Youth Support Network

Youth Support Network "A society where every young person has access to the resources they need to thrive in education, career, and mental well-being"

🔔 Jingle bells, jingle bells, jingle all the way… ✨‎‎YSNers တို့စောင့်မျှော်နေတဲ့ Christmas Time လေးကတော့ ရောက်ရှိလာပါပြ...
25/12/2025

🔔 Jingle bells, jingle bells, jingle all the way… ✨
‎
‎YSNers တို့စောင့်မျှော်နေတဲ့ Christmas Time လေးကတော့ ရောက်ရှိလာပါပြီနော် 🎄
‎YSNers တို့အနေနဲ့ ဒီနှစ် ခရစ္စမတ်အတွက် ဘယ်လိုအစီအစဉ်လေးတွေ ချထားပြီးပြီလဲ? 🤍
‎
‎ဒီနှစ် ခရစ္စမတ်မှာ

‎◾ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး ချစ်ရတဲ့သူတွေနဲ့အတူ အမှတ်တရကောင်းလေးတွေလည်း ဖန်တီးနိုင်ပါစေနော်
‎
‎မိသားစုနဲ့အတူ အချိန်ကုန်ဆုံးမယ့် သူတွေပဲဖြစ်ဖြစ်၊
‎သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာ အပြင်ထွက်လည်မယ့် သူတွေပဲဖြစ်ဖြစ်၊
‎အိမ်မှာပဲ အေးအေးဆေးဆေး အနားယူမယ့်သူတွေပဲဖြစ်ဖြစ်
‎
‎အားလုံးအတွက် ပျော်ရွှင်နွေးထွေးတဲ့ ခရစ္စမတ်နေ့လေး ဖြစ်ပါစေလို့ YSN မှ လှိုက်လှဲစွာ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🍀
‎
‎ခရစ္စမတ်ဆိုတာ လက်ဆောင်တွေပေးရုံတင်မဟုတ်ဘဲ တစ်ဦးနဲ့တစ်ဦး မေတ္တာတွေ ဝေမျှရတဲ့ အချိန်အခါလေးလည်း ဖြစ်ပါတယ်🎁
‎
‎ဒါ‌ကြောင့် YSNers လေးတို့လည်း မိမိကိုယ်တိုင်ကိုရော မိမိအနားက ချစ်ခင်ရတဲ့သူတွေကိုပါ မေတ္တာတွေအပြည့်အဝပေးရင်း နွေးထွေးလှပတဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေနော် 🌟
‎
‎အေးမြတဲ့ ဆောင်းရာသီလေးမှာ
‎အားလုံးအတွက် ပျော်ရွှင်စရာ Merry Christmas ဖြစ်ပါစေရှင့် 🎅✨
‎
Content - Chan
Graphic - Tuang Tuang

Hello YSNers လေးတို့ရေ...... 🤗👋အကြာကြီးပျောက်ကွယ်နေတဲ့ ကျွန်တော်တို့ YSN Team က အခုတစ်ခါမှာ activities အသစ်တွေနဲ့အတူ ပြန...
18/11/2025

Hello YSNers လေးတို့ရေ...... 🤗👋
အကြာကြီးပျောက်ကွယ်နေတဲ့ ကျွန်တော်တို့ YSN Team က အခုတစ်ခါမှာ activities အသစ်တွေနဲ့အတူ ပြန်လာခဲ့ပါပြီ။

ကျွန်တော်တို့ YSN team က လူငယ်တွေအတွက် knowledge sharing တွေလုပ်ပေးလျက်ရှိပြီး ကောင်းမွန်တဲ့ community အသစ်တစ်ခုကို ဖန်တီးပေးလျက်ရှိပါတယ်။ နယ်ပယ်အသီးသီးက special talks တွေနဲ့ collaboration လုပ်ပြီး webinar ၊ seminar တွေကို လစဥ်ပြုလုပ်ပေးပါတယ်။

ကျွန်တော်တို့ YSN team က youth development အတွက်ရှေးရှုပြီး အခွင့်အလမ်းတွေကိုဖော်ဆောင်ပေးဖို့ လူငယ်တွေဆီကိုပြန်လည်ရောက်ရှိလာပါပြီနော်။

ကဲ......အကြာကြီးစောင့်နေပေးခဲ့ကြတဲ့ YSNers လေးတွေရေ အစီအစဥ်အသစ်တွေကို ရင်ခုန်ဖို့အဆင်သင့်ပဲလားဗျို့။ ✨📣

ကျွန်တော်တို့ YSN team နဲ့အဆက်မပြတ်စေဖို့အတွက် telegram channel လေးကိုလည်း joinဖို့မမေ့ကြနဲ့နော်။ 👇

Telegram Channel Link:
https://t.me/+NfP8kCQNoJY5OGE1


"ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ " ✨️🙏ယနေ့ကျရောက်တဲ့ ဝါခေါင်လပြည့်နေ့ အခါသမယမှာ မိဘပြည်သူများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျ...
08/08/2025

"ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ " ✨️🙏

ယနေ့ကျရောက်တဲ့ ဝါခေါင်လပြည့်နေ့ အခါသမယမှာ မိဘပြည်သူများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာခြင်းအလုံးစုံပြည့်ဝပြီး တရားဘာဝနာ ပွားများအားထုတ်နိုင်ကြပါစေကြောင်း YSN team မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

Contact Us:

Email:
[email protected]

YSN's page:
https://www.facebook.com/profile.php?id=61556850778087&mibextid=ZbWKwL

