BWFM

BWFM Building and Wood Workers Federation of Myanmar - BWFM

28/04/2026

📢 မေဒေးနေ့ သတင်းစကား

အလုပ်သမားတွေအတွက် အရေးကြီးဆုံးနေ့တစ်နေ့ မေဒေးနေ့ ဖြစ်ပါတယ်။

ဒီနေ့ဟာ ဂုဏ်ယူဖို့သာမကဘဲ
ကျွန်ုပ်တို့ရဲ့ အခွင့်အရေးတွေ အတွက် ဆက်လက် တိုက်ပွဲဝင်ဖို့ သတိပေးနေတဲ့နေ့လည်း ဖြစ်ပါတယ်။

ယနေ့အချိန်မှာ
▪️ လုပ်ခလစာ နည်းပါးနေတယ်
▪️ အလုပ်ချိန်များလွန်းတယ်
▪️ အလုပ်ခွင် မလုံခြုံဘူး
▪️ အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်

ဒါတွေဟာ မတရားမှုတွေပါ။ လက်ခံလို့ မရပါဘူး။

💪 အလုပ်သမားတစ်ယောက်တည်းဆိုရင် အားနည်းနိုင်ပေမယ့်
ကျွန်တော်တို့ စည်းလုံးလိုက်ရင် တားစည်းမရနိုင်တဲ့ အင်အားကြီးဖြစ်ပါတယ်။

📌 အလုပ်သမားမရှိရင် စက်ရုံမလည်နိုင်ဘူး
📌 အလုပ်သမားမရှိရင် စီးပွားရေး မလည်နိုင်ဘူး

ဒါကြောင့်
ကျွန်ုပ်တို့ဟာ အင်အားပါ၊ အနာဂတ်ပါ။

⚠️ လယ်သမားများ မြေယာဆုံးရှုံးနေကြတယ်
⚠️ ကလေးများ အလုပ်ခွင်ထဲ ဝင်နေရတယ်

ဒီအခြေအနေတွေကို ပြောင်းလဲချင်ရင်
❗ ငြိမ်မနေဘဲ
❗ မကြောက်မရွံ့ဘဲ
❗ စည်းလုံးရမယ် အတူတကွတိုက်ပွဲဝင်ရမယ်

📢 ကျွန်ုပ်တို့ တောင်းဆိုသည်မှာ
✔️ တရားမျှတသော လုပ်ခလစာ
✔️ လုံခြုံသော အလုပ်ခွင်
✔️ လွတ်လပ်စွာ စည်းရုံးခွင့်

ဒီအရာတွေဟာ
“တောင်းဆိုစရာ” မဟုတ်ဘဲ
ရသင့်တဲ့ အခွင့်အရေးတွေပါ။

🔥 မေဒေးဟာ အမှတ်တရနေ့တစ်နေ့သာ မဟုတ်ဘူး
👉 လှုပ်ရှားမှုတစ်ခုပါ!

ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ပါ။
လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ပါ။
တရားမျှတမှုအတွက် တိုက်ပွဲဝင်ပါ။

✊ နိုးထကြပါ!
စည်းလုံးကြပါ!
ရပ်တည်တိုက်ပွဲဝင်ကြပါ!



မလေးရှားတွင် အထောက်အထားမဲ့ ဝင်ရောက်လာသည့် မြန်မာ ၁၀ ဦး ဖမ်းဆီးခံရဧပြီ၊၂၇၊၂၀၂၆BWFM မလေးရှားနိုင်ငံသို့  အထောက်အထားမဲ့ဝင်ရ...
27/04/2026

မလေးရှားတွင် အထောက်အထားမဲ့ ဝင်ရောက်လာသည့် မြန်မာ ၁၀ ဦး ဖမ်းဆီးခံရ

ဧပြီ၊၂၇၊၂၀၂၆
BWFM

မလေးရှားနိုင်ငံသို့ အထောက်အထားမဲ့ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၀ ဦးကို အာဏာပိုင်များက ယနေ့တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။

သတင်းရရှိချက်များအရ ၎င်းတို့သည် တရားဝင်ခွင့်ပြုချက်မရှိဘဲ နယ်စပ်မှတဆင့် ဝင်ရောက်လာခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့များ၏ စောင့်ကြည့်စစ်ဆေးမှုအတွင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများအား သက်ဆိုင်ရာ ဥပဒေများအရ စစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေပြီး နေရပ်ပြန်ပို့ရေး သို့မဟုတ် အရေးယူမှုများ ဆောင်ရွက်သွားမည်ဟု သက်ဆိုင်ရာ အာဏာပိုင်များက ဆိုသည်။



