Hanthawady Center Bago

Hanthawady Center Bago Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hanthawady Center Bago, Youth Organization, Bago.

📢 Donation Report (ထိုင်းစာသင်ရင်းငလျင်ဘေးလှူ)Hanthawady Center Bago ရဲ့ "ထိုင်းစာသင်ရင်းငလျင်ဘေးလှူ" project မှ ရရှိသော...
03/08/2025

📢 Donation Report
(ထိုင်းစာသင်ရင်းငလျင်ဘေးလှူ)

Hanthawady Center Bago ရဲ့ "ထိုင်းစာသင်ရင်းငလျင်ဘေးလှူ" project မှ ရရှိသောအလှူငွေစုစုပေါင်း (9သိန်း) ကျပ်တိတိကို 5 လပိုင်းထဲက delight library ရဲ့ Raise Beyond the Quake Campaign တွင် အင်းလေး ငလျင်ဘေးသင့်ပြည်သူများအတွက်ပါဝင်လှူဒါန်းခဲ့ကြပြီး ယခုဆိုရင် ထိုင်းစာ အတန်းလေးလဲ အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်ပါတယ်။🥳

ယခုကဲ့သို့ ငလျင်ဘေးသင့်ပြည်သူများ၏ အခက်အခဲကို ဝိုင်းဝန်းကူညီပေးနိုင်မှုအပေါ် Hanthawady Center Bago အနေဖြင့် လွန်စွာပီတိဖြစ်မိပြီး လှူဒါန်းပေးကြသော အလှူရှင်များ၊ Media Awareness ရအောင်ပါဝင်ပေးခဲ့သော Foody Goody by Thet တို့နှင့် အတူ Hanthawady Center Bago အဖွဲ့သားအားလုံးက ယခုprojectအတွက် ဝမ်းမြောက်စွာ သာဓုခေါ်ပါတယ်ဗျာ။


[English Version Below]"ထိုင်းစာသင်ရင်း ငလျင်ဘေးလှူ" 28.3.2025 က ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့် ဘေးဒုက္ခခံစားနေရသောမြန်မ...
31/03/2025

[English Version Below]

"ထိုင်းစာသင်ရင်း ငလျင်ဘေးလှူ"

28.3.2025 က ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့် ဘေးဒုက္ခခံစားနေရသောမြန်မာပြည်သူပြည်သားများကို ကြည့်ရင်း Hanthawady Center Bago မှ ပြည်သူပြည်သားများနှင့်အတူ ဝမ်းနည်းပူဆွေးရပါတယ်။

ဒါကြောင့် ငလျင်ဘေးသင့်ပြည်သူတွေကိုဘယ်လိုကူညီရမလဲ တွေးရင်း "ထိုင်းစာသင်ရင်း ငလျင်ဘေးလှူ" ဆိုတဲ့ Project လေးကိုစဖို့ဖြစ်လာပါတယ်။

ဒီ Project မှာ ထိုင်းစာအခြေခံအရေး၊အဖတ်၊အပြောကို ဘတ် 150နဲ့ Zoom Class လေးဖွင့်ပြီး ရရှိလာတဲ့ အကျိုးအမြတ် 100% ကို ငလျင်ဒဏ်သင့်ပြည်သူတွေအတွက်ပြန်လည် လှူဒါန်းသွားမှာဖြစ်ပါတယ်။

🔸သင်ကြားမည့်သင်ခန်းစာများ - ထိုင်းဗျည်း၊သရ၊Tone 5 ခု၊ အခြေခံထိုင်းဝေါဟာရများ။
🔸စတင်သင်ကြားမဲ့ရက် - 1.5.2025။

ဒါဆိုရင် ဒီ Class လေးကို ဘယ်လို Join မလဲ ?

