BEHS-2Daik Oo,အာစရိယပူဇော်ပွဲကျင်းပရေးဗဟိုကော်မတီ

  • Home
  • Myanmar
  • Daik-u
  • BEHS-2Daik Oo,အာစရိယပူဇော်ပွဲကျင်းပရေးဗဟိုကော်မတီ
Directions

BEHS-2Daik Oo,အာစရိယပူဇော်ပွဲကျင်းပရေးဗဟိုကော်မတီ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BEHS-2Daik Oo,အာစရိယပူဇော်ပွဲကျင်းပရေးဗဟိုကော်မတီ, Community Organization, Aung Chantha Road, Daik-u.

20/09/2026

ငွေရတုမဂ္ဂဇင်းတွင် ပါဝင်သည့်စာမူစာရင်းများကို အများသိနိုင်ရန် ဖေါ်ပြလိုပါသည်။ အကယ်၍ ပေးပို့ထားပါသော် လည်း အောက်ပါစာရင်းတွင်မပါဝင်ပါက အသိပေးအကြောင်းကြားပေးကြပါရန် မေတ္တာရပ်ပါသည်။ အမှတ်တရစာစုကဏ္ဌတွင် ဆရာ/မများ၏ကိုယ်ရေးအကျဉ်းများ ပါဝင်မည်မဟုတ်ပဲ ကျောင်းနှင့်ပက်သက်သည့် အမှတ်ရချက်များသာပါဝင်မည်ဖြစ်ပါသည်။ သို့ပါ၍ ကျန်ရစ်ခဲ့ပါကလည်း ဆရာ/မ များအနေဖြင့် အသိပေးပါရန် မေတ္တာရပ်ပါသည်။

မာတိကာ

အမှတ်တရ ကဗျာကဏ္ဌ

၁။ “ဆရာဟူသည်” ကြည်မျိုးထက် ( ဒိုက်ဦး )
၂။ “ဥယျဉ်မှူးသို့ ကန်တော့ပန်း” ကြူကြူလွင် ( ပညာရေး )
၃။ “ဆရာ နှင့် ပညာ” ရွှေ ( အင်းသား )
၄။ “ငွေရတုနွဲမြတ်ဆရာပွဲ” ငြိမ်းခင်ဦး
၅။ “တေး” ကိုမောင်လှကျော်
၆။ "အာစရိယဆရာ" လွင်မောင်(ကောလိယ)
၇။ “ဆရာ” ဒေါ်မြဌေး
၈။ “တို့ကျောင်းသား” စန်းနွယ် ( ဒိုက်ဦး )
၉။ “ ကျောင်းတော်ကြီးသို့ လွမ်း ” ဒေါ်သန်းမြင့် -
၁၀။ “ရထားဥဩသံကြားတိုင်းလွမ်းခဲ့ရတဲ့ငယ်ကကျောင်း“ မျိုးဇော်ဦး
၁၁။ “ မော်ဒရေးရှင်း ” ဏီသူကို
၁၂။ “ဆရာ့ပီတိ” ပုံ့ပုံ့
၁၃။ “ငွေရတု အမှတ်တရ” ဇော်ဇော်လတ်
၁၄။ "ပီတိစားဆရာ" နေဇွဲ
၁၅။ “ငွေရတု နှင့် ခွဲခွာခြင်း" ဟန်သာ
၁၆။ “ ပန်းလိပ်ပြာ” လင်းခေတ်ဝေ
၁၇။ "အတိတ်ကိုရင်ခွင်ပိုက်ခြင်း" ခန့်စစ်သူ
၁၈။ “အိုဘယ့် ဆရာ” ချောငယ်

အမှတ်တရ ဆောင်းပါးကဏ္ဌ

“ နှလုံးသားမြို့ဟောင်းပေါ်က ကျောင်းထက်အက္ခရာ” ဆရာ ဦးတင်ဝင်း

“တထိတ်ထိတ်နဲ့ကွယ်” မခင်အောင် ( ဒိုက်ဦး )

“ခဏလေးပါ” ဆရာမဒေါ်ခင်ခင်ဝင်း

“အမှတ်တရ ( သို့မဟုတ် ) အမှတ်တရ” ဆရာစော ( ဒိုက်ဦး )