ထိုင်းနိုင်ငံကို လူတွေပို့ဆောင်ပေးနေတဲ့ ဂိုဏ်းခေါင်းဆောင်ကို ထိုင်းရဲဖမ်းမိဧပြီ၊၂၇၊၂၀၂၆BWMမြန်မာလုပ်သားများကို ထိုင်းနို...
27/04/2026

ထိုင်းနိုင်ငံကို လူတွေပို့ဆောင်ပေးနေတဲ့ ဂိုဏ်းခေါင်းဆောင်ကို ထိုင်းရဲဖမ်းမိ

ဧပြီ၊၂၇၊၂၀၂၆
BWM

မြန်မာလုပ်သားများကို ထိုင်းနိုင်ငံအတွင်း တရားမဝင် ပို့ဆောင်နေတဲ့ ဂိုဏ်းခေါင်းဆောင် အသက် ၃၆ နှစ် မြန်မာနိုင်ငံသားတစ်ဦးကို ချင်းမိုင်၊ ဆာရဖီခရိုင်ရှိ အခန်းတစ်ခုမှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ယခင် ဖေဖော်ဝါရီလတွင် မြန်မာလုပ်သား ၂၅ ဦးနှင့် ကားသမား ၃ ဦး ဖမ်းမိမှုမှ စတင်ကာ ကွင်းဆက်လိုက်လံ စုံစမ်းပြီး ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ တရားခံသည် လူမှောင်ခိုလုပ်ငန်းကို စနစ်တကျ စီမံခန့်ခွဲသူဖြစ်ပြီး လမ်းကြောင်းစောင့်ကြည့်ရန် ရှေ့ပြေးကားများအသုံးပြုခဲ့သည်ဟု သိရသည်။

သူသည် ကားသမားများကို တစ်ခေါက်လျှင် ဘတ် ၇,၀၀၀ မှ ၁၀,၀၀၀ ပေး၍ မြန်မာလုပ်သားများကို Nakhon Sawan နှင့် Phichit ပြည်နယ်များသို့ ပို့ဆောင်ခိုင်းခဲ့ပြီး၊ လုပ်သားတစ်ဦးလျှင် ဘတ် ၃,၅၀၀ နှုန်းကောက်ခံခဲ့သည်။ တစ်လလျှင် လူ ၁၀ မှ ၅၀ အထိ ပို့ဆောင်ခဲ့ကြောင်း ဝန်ခံထားသည်။

လက်ရှိတွင် သက်သေအထောက်အထားများနှင့်အတူ ဥပဒေအရ ဆက်လက် အရေးယူနိုင်ရန် တာဝန်ရှိသူများထံ လွှဲပြောင်းထားပြီး ဖြစ်သည်။



ASEAN Philippines 2026မြန်မာနိုင်ငံအတွင်း အကျဉ်းသားများ လွှတ်ပေးခြင်းနှင့် ပတ်သက်၍ ASEAN အလှည့်ကျဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်၁။...
26/04/2026

ASEAN Philippines 2026

မြန်မာနိုင်ငံအတွင်း အကျဉ်းသားများ လွှတ်ပေးခြင်းနှင့် ပတ်သက်၍ ASEAN အလှည့်ကျဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်

၁။ ၂၀၂၆ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် မြန်မာ့နှစ်သစ်ကူးအခါသမယနှင့်အညီ အကျဉ်းသား ၄,၀၀၀ ကျော် လွှတ်ပေးမည်ဟု ကြေညာခဲ့ခြင်းကို ကျွန်ုပ်တို့ ကြိုဆိုပါသည်။

၂။ အထူးသဖြင့် ဦးဝင်းမြင့်အား လွှတ်ပေးခြင်းကို ကျွန်ုပ်တို့ ကြိုဆိုပြီး၊ ယင်းသည် မြန်မာနိုင်ငံရှိ ပါတီများအားလုံးအကြား ပါဝင်မှုရှိသည့် အမျိုးသားဆွေးနွေးပွဲသို့ တိုးတက်ရေးအတွက် အပြုသဘောဆောင်သော ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု မြင်ယူပါသည်။

၃။ ထိုသို့ဖြစ်သည့်အတွက်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကျန်ရှိနေသေးသော အကျဉ်းသားများအားလုံးကို စစ်မှန်သော သဘောတူညီမှုနှင့် ငြိမ်းချမ်းရေး၏ စိတ်ဓာတ်ဖြင့် လွှတ်ပေးရန် ကျွန်ုပ်တို့ အားပေးတိုက်တွန်းပါသည်။

