝေစွန့်ပစ်တတ်ဖို့၊ ပလတ်စတစ်တွေလျှော့သုံးတတ်ဖို့၊ သဘာဝပတ်ဝန်းကျင်ကိုအလေးထား‌မြတ်နိုးတတ်လာစေဖို့ စတဲ့အချက်တွေကို အောင်မြင်စွာ သင်တန်းပို့ချခဲ့ပြီးဖြစ်ပါတယ်။
ထိုသင်တန်းကိုဇီးခုံရွာမှအိမ်ရှင်မများနှင့်ကလေးတွေတတ်ရောက်ခဲ့ကြပါတယ်။
Happy YSEALI 9th Anniversary!!!
ပါဝင်ဆင်နွှဲပေးတဲ့လူတစ်ယောက်စီတိုင်းကိုဒီကနေကျေးဇူးတင်လိုက်ရပါတယ်။

9th Anniversary

မင်္ဂလာပါ🤗ဒီတစ်ပတ်မှာတော့ GYCကနေ မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် (CRPD)အကျဥ်းချုပ် အကြောင်းကိုမ...
04/12/2022

မင်္ဂလာပါ🤗
ဒီတစ်ပတ်မှာတော့ GYCကနေ မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် (CRPD)အကျဥ်းချုပ် အကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်
Convention on the Rigths of Persons with Disabilities(CRPD)ရဲ့ ရည်ရွယ်ချက်ကတော့ မသန်စွမ်းသူများအားလုံး၏ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များအားလုံးကို အပြည့်အဝ တန်းတူညီမျှ ခံစားရရှိစေရေးနှင့် ၎င်းတို့၏ မွေးရာပါ ဂုဏ်သိက္ခာကို လေးစားမြှင့်တင်ရန်ဖြစ်ပါတယ်
စာချုပ်မှာပါ၀င်တဲ့ သဘောတူညီချက်တွေကတော့
အပိုဒ်(၁) စာချုပ်၏ရည်ရွယ်ချက်များ၊
အပိုဒ်(၂) ခွဲခြားဆက်ဆံမှု အဓိပ္ပါယ်၊
အပိုဒ်(၃) အခြေခံမူများ၊
အပိုဒ်(၄) အစိုးရ၏တာ၀န်များ၊
အပိုဒ်(၅) တန်းတူညီမျှမှုနှင့် ခွဲခြားဆက်ဆံမှုမပြုရေး၊
အပိုဒ်(၆) မသန်စွမ်းအမျိုးသမီးများတန်းတူရေး၊
အပိုဒ်(၇) မသန်စွမ်းကလေးများတန်းတူရေး၊
အပိုဒ်(၈) အသိပညာမြင့်မားရေး၊
အပိုဒ်(၉) လက်လှမ်းမှီရယူသုံးစွဲနိုင်ခြင်း၊
အပိုဒ်(၁၀) အသက်ရှင်သန်ခွင့်၊
အပိုဒ်(၁၁) ဘေးအန္တရာယ်ကျရောက်ချိန်တွင် အကာအကွယ်နှင့်
လုံခြုံရေးရရှိခွင့်၊
အပိုဒ်(၁၂) ဥပဒေအရ တန်းတူရရှိခံစားခွင့်၊
အပိုဒ်(၁၃) တရားမျှတမှုရရှိပိုင်ခွင့်၊
အပိုဒ်(၁၄) ပုဂ္ဂလိက လုံခြုံမှုနှင့် လွတ်လပ်မှုခံစားခွင့်၊
အပိုဒ်(၁၅) နှိပ်စက်ညှင်းပမ်းခြင်းမှ ကင်းလွတ်ခွင့်၊
အပိုဒ်(၁၆) ခေါင်းပုံဖြတ်ခြင်း၊အကြမ်းဖက်ခြင်းနှင့်
အလွဲသုံးစားပြုခြင်းတို့မှ ကင်းလွတ်ခွင့်၊
အပိုဒ်(၁၇) ရုပ်ပိုင်း၊စိတ်ပိုင်း ဂုဏ်သိက္ခာအပေါ်လေးစားခံပိုင်ခွင့်၊
အပိုဒ်(၁၈) ရွှေ့ပြောင်းသွားလာခွင့်နှင့် နိုင်ငံသားခံယူခွင့်၊
အပိုဒ်(၁၉) လူမှုအသိုင်းအဝိုင်းအတွင်းနေထိုင်ပါဝင်ခွင့်၊
