The Eco Vibes

The Eco Vibes 𝑳𝒆𝒕'𝒔 𝒔𝒂𝒗𝒆 𝒕𝒉𝒆 𝑬𝒂𝒓𝒕𝒉 𝒕𝒐𝒈𝒆𝒕𝒉𝒆𝒓 𝒘𝒊𝒕𝒉
"𝑻𝒉𝒆 𝑬𝒄𝒐 𝑽𝒊𝒃𝒆𝒔" !

Lemme bless your evening withour precious customers' feedbacks🥰🤍ကျွန်တော်တို့ရဲ့ customersလေးတွေဟာ ကျွန်တော်တို့ digital...
13/01/2023

Lemme bless your evening with
our precious customers' feedbacks🥰🤍

ကျွန်တော်တို့ရဲ့ customersလေးတွေဟာ ကျွန်တော်တို့ digital marketing campaign day အပြီးမှာ
ရခဲ့တဲ့ gift sets လေးတွေ၊ ဝယ်ယူအားပေးခဲ့တဲ့
မုန့်လေးတွေနဲ့ ပတ်သတ်ပြီး feedback လေးတွေ
လာပေးထားတာကို အားလုံးနဲ့အတူ
sharingလုပ်လိုက်ပါတယ်ဗျ။

အားလုံးပဲ သာယာတဲ့ညနေခင်းလေးကို
ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ...။

Best Wishes,
Eco Vibes Team



Happy New Year, guys!!🥰💗အားလုံးပဲ နှစ်သစ်မှာ စိတ်သစ်၊ ကိုယ်သစ်နဲ့ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ဆုတောင်းတွေလည်း ပြည့်ပါစေ...
31/12/2022

Happy New Year, guys!!🥰💗
အားလုံးပဲ နှစ်သစ်မှာ စိတ်သစ်၊ ကိုယ်သစ်နဲ့ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ဆုတောင်းတွေလည်း ပြည့်ပါစေ။
လုပ်သမျှ အားလုံး အဆင်ပြေပြီး အောင်မြင်ကြပါစေ။

Imperians လေးတွေ အားလုံးလည်း upcoming assignment , presentation အားလုံးကို
အခက်အခဲမရှိ အချိနိမှီပြီး ၊ အောင်မြင်ပြီး grades ကောင်းကောင်းတွေရကြပါစေလို့ The Eco Vibes Team ကနေ
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်

အားလုံးပဲ happy new year ပါ ~ 💚

Love,
Eco Vibes Team


26/12/2022

ကဲ နောက်ဆုံးတော့ Campaign Day လေးလည်း အောင်အောင်မြင်မြင်နဲ့ပြီးဆုံးသွားပါပြီ🥳

Campaign လေးဖြစ်မြောက်အောင် တကူးတက ပါဝင်ပေးခဲ့ကြတဲ့ ချစ်သောဆရာ/ဆရာမ တွေနဲ့ Imperians လေးတွေကို ကျေးဇူးအထူးပဲတင်ပါတယ်နော်🫂💗

နောက်ပြီးတော့ ဒီPage လေးက Campaign တခုတည်းအတွက်သာမကပဲ Knowledge Sharing အတွက်ပါရည်ရယ်ပြီးတည်ထောင်ခဲ့တဲ့အတွက်ကြောင့် Campaign ပြီးဆုံးသွားပေမယ့်လည်း Post လေးတွေဆက်တင်ပေးနေမှာပါဗျ။

Quiz အစီအစဉ်တွေနဲ့ Give Away အစီအစဉ်တွေလည်း ထပ်လာဦးမှာဖြစ်လို့ Page ကို Like and Follow လုပ်ခဲ့ကြဖို့မမေ့ကြနဲ့နော်😚🫶🏻

Stay Tuned,Guys!!⛄🤍

The Eco Vibes Team


အားလုံးပဲ Merry X' Mas ပါရှင်🎀❤️Imperians လေးတို့ကော သတိထားမိကြလားEco Vibes Team ကခဏပျောက်နေတာကို။🫣🤍အကြောင်းရင်းကတော့ te...
24/12/2022