၄။ ASEAN နိုင်ငံသားများအား ချီးမြှင့်ထားသော အပြစ်လွှတ်ခွင့် (amnesty) ကိုလည်း ကျွန်ုပ်တို့ ကြိုဆိုပြီး၊ ၎င်းတို့အား လုံခြုံစွာနှင့် အချိန်မီ မိမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေးကို မျှော်လင့်ပါသည်။ ထို့အပြင် လူကုန်ကူးမှုနှင့် အခြား နယ်စပ်ကျော်မှုခင်းများ၏ ထိခိုက်နစ်နာခံရသူများ အပါအဝင် အချုပ်ထောင်တွင် ကျန်ရှိနေသေးသူများအတွက်လည်း ထိုကဲ့သို့ ဆောင်ရွက်နိုင်ရန် မျှော်လင့်ပါသည်။

၅။ မြန်မာနိုင်ငံသည် ASEAN ၏ အရေးကြီးသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့်အတွက်၊ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျပ်အတည်းအား ငြိမ်းချမ်းပြီး ရေရှည်တည်တံ့သော ဖြေရှင်းချက် ရရှိနိုင်ရန် မြန်မာနိုင်ငံကို ကူညီပံ့ပိုးရန် ကျွန်ုပ်တို့၏ ကတိကဝတ်ကို ပြန်လည် အတည်ပြုပါသည်။ ထို့အပြင်၊ Five-Point Consensus သည် မြန်မာနိုင်ငံအရေးကို ဖြေရှင်းရာတွင် အဓိက ကိုးကားချက်အဖြစ် ဆက်လက် ရှိနေကြောင်းကိုလည်း ပြန်လည် အတည်ပြုပါသည်။ အကြမ်းဖက်မှုများ၊ အထူးသဖြင့် ပြည်သူများနှင့် အများပြည်သူသုံး အဆောက်အအုံများအပေါ် လုပ်ဆောင်နေသော အကြမ်းဖက်မှုများကို ချက်ချင်း ရပ်တန့်ရန် တောင်းဆိုပါသည်။ ပါဝင်ပတ်သက်သူအားလုံးအား ခွဲခြားမှုမရှိသော အကြမ်းဖက်မှုများကို ချက်ချင်း ရပ်တန့်ရန်၊ အဆင့်မြင့်တက်လာမှုများကို ကန့်ကွက်ရန်၊ အမြင့်ဆုံး ထိန်းချုပ်မှုရှိရန်၊ ပြည်သူများအားလုံး၏ လုံခြုံရေးနှင့် ကာကွယ်မှုကို သေချာစေရန်နှင့် လူသားချင်းစာနာထောက်ထားရေး အကူအညီများ ပို့ဆောင်နိုင်ရန် အဆင်ပြေသော ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးရန် အရေးယူဆောင်ရွက်ရန် တိုက်တွန်းပါသည်။ ထို့အပြင် ASEAN ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်၏ အခန်းကဏ္ဍသည် ပါဝင်ပတ်သက်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်၍ ပါဝင်မှုရှိသည့် အမျိုးသားဆွေးနွေးပွဲတစ်ရပ် ဖော်ဆောင်ရာတွင် ဆက်လက် အရေးပါနေကြောင်းကို ထပ်မံ အတည်ပြုပါသည်။

ထိုင်းနိုင်ငံ အယုဒ္ဓယလမ်းမပေါ်တွင် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၁၆ ဦး ဖမ်းဆီးခံရဧပြီ ၂၆၊ ၂၀၂၆BWFMထိုင်းနိုင်ငံ အယုဒ္ဓယဒ...
26/04/2026

ထိုင်းနိုင်ငံ အယုဒ္ဓယလမ်းမပေါ်တွင် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၁၆ ဦး ဖမ်းဆီးခံရ

ဧပြီ ၂၆၊ ၂၀၂၆
BWFM

ထိုင်းနိုင်ငံ အယုဒ္ဓယဒေသရှိ အာရှအဝေးပြေးလမ်းမကြီးပေါ်တွင် ကင်းလှည့်နေသော ရဲတပ်ဖွဲ့က သံသယရှိသော ယာဉ် ၂ စီးကို စစ်ဆေးရာမှ အထောက်အထား တစုံတရာမပါပဲ ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၆ ဦးနှင့် ကလေးငယ် ၂ ဦးကို ဖမ်းဆီး ထိုင်းသတင်းများ၏ဖေါ်ပြချက်အရ သိရပါသည်။

