Literature Club-Bago University

Literature Club-Bago University Literature Club-Bago University

ပဲခူးတက္ကသိုလ်စာပေကလပ် အဖွဲ့ဝင် ဟံသာမျိုးမောင် ၏ တို့ရပ်ဌာနေ ပဲခူးမြေ နှင့် အခြားကဗျာများ
27/05/2024

ပဲခူးတက္ကသိုလ်စာပေကလပ် အဖွဲ့ဝင် ဟံသာမျိုးမောင် ၏ တို့ရပ်ဌာနေ ပဲခူးမြေ နှင့် အခြားကဗျာများ

14/03/2024
ပဲခူးတက္ကသိုလ်စာပေကလပ် အဖွဲ့ဝင် ဟံသာမျိုးမောင် ၏ မေတ္တာဖွဲ့ကဗျာများ
10/03/2024

ပဲခူးတက္ကသိုလ်စာပေကလပ် အဖွဲ့ဝင် ဟံသာမျိုးမောင် ၏ မေတ္တာဖွဲ့ကဗျာများ

၂၀၁၁-၂၀၁၂ ပဲခူးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းပါ မြန်မာကဗျာ (၁၄) ပုဒ် ပြန်လည် ဖတ်ရှုနိုင်အောင် LCBU က တင်ပြလိုက်ရပါသည်။
10/03/2024

၂၀၁၁-၂၀၁၂ ပဲခူးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းပါ မြန်မာကဗျာ (၁၄) ပုဒ် ပြန်လည် ဖတ်ရှုနိုင်အောင် LCBU က တင်ပြလိုက်ရပါသည်။

စာပေဥယျာဥ်စာကြည့်တိုက် - ပဲခူးမြို့၊ Literature Club - Bago University၊ Teacher Khin English Language Centre Bago နှင့် ...
10/03/2024

စာပေဥယျာဥ်စာကြည့်တိုက် - ပဲခူးမြို့၊ Literature Club - Bago University၊ Teacher Khin English Language Centre Bago နှင့် ပညာဥယျာဥ် Education Center Bago တို့ ပူးပေါင်း၍ မကွေးတိုင်း၊ ငဖဲမြို့၊ စည်သာရွာ ရှိ ရွှေစည်သာ စာကြည့်တိုက် ပြုလုပ်ရန် လျာထားသော ရွှေစည်သာ စာအုပ်စက်ဘီးလေး အတွက် ယနေ့ သုတ/ ရသ စာအုပ် ၃၀ ကို Shwe Mingalar ကားဂိတ်မှတဆင့် ပေးပို့ လှူဒါန်းပေးလိုက်ပါပြီ

#စာပေဥယျာဉ်စာကြည့်တိုက်_ပဲခူးမြို့

ပဲခူးမြို့၊ စာပေဥယျာဥ်စာကြည့်တိုက်၊ ပဲခူးတက္ကသိုလ်စာပေကလပ်၊ Teacher Khin English Language Centre Bago နှင့် ပညာဥယျာဥ် Ed...
05/03/2024

ပဲခူးမြို့၊ စာပေဥယျာဥ်စာကြည့်တိုက်၊ ပဲခူးတက္ကသိုလ်စာပေကလပ်၊ Teacher Khin English Language Centre Bago နှင့် ပညာဥယျာဥ် Education Center Bago တို့ ပူးပေါင်း၍ မကွေးတိုင်း၊ ငဖဲမြို့၊ စည်သာရွာ ရှိ ရွှေစည်သာ စာကြည့်တိုက် ပြုလုပ်ရန် လျာထားသော ရွှေစည်သာ စာအုပ်စက်ဘီးလေး အတွက် သုတ/ ရသ စာအုပ် ၃၀ လှူဒါန်းပေးသွားပါမည်။

၂၀၁၇-၂၀၁၈ ပဲခူးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းပါ မြန်မာကဗျာ (၁၃) ပုဒ် ပြန်လည် ဖတ်ရှုနိုင်အောင် LCBU က တင်ပြလိုက်ရပါသည်။
29/12/2023