အားလုံးပဲ Merry X' Mas ပါရှင်🎀❤️

Imperians လေးတို့ကော သတိထားမိကြလား
Eco Vibes Team ကခဏပျောက်နေတာကို။🫣🤍

အကြောင်းရင်းကတော့ team members လေးတွေဟာ assignmentတွေdeadline တွေနဲ့ အလုပ်ရှုပ်နေလို့ပါ :<

ဘာလိုလိုနဲ့ စောင့်လာခဲ့တဲ့ campaign dayကြီးဟာလည်း 21st Decemberမှာ အောင်အောင်မြင်မြင်နဲ့
ပြီးဆုံးသွားခဲ့ပါပြီရှင်🫶🏻

Campaign Day မြင်ကွင်းလေးတွေကို ပုံလေးတွေစု၊ video အတိုလေးတွေ လိုက်စုပြီး editလုပ်နေတာမို့လို့ နည်းနည်းကြာနေတာပါ🫂

ကဲကဲ အားလုံးပဲ Christmas Holiday မှာ ပျော်ရွှင်ကြပါစေနော်။ မနက်ဖြန်ကျရင် Campaign Day Vlog လေး ဒါမှမဟုတ် ပုံလေးတွေနဲ့ အတူတူ Eco Vibes Team က
စီစဉ်ထားတဲ့ နောက်ထပ် ဘယ်လိုtrend နဲ့ညီတဲ့
Quiz & GA လေးတွေနဲ့ ပြန်လာမလဲဆိုတာ
စောင့်နေပေးပါဦးနော်🫶🏻

အားလုံးပဲ Merry Christmas!!🏠🤍

Much Loves,
The Eco Vibes Team



ဟိတ်..! သိပြီးသွားကြပြီလား??🍀U'll miss the best parts when u skip.🤭 မနက်ဖြန်Campaign day မှာ Eco Vibes Teamကနေ Imperians...
20/12/2022

ဟိတ်..! သိပြီးသွားကြပြီလား??🍀
U'll miss the best parts when u skip.🤭

မနက်ဖြန်Campaign day မှာ Eco Vibes Team
ကနေ Imperiansလေးတွေအတွက် walk in အနေနဲ့
မုန့်တွေ အအေးတွေရောင်းချပေးသွားမယ်ဆိုတာ 🤭🫶🏻

Walk in အနေနဲ့ ရောင်းချပေးသွားမယ့်
snacksတွေကတော့ -

1). Jelly Jcup Milkshake (Cup & Straw used by paper only with 3R method)

Jelly J-cup လေးကတော့ လူတိုင်းရင်းနှီးပြီးသားပါရှင်🫶🏻
Eco Vibes Teamက အားလုံးကို taste အနေနဲ့လည်းရအောင် သေချာဖျော်ပေးမှာနော်😉
ဖျော်ပေးပြီးရင်လည်း 3Rကို အဓိကသုံးသွားမှာမို့လို့
paper cups+straws လေးနဲ့ပေးသွားမှာပါရှင့်🍬

2). Cookies (packaging used by DIY paper made by team members with 3R method)

Cookies လေးတွေကတော့ EcoVibes ရဲ့team member တစ်ဦးက သေသေချာချာလေး အချိန်တွေပေးပြီး ကိုယ်တိုင်လုပ်ထားတဲ့ homemade cookies လေးပါရှင်။ Homemadeဆိုပြီး‌တော့ အရသာအတွက်လည်း
စိတ်မပူနဲ့နော်။ အရမ်းကောင်းပဲ😭🫶🏻
U'll feel like u're in heaven just in first bite🤭🤍
အရသာလည်း ကောင်းသလို လုပ်ရတာနည်းနည်းလက်ဝင်လို့ stockကတော့limited stock လေးပါနော်🥺
Packagingကလည်း3Rနဲ့အညီ plastics
လုံးဝမသုံးထားပါဘူးနော်။
ဒါကြောင့် ဆရာ၊ ဆရာမများနဲ့ ကျောင်းသားကျောင်းသူ၊ imperiansအားလုံးmust try လုပ်သင့်တဲ့ထဲက
တစ်ခုပါပဲရှင်💚