YSN's Telegram Channel:
https://t.me/+NfP8kCQNoJY5OGE1

____

Our SLOGAN:
Empathy and Collaboration for A Life Time. ✨⭐💛


ကိုယ့်အရည်အချင်းကို အကောင်းဆုံးချပြနိုင်မယ့် အခွင့်အရေးကို YSN က ယူဆောင်လာခဲ့ပါပြီ။ 👀အဲ့ဒါကတော့  ကျွန်တော်တို့ YSN team ...
07/08/2025

ကိုယ့်အရည်အချင်းကို အကောင်းဆုံးချပြနိုင်မယ့် အခွင့်အရေးကို YSN က ယူဆောင်လာခဲ့ပါပြီ။ 👀

အဲ့ဒါကတော့ ကျွန်တော်တို့ YSN team နဲ့ အတူလက်တွဲအလုပ်လုပ်ချင်တဲ့ လူငယ်တွေအတွက် volunteer အဖြစ်လျှောက်ထားလို့ရမယ့် အခွင့်အရေးလေးပဲ ဖြစ်ပါတယ်။ 💡

လျှောက်ထားလို့ရမယ့် position လေးတွေကတော့

-Organizational Consultant
-HR
-Admin Team
-Social Media Team
-Researcher
-Content Writer
-Translator စတဲ့ Positions လေးတွေပဲ ဖြစ်ပါတယ်ခင်ဗျာ။

🔹Volunteer အနေနဲ့ရွေးချယ်ခံရသူတွေက အဖွဲ့ဝင်တွေနဲ့အတူတူ ကိုယ့်ရဲ့ skillကိုမြှင့်တင်နိုင်မှာဖြစ်ပြီး အတွေ့အကြုံသစ်လေးတွေကိုပါ ရရှိမှာဖြစ်ပါတယ်။ 👀

🔹YSN team က ကျင်းပတဲ့ webinar တွေကို join ခွင့်ရမယ့်အပြင် Internal Training များလည်း‌ပေးအပ်သွားမှာဖြစ်ပါတယ်ခင်ဗျာ။ Volunteer အနေနဲ့ ခြောက်လထိ အတူတူပါဝင်လုပ်ကိုင်ပြီးတဲ့နောက်မှာ Certificate အပြင် ကိုယ့်ရဲ့ Efforts စိုက်ထုတ်မှုအပေါ်မူတည်ပြီး Recommendations letter လေးပေးအပ်သွားမှာပဥဖြစ်ပါတယ်။ 💯

လူငယ်တွေနဲ့ပဲ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်အလုပ်လုပ်နိုင်မှာဖြစ်တာကြောင့် စိတ်ဝင်စားတယ်ဆိုရင် အခုပဲလျှောက်ထားလိုက်တော့နော် 🙌🥳

လူငယ်တွေအတွက် အကျိုးရှိတဲ့အရာလေးတွေမျှဝေပေးနေမှာကြောင့် YSN page လေးကိုလည်း စောင့်မျှော်ကြည့်ရှုပေးကြပါအုံးနော်🙆🏻

Contact Us:

Email:
[email protected]

YSN's page:
https://www.facebook.com/profile.php?id=61556850778087&mibextid=ZbWKwL

YSN's Telegram Channel:
https://t.me/+NfP8kCQNoJY5OGE1

____

Our SLOGAN:
Empathy and Collaboration for A Life Time. ✨⭐💛


🎓 Commonwealth Professional Fellowships 2026A fully funded UK fellowship program for mid-career professionals from low a...
06/08/2025

🎓 Commonwealth Professional Fellowships 2026
A fully funded UK fellowship program for mid-career professionals from low and middle-income Commonwealth countries.

✅ Program Overview

▪️Purpose: To provide professionals with the opportunity to enhance knowledge and skills in their given sector, and to have a catalytic effect on their workplaces.

▪️Location: United Kingdom (hosted by UK organizations)

▪️Duration: Typically between 6 weeks and 3 months

▪️Type: In-person fellowship (not academic/degree-based)

🔍 Eligibility Criteria

▪️Be a citizen of a Commonwealth low or middle-income country.

▪️Be currently living and working in your home country.

▪️Be a mid-career professional (with at least five years' relevant work experience).

▪️Be available to undertake the program in the UK during the specified period.

▪️Not currently working or studying in a high-income country.

🎯 Focus Areas (Themes)

🔸 Science & Technology

🔸 Health Systems

🔸 Climate and Environment

🔸 Peace, Security & Governance

🔸 Innovation and Entrepreneurship

🔸 Public Service Delivery

🔸Education and Learning

(Themes may vary depending on the host organization)

💰 Fellowship Benefits

🔹 Full airfare to and from the UK

🔹 Visa fees covered

🔹 Monthly stipend (living allowance)

🔹 Travel and training grant

🔹 No application fee

🔹 No IELTS or English test required (unless host demands)

🗓 Deadline

❗️August 22, 2025 ❗️

📌 How to Apply

▪️Apply through the Commonwealth Fellowship e-application system.

▪️Select the host organization and project theme that matches your experience.

▪️Provide references and employer endorsement (if required).