၂၀၁၇-၂၀၁၈ ပဲခူးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းပါ မြန်မာကဗျာ (၁၃) ပုဒ် ပြန်လည် ဖတ်ရှုနိုင်အောင် LCBU က တင်ပြလိုက်ရပါသည်။

စာအုပ်ကိုင်ရင် အိပ်ငိုက်လို့...မောင်မှတ်(ဒဿနိကဗေဒ)Ref : ၂၀၁၉-၂၀၂၀ ပဲခူးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း* ကိုဗစ်ကပ်ရောဂါကြောင့် ...
28/12/2023

စာအုပ်ကိုင်ရင် အိပ်ငိုက်လို့...

မောင်မှတ်(ဒဿနိကဗေဒ)

Ref : ၂၀၁၉-၂၀၂၀ ပဲခူးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း

* ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၁၉-၂၀၂၀ ပဲခူးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ကို ကျောင်းသား/ကျောင်းသူများ မရရှိ၍ ဖတ်ရှုခွင့် မရခဲ့ပေ။

LCBU ၏ Book Review ကဏ္ဍ´မိုးမိုး(အင်းလျား)မဂ္ဂဇင်းဝတ္ထုရှည်များ၁`ဒီနေ့ ညွှန်းချင်တဲ့ စာအုပ်လေးကတော့ စာရေးဆရာမ မိုးမိုး(အ...
25/12/2023

LCBU ၏ Book Review ကဏ္ဍ

´မိုးမိုး(အင်းလျား)မဂ္ဂဇင်းဝတ္ထုရှည်များ၁`

ဒီနေ့ ညွှန်းချင်တဲ့ စာအုပ်လေးကတော့ စာရေးဆရာမ မိုးမိုး(အင်းလျား) ရဲ့ ၁၉၈၀ပြည့်နှစ် အမျိုးသားစာပေ (ဝတ္ထုတိုပေါင်းချုပ်) ဆုရ မဂ္ဂဇင်း ဝတ္ထုရှည်များ ၁ ဖြစ်ပါသည်။

ဒီစာအုပ်ထဲမှာ
- မူးယစ်ဆေးဝါးကြောင့် ကြွေလွင်ခဲ့ရတဲ့ မင်းမင်း အကြောင်း
- မိဘ ပေးစားတဲ့သူကို လက်ထပ်ခဲ့ပြီး တကယ် မချစ်ဘူး ထင်ခဲ့သော်လည်း နောက်ပိုင်း ချစ်သွားခဲ့တဲ့ ဝေ အကြောင်း
- လေဟာဥ်ပျံပျက်ကျမှုကြောင့် ခင်ပွန်း သေသွား၍ စိတ်သက်သာ ရလို ရငြား ရေကုးသင်တန်း တက်ခဲ့တဲ့ အနှင်း အကြောင်း
- ရွှေစည်းခုံဘုရာကြီးကို အမှီသဟဲပြုကာ ဘဝရပ်တည်ရေးအတွက် ဝမ်းစာ ရှာဖွေကြတဲ့ အေးအေးဝင်း နှင့် အောင်ကျော်ငယ် တို့ အကြောင်း
- ၁၉၈၅ ခုနှစ် ကာလ ရန်ကုန်တက္ကသိုလ်က ကျောင်းသား/ ကျောင်းသူ တွေရဲ့ လူငယ်ဘဝ အချစ်ရေး အကြောင်း
- အဒေါ်ရင်း မဟုတ်သူ၏ စေတနာ မပြည့်ဝသော စေတနာစကားကို လပ်ခံပြီး မချစ်တဲ့သူကို ယူခဲ့ရတဲ့ ခင်သက် အကြောင်း
- အောင်မြင်သော အနုပညာရှင် တစ်ယောက် ဖြစ်ဖို့ အချစ်ကို စတေးပြီး ကြိတ်မှိတ် ခံစားနေရသူ ခက်ခက်နွယ် အကြောင်း
- ကိုယ့်ထက် အသက် ငယ်တဲ့ ကဗျာဆရာပေါက်စလေး နဲ့ ခဏတာ ဆုံတွေ့ပြီး သံယောဇဥ် ပိုသွားပေမယ့် ကံကြမ္နာရဲ့ ပြက်ရယ်မှုကို ခံလိုက်ရတဲ့ မမစိမ်း အကြောင်း
- ၁၉၈၀ ခုနှစ် ကာလ အ.ထ.က ဒိုက်ဦး ကျောင်းတော်မှ လွမ်းမောဖွယ်ရာ ကျောင်းသား ကျောင်းသူ တို့၏ ငယ်စဥ်ဘဝများ အကြောင်း
- တာထွက်မှန်တာရော သက်လုံကောင်းတာရော တူပေမယ့် နောက်ဆုံး ပန်းတိုင်ကို ရောက်သွားသောအခါ မတူညီတော့တဲ့ ကျော်ကျော် နှင့် မော်မော် တို့ သူငယ်ချင်း နှစ်ဦး အကြောင်း
တို့ကို ရေးဖွဲ့ထားပါသည်။