အပိုဒ်(၂၀) တတ်နိုင်သရွေ့အမှီအခို ကင်းစွာ လှုပ်ရှားသွားလာခွင့်၊
အပိုဒ်(၂၁) လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့်
သတင်းများရရှိခွင့်၊
အပိုဒ်(၂၂) ပုဂ္ဂလိကလွတ်လပ်ခွင့်ကိုလေးစားခံပိုင်ခွင့်၊
အပိုဒ်(၂၃) မိသားစုဘဝကိုလေးစားခံပိုင်ခွင့်၊
အပိုဒ်(၂၄) တန်းတူပညာရေးရှိခွင့်၊
အပိုဒ်(၂၅) အမြင့်မားဆုံးကျန်းမာရေးကိုရရှိခွင့်၊
အပိုဒ်(၂၆) မှီခိုမှု အနည်းဆုံးဖြင့် ထူထောင်နိုင်ခွင့်နှင့်
ပြန်လည်ထူထောင်နိုင်ခွင့်များရရှိခွင့်၊
အပိုဒ်(၂၇) တန်းတူအလုပ်လုပ်နိုင်ခွင့် အခွင့်အရေးခံစားခွင့်၊
အပိုဒ်(၂၈) သင့်တင့်သောလူနေမှု အဆင့်အတန်းရရှိခွင့်
အပိုဒ်(၂၉) နိုင်ငံရေးနှင့် ပြည်သူ့ရေးရာများတွင် ပါဝင်ခွင့်၊
အပိုဒ်(၃၀) ယဥ်ကျေးမှု၊အားကစားနှင့် အပန်းဖြေပိုင်ခွင့်၊
အပိုဒ်(၃၁) စာရင်းအချက်အလက်များကောက်ယူရန်၊
အပိုဒ်(၃၂) နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ရန်နှင့်
အပိုဒ်(၃၃) နိုင်ငံတော်အဆင့်အကောင်အထည်ဖော်ရန် တို့ဖြစ်ပါတယ်
မြန်မာနိုင်ငံကတော့ CRPDကို
၂၀၁၁ခုနှစ်ဒီဇင်ဘာလရက်နေ့မှာလက်မှတ်ရေးထိုးခဲ့ပါတယ်
၁၉၉၂ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့မှာ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ဆုံးဖြတ်ချက်အရ ဒီဇင်ဘာလ ၃ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် သတ်မှတ်ကြေညာခဲ့ပါတယ် ဒီနှစ်အတွက် ဆောင်ပုဒ်ကတော့
"Transformative solutions for inclusive development: the role of innovation in fuelling an accessible and equitable world" ဖြစ်ပါတယ်
လူ့အခွင့်အရေးများအပြင်မသန်စွမ်းသူများဆိုင်ရာအခွင့်အရေးတွေကိုလက်ခံကျင့်သုံးခြင်းဟာလူသားတစ်ဦးတစ်ယောက်အနေနဲ့လုပ်သင့်လုပ်ထိုက်တဲ့တာ၀န်များဖြစ်ပါတယ် မိမိတို့ပတ်၀န်းကျင်မှာရှိတဲ့ လူသားတိုင်းကိုဖေးမကူညီကာ တန်းတူညီမျှဆက်ဆံပြီး ပျော်ရွှင်ကျန်းမာတဲ့အသိုက်အဝန်းတစ်ခုဖန်တီးဖော်ဆောင်နိုင်ကြပါစေရှင်
CRPDအသေးစိတ်ကိုတော့အောက်ပါlinkမှာဖတ်ရှုနိုင်ပါတယ်
https://www.ohchr.org/en/instruments-mechanisms/instruments/convention-rights-persons-disabilities
နောက်တစ်ပတ်မှာလဲဒီထက်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်နှော် ❤