ဖြစ်စဉ်မှာ ဖရာနခွန်စီအယုဒ္ဓယခရိုင်၊ မောင်းဒေသအတွင်း ဖြစ်ပွားခဲ့ပြီး ယာဉ်ပြတင်း ပေါက်များ ပိတ်ထားခြင်းကြောင့် ရဲများမှ သံသယရှိကာ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ပထမယာဉ်တွင် အသက် ၃၄ နှစ်ရှိ ယာဉ်မောင်းတစ်ဦးနှင့်အတူ မြန်မာအလုပ်သမား ၆ ဦး၊ စာရွက်စာတမ်းမရှိသော မိန်းကလေးငယ် ၁ ဦး ပါဝင်ခဲ့သည်။ ၎င်းတို့သည် ချတ်အက်ပ်မှတစ်ဆင့် အလုပ်ရရှိပြီး နခွန်ဆဝမ်နှင့် ဆင်းဘူရီဒေသများမှ လူများကို ဘန်ကောက်သို့ တစ်ဦးလျှင် ဘတ် ၅၀၀ ဖြင့် ပို့ဆောင်ရန် စီစဉ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

ဒုတိယယာဉ်တွင် အသက် ၃၂ နှစ်ရှိ ယာဉ်မောင်းနှင့်အတူ အလုပ်သမား ၁၀ ဦးနှင့် ယောက်ျားလေးငယ် ၁ ဦး ပါဝင်ခဲ့ပြီး ခရီးတစ်ကြိမ်လျှင် ဘတ် ၁၀၀၀ ဖြင့် ပို့ဆောင်နေကြောင်း သိရသည်။

စစ်ဆေးချက်များအရ အလုပ်သမားများသည် တာ့ခ်ခရိုင် မဲဆောက်ဒေသရှိ တောလမ်းများမှတစ်ဆင့် ဝင်ရောက်လာပြီး ပွဲစားများထံ ဘတ် ၁၁,၀၀၀ မှ ၁၅,၀၀၀ အထိ ပေးဆောင်ခဲ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

လက်ရှိတွင် ယာဉ်မောင်း ၂ ဦးကို “အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများအား ကူညီပံ့ပိုးမှု” ဖြင့် အရေးယူထားပြီး အလုပ်သမားများကိုလည်း နိုင်ငံအတွင်း ခွင့်ပြုချက်မရှိဘဲ နေထိုင်မှုဖြင့် ဆက်လက် စစ်ဆေးအရေးယူရန် သက်ဆိုင်ရာအာဏာပိုင်များထံ လွှဲပြောင်းထားသည်။



ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်များအတွက် EU က ယူရိုဆယ့်ငါးသန်းကူညီမည်ဧပြီ၊၂၄၊၂၀၂၆BWFMထိုင်းနိုင်ငံတွင် ခိုလှုံနေသော မြန်...
24/04/2026

ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်များအတွက် EU က ယူရိုဆယ့်ငါးသန်းကူညီမည်

ဧပြီ၊၂၄၊၂၀၂၆
BWFM

ထိုင်းနိုင်ငံတွင် ခိုလှုံနေသော မြန်မာဒုက္ခသည်များအတွက် ယူရို ၁၅ သန်းခန့်ကို အကူအညီပေးရန် စီစဉ်ထားကြောင်း European Union ၏ ယမန်နေ့က ထုတ်ပြန်ချက်အရ သိရပါသည်။ ထိုပမာဏသည် ခန့်မှန်းအားဖြင့် ဘတ်ငွေ သန်း ၅၇၀ ခန့်ရှိသည်။

အဆိုပါအထောက်အပံ့ကို မဲဟုန်ဆွန်၊ တာ့ခ်၊ ကန်ချနာဘူရီနှင့် ရက်ချာဘူရီ ပြည်နယ်များရှိ ဒုက္ခသည်ခိုလှုံရာများတွင် အသုံးပြုမည်ဖြစ်ပြီး ဒုက္ခသည်များ၏ ကိုယ်ပိုင်ရပ်တည်နိုင်မှုနှင့် လူနေမှုဘဝကိုမြှင့်တင်ပေးရန် ရည်ရွယ်ထား ကြောင်းဖေါ်ပြထားပါသည်။