Basic Thai Class လို့ Messenger မှာ အောက်ပါ Bank Acc များကို ငွေလွှဲထာကြောင်း Screenshot နှင့်အတူ လာပြောပေးရုံပါပဲဗျာ။ Thai Bank Acc မရှိရင်လည်း ဘတ် 150 နဲ့ ညီတဲ့ငွေ amount ကို K-payကလွှဲလို့ရပါတယ်။

တကယ်လို့ ကိုယ်က ထိုင်းစာအတန်း မတက်ပဲ ဒီအတိုင်းလှူချင်တယ်ဆိုရင်လည်း စေတနာနည်းများမဆို ပါဝင်လှူဒါန်းလို့ရပါတယ်ဗျာ။

📌K-pay
Number - 09266457223
Name - Y Wine

📌SCB
Number -6674589563
Name - Y WINE

လှူဒါန်းတဲ့အခါ အလှူရှင်အမည်နှင့် လှူဒါန်းထားသည့် ငွေ amount ကိုပါ Messenger သို့ လာပြောပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျ။

ငလျင်ဘေးသင့်ပြည်သူများလဲ အမြန်ဆုံးပြန်လည်ထူထောင်လာနိုင်ဖို့ ဆုတောင်းလိုက်ရပါတယ်ဗျာ။

‘Donate for the victims of earthquakes in Myanmar while study basic Thai’

Since a catastrophic earthquake took place in Myanmar on 28 March, 2025, words fail to describe how much we, Hanthawady Center Bago, feel sorry for those who are suffering from this disaster.

So, we came up with an idea to conduct a project called ‘donate for the victims of the earthquake while study basic Thai’ in which we will teach basic Thai with an amount of 150 baht via Zoom. All the profits will be contributed to earthquake victims.

🔸️The lessons we will cover - Thai alphabets, vowels, 5 tones and basic vocabularies.
🔸️The start date - 1.5.2025.

So, if you want to join the class, just message our chat box, texting ‘Basic Thai Class’ along with your name and donation payment slip. Also, if you don’t want to join the class and just want to donate money, you are welcome to contribute to this project.

📌K-pay
Number - 09266457223
Name - Y Wine

📌SCB
Number - 6674589563
Name - Y Wine

We hope we can overcome this terrible situation soon………

📌အရေးပေါ် ဖုန်းနံပါတ်များငလျင်ဒဏ်ခံခဲ့ရသော မြန်မာပြည်သူများ အမြန်ဆုံးနလည်ပြန်ထူနိုင်ဖို့ Hanthawady Center Bago မိသားစုမ...
29/03/2025

📌အရေးပေါ် ဖုန်းနံပါတ်များ

ငလျင်ဒဏ်ခံခဲ့ရသော မြန်မာပြည်သူများ အမြန်ဆုံးနလည်ပြန်ထူနိုင်ဖို့ Hanthawady Center Bago မိသားစုမှဆုတောင်းလိုက်ရပါတယ်။

🔴အရေးပေါ် ကူညီကယ်ဆယ်ရေး နံပတ်များ🔴

🚨မန္တလေး
09402600033 ( မဟာ - လူမှုကယ်ဆယ်ရေး မန္တလေး )
အမရပူရမြိုနယ် ☎️02-4070713,02-4070996
ပြည်ကြီးတံခွန်မြိုနယ် ☎️02-5154974
ပုသိမ်ကြီးမြိုနယ် ☎️02-4058056
ချမ်းမြသာစည်မြိုနယ် ☎️02-4021087,02-4062718
မဟာအောင်မြေမြိုနယ် ☎️02-4076362
အောင်မြေသာစံမြိုနယ်☎️02-4060200
ချမ်းအေးသာစံမြိုနယ်☎️02-4060738