စာအုပ်ဖတ်ပြီးချိန်မှာတော့
- မူးယစ်ဆေးကို စမ်းမသုံးဖို့
- တစ်ခါတစ်လေကျ အချစ်ဟာ အခါလွန်မှ ဖြစ်ပေါိတတ်တာ
- ကိုယ်ချစ်ရသူတွေ ထွက်ခွာသွားတဲ့အခါ ပြိုလဲမနေဘဲ နေတတ်အောင် ကြိုးစားဖို့
- ဝမ်းရေးအတွက် မိမိ၏ ပညာကို တစ်ဆင့်တက် လေ့လာဖို့
- တက္ကသိုလ်မှာ စည်းနဲ့ ကမ်းနဲ့ နေတတ်ဖို့
- ကိုယ်မချစ်တဲ့သူကို အကြောင်းကြောင်းကြောင့် မယူဖို့
- တစ်ခါတစ်လေ အရာရာကို အရမ်းကြီး မမျှော်လင့်ဖို့ စသော အသိတွေ ရရှိလာမှာ အသေအချာ ဖြစ်ပါသည်။

ဟံသာမျိုးမောင်(သမိုင်း)

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပဲခူးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းပါ မြန်မာကဗျာ (၁၀) ပုဒ်Photo Credit
14/12/2023

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပဲခူးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းပါ မြန်မာကဗျာ (၁၀) ပုဒ်

Photo Credit

၂၀၁၈-၂၀၁၉ ပဲခူးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းပါ မြန်မာကဗျာ (၂၄) ပုဒ် ပြန်လည် ဖတ်ရှုနိုင်အောင် LCBU က တင်ပြလိုက်ရပါသည်။- အသံမဲ...
12/12/2023

၂၀၁၈-၂၀၁၉ ပဲခူးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းပါ မြန်မာကဗျာ (၂၄) ပုဒ် ပြန်လည် ဖတ်ရှုနိုင်အောင် LCBU က တင်ပြလိုက်ရပါသည်။