''Clean Gwa Project'' 🍀Hello Everyone!YSEALI ရဲ့ 10 နှစ်ပြည့် Anniversary ကို Gwa Youth Club နဲ့ အတူ ပါဝင်ဆင်နွှဲနိုင်မယ...
15/11/2022

''Clean Gwa Project'' 🍀

Hello Everyone!

YSEALI ရဲ့ 10 နှစ်ပြည့် Anniversary ကို Gwa Youth Club နဲ့ အတူ ပါဝင်ဆင်နွှဲနိုင်မယ့် အခွင့်အရေးလေးကို Gwa Youth Clubက ယူဆောင်လာပါပြီနော်...👀

Workshopလေးအကြောင်းမပြောခင် _Younified အကြောင်း လေးပြောပြပေးမယ်နော်...✨

YSEALI Younified Anniversary ဆိုတာ ⁉️

YSEALI ကတော့ US အစိုးရရဲ့ Signature Program
တစ်ခုဖြစ်ပါတယ်။ အဓိကအားဖြင့်
အရှေ့တောင်အာရှနိုင်ငံက လူငယ်တွေကို Leadership Skills တွေတိုးတက်လာအောင်၊ Networking ကျယ်ပြန့်လာအောင်၊ Communityကိုဖွံ့ဖြိုးတိုးတက်လာအောင် သင်ကြားပေးတဲ့ Program တစ်ခုဖြစ်ပါတယ်။ Younified ဆိုတာကတော့ YSEALI ရဲ့ နှစ်ပတ်လည်တိုင်းမှာ YSEALIမှာ ပါဝင်ဖူးတဲ့ Alumni တွေ ဦးစီးပြီး ကျင်းပပေးတဲ့ပွဲလေးဖြစ်ပါတယ်။ တစ်နည်းအားဖြင့် YSEALI ရဲ့ Anniversary Event လို့ပြောလို့ရပါတယ်။ အထူးခြားဆုံးကတော့ ဒီနှစ်မှာ YSEALI ဟာ ၁၀နှစ်ပြည့် သက်တမ်းရှိခဲ့ပြီ ဖြစ်ပါတယ်။

YSEALI အကြောင်းလေးမိတ်ဆက်ပြီးပြီဆိုတော့ '' Clean Gwa Project'' လေးအကြောင်းပြောပါရစေ... ✨

Clean Gwa Project လေးဆိုတာ ⁉️

YSEALI ရဲ့ ၁၀နှစ်ပြည့် Younified Event မှ Clean Gwa Workshopလေးဟာ လူငယ်တွေကိုမူတည်ပြီး လူငယ်တွေကနေတစ်ဆင့် Community ကို ဦးတည်တဲ့ Projectလေးတစ်ခု ဖြစ်ပါတယ်။ အမှိုက်တွေအများဆုံးကိုင်တွယ်နေရတဲ့ အိမ်ရှင်မတွေနဲ့ ကလေးတွေအတွက် အမှိုက်စနစ်တကျစွန့်ပစ်ဖို့ နည်းလမ်းကောင်းလေးတွေလေ့ကျင့်သင်ကြားပေးမဲ့ Training Session များနဲ့အတူ သင်ယူထားတဲ့ အသိပညာတွေကိုလက်တွေ့အသုံးချနိုင်တတ်စေဖို့ physical activitiesတွေပါ ပါဝင်မှာဖြစ်ပါတယ်။ အသိပညာနဲ့အတူ အမှတ်တရလေးတွေကိုပါ ဖော်ဆောင်ပြီး လူမှုပတ်ဝန်းကျင်အတွက် ထိထိရောက်ရောက် ဖြစ်စေနိုင်တဲ့ အစီအစဉ်လေးဖြစ်တဲ့အတွက် အားလုံးအတူတူပါဝင်လာကြဖို့ မျှော်လင့်မိပါတယ်။