👉 Application Link

https://fellowshipsguide.com/commonwealth-professional-fellowships/

နောက်ထပ် Scholarship အကြောင်းလေးတွေသိချင်ရင် YSN ကို like & follow လေးလုပ်ထားလိုက်တော့နော်❣️❣️

Contact Us:

Email:
[email protected]

YSN's page:
https://www.facebook.com/profile.php?id=61556850778087&mibextid=ZbWKwL

YSN's Telegram Channel:
https://t.me/+NfP8kCQNoJY5OGE1

____

Our SLOGAN:
Empathy and Collaboration for A Life Time. ✨⭐💛


MIND ကပြုလုပ်သွားမယ့် Reading Challenge လေးကို YSNers လေးတွေလည်း သွား Join လိုက်ကြတော့နော် ✨ Youth Support Network 🤝 MIN...
29/07/2025

MIND ကပြုလုပ်သွားမယ့် Reading Challenge လေးကို YSNers လေးတွေလည်း သွား Join လိုက်ကြတော့နော် ✨

Youth Support Network 🤝 MIND

MIND (Mentoring in New Dimensions) ရဲ့ ပထမဆုံး External Event တစ်ခုဖြစ်တဲ့ “4-Week Reading Challenge” လေး အကြောင်းကို သိပြီးကြပြီလား ❓

“4-Week Reading Challenge” လေးဟာ စာပေချစ်မြတ်နိုးတဲ့ လူငယ်တွေ၊ စာဖတ်ချစ်သူ လူငယ်လေးတွေအတွက် ရည်ရွယ်ထားတဲ့ Challenge တစ်ခုပဲ ဖြစ်ပါတယ်။

နောက်ပြီး သတင်းကောင်းလေးအနေနဲ့ ဒီ Reading Challenge လေးမှာ Youth Support Network က MIND နဲ့အတူ Media Partnership အနေနဲ့ ပါဝင်အားဖြည့်သွားမှာဖြစ်ပါတယ်။

💜 MIND Organization ဟာဆိုရင် လူငယ်တွေအတွက် ပညာရေး၊ ခေါင်းဆောင်မှုဖွံ့ဖြိုးရေးအပိုင်းကို နည်းလမ်းအသစ်တွေနဲ့ လမ်းပြကူညီပေးနေတဲ့ Youth-led Organization တစ်ခုဖြစ်ပါတယ်။ လူတိုင်းအတွက် အရည်အသွေးရှိတဲ့ ပညာရေးကို ပေးစွမ်းနိုင်ဖို့နဲ့ ကိုယ့်ဘဝကို စွမ်းဆောင် အောင်မြင်လာအောင် ပြင်ဆင်ပေးဖို့၊ အရည်သွေးပြည့်ဝတဲ့ ခေါင်းဆောင်‌ကောင်းများ ဖြစ်လာစေဖို့ ရည်ရွယ်လုပ်ဆောင်လျက်ရှိပါတယ်။

ဒီ Challenge လေးက စာဖတ်ချစ်သူလေးတို့အဖို့ ရည်ရွယ်ထားတဲ့အလျောက် -

♦️ ကိုယ့်လိုအခြား စာဖတ် ပရိသတ်တွေနဲ့လည်း Network တစ်ခုရရှိလာမယ်
♦️ စာဖတ်ပြီး တိုးတက်ချင်တဲ့ လူငယ်တွေအချင်းချင်း အပြန်အလှန် Sharing လုပ်နိုင်လာမယ်
♦️ တစ်ပတ်စီကို မတူညီတဲ့ ခေါင်းစဥ်တစ်ခုစီနဲ့ ဖတ်မှတ်လေ့လာနိုင်ကြမယ်
♦️ ဒါ့အပြင် မတူညီတဲ့ နယ်ပယ်က Guest Speaker ၂ ယောက်ရဲ့ Discussion Session တွေကိုလည်း Join နိုင်မှာပါ

နောက်ဆုံး Challenge မှာအနိုင်ရရှိသူတွေဟာ Challenge အောင်မြင်ကြောင်း Certificate အပြင် Shwe Nar Sin Application ကို “Premium Version” တစ်နှစ်စာ ရရှိနိုင်မှာ ဖြစ်ပါတယ် ✨

August 1 ရက်နေ့ဆို စတော့မှာမလို့ အခုပဲမြန်မြန် join လိုက်တော့နော် 🔔

Reading Challenge လေးကို Join ချင်ရင်တော့ 👇

♦️ MIND ကို Like & Follow လုပ်
♦️ ဒီ Post ကို Public နဲ့ Share
♦️ “4WR” ဆိုတဲ့ Code လေးနဲ့အတူ

MIND Messenger ကိုလာပို့ပြီးတော့ အခုချက်ချင်းပဲ Challenge မှာ ပါဝင်နိုင်ပါပြီ။

Challenge လေးအကြောင်းကိုအသေးစိတ်ဖတ်ရှုချင်ရင်တော့ အောက်ပါ မူရင်း post ကနေ ဖတ်ရှုနိုင်ပါတယ် 👇

🔗https://www.facebook.com/share/p/1CMxAz1BRr/

🔎Challenge Details

📅Period - 1 month
💬Platform - Telegram
🚀Starting Date - August 1
🏁End Date - August 31
⏰Registration Deadline - July 31
🎁Registration Fees - FREE

“စာဖတ်ချစ်သူများ စုစည်းရာ အသိုင်းအဝိုင်းမှသည် အနာဂတ်ခေါင်ဆောင်းများဆီသို့ … ”
_____________________________________

🌠Dear Anon Media Partnership Announcement! ကျွန်တော်တို့ လူတိုင်းမှာ ကိုယ်ပိုင်ကမ္ဘာလေးတွေ ရှိကြပါတယ်။ အဲဒီကမ္ဘာထဲမှာ ပျ...
20/07/2025

🌠Dear Anon Media Partnership Announcement!