“သုံးကြိမ် သုံးခါ ကျွမ်းဝင်သည် အ.ထ.က ( ၂ ) ကျောင်းတော်ဆီ” ခင်ဥမ္မာ

သမိုင်းမှတ်တိုင် ထူခဲ့သည် မကြူကြူအောင် (မုဒိတာ)

အမှတ်တရ ဝတ္ထုတိုကဏ္ဌ

“အပြန်လမ်းဝယ်” အုတ်ဖို - မလွမ်းမူ
“ငယ်သူငယ်ချင်းသုံးယောက်” နေတင်မြင့် ( ဒိုက်ဦး )
“ကျွန်မယောက်ျား ဆိုက်ကားနင်းသည်” ( ကောလိယလှိုင်းယဉ် )
“ဆိုးလည်း ဆိုးတယ် သူတို့” လတ်ချော

အမှတ်တရ စာစုများ

ဆရာမ ဒေါ်ကြည်သန်း
ဆရာမကြီးဒေါ်လှလှ
ဆရာဦးမြင့်ဆွေ
ဆရာမဒေါ်အေးထွန်း
ဆရာမဒေါ်ခင်သန်းဌေး
ဆရာမဒေါ်မြမြဝင်း
ဆရာမဒေါ်စု
ဆရာကြီးဦးလှကျော်
ဆရာမဒေါ်စန်းကြည်
ဆရာမဒေါ်သန်းမြင့်
ဆရာမကြီး ဒေါ်ကြင်လွမ်
ဆရာမဒေါ်စမ်းစမ်းဝင်း
ဆရာမ ဒေါ်တင်နွဲ့
ဆရာမဒေါ်ရွှေဥ
ဆရာမဒေါ်ခင်မူ
ဆရာမဒေါ်နှင်းကြည်
ဆရာမ - နော်ဖောဝါး
ဆရာမ ဒေါ်ဝင်းမြင့်
ဆရာမ ဒေါ်မြင့်မြင့်သန်း
ဆရာမဒေါ်ခင်ယုဝေ
ဆရာမဒေါ်မီမီရှိန်
ဆရာမဒေါ်လှလှရီ
ဒေါ်ခင်သူဇာဝင်း
သဲစု
မော်ကွန်းဇော်
မောင်ကမ္ဘာ (ဒိုက်ဦး)
ခင့်

အမှတ်တရ နှလုံးသားကဏ္ဌ

“သေချာပါတယ်” မေလေး ( ဒိုက်ဦး )
“သူလည်း မေ့လောက်ပါချေပြီ” (ခင်ဇေယျာဟန်)
မေတ္တာစာ လေဗရီ
တစ်နေရာစာ ချန်ထားဆဲပါ ဏေသွေးအိမ်