3). Marshmallow (packaging used by DIY paper made by team members with 3R method)

Marshmallow လေးတွေကလည်း အရမ်းမအီတဲ့ marshmallow လေးတွေကို ရွေးချယ်ပေးထားပါတယ်ရှင်
Marshmallow ရဲ့ packaging လေးကလည်း
3Rနဲ့ အညီပါပဲရှင်>< ရောင်စုံ marshmallow လေးတွေကို မြည်းကြည့်သင့်သောပါပဲ။ Packagingလေးလည်း သပ်သပ်ရပ်ရပ်လေးပဲရှင်🫂🌿

ဒါတွေပဲလားဆိုတော့ မဟုတ်ပါဘူး။ ဘာလေးပါဦးမလဲ
သိချင်ကြသေးလား?? The best part comes here🫶

💗Photo paper နဲ့ K-pop photocard size or Polaroid sizeလေးတွေကို စိတ်ကြိုက်ပုံပေးပြီး
walk in လာထုတ်လို့ရမှာပါရှင်🥳🤍

ဒါတွေအားလုံးက မနက်ဖြန် Digital Marketing Campaign day တစ်ရက်တည်းမှာပဲ ရရှိမယ့် အခွင့်အရေးလေးပါနော်🌱💓
ဒါ့အပြင် environmental substainbilty အနေနဲ့3R ကိုသုံးပြီး plasticsကို ဘယ်လို reduce, reuse & recycle ကိုလုပ်ပြီး ဘယ်လို products အသစ်လေးတွေနဲ့ ဖန်တီးထားမလဲဆိုတာကိုလည်း သိရအောင် displayလုပ်ပြထားမှာပါရှင့်🐾🌱

Priceလေးတွေကလည်း တန်တာမှ ရှယ်နော်
Imperiansလေးတွေအတွက်🤍

Homemade cookie - 1000ks for 1 package
Jelly Jcup - 1500ks for 1 cup
Marshmallows - 1000ks for 1package
Photo printing (photocard design or Polaroid design) - 3 ပုံ1000ksပါရှင်🌱🫶🏻

Price လေးတွေ တန်ရုံသာမက The Eco Vibes Teamကနေပြီးတော့ ရတဲ့အမြတ်တွေကို charity တစ်ခုမှာ လှူဒါန်းသွားမှာဖြစ်လို့ လာခဲ့ကြဖို့ Imperiansများနှင့် ဆရာဆရာမ ၊ ဝန်ထမ်း အားလုံးကို
ဖိတ်ခေါ်လိုက်ပါတယ်ရှင်🌱

Imperial Cafeရဲ့ ဘယ်ဘက် or ညာဘက်ခြမ်းမှာ မနက်10am ကနေ 5pmအထိ ရှိနေမယ်နော်။
ကဲ မနက်ဖြန် စုံကြမယ်နော် 🤍

Much Loves,

The Eco Vibes Team


လာပါပြီ လာပါပြီ~မနေ့က quiz လေးမှာ ဘာလို့ လိပ်ကလေးတွေကplastics တွေကို စားမိနေလဲသိကြလား??မနေ့က quiz လေးရဲ့ အဖြေမှန်ကတော့ '...
17/12/2022

လာပါပြီ လာပါပြီ~
မနေ့က quiz လေးမှာ ဘာလို့ လိပ်ကလေးတွေက
plastics တွေကို စားမိနေလဲသိကြလား??

မနေ့က quiz လေးရဲ့ အဖြေမှန်ကတော့ 'B' ဖြစ်ပြီးတော့ ပထမဆုံးcomment မန့်ပြီး ဖြေနိုင်ခဲ့တဲ့
Giveaway winner လေးပါရှင်🥳🤍

[Why do Turtles eat plastics?]