ထိုအစီအစဉ်အတွင်း International Rescue Committee မှတစ်ဆင့် အရေးပေါ်လိုအပ်သည့် ဝန်ဆောင်မှုများနှင့် အလုပ်အကိုင်အတွက် ပြင်ဆင်မှုများကို ထောက်ပံ့ရန် ယူရို ၁၀.၅ သန်း သုံးစွဲမည်ဖြစ်သည်။ ထို့အပြင် ကျန်းမာရေးကဏ္ဍတိုးတက်စေရန် ပြင်သစ်ဘက်မှ ယူရို ၂ သန်း ထပ်မံပံ့ပိုးထားပြီး၊ ကျန်ရှိသော ယူရို ၂.၅ သန်းကို ဒုက္ခသည်များအတွက် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုရေးပါဝင်မှု လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်သည်။

ဤအကူအညီအစီအစဉ်သည် ထိုင်းရှိ မြန်မာဒုက္ခသည်များ၏ နေထိုင်မှုအခြေအနေကို တိုးတက်စေရန်နှင့် အနာဂတ်အတွက် အခြေခံဘဝရပ်တည်နိုင်မှုကို အထောက်အကူပြုရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖေါ်ပြထားပါသည်။




သမ္မတဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတအဖြစ် ကနေဒါ အစိုးရက  သက်မှတ်ခေါ်ဆိုဧပြီ ၂၃ ၊၂၀၂၆BWFMမြန်မာနှစ်သစ်ကူးကာလအတွင်း လွတ်ငြ...
23/04/2026

သမ္မတဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတအဖြစ်
ကနေဒါ အစိုးရက သက်မှတ်ခေါ်ဆို

ဧပြီ ၂၃ ၊၂၀၂၆
BWFM

မြန်မာနှစ်သစ်ကူးကာလအတွင်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား ၄,၅၀၀ ကျော်ကို လွှတ်ပေးခဲ့ရာတွင် သမ္မတ ဦးဝင်းမြင့်ပါဝင်လာခြင်းအပေါ် ကနေဒါအစိုးရက ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဝင်းမြင့်အား “မြန်မာနိုင်ငံသမ္မတ” ဟူသော အခေါ်အဝေါ်ဖြင့် ဆက်လက်အသိအမှတ်ပြုထားသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဆက်လက် ခေါ်ဝေါ်အသုံးပြုထားသည်ကို တွေ့ရသည်။

တစ်ဖက်တွင် ဦးဝင်းမြင့် လွတ်မြောက်လာမှုကို ကြိုဆိုသော်လည်း အခြေအနေများသည် ပြည့်စုံသေးခြင်းမရှိကြောင်း ကနေဒါဘက်မှ ထောက်ပြခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို မည်သည့်ကန့်သတ်ချက်မျှ မရှိဘဲ အမြန်ဆုံး ပြန်လည်လွှတ်ပေးရန်ကိုလည်း အလေးအနက် တောင်းဆိုထားသည်။

ကနေဒါနိုင်ငံသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်နှင့် ပြည်သူများအတွက် ငြိမ်းချမ်းရေးဆိုင်ရာ ရလဒ်များ ရရှိလာစေရန် အဓိပ္ပါယ်ရှိသော ဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်ကြောင်းလည်း တိုက်တွန်းထားသည်။

ယခုထုတ်ပြန်ချက်သည် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအပေါ် ကနေဒါ၏ ရပ်တည်ချက်ကို ထင်ဟပ်နေပြီး နိုင်ငံအတွင်း ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတကာဖိအားများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ပြသနေသည်။

#သမ္မတဦးဝင်းမြင့်
#ကနေဒါ

အထောက်အထားမဲ့မြန်မာအလုပ်သမားများတင်ဆောင်လာသောကား မောင်းပြေး၍ပစ်ခတ်ဖမ်းဆီးဧပြီ၊၂၃၊၂၀၂၆BWFMထိုင်းနိုင်ငံ၊ နခွန်ပထုံပြည်နယ်...
23/04/2026