🚨အမရပူရမြိုနယ်
ဦးထွန်းနေနွယ်(ဒု ဦးစီး)☎️09404080191 အမရပူရမြိုနယ် မီးသတ်စခန်း
ဦးကျော်နိုင်ဝင်း(စခန်းမှုး) ☎️0429551689 မြစ်ငယ်နယ်မြေခံမီးသတ်စခန်း
ဦးဇော်မင်းဦး (တပ်ကြပ်ကြီး)☎️09444032583 အမရပူရမြိုနယ် မီးသတ်စခန်း
ဦးအောင်မျိုးကျော် (တပ်ကြပ်ကြီး)☎️09449637974 အမရပူရမြိုနယ် မီးသတ်စခန်း
ဦးဖြိုးဇင်(တပ်ကြပ်ကြီး)☎️09783299191 မြစ်ငယ်မီးသတ်စခန်း
ဦးစည်သူဇော် ☎️09-959984191 အမရပူရ အရှေ့ခြမ်း စွယ်တော်
ဦးသဲဦး ☎️09-402574094 အမရပူရ အရှေ့ခြမ်း ဖျောက်ဆိပ်ကုန်း
ဦးစံသိန်း ☎️09448197750 အမရပူရ အရှေ့ခြမ်း နတ်ရေကန်အရန်မီးသတ်စခန်း တာဝန်ခံ
ဦးစည်သူအောင် ☎️09445765287 အမရပူရ အရှေ့ခြမ်း နတ်ရေကန်အရန်မီးသတ်စခန်း
ဦးဇင်ကို ☎️09451801862 အမရပူရ အနောက်ခြမ်း ရှမ်းကလေးကျွန်း
09-767119119 (အမပူရမြိုနယ် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ)
09-787119119 (အမပူရမြိုနယ် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ)
09-440119119 (အမပူရမြိုနယ် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ)
09988144119(Myanmar Rescue Amarapura ကိုဥက္ကာကျော် )

🚨နေပြည်တော် #နေပြည်တော်သီးသန့်
09420722222 (ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်း)
09423671702 (ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်း)
0673404666(လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)
0673404777 (လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)
09972755311
09420771405 (မိုးစေတနာ)
09404590001 (မိုးစေတနာ)
09677080162 (တပ်ကုန်းမီးသတ်)
09677080126 (တပ်ကုန်းမီးသတ်)

လူမှုကရုဏာရှင်အဖွဲ့
09681000095
09797604667
09775207713
09972755311
0943106850(တပ်ကုန်းရေဘေး)
095044564(ပုဗ္ဗတွဲလက်များ)
09448535275 (နေပြည်တော်ကြက်ခြေနီသူနာပြုတပ်ဖွဲ့)
09420714432 (နေပြည်တော်ကြက်ခြေနီသူနာပြုတပ်ဖွဲ့)
09404050511 (မြတ်ပါရမီလူမှုကူညီရေးအသင်း)
09429319960 (မြတ်ပါရမီလူမှုကူညီရေးအသင်း)
09420104504 (စိုးမိုးသူလူမှုကူညီရေးအသင်း)
09253095834 (စိုးမိုးသူလူမှုကူညီရေးအသင်း)
09254080946 (စိုးမိုးသူလူမှုကူညီရေးအသင်း)
09445599676 (ပုညကာရီလူမှုကယ်ဆယ်ရေး)
095402616 (ပုညကာရီလူမှုကယ်ဆယ်ရေး)
09771151505 (စေတနာလူမှုကူညီရေးအသင်း)
09420720713 (စေတနာလူမှုကူညီရေးအသင်း)
09797905232 (စေတနာလူမှုကူညီရေးအသင်း)
09797712335 (ကရုဏာရှင်ပရဟိတအသင်း)
09786545509 (ကရုဏာရှင်ပရဟိတအသင်း)
09254448800 (ကရုဏာရှင်ပရဟိတအသင်း)
09420942455 (သုခဒါနပရဟိတအသင်း)
09773592699 (သုခဒါနပရဟိတအသင်း)
09779905443 (ဇမ္ဗူတလူ ပရဟိတာအသင်း)

ညောင်ရွှေမြို့ ရေဘေးကယ်ဆယ်ရေး
09428310586 ( ကိုစိုးမင်းလတ် )
09261932939 ( ကိုသက်ပိုင်စိုး )
09428311563 ( ကိုတိုးအောင်ရွှေ )