11/09/2026

ယခုကျနော် တို့ ငွေရတုအထိမ်းအမှတ်မဂ္ဂဇင်း စီစဉ်နေချိန်မှာပဲ ဆရာမ သုံးဦး ဆရာတစ်ဦး ကွယ်လွန်သွားခဲ့ပါပြီ။ ဆရာဆိုရင် ကျနော် တို့စီစဉ်နေချိန်မှာပဲ အားရဝမ်းသာနဲ့ ကူညီပေးဖို့ပြောခဲ့ပေမယ့်လည်း ဆရာဆီက အမှတ်တရဖြစ်မယ့် စာကို မရလိုက်ပါဘူး။ ထိုနည်းတူစွာပဲ ဆရာမတွေဆီကလည်း တောင်းဆိုခဲ့ပေမယ့်လို့ ကျန်းမာရေးအခြေအနေကြောင့် ဆန္ဒရှိကြပေမယ့်လည်း ဆရာမခမျာ ဗျာတိသဘောကိုမလွန်ဆန်နိုင်ပဲ မရဏတိုင်းပြည်ကို ကူးသွားခဲ့ကြရပါတယ်။
ဆရာမကြီးရွှေကူမေနှင်းကပြောဘူးတယ်။ လူဆိုရင် သူလုပ်ခဲ့တဲ့ လက်ရာခြေရာချန်ထားခဲ့နိုင်ရမယ်တဲ့။ ထိုနည်းနှင်နှင်ပဲ ဆရာ /မ တို့ကလည်း သူတို့ရဲ့ တပည့်သားသမီးများစွာကို မွေးထုတ်သွားခဲ့ကြတယ်။ သို့ပေမယ့်လို့ ဆရာမတို့ရဲ့ ရင်ထဲကနေ ဒီလိုလုပ်ရပ်အပေါ်မှာ ဘယ်လိုခံစားခဲ့ကြရတယ်။ ဘယ်လိုအားထုတ်ခဲ့ကြရတယ်။ ဘယ်လိုတွေရင်ဆိုင်ခဲ့ကြရတယ်။ ဆိုတာကို ကျနော် တို့က မှတ်တမ်းလေးတစ်ခုပြုစုထားနိုင်ခဲ့စေချင်တာပါ ။ ဒါဆိုရင် သက်ဆိုင်ရာ တပည့် သားသမီးတွေ အပေါင်းအသင်းရောင်းရင်တွေရဲ့ အတွေးအိမ်ထဲမှာ လွမ်းဆွတ်ဖွယ်ရာ တမ်းတစရာ အလေးအမြတ်ပြုစရာတစ်ခုအဖြစ် သမိုင်းတွင်ရစ်မယ်လို့လည်း ယုံကြည်ပါတယ်။
ဒီလိုသဘော ဒီလိုအတွေးများနဲ့ ဆောင်ရွက်ခဲ့ကြပေမယ့်လည်း လက်တွေ့မှာ အားရစရာမရှိလှပါဘူး။ စာနဲ့ပေနဲ့ဆိုတာ ဖုန်းတစ်လုံးလောက်အရေးမပါဘူးလို့ ယူဆသူတွေကြားထဲမှာ ကျနော် တို့က အယက်ခံနေရတဲ့ ဗေဒါတွေလိုပါပဲ။ သို့ပေမယ့်လို့ ဘယ်လောက်ပဲခံခဲ့ရ ခံခဲ့ရ ကျနော် တို့ဆက်ပြီး မြစ်ကြောင်းအတိုင်း ဆက်လက်စုန်ဆင်းနေမှာပဲဖြစ်တယ်။ ဒီမှတ်တမ်းလေး တစ်ခုကိုအောင်မြင်ခဲ့ ပြီးတဲ့ နောက်ပိုင်းမှာလည်း အာစရိယပူ‌ဇော် ပွဲနဲ့ပက်သက်ပြီး မည်သည့်အလုပ်ကိုမျှ ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်းကိုလည်း တခါတည်း အသိပေးထားပါတယ်။ ယခုလည်း စာအုပ်ကိစ္စအဝဝမှာ စာမူအနေအထားသိပ်ကျေနပ်လှတယ်မဟုတ် သော်ငြား ပေမီဒေါက်မီ လုံလောက်နေပြီဖြစ်တဲ့အတွက် ကျနော်တို့ ရံပုံငွေကိစ္စကို လုံးပန်းနေကြပါတယ်။ သို့ပေမယ့်လည်း ဒီလနောက်ဆုံးထားပြီး စာအုပ်မဖြစ်ဖြစ်အောင်လုပ်ဖို့ ဆော်ဩထားပြီးဖြစ်သလို ၊ လိုအပ်ချက်မပြည့်မီပါက ဖြစ်မြောက်ရေးကော် မတီဝင်များ အချိုးကျစိုက်ဖို့ကိုလည်း ပြောထားပြီးပါပြီ။ မည်သို့ပဲဖြစ်ဖြစ် မှတ်တမ်းလေးတစ်ခုကျန်ရစ်ဖို့အတွက် အစွမ်းကုန်ကြိုးစားသွားကြမှာပါ။ ထိုမှတ်တမ်းအတွက် ပူးပေါင်းသည်ဖြစ်စေ မပူးပေါင်းသည်ဖြစ်စေ အပြစ်တင်ခြင်း အမုန်းပွားခြင်း လုံးဝမရှိကြောင်းကိုလည်း အသိပေးပါရစေ။ လုပ်သင့်လုပ်ထိုက်သည်မှလွဲ၍လည်း ကျောသားရင်သားခွဲခြားခြင်းလည်းမရှိခဲ့ပါ။ ဖြစ်သင့်ဖြစ်ရာများကို တွေးတောကြံဆပြီး ကိုယ်သိသမျှ အကောင်းဆုံးလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်းကို တစ်နေ့ လက်ခံနိုင်ကြစေဖို့သာ ဆန္ဒပြုချင်ပါတယ်။