ဘယ်လိုလူတွေလျှောက်ထားနိုင်မလဲ ⁉️

Gwa မြို့နယ်အတွင်းရှိ(ကျောက်ချွန်ကျေးရွာမှကုလားပြင်ရွာအတွင်း)နေထိုင်သူဖြစ်ရပါမယ်။
အသက်၁၇မှ၂၅နှစ်ကြားလူငယ်တစ်ဦးဖြစ်ဖို့လိုအပ်ပါတယ်။
Online Trainingအပြင်ဇီးခုံရွာမှာ ပြုလုပ်မယ့် Workshop ကို တက်ရောက်နိုင်မယ့် သူဖြစ်ရပါမယ်။ Eventအစမှအဆုံးထိ ပါဝင်နိုင်မယ့်သူ ဖြစ်ရပါမယ်။
Participants စုစုပေါင်း၂၀ဦးရွေးချယ်သွားမှာဖြစ်ပါတယ်။

✨ရွေးချယ်ခံသူ လူငယ်များအတွက်
Online Training တက်ရောက်ရန် Phone Bill ထည့်ပေးသွားမှာဖြစ်ပါတယ်။ ဇီးခုံရွာတွင်offline activity ပြုလုပ်တဲ့နေ့မှာတော့သင်တန်းအဆုံးထိပါဝင်တတ်ရောက်ထားသူများအား YSEALI logoပါ Certificate ၊အမှတ်တရ လက်ဆောင်လေးနဲ့အတူ နေ့လည်စာ တည်ခင်းဧည်ခံမှာဖြစ်ပါတယ်။✨
ဒီ workshopလေးမှာပါဝင်ချင်ရင်တော့အောက်ပါlinkကနေတဆင့် မိမိရဲ့အချက်အလက်တွေကို ဖြည့်စွတ်စာရင်းပေးနိုင်ပါတယ်။

Link-https://docs.google.com/forms/d/e/1FAIpQLSdWnS_bN8JfyU-AFgyp-LT-yMpEz5sH5ynhAePUq40nkD5uTw/viewform?usp=sf_link

Trainerနဲ့ပတ်သတ်တဲ့ information ကိုပုံတစ်ပုံချင်းစီမှာဝင်ဖတ်ကြည့်လို့ရပါတယ်။

လျှောက်လွှာပိတ်မဲ့ရက်ကတော့ 22.11.2022 ည12နာရီတိတိမှာဖြစ်ပါတယ်။ ရွေးချယ်ခံရသူတွေကိုတော့ 23.11.2022နှင့် 24.11.2022တို့တွင်ဖုန်းဆက်၍သော်လည်းကောင်း၊emailပို့၍သော်လည်းကောင်းအကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။

Deadline- 22.11.2022📌
Online Training- 26.11.22 (orientation session+ training for household women (1-4pm) )📌
Online Training -27.11.22 (Training for children (1-4pm))📌
Offline activity -5.12.22 (face-to-face training + beach clean up)(9:00am-4:00pm)📌

Gwaမြို့နယ်အတွင်းရှိလူငယ်တွေအတွက် Experienceကောင်းတွေ ယူဆောင်လာမယ့် အစီအစဉ်လေးမလို့ လျှောက်ကြည့်ဖို့ မမေ့ကြပါနဲ့နော်... 🍀

Hello 👋Welcome back to GYC.မင်္ဂလာပါ။ ဒီနေ့ GYCကနေ အားလုံးကို sharing လုပ်ပေးမယ့်အကြောင်းအရာလေးကတော့ - Starry Night ဆိုတ...
13/11/2022