အထောက်အထားမဲ့မြန်မာအလုပ်သမားများတင်ဆောင်လာသောကား မောင်းပြေး၍ပစ်ခတ်ဖမ်းဆီး

ဧပြီ၊၂၃၊၂၀၂၆
BWFM

ထိုင်းနိုင်ငံ၊ နခွန်ပထုံပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခု၌ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများ တင်ဆောင်လာသော ယာဉ်တစ်စီးကို ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးရန် အချက်ပြခဲ့ရာ ယာဉ်မောင်းက မလိုက်နာဘဲ မောင်းပြေးခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်မှာ အမှတ် ၃၇၅ လမ်းမကြီးပေါ်ရှိ ဒွန်ယိုင်ဟွမ် စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ထွက်ပြေးခဲ့ပြီး ရဲတပ်ဖွဲ့က လှည့်ကင်းယာဉ်များဖြင့် လိုက်လံဖမ်းဆီးခဲ့သည်။ ထွက်ပြေးသည့်ယာဉ်ကို တားဆီးရာတွင် ရဲတပ်ဖွဲ့က ယာဉ်၏ နောက်ဘီးများကို ပစ်ခတ်ခဲ့ပြီး ထိုအတွင်း ကျည်ဆန်တစ်တောင့်သည် ယာဉ်မောင်းဖြစ်သူ မြန်မာနိုင်ငံသား၏ ခြေထောက်ကို ထိမှန်ခဲ့ သည်ဟုသိရပါသည်။

ထို့နောက် ယာဉ်မောင်းသည် အုန်းခြံတစ်ခုအတွင်း ဝင်ရောက်သွားပြီး အုန်းပင်တစ်ပင်ကို ဝင်တိုက်၍ရပ်တန့်သွားခဲ့ပြီး ဒဏ်ရာရ ယာဉ်မောင်းကို ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ ကြောင်းသိရပါသည်။

ယာဉ်အတွင်းတွင် လူကြီးနှင့် ကလေးစုစုပေါင်း ၁၂ ဦးကို ကျပ်ညပ်စွာ တင်ဆောင်ထားသည်ကို တွေ့ရှိရပြီး ၎င်းတို့အားလုံးမှာ မြန်မာနိုင်ငံသားများဖြစ်ကာ တရားဝင်နေထိုင်ခွင့်နှင့် ခရီးသွားစာရွက်စာတမ်းများ မရှိကြောင်း သိရသည်။

အဆိုပါ ၁၂ ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးကာ သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်ထားပြီး ဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။ လက်ရှိတွင် ဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးကြောင်း အတည်ပြုရန် Proof of Life လှုပ်ရှားမှုပြုလုပ်ဧပြီ ၂၂၊ ၂၀၂၆BWFMလူထုခေါင်းဆေ...
22/04/2026

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးကြောင်း အတည်ပြုရန် Proof of Life လှုပ်ရှားမှုပြုလုပ်

ဧပြီ ၂၂၊ ၂၀၂၆
BWFM

လူထုခေါင်းဆောင် Aung San Suu Kyi ၏ အခြေအနေကို အတည်ပြုနိုင်ရန် “Proof of Life” လှုပ်ရှားမှုတစ်ရပ်ကို စစ်ကိုင်းတိုင်း လက်ပံတောင်းတောင်ဒေသတွင် ဒေသခံများနှင့် သပိတ်အဖွဲ့ဝင်များက ယနေ့ ပြုလုပ်ခဲ့ကြသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှ စ၍ သူမအား ထိန်းသိမ်းထားပြီး ယခုအချိန်အထိ ၅ နှစ်ကျော်ကြာလာပြီဖြစ်သည်။ မကြာသေးမီကာလများတွင် မိသားစုနှင့် တွေ့ဆုံခွင့်၊ ဆက်သွယ်ခွင့်များကိုပါ ကန့်သတ်ထားခြင်းကြောင့် သတင်းအချက်အလက်များ ပိုမိုရှားပါးလာခဲ့သည်။

ထိုကြောင့် ဒေသခံများက သူမ အသက်ရှင်လျက် ရှိနေသေးကြောင်း အတည်ပြုချက်ပေးရန် တောင်းဆိုသည့်အနေဖြင့် ပိုစတာများ ကိုင်ဆောင်ကာ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် နိုင်ငံရေးအကျဉ်းသားများအားလုံးကိုလည်း လျင်မြန်စွာ လွှတ်ပေးရန် တောင်းဆိုမှုများ ပါဝင်ခဲ့သည်။

ယင်း “Proof of Life” လှုပ်ရှားမှုကို သူမ၏သားဖြစ်သူ Kim Aris ကလည်း ဧပြီ ၂၁ ရက်နေ့မှစတင်ကာ လူမှုကွန်ရက်များမှတဆင့် ထောက်ခံအားပေးလှုပ်ရှားနေပြီး မိခင်၏အခြေအနေကို အများပြည်သူ သိရှိနိုင်ရန် ပူးပေါင်းတောင်းဆိုရန် တိုက်တွန်းထားသည်။