Turtles လေးတွေက ဘာဖြစ်လို့ plastics တွေကို
စားမိနေလဲဆိုတော့ အကြောင်းအရင်းကတော့ သူတို့က plastics တွေကို jellyfish လေးတွေ ရေထဲကူးနေတယ်လို့ မြင်မိ ထင်မိကြလို့ပါတဲ့😿 တစ်ခါတစ်လေမှာ ပိုက်ကွန်တွေကတောင် အရသာရှိတဲ့ ရေညှိ seaweedလေးတွေလို့ မြင်မိကြသေးတာတဲ့ :((
ပင်လယ်လိပ်ကလေးတွေက သူတို့ရဲ့ အစာခြေလမ်းကြောင်းထဲကို အခုလို အန္တရာယ်ရှိတဲ့ plastics တွေကို လက်ခံမိလိုက်တဲ့အခါမှာ သူတို့က နေ့တိုင်းစားသုံးနေရတဲ့ အဓိက အစားအစာတချို့ကို စားသုံးနေရတယ်လို့ ထင်မိကြလို့ပါတဲ့။
သနားစရာ ရေနေအကောင်လေးတွေလည်း plastics
တွေကြောင့် အန္တရာယ်တွေဖြစ်နေကြတယ်:'((
ဒါကြောင့် ကိုယ်တွေလည်း အတတ်နိုင်ဆုံးplasticsတွေကို လျော့ချသုံးပြီး ရေထဲလည်း အလွယ်တကူမစွန့်ပစ်ကြရအောင်နော်😚💗

[End of knowledge sharing]

GA ပေါက်တဲ့ညီမလေးကလည်း
Page cbလာပြီးGAလာထုတ်ပေးပါဦးနော်🍀

Giveaway မပေါက်တဲ့သူတွေကလည်း မပေါက်လို့
စိတ်မညစ်ရဘူးနော်😚 နောက်ထပ် ထပ်လာဦးမှာပါ :3

GA posts‌ လေးတွေ ထပ်မလာခင် ကြားထဲ 3R နဲ့ပတ်သတ်တဲ့ ဘယ်လို knowledge sharing postsလေးတွေ ထပ်လာမလဲဆိုတာ စောင့်ကြည့်ပေးကြဦးမယ်မလား??

ဒါဆိုpage လေးကို like & follow လုပ်ဖို့မမေ့ကြနဲ့နော်
😉💗

Much Loves,

The Eco Vibes Team

"Quiz ဖြေရင်း လက်ဆောင်ယူ"ဒီတစ်ခါတော့ Eco Vibes Team ကနေ စောစောစီးစီးပြန်လာပါပြီ🥳💗Quiz ဖြေရင်း လက်ဆောင်ယူဆိုလို့ မလန့်သွာ...
16/12/2022

"Quiz ဖြေရင်း လက်ဆောင်ယူ"

ဒီတစ်ခါတော့ Eco Vibes Team ကနေ စောစောစီးစီးပြန်လာပါပြီ🥳💗

Quiz ဖြေရင်း လက်ဆောင်ယူဆိုလို့ မလန့်သွားပါနဲ့ဦး :3
လွယ်တဲ့ quiz လေးကနေ အရင်စ,ပေးမှာပါ🤭🫶🏻

ဒီ အဖြေလေးမှန်ရင် ပေးမယ့်လက်ဆောင်လေးကတော့

Giveaway မုန့်ဖိုးလေးပါရှင်🫂🤍

ကဲကဲ ရှည်ရှည်ဝေးဝေးမပြောပဲ
quiz လေးစလိုက်ကြမယ်နော် xD
အဖြေမှန်လို့ထင်တာလေးကိုပဲ comment မန့်ပေးပါနော်။
အရင်မှန်တဲ့သူကို ဖောက်ပေးပါ့မယ်ရှင့်😚🫶🏻

Quiz လေးကတော့ -

ရေနေ အကောင်လေးတွေဖြစ်တဲ့ လိပ်ကလေးတွေနဲ့
တခြား ocean animals လေးတွေက ဘာကြောင့် plastic bags တွေကို စားတတ်ကြတာလဲ?

Why do turtles and other ocean animals eat plastic bags?

(A) Because plastics taste nice for them.
(B) Because they think plastics are jellyfish.
(C) Because they can't see very well under water.