ကျွန်တော်တို့ လူတိုင်းမှာ ကိုယ်ပိုင်ကမ္ဘာလေးတွေ ရှိကြပါတယ်။ အဲဒီကမ္ဘာထဲမှာ ပျော်ရွှင်မှုတွေ ရှိသလို၊ တိတ်တိတ်လေး ဖုံးကွယ်ထားတဲ့ အပူမီးတွေ၊ မဖြေရှင်းနိုင်သေးတဲ့ ပဟေဠိတွေလဲ ရှိနိုင်ပါတယ်။ တစ်ခါတလေ ဝန်ထုပ်ဝန်ပိုးတွေကို တစ်ယောက်တည်း ထမ်းထားရတာ တကယ်ကို ပင်ပန်းရပါတယ်။ ဒါ့ကြောင့်…

🌠ကျွန်တော်တို့ Youth Support Network (YSN) အနေနဲ့ Little Lighthouse ရဲ့ Dear Anonလေးနဲ့ အတူ စိတ်ထဲက အလေးအပင်တွေကို ဖြေလျှော့ပေးဖို့ ရောက်ရှိလို့လာပါပြီ။ကျွန်တော်တို့အတူ ဒီပူးပေါင်းမှုကနေတစ်ဆင့် လူငယ်တွေအတွက် ပိုကောင်းတဲ့ အထောက်အပံ့တွေ ပေးနိုင်မယ်လို့လဲ ယုံကြည်ပါတယ်ခင်ဗျာ။

🌠Dear Anonဆိုတာ... သင့်ရဲ့ လျှို့ဝှက်သူငယ်ချင်းတစ်ယောက်ပါပဲ။

Dear Anon ဆိုတာ ကိုယ့်ရဲ့ စိတ်ထဲက ပူလောင်မှုတွေကို ဘယ်သူ့မှ မသိစေဘဲ ရင်ဖွင့်နိုင်မဲ့၊ စိတ်သက်သာရာရနိုင်မဲ့၊ လုံခြုံတဲ့ နားခိုရာလေးတစ်ခုပဲဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က အထီးကျန်နေတယ်လို့ ခံစားရရင်၊ ဒါမှမဟုတ် ဘယ်သူ့ကိုမှ မပြောပြရဲတဲ့ လျှို့ဝှက်ချက်တွေ ရှိနေရင်၊ Dear Anon က သင့်အတွက် အသင့်ရှိနေမှာပါ။🤍

📬တိတ်ဆိတ်တဲ့ ရင်ဖွင့်ခြင်း (mail)

Chatting လုပ်ရတာမကြိုက်ဘူး။ ဒီတိုင်း အေးအေးဆေးဆေး ကိုယ့်စိတ်ထဲက စကားလုံးတွေကို စီပြီး ရေးသားချင်တယ်ဆိုရင်လဲ mail ကနေတစ်ဆင့် ရင်ဖွင့်နိုင်ပါတယ်။ ကျွန်တော်တို့ အဖွဲ့သားတွေက စာလုံးတစ်လုံးချင်းစီကို ဂရုတစိုက်ဖတ်ရှုပြီး နားလည်မှုအပြည့်နဲ့ ပြန်လည်ဖြေကြားပေးမှာပဲဖြစ်ပါတယ်။

Mailကနေ ရင်ဖွင့်ဖို့ ဒီနေရာကို နှိပ်ပါ။

https://dearanon.site/email

📱DA Live Chat

မကြာသေးခင်က မိတ်ဆက်ပြီးသားဖြစ်တဲ့ ဒီ program လေးကတော့ ရင်ထဲက အသံတွေကို နားထောင်‌ပေးဖို့ အသင့်ရှိနေပါပြီ!။
Mailက‌‌နေ ပြောတာထက် တိုက်ရိုက် ပြောချင်တာမျိုးဆိုရင် DA Live Chat က သင့်အတွက်ပါပဲ။ ကိုယ်လိုအပ်တဲ့အချိန်တိုင်း၊ စိတ်ထဲမှာ ပူလောင်နေတဲ့အချိန်တိုင်း ဒီ Live Chat ထဲကို ဝင်လိုက်ပါ။ သင့်ကို နားလည်ပေးမဲ့၊ အားပေးနှစ်သိမ့်ပေးမဲ့ characters‌ လေးတွေက သင့်ကို စောင့်ကြိုနေပါတယ်။ ပြီးတော့... ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ပိုပြီး ပွင့်လင်းစွာ ပြောပြနိုင်ဖို့ ကိုယ်နှစ်သက်တဲ့ Character လေးတွေကို ရွေးချယ်စကားပြောလို့ ရတယ်နော်။ သူတို့က နားထောင်ပေးဖို့ အသင့်ပါပဲ။

ကိုယ်နဲ့ကိုက်ညီမဲ့ Character လေးတွေကို ရွေးချယ်ပြီး ကိုယ့်ရဲ့ စကားသံတွေကို DA Live Chat မှာ ဖွင့်ထုတ်ဖို့ ဒီနေရာကို နှိပ်ပါ။

https://dearanon.site/category

🤍 အမြဲတမ်းရင်ဖွင့်နိုင်တဲ့ နေရာ‌လေးတစ်ခု

စိတ်ကျန်းမာမှ ကိုယ်ကျန်းမာဆိုသလိုပဲ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးဟာ အရေးကြီးဆုံးပါပဲ။ဒါကြောင့် Dear Anon က အသံတိတ်သူငယ်ချင်းတစ်ယောက်လို တည်ရှိနေပေးမှာဖြစ်လို့ တစ်ယောက်တည်း ကြိတ်မှိတ်မခံစားဘဲ ယုံကြည်စွာ ရင်လာဖွင့်နိုင်ပါပြီခင်ဗျာ။🤍





🇲🇲 "အာဇာနည်နေ့" 🇲🇲၁၉၃၇ ခုနှစ် ဇူလိုင် ၁၉ ရက်ယနေ့ကျရောက်သော ၇၈ ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားအား ဂုဏ်ပြုသော‌အားဖြင့်..."...
19/07/2025

🇲🇲 "အာဇာနည်နေ့" 🇲🇲
၁၉၃၇ ခုနှစ် ဇူလိုင် ၁၉ ရက်
ယနေ့ကျရောက်သော ၇၈ ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားအား ဂုဏ်ပြုသော‌အားဖြင့်...