ယခုလှုပ်ရှားမှုသည် ပြည်တွင်းနှင့် ပြည်ပရှိ ဒီမိုကရေစီအားပေးသူများ၊ တော်လှန်ရေးအဖွဲ့အစည်းများနှင့် အနုပညာရှင်များကြားတွင်လည်း တဖြည်းဖြည်း ပိုမိုကျယ်ပြန့်လာနေသည်ဟု သိရသည်။
Photo -GSCB


အယုဒ္ဓယ လမ်းမပေါ်တွင် မြန်မာအလုပ်သမား ၈ ဦး သယ်ဆောင်လာသည့် ယာဉ် ဖမ်းဆီးခံရဧပြီ ၂၂၊ ၂၀၂၆BWFMထိုင်းနိုင်ငံ အယုဒ္ဓယပြည်နယ်၊ ...
22/04/2026

အယုဒ္ဓယ လမ်းမပေါ်တွင် မြန်မာအလုပ်သမား ၈ ဦး သယ်ဆောင်လာသည့် ယာဉ် ဖမ်းဆီးခံရ

ဧပြီ ၂၂၊ ၂၀၂၆
BWFM

ထိုင်းနိုင်ငံ အယုဒ္ဓယပြည်နယ်၊ ဘန်ပင်းအင်းမြို့ရှိ အဝေးပြေးလမ်းမပေါ်တွင် မြန်မာရွှေ့ပြောင်းလုပ်သားများကို သယ်ဆောင်လာသည့် ဆီဒင်ကားတစ်စီးကို ရဲတပ်ဖွဲ့က စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၁ ရက်နေ့တွင် ပုံမှန်လုံခြုံရေးစစ်ဆေးမှုများ ပြုလုပ်နေစဉ် ယာဉ်တစ်စီးမှာ ပုံမှန်ထက် လေးလံနေပြီး နောက်ဘက်မှန်များကို ဖုံးကွယ်ထားသဖြင့် သံသယရှိရာမှ ရပ်တန့်စစ်ဆေးခဲ့သည်။ ထိုစစ်ဆေးမှုအတွင်း ကားအတွင်းတွင် မြန်မာအလုပ်သမား ၈ ဦးကို ကျပ်ကျပ်ညပ်ညပ် ထည့်သွင်းထားကြောင်း တွေ့ရှိရပြီး ၎င်းတို့တွင် တရားဝင် အထောက်အထားစာရွက်စာတမ်းများ မရှိကြောင်း သိရသည်။

ယာဉ်မောင်းဖြစ်သူ အသက် ၄၀ ဝန်းကျင်အရွယ်က လုပ်သားများကို ဘန်ကောက်မြို့နှင့် အနီးပတ်ဝန်းကျင်သို့ တစ်ဦးလျှင် ဘတ် ၁၀၀၀ နှုန်းဖြင့် ပို့ဆောင်ရန် ငှားရမ်းခံခဲ့ကြောင်း ဝန်ခံခဲ့သည်။

ဖမ်းဆီးခံရသည့် လုပ်သားများကတော့ ဆင်းဘူရီပြည်နယ် မယ်စရီယန်ခရိုင်ရှိ သဘာဝတောလမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာကြောင်းနှင့် ပွဲစားများအား တစ်ဦးလျှင် ဘတ် ၁၇,၀၀၀ ကျော် ပေးခဲ့ရကြောင်း စကားပြန်မှတစ်ဆင့် ပြောကြားခဲ့သည်။

အာဏာပိုင်များက ယာဉ်မောင်းအား တရားမဝင် လူဝင်မှုကူညီမှုဖြင့် အရေးယူထားပြီး အလုပ်သမားများအားလည်း ခွင့်ပြုချက်မရှိဘဲ နိုင်ငံအတွင်း ဝင်ရောက်မှုဖြင့် တရားစွဲဆိုထားသည်။ လက်ရှိတွင် ၎င်းတို့အား ထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူပြီးနောက် ပြည်နှင်ဒဏ်ပေးရန် စီစဉ်နေကြောင်း သိရသည်။



မလေးရှားတွင် အထောက်အထားမဲ့ဝင်ရောက်လာသည့် မြန်မာ ၇ ဦး ဖမ်းဆီးခံရဧပြီ၊၂၁၊၂၀၂၆ BWFM မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင် လမ်း...
21/04/2026