အားလုံးကို ကျေးဇူးတင်လျက်
တာဝန်ခံ အယ်ဒီတာ

( နောက်ထပ်လည်း မဂ္ဂဇင်းနှင့်ပက်သက်၍ မည်သည့်ပို့စ်မျှ တင်မည်မဟုတ်ပါ။ ပေးပို့ထားသည့် ဆရာ/ မများ ၊ ကျောင်းသားဟောင်းများ အားလုံး၏ စာများ ပါဝင်ပါမည်။ )

🕊️ ဝမ်းနည်းကြေကွဲခြင်းနှင့် မေတ္တာပို့ဆုတောင်းခြင်း 🕊️         ဆရာမကြီးဒေါ်သန်းနု(9-8-1945     မှ     1-7-2026)         ...
31/08/2026

🕊️ ဝမ်းနည်းကြေကွဲခြင်းနှင့် မေတ္တာပို့ဆုတောင်းခြင်း 🕊️

ဆရာမကြီးဒေါ်သန်းနု
(9-8-1945 မှ 1-7-2026)

ချစ်ခင်လေးစားရပါသော အ.ထ.က(၂) ဒိုက်ဦး ၏ အပူဇော်ခံဆရာမကြီးတစ်ဦးဖြစ်သော #ဆရာမကြီးဒေါ်သန်းနု အသက် (၈၂) နှစ် သည် လွန်ခဲ့သော (၂) လခန့် (၁-၇-၂၀၂၆) ရက်နေ့တွင် ဘဝတစ်ပါးသို့ပြောင်းရွှေ့ကွယ်လွန်သွားကြောင်း ကြားသိရပါသဖြင့် မိသားစုဝင်များ၊ ဆရာမကြီး၏ တပည့်များအားလုံးနှင့်အတူ အထူးဝမ်းနည်းကြေကွဲရပါသည်။

ဆရာမကြီး၏ ဘဝတစ်လျှောက် ပေးဆပ်ခဲ့သော ပညာ၊ မေတ္တာနှင့် စေတနာများသည် တပည့်များ၏ နှလုံးသားထဲတွင် အမြဲတမ်းမပျောက်မပျက် ဆက်လက်ရှင်သန်နေပါအုံးမည်။

🙏 #ဆရာမကြီးဒေါ်သန်းနု ကောင်းရာသုဂတိလားပါစေ၊ ဘဝအဆက်ဆက် ဘေးရန်ကင်း၍ ငြိမ်းချမ်းခြင်းနှင့် ပြည့်စုံပါစေကြောင်း မေတ္တာပို့ ဆုတောင်းအပ်ပါသည်။

ဆရာမကြီး၏ ကျေးဇူးတရားများကို အမြဲအောက်မေ့လျက်…
ဝမ်းနည်းခြင်းများစွာဖြင့် အလေးအနက် ဂုဏ်ပြုအပ်ပါသည်။ 🙏

ကျွန်တော်တို့တပည့်များ အားလုံးရဲ့ကျေးဇူးရှင် အ.ထ.က (၂) ဒိုက်ဦး ၏ အပူဇော်ခံ ဆရာမကြီး  #ဒေါ်ခင်သန်းဌေး  အသက် (၇၃) နှစ် သည်...
28/08/2026

ကျွန်တော်တို့တပည့်များ အားလုံးရဲ့ကျေးဇူးရှင် အ.ထ.က (၂) ဒိုက်ဦး ၏ အပူဇော်ခံ ဆရာမကြီး #ဒေါ်ခင်သန်းဌေး အသက် (၇၃) နှစ် သည် ယနေ့ ၂၈.၈.၂၀၂၆ (သောကြာနေ့)တွင် ဆုံးပါးကွယ်လွန်သွားပါကြောင်း ဆရာမကြီး၏ သားသမီးတပည့်များကို ညိုးငယ်သောစိတ်ထားဖြင့် အသိပေးအကြောင်းကြားလိုက်ရပါသည်။ ဆရာမကြီးသည်လည်း ကောင်းရာမွန်ရာဘုံဘဝသို့ ရောက်ရှိ ရရှိ စံစားရပါစေခင်ဗျာ…😭😭🙏🙏🙏
၃၀.၈.၂၀၂၆ ရက် (တနင်္ဂနွေနေ့) တွင် နေအိမ်တည်ရှိရာ ကျောင်းစုရပ်ကွက်၊ တပင်ရွှေထီးလမ်းမှ ရွာတန်းရှည်သုဿာန်သို့ အသုဘရှုကမဋ္ဌာန်း လိုက်ပါပို့ဆောင်နိုင်ပါသည်။