"သူတို့၏အိပ်မက်သည် ကျွန်ုပ်တို့တာဝန်ဖြစ်သည်။"

🌍 World Population Day 🌐ဒီကနေ့ ဇူလိုင်လ ၁၁ ရက်နေ့ဟာ ကမ္ဘာ့လူဦးရေနေ့ (World Population Day) အဖြစ် ကျရောက်ပါတယ်။ ဒီနေ့ဟာ က...
11/07/2025

🌍 World Population Day 🌐

ဒီကနေ့ ဇူလိုင်လ ၁၁ ရက်နေ့ဟာ ကမ္ဘာ့လူဦးရေနေ့ (World Population Day) အဖြစ် ကျရောက်ပါတယ်။ ဒီနေ့ဟာ ကမ္ဘာ့လူဦးရေ တိုးပွားလာမှုနဲ့ ၎င်းရဲ့ ပတ်ဝန်းကျင်၊ လူမှုအဖွဲ့အစည်းအပေါ် သက်ရောက်မှုတွေအကြောင်းကို အသိပညာပေးဖို့ ရည်ရွယ်ထားတဲ့ အရေးကြီးတဲ့ အခါသမယတစ်ခုပဲ ဖြစ်ပါတယ်။

ကမ္ဘာ့လူဦးရေနေ့ရဲ့ ရည်ရွယ်ချက်နှင့် နောက်ခံသမိုင်း 📊

ကမ္ဘာ့လူဦးရေနေ့ကို ၁၉၈၉ ခုနှစ်မှာ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (United Nations Development Programme - UNDP) ရဲ့ အုပ်ချုပ်ရေးကောင်စီက စတင်ခဲ့တာပါ။ ၁၉၈၇ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှာ ကမ္ဘာ့လူဦးရေ သန်း ၅၀၀၀ ပြည့်ခဲ့တာကို အစွဲပြုပြီး လူဦးရေဆိုင်ရာ ပြဿနာတွေရဲ့ အရေးတကြီး လိုအပ်ချက်တွေကို အာရုံစိုက်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလမှာ ကုလသမဂ္ဂ အထွေထွေညီလာခံကလည်း ဒီနေ့ကို ဆက်လက်ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပြီး၊ လူဦးရေဆိုင်ရာ ပြဿနာတွေ၊ ပတ်ဝန်းကျင်နဲ့ ဖွံ့ဖြိုးတိုးတက်မှုတို့ရဲ့ ဆက်စပ်မှုကို ပိုမိုသိရှိစေဖို့ ရည်ရွယ်ထားတာပဲဖြစ်ပါတယ်။

ဒီနေ့ဟာ မိသားစုစီမံကိန်း (family planning)၊ ကျား-မ တန်းတူညီမျှမှု (gender equality)၊ ဆင်းရဲမွဲတေမှု (poverty)၊ မိခင်ကျန်းမာရေး (maternal health) နဲ့ လူ့အခွင့်အရေး (human rights) စတဲ့ လူဦးရေဆိုင်ရာ ပြဿနာတွေအကြောင်းကို ပညာပေးဖို့အတွက် အဓိကထားပါတယ်။

ကမ္ဘာ့လူဦးရေဆိုင်ရာ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ 🚀

လက်ရှိမှာ ကမ္ဘာ့လူဦးရေဟာ ၈ ဘီလီယံကျော် ရှိနေပြီဖြစ်ပြီး၊ ၂၀၅၀ ပြည့်နှစ်မှာ ၉.၈ ဘီလီယံအထိ ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီလို လူဦးရေ တိုးပွားလာမှုဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု၊ လူမှုဖူလုံရေးစနစ်တွေအပေါ် များစွာ သက်ရောက်မှုရှိပါတယ်။

🔸 သဘာဝအရင်းအမြစ်များ: လူဦးရေတိုးပွားလာမှုနဲ့အတူ ရေ၊ အစားအစာ၊ စွမ်းအင် စတဲ့ သဘာဝအရင်းအမြစ်တွေရဲ့ လိုအပ်ချက်လည်း တိုးလာပါတယ်။ ဒါကြောင့် ရေရှည်တည်တံ့တဲ့ စီမံခန့်ခွဲမှုတွေက ပိုလို့ အရေးကြီးလာပါတယ်။

🔸 ကျန်းမာရေးနှင့် ပညာရေး: လူတိုင်းအတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးစနစ်တွေ ပြည့်မီဖို့၊ အထူးသဖြင့် ဆယ်ကျော်သက်အရွယ် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် မိသားစုစီမံကိန်း ဝန်ဆောင်မှုတွေကို အလွယ်တကူရရှိနိုင်ဖို့က မရှိမဖြစ်လိုအပ်ပါတယ်။

🔸 ကျား-မ တန်းတူညီမျှမှု: အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ အခွင့်အရေးတွေကို မြှင့်တင်ပေးခြင်းဟာ ရေရှည်တည်တံ့တဲ့ လူဦးရေတိုးတက်မှုအတွက် အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။

ဒီလိုနေ့မျိုးမှာ လူတစ်ဦးချင်းစီ၊ အစိုးရတွေနဲ့ အဖွဲ့အစည်းတွေအနေနဲ့ ကမ္ဘာ့လူဦးရေဆိုင်ရာ ပြဿနာတွေကို အလေးထားပြီး ပိုမိုမျှတပြီး ရေရှည်တည်တံ့တဲ့ ကမ္ဘာကြီးတစ်ခု ဖန်တီးဖို့အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ 🌍

[English Version]

🌍 World Population Day 🌐

Today, July 11th, marks World Population Day. This is a crucial occasion aimed at raising awareness about global population growth and its impacts on the environment and society.