မလေးရှားတွင် အထောက်အထားမဲ့ဝင်ရောက်လာသည့် မြန်မာ ၇ ဦး ဖမ်းဆီးခံရ

ဧပြီ၊၂၁၊၂၀၂၆
BWFM

မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင် လမ်းကြောင်းဖြင့် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို အာဏာပိုင်များက ယနေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၆ ဦးနှင့် ထိုသူများကို သယ်ဆောင်ပို့ဆောင်ပေးခဲ့သည်ဟု ယူဆရသော မြန်မာကားသမား ၁ ဦးတို့ဖြစ်ပြီး စုစုပေါင်း ၇ ဦး ပါဝင်ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးမှုကို မလေးရှား လုံခြုံရေးတပ်ဖွဲ့များက စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် တွေ့ရှိဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး တရားမဝင် နေထိုင်မှုနှင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေချိုးဖောက်မှုများဖြင့် ဆက်လက်စစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများအား သက်ဆိုင်ရာ ထိန်းသိမ်းရေးစခန်းတွင် ထားရှိကာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။


ဂျပန်တွင်ဆူနာမီသတိပေး အင်အား၇.၇ ငလျင်အပြင်းစားလှုပ်ခတ်ဧပြီ၊၂၀၊၂၀၂၆BWFMဂျပန်နိုင်ငံ အရှေ့မြောက်ကမ်းရိုးတန်းဒေသတွင် ယနေ့ (...
20/04/2026

ဂျပန်တွင်ဆူနာမီသတိပေး အင်အား၇.၇ ငလျင်အပြင်းစားလှုပ်ခတ်

ဧပြီ၊၂၀၊၂၀၂၆
BWFM

ဂျပန်နိုင်ငံ အရှေ့မြောက်ကမ်းရိုးတန်းဒေသတွင် ယနေ့ (ဧပြီ ၂၀ ရက်) မနက်ပိုင်းက အင်အားပြင်း ၇.၇ ရစ်ချ်တာအဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် ဆူနာမီအန္တရာယ်ကြောင့် အရေးပေါ်သတိပေးချက်များ ထုတ်ပြန်ထားသည်။

ငလျင်၏ဗဟိုချက်မှာ Sanriku Coast အနီး ပင်လယ်ရေအောက် ၁၉ ကီလိုမီတာခန့်တွင် တည်ရှိပြီး Japan Meteorological Agency ၏ သတင်းထုတ်ပြန်ချက်အရ ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက်တွင် အမြင့် ၃ မီတာအထိရှိနိုင်သော ဆူနာမီလှိုင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးထားသည်။

သတိပေးချက်ကို Hokkaido မှ Chiba Prefecture အထိ ကျယ်ပြန့်စွာ ထုတ်ပြန်ထားပြီး Iwate Prefecture၊ Aomori Prefecture၊ Miyagi Prefecture နှင့် Fukushima Prefecture စသည့်ဒေသများတွင် အထူးသတိပြုရန် လိုအပ်နေသည်။

လက်ရှိတွင် ဒေသခံလူဦးရေ ၁၇၀,၀၀၀ ကျော်ကို အရေးပေါ်ရွှေ့ပြောင်းရန် အာဏာပိုင်များက ညွှန်ကြားထားပြီး၊ ဆူနာမီသတိပေးချက် မရုပ်သိမ်းသေးမီအချိန်အတွင်း မြင့်မားသောနေရာများတွင်သာ နေထိုင်ကြရန် တိုက်တွန်းထားသည်။ ထို့အပြင် နောက်ဆက်တွဲ ငလျင်များ (aftershocks) ထပ်မံဖြစ်ပေါ်နိုင်ခြေရှိသဖြင့် ဆက်လက်သတိထားရန် လိုအပ်ကြောင်းလည်း အသိပေးထားသည်။

သယ်ယူပို့ဆောင်ရေးဘက်တွင် Shinkansen လမ်းကြောင်းအချို့နှင့် ရထားဝန်ဆောင်မှုများကို ယာယီရပ်နားထားသော်လည်း New Chitose Airport နှင့် Sendai Airport တို့တွင် လေကြောင်းသွားလာမှုများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။

အစိုးရဘက်မှလည်း အရေးပေါ်အခြေအနေ စောင့်ကြည့်ရန် အထူးအဖွဲ့တစ်ဖွဲ့ကို ချက်ချင်းဖွဲ့စည်းထားပြီး အခြေအနေများကို အနီးကပ်ထိန်းချုပ်လျက်ရှိကြောင်း သိရသည်။


#ငလျင်

Address

Dagon
11451

Telephone

+95943089346

Website

Alerts

Be the first to know and let us send you an email when BWFM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category