27/08/2026

အမှတ်တရ ကဗျာ ကဏ္ဍတွင် လက်စွမ်းပြထားကြသည့် ဆရာ / မများနှင့် ကျောင်းသား/သူ ဟောင်းများ

ကြည်မျိုးထက် ( ဒိုက်ဦး )
ကြူကြူလွင် ( ပညာရေး )
ရွှေ ( အင်းသား )
ငြိမ်းခင်ဦး
ဏေသွေးအိမ်
လွင်မောင်(ကောလိယ)
ဒေါ်မြဌေး
စန်းနွယ် ( ဒိုက်ဦး )
ဒေါ်သန်းမြင့် -
မျိုးဇော်ဦး
ဏီသူကို
ပုံ့ပုံ့
ဇော်ဇော်လတ်
နေဇွဲ
ဟန်သာ
လင်းခေတ်ဝေ
ခန့်စစ်သူ
ချောငယ်

ငွေရတုမဂ္ဂဇင်းဖြစ်မြောက်ရေးအတွက် ကြော်ငြာထည့်သွင်းခြင်းဖြင့် ကူညီထောက်ပံ့ပေးပါသော ကောင်းပြည့်စုံ ပရိဘောဂအား အထူးပင်ကျေးဇ...
26/08/2026

ငွေရတုမဂ္ဂဇင်းဖြစ်မြောက်ရေးအတွက် ကြော်ငြာထည့်သွင်းခြင်းဖြင့် ကူညီထောက်ပံ့ပေးပါသော ကောင်းပြည့်စုံ ပရိဘောဂအား အထူးပင်ကျေးဇူးတင်ပါသည်။ ဆထက်တပိုးအောင်မြင်ပါစေရန်လည်း ဆုတောင်းပါသည်။

တာဝန်ခံအယ်ဒီတာ

ငွေရတုမဂ္ဂဇင်းဖြစ်မြောက်ရေးအတွက် ကြော်ငြာထည့်သွင်းပေးပါသော ကံ့ကော်ရိပ် ကိုယ်ပိုင်အထက်တန်းကျောင်းအား အထူးပင်ကျေးဇူးတင်ပါသ...
25/08/2026

ငွေရတုမဂ္ဂဇင်းဖြစ်မြောက်ရေးအတွက် ကြော်ငြာထည့်သွင်းပေးပါသော ကံ့ကော်ရိပ် ကိုယ်ပိုင်အထက်တန်းကျောင်းအား အထူးပင်ကျေးဇူးတင်ပါသည်။ ဆထက်တပိုး အောင်မြင်ပါစေလို့လည်း ဆုတောင်းပေးပါသည်။

တာဝန်ခံအယ်ဒီတာ
ကြော်ငြာထည့်သွင်းပေးခြင်းဖြင့် မဂ္ဂဇင်းဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးလိုသူ လုပ်ငန်းရှင်များလည်း ဆက်သွယ်နိုင်ပါသည်။

ငွေရတုမဂ္ဂဇင်းဖြစ်မြောက်ရေးအတွက် ကြော်ငြာထည့်သွင်းပေးပါသော မြသီတာ ကိုယ်ပိုင်အလယ်တန်းကျောင်းအား အထူးပင်ကျေးဇူးတင်ပါသည်။ ဆ...
24/08/2026

ငွေရတုမဂ္ဂဇင်းဖြစ်မြောက်ရေးအတွက် ကြော်ငြာထည့်သွင်းပေးပါသော မြသီတာ ကိုယ်ပိုင်အလယ်တန်းကျောင်းအား အထူးပင်ကျေးဇူးတင်ပါသည်။ ဆထက်တပိုး အောင်မြင်သည့် ကိုယ်ပိုင်ကျောင်းဖြစ်ပါစေလို့လည်း ဆုတောင်းပါသည်။