Purpose and History of World Population Day 📊

World Population Day was initiated in 1989 by the Governing Council of the United Nations Development Programme (UNDP). It was inspired by the day the world's population reached five billion on July 11, 1987, aiming to draw attention to the urgent needs related to population issues. In December 1990, the UN General Assembly decided to continue observing this day, with the goal of increasing understanding of the interconnectedness of population issues, the environment, and development.

This day primarily focuses on educating people about population-related issues such as family planning, gender equality, poverty, maternal health, and human rights.

Challenges and Opportunities of Global Population 🚀

Currently, the world's population exceeds 8 billion, and it is projected to reach 9.8 billion by 2050. This population growth significantly impacts economic development, environmental conservation, and social welfare systems.

🔸Natural Resources: With population growth, the demand for natural resources like water, food, and energy also increases. This makes sustainable management even more critical.

🔸Health and Education: Ensuring access to healthcare and education systems for everyone is essential, especially providing easily accessible sexual and reproductive health services and family planning for adolescents.

🔸Gender Equality: Promoting the education, health, and rights of women and girls is a crucial factor
for sustainable population growth.

On this day, individuals, governments, and organizations are urged to prioritize global population issues and collaborate to create a more equitable and sustainable world. 🌍
Contact Us:

Email:
[email protected]

YSN's page:
https://www.facebook.com/profile.php?id=61556850778087&mibextid=ZbWKwL

YSN's Telegram Channel:
https://t.me/+NfP8kCQNoJY5OGE1

____

Our SLOGAN:
Empathy and Collaboration for A Life Time. ✨⭐💛

ဝါဆိုလပြည့်နေ့ “သန္ဓေ တောထွက် ဓမ္မစက် ၊ မိန့်မြွက်သံချို လဝါဆို” ဗုဒ္ဓဘာသာဝင်များအတွက် နေ့ထူးနေ့မြတ်ဖြစ်တဲ့  ဝါဆိုလပြည့်...
09/07/2025

ဝါဆိုလပြည့်နေ့

“သန္ဓေ တောထွက် ဓမ္မစက် ၊ မိန့်မြွက်သံချို လဝါဆို”

ဗုဒ္ဓဘာသာဝင်များအတွက် နေ့ထူးနေ့မြတ်ဖြစ်တဲ့
ဝါဆိုလပြည့် ဓမ္မာစကြာအခါသမယနေ့တွင် ဗုဒ္ဓဘာသာဝင် မိဘပြည်သူများ ၊ ကမ္ဘာသူ ကမ္ဘာသား အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေကြောင်း
YSN မိသားစု မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။

Song of the month  🎧🎶စာလုပ်ရင်းနားထောင်မလား၊ အခန်းသန့်ရှင်းရေးလုပ်ရင်းနားထောင်မလား၊ မနက်ခင်းမှာ Energy ပြည့်ဖို့အတွက်ပဲန...
28/06/2025

Song of the month 🎧🎶

စာလုပ်ရင်းနားထောင်မလား၊ အခန်းသန့်ရှင်းရေးလုပ်ရင်းနားထောင်မလား၊ မနက်ခင်းမှာ Energy ပြည့်ဖို့အတွက်ပဲနားထောင်မလား။ 🌞

ကိုယ့်ရဲ့ စိတ်ကို refresh လုပ်ဖို့ အတွက်အကောင်းဆုံး သီချင်းတစ်ပုဒ်ဆိုရင်တော့ “ Try everyting” song ကို ညွှန်းပေးချင်ပါတယ်။ ဒီသီချင်းကတော့ အားလုံးသိကြတဲ့ Zootopia animation ဇာတ်ကားထဲက Theme Song ဖြစ်ပြီး motivational song တစ်ပုဒ်လည်းဖြစ်ပါတယ်။

သီချင်းရဲ့ lyric တွေကတော့ ဘဝမှာ အမှားလုပ်မိတာတွေ၊ တလွဲတွေလုပ်မိနေတာတွေ၊ အမြဲတမ်းကျဆုံးနေတတ်တာတွေက ထုံးစံပဲဖြစ်ပါတယ်။ အမှားမရှိရင် အမှန်ဆိုတာလည်းမရှိလာနိုင်ပါဘူး။ ဒါကြောင့် ဘယ်လောက်ပဲ လဲကျနေပါစေ အရေးကြီးတာက အရှုံးမပေးဘဲ အဆုံးထိဆက်လျှောက်နေဖို့ပါပဲ။ အရာရာကိုကြိုးစားပြီးဆက်လုပ်နေဖို့ပဲ ဆိုတာကို highlight လုပ်ပေးထားတာဖြစ်ပါတယ်။ ✨️🔥

သီချင်းလေးက pop အမျိုးအစားကိုမှ Shakira ရဲ့ အသံပါဝါကောင်းကောင်းနဲ့ပေါင်းစပ်ထားတာဖြစ်တဲ့အတွက်ကြောင့် Energy drink သောက်စရာမလိုဘဲ သီချင်းလေးနားထောင်လိုက်ရုံနဲ့တင် mentally strong ဖြစ်စေမှာပါ။ လောကကြီးမှာရှင်သန်နေရတာ အဓိပ္ပါယ်မရှိတော့ဘူးလို့ခံစားမိပြီး စိတ်ဓါတ်ကျနေတဲ့အချိန်လေးတွေရှိလာခဲ့ရင် “Try everything” သီချင်းနားထောင်ပြီး သေချာပေါက် ပြန်အားတင်းကြရအောင်။ 💪🫂

Contact Us:

Email:
[email protected]

YSN's page:
https://www.facebook.com/profile.php?id=61556850778087&mibextid=ZbWKwL