Hello 👋
Welcome back to GYC.
မင်္ဂလာပါ။ ဒီနေ့ GYCကနေ အားလုံးကို sharing လုပ်ပေးမယ့်အကြောင်းအရာလေးကတော့ -
Starry Night ဆိုတဲ့ နာမည်ကြီးပန်းချီကားကို ရေးဆွဲခဲ့တဲ့ Vincent Van Gogh အကြောင်းပဲဖြစ်ပါတယ်။
🔸 Vincent Van Goghကို 1853ခုနှစ်က Netherlandsမှာ မွေးဖွားခဲ့ပါတယ်။
သူဟာ ငယ်ဘဝတုန်းက Paris နဲ့ Landon မှာ ပန်းချီကုန်သည်အဖြစ် အလုပ်လုပ်ခဲ့တယ်။ ဒါပေမဲ့ ဝယ်သူတစ်ဦးနဲ့ ငြင်းခုန်မှုဖြစ်ပြီး အလုပ်ထုတ်ခံခဲ့ရပါတယ်။
🔸 1881ခုနှစ်မှာ Vincent ဟာ သူ့ရဲ့ဝမ်းကွဲတစ်ယောက်ကို ချစ်ကြိုက်မိပြီး ငြင်းဆိုခြင်းကိုခံလိုက်ရတဲ့အတွက် သူ့ကိုယ်သူသ*တ်သေဖို့ ကြိုးစားခဲ့တယ်။
🔸 1886ခုနှစ်မှာ Vincent ဟာ ပန်းချီပညာကိုလေ့လာဖို့ Paris ကိုလာခဲ့တယ်။ Paris မှာပဲ နာမည်ကြီးပန်းချီဆရာ တော်တော်များများနဲ့ ရင်းနှီးခဲ့တယ်။ နှစ်နှစ်လောက်ကြာပြီးတဲ့အခါမှာ Vincent ဟာ သူ့ရဲ့သူငယ်ချင်းပန်းချီဆရာတစ်ယောက်နဲ့ တူတူနေထိုင်ပြီး အသက်မွေးဝမ်းကြောင်းပြုခဲ့တယ်။
🔸 1888ခုနှစ်ရဲ့ ညနေခင်းတစ်ခုမှာ မူးနေတဲ့ Vincent ဟာ သူငယ်ချင်းဖြစ်သူ ပန်းချီဆရာနဲ့ အခြေအတင်ဖြစ်ပြီးတော့ မုတ်ဆိတ်ရိတ်တဲ့ဓါးတစ်ခုကိုယူပြီး အိမ်ကထွက်လာခဲ့တယ်။ ပြီးတော့ Vincent ဟာ သူ့ရဲ့နားတစ်ဖက်ကိုဖြတ်ပစ်ခဲ့တယ်။
🔸 အဲ့တာပြီးတဲ့နောက်မှာ Vincent ဟာ စိတ်ကျန်းမာရေးဂေဟာတစ်ခုကို သူကိုယ်တိုင်ပြောင်းရွှေ့နေထိုင်ခဲ့တယ်။ သူဟာ မနက်တိုင်း 6နာရီမှာ အိပ်ရာထပြီးတော့ အပြင်ကိုထွက်ပြီး ပန်းချီဆွဲလေ့ရှိတယ်။ Starry Night အပါအဝင် သူ့ရဲ့နာမည်ကြီးပန်းချီ တော်တော်များများကို အဲ့နေရာမှာပဲ အပြီးသ*တ်ခဲ့တယ်။
🔸 1890ခုနှစ်မှာ Vincent ဟာ Auvers-sur-Oiseကိုပြောင်းရွှေ့ခဲ့တယ်။ Vincent ဟာ စိတ်ဓာတ်ကျ‌မှုတွေအများကြီးကို ခံစားခဲ့နေရပေမယ့် ပန်းချီတွေဆက်ဆွဲနေခဲ့တယ်။ သူအပြင်မှာ ပန်းချီဆွဲနေတဲ့အချိန်မှာပဲ Vincent ဟာ ‌သူ့ရင်ဘတ်ကိုသူ သေန*တ်နဲ့ ပစ်ပြီးတော့ သ*တ်သေခဲ့ပါတယ်။
🔸 Vincent Van Gogh ရဲ့ ပန်းချီတွေဟာ သူ‌သေဆုံးပြီးတဲ့အခါမှ နာမည်ကြီးလာခဲ့ပြီး အသိအမှတ်ပြုခံခဲ့ရပါတယ်။
content - Phyo Theingi
graphic - Phyo Theingi