အဖြေလေးတွေကတော့ ခပ်ဆင်ဆင်လေးတွေဆိုပေမယ့် မှန်အောင်ဖြေနိုင်ရင်တော့ဘယ်လိုဖြစ်ဖြစ်
Genius ပဲ🤭🫶🏻

အားလုံးပဲGoodluck for today!!🍁🍀

Hello hello (⁠っ⁠˘⁠з⁠(⁠˘⁠⌣⁠˘⁠ ⁠)(စာလေးကို မကျော်ပဲ အဆုံးထိ ဖတ်ပေးပါနော်အရေးကြီးတဲ့ information လေးတွေပါလို့ပါရှင့်)The Ec...
15/12/2022

Hello hello (⁠っ⁠˘⁠з⁠(⁠˘⁠⌣⁠˘⁠ ⁠)
(စာလေးကို မကျော်ပဲ အဆုံးထိ ဖတ်ပေးပါနော်
အရေးကြီးတဲ့ information လေးတွေပါလို့ပါရှင့်)

The Eco Vibes Team ကနေပြီးတော့
21st December 2022 မှာ ပြုလုပ်သွားမယ့်
Digital Marketing campaign day အကြောင်းလေးကို ရှင်းပြပေးချင်ပါတယ်ရှင်🍡💗

🐾 Team ရဲ့ campaign title လေးကတော့ 3R Villa
ဖြစ်ပြီးတော့ 3R ဖြစ်တဲ့ Reduce, Reuse, Recycle ကိုplastics လျှော့ချတဲ့နေရာမှာ အဓိကထားပြီး အဲ့ဒီ plastics တွေနဲ့ပဲ productအသစ်လေးတွေဖန်တီးပြီး campaign day မှာ demonstrations ပြထားမှာပဲဖြစ်ပါတယ်ရှင်🌱💚

နောက်တစ်ခုအနေနဲ့ကတော့

🐾 Campaign day မှာ Eco Vibes Teamက
ကျောင်းရဲ့တစ်နေရာမှာ နေရာယူထားမှာဖြစ်ပြီး walk-in အနေနဲ့‌ပါ stockထားပြီး ရောင်းချသွားမယ့်
ပစစည်းတွေကတော့

-cookies &
-jelly Jcup milkshakes ပဲဖြစ်ပါတယ်ရှင်🤍

Campaign day လေးကတော့
21st December 2022, 10am to 4pmဖြစ်လို့

❗အောက်က setလေးကိုEco Vibes Team members တွေစီမှာ ဝယ်ထားတဲ့‌သူတစ်ယောက်ချင်းစီက page messenger မှာဖြစ်စေ ၊ [email protected] သို့ဖြစ်စေ ၊
ဖုန်းဆက်၍ဖြစ်စေ
set ထဲမှာပါတဲ့ customized giftနဲ့ customized photo အတွက်ကိုယ်ထုတ်ချင်တဲ့ ပုံလေးနဲ့တကွ တစ်ဖက်လူကိုပေးချင်တဲ့ပစစည်းလေးကို သောကြာနေ့နောက်ဆုံးထားပြီး လာပြောပေးဖို့ request လုပ်ချင်ပါတယ်ရှင်🫂

အကယ်၍ သောကြာနေ့မှာမှ ပေးချင်တဲ့ ပစစည်းကိုမပို့ပေးနိုင်ရင် တနလာ်နေ့ နောက်ဆုံးထား၊ ဆက်သွယ်ပြီး
ကျောင်းမှာလာပေးပေးပါရှင်❗

ဘယ်သူပေးတယ်ဆိုတာကတော့
လုံးဝမသိစေရပါဘူးနော်🤭💗

First pic မှာပြထားတဲ့ setလေးက orderအရေအတွက်များသွားပြီဖြစ်လို့ order ပိတ်လိုက်ပါပြီရှင်🥺🫶🏻

Campaignမှာ ပါဝင်ပြီး ဝယ်ယူအားပေးတဲ့သူ
တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင်🙇🏻‍♀️💜