YSN's Telegram Channel:
https://t.me/+NfP8kCQNoJY5OGE1

____

Our SLOGAN:
Empathy and Collaboration for A Life Time. ✨⭐💛





စာဖတ်ပရိသတ်များအားလုံး မင်္ဂလာပါရှင် 💛ဒီတစ်လအတွက် "Book Of The Month" အဖြစ် ရွေးချယ်တင်ဆက်ပေးမှာကတော့ Stephen Covey ရဲ့ ...
23/06/2025

စာဖတ်ပရိသတ်များအားလုံး မင်္ဂလာပါရှင် 💛

ဒီတစ်လအတွက် "Book Of The Month" အဖြစ် ရွေးချယ်တင်ဆက်ပေးမှာကတော့ Stephen Covey ရဲ့ ထူးခြားကောင်းမွန်တဲ့ လက်ရာဖြစ်တဲ့ "The 7 Habits of Highly Effective People" (အလွန်ထိရောက်သောသူများ၏ အလေ့အကျင့် ၇ မျိုး) ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်ရေး (Self-development) နဲ့ ခေါင်းဆောင်မှု (Leadership) အမျိုးအစား စာအုပ်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှာ အရောင်းရဆုံး စာအုပ်တစ်အုပ်အဖြစ် ရပ်တည်နေဆဲပါ။ 💥

ဒီစာအုပ်ကို ရွေးချယ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေကတော့ လက်ရှိအချိန်အခါမှာ မြန်မာပြည်သူတွေဟာ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရတဲ့အတွက် ပုဂ္ဂိုလ်ရေးအရရော၊ ပရော်ဖက်ရှင်နယ်အရပါ ထိရောက်မှုရှိစွာ ရင်ဆိုင်ကျော်လွှားနိုင်ဖို့ လိုအပ်ပါတယ်။ ဒီစာအုပ်က အခြေခံကျတဲ့ လူနေမှုဘဝလမ်းညွှန်ချက်တွေကို ပေးထားပါတယ်။ ဒီစာအုပ်ထဲက အလေ့အကျင့် ၇ မျိုးဟာ ခေတ်ကာလ ဘယ်လိုပြောင်းလဲသည်ဖြစ်စေ လူသားတိုင်းအတွက် အမြဲတမ်း အကျိုးရှိစေမယ့် မူများ (principles) ကို အခြေခံထားတာမို့ ရေရှည်အတွက် မိမိကိုယ်ကို တည်ဆောက်ချင်သူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ စာအုပ်တစ်အုပ်ပါ။ ဒါ့အပြင် ဒီစာအုပ်က ပုဂ္ဂိုလ်ရေးဘဝမှာ ကိုယ့်ကိုယ်ကို ဘယ်လိုထိန်းချုပ်ရမယ်၊ ဘယ်လို ဦးဆောင်ရမယ်ဆိုတာကို သင်ပေးသလို၊ အခြားသူတွေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်ရမယ်ဆိုတာကိုပါ ရှင်းပြထားပါတယ်။ ဒါကြောင့် ကျောင်းသားလူငယ်တွေကအစ၊ လုပ်ငန်းခွင်ဝင်ရောက်ပြီးသူတွေ၊ ခေါင်းဆောင်ပိုင်းတွေအထိ အားလုံးအတွက် အကျိုးရှိပါတယ်။ 👀💕

"The 7 Habits of Highly Effective People" ဟာ ကိုယ့်ကိုယ်ကို ပိုမိုထိရောက်အောင်၊ ပိုမိုအောင်မြင်အောင် ပြောင်းလဲလိုသူတိုင်းအတွက် သင့်တော်ပါတယ်။ နေ့စဉ်ဘဝမှာ အချိန်ကို ထိရောက်စွာ အသုံးမချနိုင်သူများ၊ ပုဂ္ဂိုလ်ရေး ရည်မှန်းချက်တွေ၊ လုပ်ငန်းခွင် ရည်မှန်းချက်တွေကို အောင်မြင်အောင်မြင်စွာ အကောင်အထည်ဖော်ချင်သူများ၊ အခြားသူတွေနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် တည်ဆောက်လိုသူများနဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ချင်သူများ အထူးဖတ်ရှုသင့်ပါတယ်။ ဒီစာအုပ်ကို ဖတ်ရှုခြင်းအားဖြင့် ဘဝအမြင်၊ လုပ်ငန်းခွင်အမြင် ပြောင်းလဲသွားနိုင်ပြီး စိတ်အားထက်သန်မှုတွေ ရရှိစေကာ လက်တွေ့ကျကျ အသုံးချနိုင်မယ့် လမ်းညွှန်မှုတွေ ရရှိနိုင်ပါတယ်။ 🥳