02/11/2022

စိုက်ပျိုးရေးနဲ့ စိုက်ပျိုးစီးပွားရေး ကဏ္လတွေမှာ ဦးဆောင်လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီးတွေအတွက် Women Entrepreneurship Program ရှိပါတယ်။


၈ လကြာမယ့် ဒီသင်တန်းအစီအစဥ်ဟာ အသက် ၃၀ နဲ့အထက် အမျိုးသမီးလုပ်ငန်းရှင်တွေအတွက် အဓိကရည်ရွယ်ပြီး လေ့လာသင်ယူခွင့်ရမယ့် အကြောင်းအရာတွေက -
✅ စားသောက်ကုန်ထုတ်လုပ်မှုမှာ အရည်အသွေးမြင့်မားအောင် ထုတ်လုပ်နည်း
✅ ဘေးဥပါဒ်အန္တရယ်ကင်းရှင်းအောင် ထုတ်လုပ်နည်း
✅ ဈေးကွက်ချိတ်ဆက်မှုတွေလုပ်နိုင်ဖို့ နည်းလမ်းတွေ
✅ ငွေကြေးထောက်ပံ့မှုပေးတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်နိုင်ဖို့ နည်းလမ်းတွေ
✅ စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ အကြောင်းအရာတွေပါဝင်ပါမယ်။


အခုချိန်မှာ ပြည်တွင်းဖြစ်စားသောက်ကုန်တွေ ထုတ်လုပ်ရောင်းချနေတဲ့ လုပ်ငန်းတွေအများကြီးပေါ်ပေါက်လာဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ့်အပြင် ဝယ်ယူစားသုံးသူတွေဆီကရတဲ့ ဝင်ငွေတွေဟာ တောင်သူလယ်သမားတွေဆီကို တိုက်ရိုက်ရောက်နိုင်ပါတယ်။ ပြည်တွင်းဖြစ်ကိုအားပေးတဲ့အခါ ပြည်တွင်းစားသောက်ကုန်ဓလေ့တွေကိုလည်း ထိန်းသိမ်းနိုင်တယ်၊ ပိုမိုကောင်းမွန်အောင်လည်း ထုတ်လုပ်နိုင်လာပါမယ်။


ဒါကြောင့် ကိုယ့်အဝိုင်းအဝန်းက အမျိုးသမီးပိုင်/အမျိုးသမီးတွေဦးဆောင်နေတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ၊ စားသောက်ကုန် ထုတ်လုပ်မှုလုပ်ငန်းတွေကိုအားပေးပါ။ အခုချိန်မှာ ပိုပြီးများပြားတဲ့ အခက်အခဲတွေအမျိုးမျိုးကြားက စီမံခန့်ခွဲရတဲ့အတွက် လိုအပ်တဲ့ပံ့ပိုးမှုတွေ ရယူနိုင်ဖို့ ဒီ program အကြောင်းကိုမျှဝေပေးပါနော်။


Program ကိုလျှောက်ဖို့စိတ်ဝင်စားတယ်ဆိုရင် -
Apply here - https://lnkd.in/gVDTiJgN
Phone number - 09 965 405 501/ 09 447 043 463/ 09 750 054 341
Email - [email protected], [email protected]
Deadline- 10th November 2022
More Info - https://tinyurl.com/WEP-Info-Burmese

All the best!