Best wishes,

The Eco Vibes Team🍀💚

09/12/2022

A Warm Greetings from "The Eco Vibes"💚

အားလုံးပဲ မဂ်လာညချမ်းလေးပါရှင်။
The Eco Vibes ကနေ
နှုတ်ခွန်းဆက်သလိုက်ပါတယ်🥳💗

ပထမဦးဆုံးအနေနဲ့ ဒီpageလေးကို create လုပ်ရတဲ့ ရည်ရွယ်ချက်လေးကို ပြောပြပေးချင်ပါတယ်ရှင်🌱

ဒီ page လေးကို create လုပ်ရတဲ့
အဓိက ရည်ရွယ်ချက်လေးတွေကို
အပိုင်း 2ပိုင်းခွဲထားပါတယ်^^

အခုတလော ပလတ်စတစ် အသုံးများလာတာကြောင့် ပတ်ဝန်းကျင်မှာ ညစ်ညမ်းမှုတွေ ၊ ရေမြောင်းပိတ်ဆို့တာတွေဖြစ်နေကြတာ ကိုယ်တွေမျက်မြင်ကိုယ်တွေ့ပါပဲ😿

ဒါကြောင့် ညီမတို့ရဲ့ ဒီpage လေးကနေ
အဓိကကတော့ 3R (reduce,reuse,recycle) ကို main အနေနဲ့ထားပြီး -

ပထမဆုံးအနေနဲ့
Plastic အသုံးပြုမှုကို "reduce" လုပ်ပြီး
"Used" ဖြစ်ပြီးသား plastic လေးတွေကို
"Recycle" အနေနဲ့ အသုံးဝင်တဲ့ လှပတဲ့ DIY crafts လေးတွေ products အသစ်လုပ်နည်းလေးတွေကိုလည်း knowledge sharing အနေနဲ့ တင်ပေးသွားမှာပါရှင်💟

ဒုတိယအနေနဲ့တော့ ဒီ 3R ကိုအဓိကထားပြီး ဘယ်လိုproducts လေးတွေကိုဘယ်လို display ပြသွားမယ်ဆိုတာကိုလည်း ညီမတို့ရဲ့digital marketing campaign dayလေးမှာလည်း display ပြသသွားမှာဖြစ်ပါတယ်ရှင်💗

အဓိကကတော့ plastic ကိုလျှော့ချပြီး plastic အစားထိုးအနေနဲ့ အခြားအစားထိုးသုံးသင့်တဲ့ ပစစည်း အကြောင်းတွေကိုknowledge sharing အနေနဲ့လုပ်ပေးသွားမှာဖြစ်လို့ ကျောင်းသားကျောင်းသူများသာမက ဆရာဆရာများနဲ့ မိဘများကပါ ညီမတို့ရဲ့ ဒီ campaignလေးမှာ အတူတူပါဝင်ပေးဖို့ အတွက် request လေးလုပ်ပါရစေရှင်🙇🏻‍♀️💜

ဒါ့အပြင် စိတ်ဝင်စားဖို့ကောင်းတဲ့ posts လေးတွေနဲ့ ပြန်လာခဲ့မှာဖြစ်လို့ ဘယ်လိုမျိုးစိတ်ဝင်စားစရာတွေက စောင့်ကြိုနေမလဲဆိုတာဆိုတာသိဖို့အတွက်
keep in touchလေးဖြစ်နေစေဖို့အတွက်like & followလေးလုပ်ပေးကြပါဦးနော် (⁠/⁠^⁠-⁠^⁠(⁠^⁠ ⁠^⁠*⁠)⁠/

ထပ်ပြီး Request လုပ်ချင်တာလေးကတော့ အဆင်ပြေမယ်ဆိုရင် ကိုယ့်ရဲ့ newsfeed လေးမှာ share ‌လေးလုပ်ပေးသွားဖို့ တောင်းဆိုချင်ပါတယ်ရှင်♥️

အဆုံးထိဖတ်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင့်^^

အားလုံးပဲ သာယာချမ်းမြေ့တဲ့ မဂ်လာညချမ်းလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း...

The Eco Vibes Team





Address

Dagon

Website

Alerts

Be the first to know and let us send you an email when The Eco Vibes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share