Stephen Covey ရဲ့ ဒီစာအုပ်ဟာ လူတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးနဲ့ ပရော်ဖက်ရှင်နယ် ထိရောက်မှုကို တိုးမြှင့်ပေးနိုင်တဲ့ မူ (principles) ၇ ခုကို အခြေခံပြီး ရေးသားထားပါတယ်။ ၎င်းအလေ့အကျင့်များမှာ - မိမိဘဝကို မိမိကိုယ်တိုင် တာဝန်ယူပြီး ကြိုတင်ပြင်ဆင်၊ တက်ကြွစွာ ဆောင်ရွက်ခြင်း (Be Proactive)၊ မိမိလုပ်ဆောင်မယ့် ကိစ္စတိုင်းမှာ နောက်ဆုံးပန်းတိုင်ကို မြင်ယောင်ပြီးမှ စတင်ခြင်း (Begin with the End in Mind)၊ အရေးပေါ်တာထက် အရေးကြီးဆုံးအရာများကို ဦးစားပေးလုပ်ဆောင်ခြင်း (Put First Things First)၊ အခြားသူတွေနဲ့ ဆက်ဆံတဲ့အခါ နှစ်ဦးနှစ်ဖက် အကျိုးရှိစေရန် တွေးခေါ်ခြင်း (Think Win-Win)၊ ဆက်သွယ်ပြောဆိုရာမှာ အခြားသူတွေရဲ့ စကားကို အရင်နားထောင်ပြီး နားလည်အောင် အရင်ကြိုးစားခြင်း (Seek First to Understand, Then to Be Understood)၊ အဖွဲ့အစည်းနဲ့ လုပ်ဆောင်တဲ့အခါ တစ်ဦးချင်းစီရဲ့ အားသာချက်တွေကို ပေါင်းစပ်ပြီး ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ ဖန်တီးကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း (Synergize) နဲ့ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ဉာဏ်ရည်ပိုင်းဆိုင်ရာနဲ့ ဝိညာဉ်ရေးရာ စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းပြီး အမြဲတမ်း တိုးတက်နေအောင် ထိန်းသိမ်းခြင်း (Sharpen the Saw) တို့ပဲ ဖြစ်ပါတယ်။ ဒီအလေ့အကျင့် ၇ မျိုးကို လေ့ကျင့်ခြင်းအားဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့် (Private Victory) နဲ့ လူမှုရေးဆိုင်ရာ လွတ်လပ်ခွင့် (Public Victory) တို့ကို ရရှိနိုင်မယ်လို့ စာရေးသူက ဆိုထားပါတယ်။ 🤩🤩

စာဖတ်ခြင်းဟာ ကျွန်ုပ်တို့ရဲ့ ဘဝတွေကို ပိုမိုပြည့်စုံစေပါတယ်။ ဒီတစ်လအတွက် ကျွန်ုပ်တို့ရဲ့ အကြံပြုချက်ဖြစ်တဲ့ "The 7 Habits of Highly Effective People" ကို ဖတ်ရှုပြီး အတွေးသစ်၊ အမြင်သစ်များနဲ့ ခံစားမှုအသစ်များ ရရှိနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ စာအုပ်ကို ဖတ်ပြီးရင် သင့်ရဲ့ ခံစားချက်နဲ့ ထင်မြင်ချက်တွေကိုလည်း ကျွန်ုပ်တို့နဲ့ ပြန်လည်မျှဝေဖို့ ဖိတ်ခေါ်ပါတယ်။ 🥳💕

"The 7 Habits of Highly Effective People" ကို မြန်မာပြည်ရှိ နီးစပ်ရာ စာအုပ်ဆိုင်ကြီးများတွင်သော်လည်းကောင်း၊ Online စာအုပ်ဆိုင်များမှသော်လည်းကောင်း ဝယ်ယူရရှိနိုင်ပါသည်။ (အင်္ဂလိပ်မူရင်းရော၊ ဘာသာပြန်စာအုပ်များပါ ရရှိနိုင်ပါသည်။)

[English Version]

Hello, dear readers! 💛

This month's "Book Of The Month" is the exceptionally insightful work by Stephen Covey, "The 7 Habits of Highly Effective People." This book falls under the Self-development and Leadership genre and remains a global bestseller. 💥

We chose this book primarily because, in the current climate, the people of Myanmar are facing numerous challenges. In such times, it's crucial to navigate and overcome these challenges effectively, both personally and professionally. This book offers fundamental guidelines for living a fulfilling life. The 7 habits outlined in this book are based on principles that will always benefit individuals, regardless of changing eras. It's an indispensable read for anyone looking to build themselves for the long term. Furthermore, this book teaches you how to manage and lead yourself in your personal life, and it also explains how to collaborate effectively with others. Therefore, it's beneficial for everyone, from students and young people to professionals and leaders.👀💕

"The 7 Habits of Highly Effective People" is suitable for anyone who wants to become more effective and successful. It's especially recommended for those who struggle with time management in daily life, aspire to achieve their personal and professional goals, wish to build better relationships with others, or want to become effective leaders. By reading this book, you can gain a refreshed perspective on life and work, find inspiration, and receive practical guidance that you can apply immediately. 🥳

Stephen Covey's book is built upon 7 principles that can significantly enhance an individual's personal and professional effectiveness. These habits include: taking responsibility for your life and proactively acting (Be Proactive); starting every endeavor by visualizing your end goal (Begin with the End in Mind); prioritizing important tasks over urgent ones (Put First Things First); thinking in a way that benefits all parties involved in your interactions with others (Think Win-Win); striving to understand others first before trying to be understood (Seek First to Understand, Then to Be Understood); combining individual strengths to create better results when working in a group (Synergize); and continually renewing your physical, mental, intellectual, and spiritual energies to maintain constant growth (Sharpen the Saw). By practicing these 7 habits, the author suggests, one can achieve both Private Victory (personal mastery) and Public Victory (effective relationships). 🤩🤩

Reading enriches our lives. We hope that by reading our recommended "Book Of The Month," "The 7 Habits of Highly Effective People," you'll gain new thoughts, perspectives, and experiences. After reading the book, we invite you to share your feelings and opinions with us. 🥳💕

You can purchase "The 7 Habits of Highly Effective People" at major bookstores in Myanmar or through online booksellers. (Both the original English version and translated versions are available).

Contact Us:

Email:
[email protected]

YSN's page:
https://www.facebook.com/profile.php?id=61556850778087&mibextid=ZbWKwL

YSN's Telegram Channel:
https://t.me/+NfP8kCQNoJY5OGE1

____

Our SLOGAN:
Empathy and Collaboration for A Life Time. ✨⭐💛






Address

Bago

Website

Alerts

Be the first to know and let us send you an email when Youth Support Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share