Ref:
Myanmar Innovative Life Sciences
Myanmar Women Entrepreneurs Network

မင်္ဂလာပါရှင် GYCကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ယခုတစ်ပတ်မျှဝေပေးချင်တာလေးကတော့ ကမ္ဘာပေါ်ရှိလူသားအားလုံးနှင့်သက်ဆိ...
30/10/2022

မင်္ဂလာပါရှင်
GYCကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်

ယခုတစ်ပတ်မျှဝေပေးချင်တာလေးကတော့ ကမ္ဘာပေါ်ရှိလူသားအားလုံးနှင့်သက်ဆိုင်သည် လူ့အခွင့်အရေးအကြောင်းပဲဖြစ်ပါတယ်။

လူ့အခွင့်အရေးသည် လူသားအားလုံးနှင့်
သက်ဆိုင်သည်။အသားအရောင်၊ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး၊ အတွေးအခေါ်၊ လိင်ကွဲပြားမှုမရွေး လူ့အခွင့်အရေးသည် လူသားအားလုံးအပေါ်တန်းတူညီမျှမှုရှိသည်။လူသားများသည် တစ်ယောက်နှင့်တစ်ယောက်ကွဲပြားနိုင်သော်လည်း လူဖြစ်ခြင်းဆိုသည့်အချက်မှာ အားလုံးတူညီသည့်အတွက်လူ့အခွင့်အရေးမှာလည်းလူသားအားလုံးအတွက်ဖြစ်သည်။
လူ့အခွင့်အရေးသည်လူတိုင်းအတွက်
မွေးရာပါအခွင့်အရေးဖြစ်သည်။
မွေးဖွားလာသည်မှစတင်ပြီး သေဆုံးသည့်တိုင်
လူ့အခွင့်အရေးသည်အရေးပါသည်။
လူ့အခွင့်အရေးကိုမည်သူကမှယူဆောင်သိမ်းပိုက်မရ။
ထို့ကြောင့် ကမ္ဘာ့ကုလသမ္မဂ္ဂမှ ၁၉၄၈ခုနှစ် ဒီဇင်ဘာလ (၁၀ )ရက်နေ့တွင်ပြဌာန်းခဲ့သော လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ်(၃၀)အား ဖော်ပြပါရစေရှင်။

(၁)လူတိုင်းမွေးဖွားလာကတည်းက
တူညီသောလူ့ဂုဏ်သိက္ခာနှင့်အခွင့်အရေးရှိသည်။

(၂)လူတိုင်းအသားအရောင် လိင် ကိုးကွယ်သည့်ဘာသာ ကျား မ မရွေး တန်းတူညီမျှဖြစ်သည်။

(၃)လူတိုင်းအသက်ရှင်ခွင့်လုံခြုံခွင့်ရှိသည်။

(၄)မည်သူ့ကိုမှ ကျွန်အဖြစ်စေခိုင်းခြင်းမပြုရ။

(၅)မည်သူ့ကိုမှ မတရားနှိပ်စက်ခြင်း မရှိစေရ။

(၆)လူတိုင်း တရားဥပဒေရှေ့တွင်လူသားကဲ့သို့ဆက်ဆံခံရမည်။

(၇)လူတိုင်း တရားဥပဒေရှေ့မှောက်တွင်
တန်းတူဖြစ်သည်။ကျောသားရင်သားမခွဲခြားရ။

(၈)အခွင့်အရေးချိုးဖောက်ခံရပါကဥပဒေအကူအညီယူခွင့်ရှိသည်။

(၉)မည်သူ့ကိုမှ ဥပဒေမဲ့ဖမ်းဆီးခြင်း၊တိုင်းပြည်မှနှင်ထုတ်ခြင်းမပြုရ။

(၁၀)လူတိုင်းမျှတသောတရားစီရင်မှုခံခွင့်ရှိသည်။လူအများကြားနာနိုင်သောတရားရုံးဖြစ်ရမည်။