- အသံမဲ့နီတိ [ဦး(မြန်မာစာ)]
- ဘဝလမ်းကလေး [ကိုဟန်(အတွေးကမ္ဘာ)]
- သောနုတ္တရလိုလူ [ခံ့ညား]
- ဆရာ [အသိန်း(ဝေါ)]
- ဒို့ကျောင်းဌာနီ ရှေးခါဆီဝယ် [မောင်ရှိုင်း(ပဲခူးတက္ကသိုလ်)]
- မရဲ့ အဲလ်ဖရက် [ကိုဟိန်း(ဓာတုဗေဒ-အဝေးသင်)]
- နွေသီချင်းသည် ဥဩရယ် [ရာဇာစိုးညွန့်]
- ကောင်းကင်ခါးခါး [မိုးမိုး(မြန်မာစာ)]
- ကျောင်းပိတ်ချိန် [ဦး(မြန်မာစာ)]
- မြတ်ဆရာသို့ဦးညွှတ်ခြင်း [မြင့်မြင့်(မြန်မာစာ)]
- ရင်ထဲကအကြောင်းများ [စု(မြန်မာစာ)]
- ကျောင်းသားဘဝ [ဝေယံ(ရုက္ခဗေဒ)]
- သူငယ်ချင်းရေ [သစ္စာ]
- မည်သာကျော်ဇော ရွှေမော်ဓောသို့ [ဇော်သန်းအောင်(မြန်မာစာ)]
- ပုဂံ [ဝသုန်မိုး(ငွေလဲ့ကန်)]
- စွမ်းဆောင်ရှင်သူများ...သို့ [လှိုင်ထိပ်ထား(History)]
- ဝေးခဲ့ပြီးတဲ့နောက် [မေရီ(မြန်မာစာ)]
- ည [ဖြူဖြူသန့်(အင်္ဂလိပ်စာ)]
- အားကစားပွဲတော် တို့နွှဲပျော် [နဒီမျိုးဝင်း(အင်္ဂလိပ်စာ)]
- ရောင်ပေစူးနှယ် ထုံးလို့လွယ် [ရာဇာစိုးညွန့်]
- အေးချမ်းကြပါစေ [နေဖြိုး(အင်္ဂလိပ်စာ)]
- လောကကြီးကသိပါတယ် [မေ]
- ခေတ်မီတဲ့ မောင်တို့ခင် [ခံ့ညား]
- အရှေ့တိုင်းပညာ(ပါဠိ) [--------]

၂၀၁၉-၂၀၂၀ ပဲခူးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းပါမြန်မာကဗျာ(၃၁)ပုဒ်-ကမ္ဘာ့ဆရာများနေ့သို့ကဗျာတစ်ပုဒ် [ရာဇာစိုးညွန့်]-တက္ကသိုလ်နဲ...
21/09/2023

၂၀၁၉-၂၀၂၀ ပဲခူးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းပါ

မြန်မာကဗျာ(၃၁)ပုဒ်

-ကမ္ဘာ့ဆရာများနေ့သို့ကဗျာတစ်ပုဒ် [ရာဇာစိုးညွန့်]
-တက္ကသိုလ်နဲ့ကျွန်မ [စု(မြန်မာစာ)]
-တို့နန်းတက္ကသိုလ်ဝိမ်းလန်းစို [ကန်ညီနောင်ရွှေဗျိုင်း]
-တို့ဆရာ [ချမ်းမြေ့(ရူပဗေဒ)]
-ချစ်သားချစ်သမီးများသို့ [တက္ကသိုလ်မေ(သင်္ချာ)]
-အမိတက္ကသိုလ် [နန်းအိ[ဒဿနိကဗေဒ)]
-ပဲခူးမြို့ကိုလာခဲ့ပါ [မောင်မျိုးအာကာ(သမိုင်း)]
-စွမ်းဆောင်ရည်၏အသီးအပွင့်များ [ဆူးနှင်းဆီ]
-မေတ္တာရွှေရည်ညွှန်းပါသည် [လင်းမြန်မာလှိုင်(မဒေါက်)]
-ငယ်ချစ်ဦး [အောင်လေး(သတ္တဗေဒ)]
-ဘဲကျောင်းသူ [ကန်ညီနောင်ရွှေဗျိုင်း(ငွေလဲ့ကန်)]
-ယဉ်ကျေးမှုတွေရှင်သန်နေတာကြောင့် [ရာဇာစိုးညွန့်]
-အိမ်ပြန်လမ်း [ခြူး]
-ဥယျာဉ်မှူး [ခံ့ညား]
-ငါ…ငါ…ငါ [ဒေါ်ကေသီခိုင်]
-သုံးတတ်လျှင်ဆေး [ပန်းသခင်]
-အတ္တနှင့်လွန်ဆွဲခြင်း [အိ(အင်္ဂလိပ်စာ)]
-ကျွန်မချစ်သောမိုး [ခင်ငြိမ်းငြိမ်းမော်(ဓာတုဗေဒ)]
-ရှာဖွေခြင်း [M(Moe Thar)]
-ခွာညိုသခင်သို့ [Ambrz(သင်းကွဲ)]
-မောင့်နှင်းဆီ…သို့ [မြတ်အိ(မြန်မာစာ)]
-ဘုရင့်နောင်ဆောင် [မောင်ရှိုင်း(ပဲခူးတက္ကသိုလ်)]
-အားသစ်အားမာန် [နီကွေး(English)]
-တောင်းယူရလိုမှု [ငယ်လေး(ရတနာပုံ)]
-အိပ်မက် [ယမင်းသွေး]
-အသင်လူသား [တူး]
-ဘဝ [ခိုင်]
-ကလေးစိတ်ကူး [ခံ့ညား]
-ကျောင်းသားဘဝ [ဝေယံ(ရုက္ခဗေဒ)]
-ချစ်တတ်ပါစေအိုမိတ်ဆွေ [သင်း(မြန်မာစာ)]
-အဆင်တန်ဆာ [ရွှေဇင်ယော်]