တာဝန်ခံအယ်ဒီတာ

20/08/2026

ငွေစင်ကြယ်မိသားစု ဖုန်းနှင့် လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေး မင်းလမ်းမှ ငွေရတုမဂ္ဂဇင်းဖြစ်မြောက်ရေးအတွက် အလှူငွေ နှစ်သိန်းကျပ်တိတိကိုလှူဒါန်းပေးပါတယ်။ ထိုအတွက် ငွေစင်ကြယ်မိသားစုကို အထူးပဲကျေးဇူးတင်ပါတယ်။ လုပ်ငန်း ကိုင်ငန်းများလည်း ဆထက်တပိုးအောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။

တာဝန်ခံအယ်ဒီတာ

ငွေရတု မဂ္ဂဇင်းလေးဖြစ်မြောက်ဖို့ကို ရှိသမျှအကြံဉာဏ်တွေအကုန်သုံးပြီး ကြိုးစားနေကြပါတယ်။ သို့ပေမယ့်လည်း ကုန်ဈေးနှုန်းက ကို...
18/08/2026

ငွေရတု မဂ္ဂဇင်းလေးဖြစ်မြောက်ဖို့ကို ရှိသမျှအကြံဉာဏ်တွေအကုန်သုံးပြီး ကြိုးစားနေကြပါတယ်။ သို့ပေမယ့်လည်း ကုန်ဈေးနှုန်းက ကိုယ်ကလိုက်လေ ပြေးလေဆိုသလိုဆိုတော့ အံကြိတ်နေရတာတော့ အမှန်ပဲ။ တရုတ်ကျောင်း ဆိုတဲ့ ကျောင်းသားစိတ်ဓါတ်လေးကြောင့်သာ လုပ်နေရတာပါ။ တကယ်တော့ ကျနော် တို့လုပ်ရပ်အပေါ် မှာ ထောက်ခံသူကလူနည်းစုပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် အာစရိယပူဇော်ပွဲ အထိမ်းအမှတ်အတွက်လုပ်ဆောင်နေတာ ဖြစ်ပေမယ့်လို့ လက်ရှိအာစရိယပူဇော်ပွဲ ရံပုံငွေတွေကို မျက်စောင်းတောင်ထိုးမကြည့်ပါဘူး။ သေချာတာက နှစ်တွေကြာလာလေ ကျနော် တို့လုပ်ရပ်ကိုသဘောပေါက်လေဖြစ်မှာပါ။ သမိုင်းမှာဆိုရင်တာာ့ ကျောက်စာပေါ့။ ကျောက်စာတွေကိုဘာလို့လေ့လာနေရသလည်း။ အဲ့ဒီကျောက်စာတွေဟာ လူ့လောကအတွက် ဘယ်လိုအကျိုးပြုသလည်း စဉ်းစားပေါ့။ ဒီအတွက် ကျနော်တို့ ဘယ်သူဘာပြောပြော အကောင်းဆုံးလုပ်ဖို့ပဲ စဉ်းစားပါတယ်။ တချိန်က တရုတ်ကျောင်းဆိုတာ ကျောင်းသားအချင်းချင်းညီညွတ်မှုရော စည်းကမ်းရှိမှုရော အပြန်အလှန်လေးစားသမှုရော ပညာအရည်အသွေးရော ဘယ်နေရာမှ မနိမ့်ခဲ့ဖူးဆိုတာထက် ထိပ်တန်းမှာရှိခဲ့တယ်ဆိုတာ ဒီငွေရတုစာအုပ်က သက်သေခံပါလိမ့်မယ်။

ငွေကုန်ကြေးကျများလွန်းလို့ သူငယ်ချင်းတစ်ယောက်က ကူညီရေးဆွဲပေးထားတဲ့ အဖုံးဒီဇိုင်းပါ။

တာဝန်ခံအယ်ဒီတာ

Address

Aung Chantha Road
Daik-U

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when BEHS-2Daik Oo,အာစရိယပူဇော်ပွဲကျင်းပရေးဗဟိုကော်မတီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share