(၁၁)အပြစ်ရှိသည်ဟုခိုင်လုံသောအထောက်အထားမရှိမခြင်းထိုသူသည်အပြစ်မရှိ။

(၁၂)မကောင်းသောရည်ရွယ်ချက်ဖြင့်အခြားသူ၏စာများဖောက်ခြင်း၊ အိမ်အတွင်းဝင်ခြင်းမပြုရ။

(၁၃)လူတိုင်းမိမိတိုင်းပြည်အတွင်း လွပ်လပ်စာ သွားလာခွင့်ရှိသည်။

(၁၄)မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံတွင် ခိုလှုံခွင့်တောင်းခံနိုင်သည်။

(၁၅)လူတိုင်းနိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်ရှိသည်။ ဆန္ဒရှိပါက အခြားနိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။

(၁၆)အရွယ်ရောက်ပြီးသော ကျားမတိုင်း မိမိဆန္ဒဖြင့် လက်ထပ်ခွင့် အိမ်ထောင်ထူထောင်ခွင့်ရှိသည်။

(၁၇)လူတိုင်းကိုယ်ပိုင်ပစ္စည်းပိုင်ဆိုင်ခွင့်ရှိသည်။

(၁၈)လူတိုင်းလွပ်လပ်စွာကိုးကွယ်ခွင့်ရှိသည်။ ဆန္ဒရှိပါက အခြားဘာသာသို့ ကူးပြောင်းနိုင်သည်။

(၁၉)လူတိုင်းလွပ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိသည်။

(၂၀)လူတိုင်းငြိမ်းချမ်းသောနည်းဖြင့် ဖွဲ့ထားသောအဖွဲ့များသို့ လွပ်လပ်စွာ ဝင်ခွင့်ရှိသည်။

(၂၁)လူတိုင်းမိမိတိုင်းပြည်၏ အစိုးရကို ဆန္ဒမဲဖြင့်ရွေးချယ်ပိုင်ခွင့်ရှိသည်။

(၂၂)လူတိုင်း လူမှုဘဝဖူလုံရေး ခံစားခွင့်ရှိသည်။

(၂၃)လူတိုင်းသင့်တင့်သောလစာဖြင့် အလုပ်လုပ်ခွင့် အလုပ်သမားသမဂ္ဂများသို့ ဝင်ရောက်ခွင့်ရှိသည်။

(၂၄)လူတိုင်းအပန်းဖြေအနားယူခွင့်ရှိသည်။

(၂၅)လူတိုင်းလုံလောက်သော လူနေမှုအဆင့်အတန်းနှင့် ဆေးကုသခွင့်ရှိသည်။

(၂၆)လူတိုင်းပညာသင်ကြားခွင့်ရှိသည်။ အနိမ့်ဆုံးမူလတန်းပညာကို အခမဲ့သင်ခွင့်ရှိသည်။

(၂၇)လူတိုင်းမိမိပတ်ဝန်းကျင်၏ ယဉ်ကျေးမှုတွင်ပါဝင်ပိုင်ခွင့်ရှိသည်။
(၂၈)လူတိုင်းဤစာတမ်းပါအခွင့်အရေးများကိုလေးစားရမည်။

(၂၉)လူတိုင်းအခြားသူများ၏အခွင့်အရေးကိုလေးစားရမည်။

(၃၀)ဤစာတမ်းပါအခွင့်အရေးများကိုမည်သူမှမချိုးဖောက်ရ။

Refence:Wikipedia

Address

Bogyoke Street
Gwa

Website

Alerts

Be the first to know and let us send you an email when GWA YOUTH CLUB posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to GWA YOUTH CLUB:

Share