ဓာတ်ပုံ - Bago University News page

ယနေ့ မနက်ပိုင်းတွင် ပဲခူးတက္ကသိုလ်စာပေကလပ် နှင့် ပဲခူးမြို့၊ စာပေဥယျာဥ်စာကြည့်တိုက် တို့ ပူးပေါင်း၍ မြန်မာစာသုတစွမ်းရည်ပ...
17/09/2023

ယနေ့ မနက်ပိုင်းတွင် ပဲခူးတက္ကသိုလ်စာပေကလပ် နှင့် ပဲခူးမြို့၊ စာပေဥယျာဥ်စာကြည့်တိုက် တို့ ပူးပေါင်း၍ မြန်မာစာသုတစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ပဲခူးတက္ကသိုလ် စာပေကလပ် နှင့် ပဲခူးမြို့ စာပေဥယျာဥ်စာကြည့်တိုက် တို့ ပူးပေါင်း၍ မြန်မာစာသုတစွမ်းရည်ပြိုင်ပွဲ ကျင်းပမည်ပဲ...
05/09/2023

ပဲခူးတက္ကသိုလ် စာပေကလပ် နှင့် ပဲခူးမြို့ စာပေဥယျာဥ်စာကြည့်တိုက် တို့ ပူးပေါင်း၍ မြန်မာစာသုတစွမ်းရည်ပြိုင်ပွဲ ကျင်းပမည်

ပဲခူးတက္ကသိုလ် စာပေကလပ် နှင့် ပဲခူးမြို့ စာပေဥယျာဥ်စာကြည့်တိုက် တို့ ဒုတိယအကြိမ် ပူးပေါင်း၍ မြန်မာစာသုတစွမ်းရည်ပြိုင်ပွဲကို ၂၀၂၃ခုနှစ် ဩဂုတ်လ ၁၇ရက်နေ့တွင် ပြုလုပ်သွားပါမည်။ ပြိုင်ပွံကို ကျင်းပရခြင်း ရည်ရွယ်ချက်ကတော့ မြန်မာစာပေကို ချစ်မြတ်နိုးတတ်စေရန် နှင့် မြန်မာစကားပုံများ မပျောက်ကွယ်သွားစေဖို့ ဖော်ထုတ်တဲ့သဘော ဖြစ်ကြောင်း သိရှိရပါသည်။ ထိုပြိုင်ပွဲကို ပဲခူးမြို့ စာပေဥယျာဥ်စာကြည့်တိုက်၌ ပြုလုပ်သွားမည် ဖြစ်ပြီး အ.ထ.က(၅)ပဲခူး နှင့် အ.ထ.က(၁၀)ပဲခူး မှ ကျောင်းသား ကျောင်းသူများ ယှဥ်ပြိုင်သွားမှာ ဖြစ်ကြောင်း သတင်းရရှိပါသည်။ ပထမဆု ၁သောင်းတန် ပန်းစည်း ၁ ခု၊ ဒုတိယဆု ၇ထောင်တန် ဖန်ခွက် ၁ လုံး၊ တတိယဆု ၅ထောင်တန် ထမင်းဘူး ၁ ဘူး၊ နှစ်သိမ့်ဆု ၂ထောင်တန် စာအုပ် ၁ အုပ် တို့ ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

