19/07/2026
#လစဉ်ထောက်ပံ့လှူဒါန်းခြင်း
ထား၀ယ်မြို့ မြောင်းပုလဲရပ်ကွက် ရွှေဂူကျောင်း၀င်းအတွင်းမှာ နေထိုင်တဲ့
အဖွားကြည်
ကျနော်တို့ လစဉ်ကူညီထောက်ပံ့ပေးလျက်ရှိတဲ့ နွမ်းပါးသက်ကြီးရွယ်အို အဖိုးအဖွား တွေ အထဲကမှ
ရွှေဂူကျောင်း၀င်းအထဲမှာ နေထိုင်တဲ့ အဖွားကြည် အတွက်
ယခု ၇လပိုင်းအတွက် ဆန်တအိတ် အားဆေးတစ်လစာနဲ့ ငွေသားအလှူတစ်သိန်းကျပ်ကို အိမ်တိုင်ရာရောက်
သွားရောက်လှုပေးဖြစ်ခဲ့ပါတယ် ခင်ဗျာ 🙏🙏🙏
အဖွားကြည်က အရင်က ဥသရံရပ်ကွက်မှာနေပါတယ်
အမျိုးသားဖြစ်သူအဖိုး ဆုံးပါးသွားပြီးတဲ့နောက် နေစရာအိမ်အခက်အခဲ ဖြစ်နေလို
ရွှေဂူကျောင်းမှာ သီတင်းသုံးနေတဲ့ ဥဇင်းတပါးရဲ့ အကူအညီနဲ့ ရွှေဂူကျောင်း၀င်းအထဲကဇရပ်လေးမှာ နေထိုင်နေပါတယ်
စား၀တ်နေရေးက ကျနော်တို့ လစဉ်ထောက်ပံ့လှူဒါန်းပေးတာတွေရယ် ၊ ဥဇင်းကလည်း ကျွေးမွေးနေတာနဲ့
ဘ၀ကို ဖြတ်သန်းနေရပါတယ် ခင်ဗျာ
ကျနော်တို့ ဒီအဖိုးနဲ့အဖွား အတွက် လစဉ်ထောက်ပံ့လှူဒါန်းပေးလာတာ အခုဆို ၃နှစ်ရှိပါပြီ
လမ်သွားလာရင်း အဖွားကြည် နဲ့ဆုံခဲ့ရင် ပေးကမ်းလှုဒါန်းပေးကြဖို့လည်း တိုက်တွန်းပါတယ် ခင်ဗျာ 🙏🙏🙏
နွမ်းပါးသက်ကြီးရွယ်အိုတွေ အတွက် ပါ၀င်လှုဒါန်းလိုပါက
☎️☎️☎️09780754720
K pay...... Wave သို့
ထည့်၀င်လှူဒါန်းနိုင်ပါတယ် ခင်ဗျာ