28/07/2023

ပဲခူးတက္ကသိုလ် စာပေကလပ် အဖွဲ့ဝင် ဖြူ (မြန်မာစာ) ရဲ့ စာဖတ်ပြ အစီအစဥ်

နှစ်သစ်ဆုတောင်းအမြင်ကျဉ်းမြောင်း စိတ်ကျဉ်းမြောင်း၍တွင်းအောင်းရသည့် ဘဝမှ လွတ်ပါစေ။စိတ်ဓာတ်သေးနုပ် ဉာဏ်သေးနုပ်၍ချုပ်ချယ်မှ...
17/04/2023

နှစ်သစ်ဆုတောင်း

အမြင်ကျဉ်းမြောင်း စိတ်ကျဉ်းမြောင်း၍
တွင်းအောင်းရသည့် ဘဝမှ လွတ်ပါစေ။
စိတ်ဓာတ်သေးနုပ် ဉာဏ်သေးနုပ်၍
ချုပ်ချယ်မှု အမျိုးမျိုးမှ လွတ်ပါစေ။
တို့အချင်းချင်း ခေါင်းထက်နင်း၍
သိမ်ဖျင်းလုပ်ဇာတ် စိတ်ယုတ်ပတ်နှင့်
ပုတ်ခတ်ကြသည့် ဘဝမှ လွတ်ပါစေ။
သူကမမှန် ငါကမှန်ဟု
တယူသန်စွဲ စိတ်သေးဖွဲနှင့်
ငရဲဘဝမှလည်း လွတ်ပါစေ။
သူ့ဂုဏ်ကိုချ ကိုယ့်ဂုဏ်ပြကာ
မာနစကား တဖွားဖွားနှင့်
အမှားကမ္ဘာမှလည်း လွတ်ပါစေ။
မကောင်းမှုခင် ကောင်းမှုကြဉ်သည့်
ဥာဉ်ဆိုးဥာဉ်မိုက် မီးပုံမြိုက်၍
ငိုရှိုက်ရခြင်းမှလည်း လွတ်ပါစေ။
နှစ်သစ်မြတ်ဆု ဤကောင်းမှုကြောင့်
သာဓု သာဓု သာဓု ခေါ်စေသော်ဝ် ။ ။

တင်မိုး
(၁၇.၄.၁၉၉၁)

ပဲခူးတက္ကသိုလ်စာပေကလပ်နှင့် ပဲခူးမြို့၊ စာပေဥယျာဥ်စာကြည့်တိုက်တို့ ပူးပေါင်း၍ ပထမအကြိမ် သုတစုံလင် စာပေဥယျာဥ် ဥာဏ်စမ်းပဟေ...
02/04/2023

ပဲခူးတက္ကသိုလ်စာပေကလပ်နှင့် ပဲခူးမြို့၊ စာပေဥယျာဥ်စာကြည့်တိုက်တို့ ပူးပေါင်း၍ ပထမအကြိမ် သုတစုံလင် စာပေဥယျာဥ် ဥာဏ်စမ်းပဟေဠိ ပြိုင်ပွဲ ကျင်းပ

01/04/2023

Address

Bago

Website

Alerts

Be the first to know and let us send you an email when Literature Club-Bago University posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share