🚨(နေပြည်တော် တပ်ကုန်း ဆွာ တောင်ငူ ကယ်ဆယ်ရေး)
0943106850
ဒို့လယ်ဝေးပရဟိတလူငယ်များ အဖွဲ့
09681000095
09797604667
09775207713
09 972755311
09 420771405 (မိုးစေတနာ)
09 404590001 (မိုးစေတနာ)
09 677080162 (တပ်ကုန်းမီးသတ်)
09 677080126 (တပ်ကုန်းမီးသတ်)
095044564 (ပုဗ္ဗတွဲလက်များ လူမှု ကူညီရေးအသင်း)
09420085147 (ဟန်းရာဇာ)

🚨(ကျောက်ဆည်ကယ်ဆယ်ရေး)
KYAUKSE RESCUE
09256006355
09258444414
09787900929 ( ကျောက်ဆည်ကြက်ခြေနီ )
09402526768 ( ကျောက်ဆည်ကြက်ခြေနီ )

🚨မြစ်သား
09251156006 ( မြစ်သားကြက်ခြေနီ )

🚨စဉ့်ကိုင်
09788743559 ( စဉ့်ကိုင်ကြက်ခြေနီ )

🚨(ဝမ်းတွင်းကယ်ဆယ်ရေး)
ဝမ်းတွင်းမြို့နယ်လုံးဆိုင်ရာ ပရဟိတ ကွန်ယက်
092165003
09444484129
09444484128

🚨(ပျော်ဘွယ်ကယ်ဆယ်ရေး )
09449988191
092228214
0943020516
09459975496
092049021
09449988191 မီးသတ်ဦးစီးမှူး
092228214 ကိုကျော်ကျော်ဝင်း
0943020516 ကိုအောင်ဇော်မိုး
09459975496 ကိုရဲမင်းထွန်း

🚨(ရမည်းသင်း ကယ်ဆယ်ရေး)
09404590001(မိုးစေတနာ)
064-4007(ရမည်းသင်းမီးသတ်)
064-40787- ရမည်းသင်း

🚨(တောင်ငူ ကယ်ဆယ်ရေး)
09443555502 (T.E.R.Tအသင်း)
09791232000 (T.Rescueအသင်း)
09428155773 (မေတ္တာရှင်အသင်း)
09687635151 (အာယုပါလအသင်း)
09770313323 (ရှင်စောပုအသင်း)
09973775151 (၆ရပ်ကွက်အသင်း)

🚨(မိတ္ထီလာ ကယ်ဆယ်ရေး )
မိတ္ထီလာမြို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး
အဖွဲ့ မျိုးဆက်သစ်မြတ်ပါရမီအသင်း
09402684996
09696860666

Hanthawady Center Bago မှ ပြုလုပ်သော Basic Thai Language Club ရဲ့ Day 1,2,3,4,5 များတွင်Participants များက♦️ထိုင်းဗျည်း ...
01/02/2025

Hanthawady Center Bago မှ ပြုလုပ်သော Basic Thai Language Club ရဲ့ Day 1,2,3,4,5 များတွင်
Participants များက

♦️ထိုင်းဗျည်း ၄၄ လုံး၊ သရ ၁၂လုံး၊

♦️အခြေခံ မိတ်ဆက် စကားလုံးများ၊ စာကြောင်းများကို တစ်ယောက်မသိတာ တစ်ယောက်မေးရင်း အတူတူလေ့လာခဲ့ကြပါတယ်။

နောက်ကျရင်လဲ ဒီ Club မှာ ဘယ်လိုမျိုး, activities တွေလုပ်သွားမလဲ ဆိုတာ သိနိုင်ဖို့ HCB ကို Like and Follow လုပ်ဖို့မမေ့နဲ့နော်။

သင်ဟာ BL Series တွေ ကြည့်ပြီး ထိုင်းစာလေ့လာချင်သူတစ်ဦးလား?လူငယ်အချင်းချင်း ထိုင်းစာကို အခြေခံကနေစပြီး 4 Skills လေ့လာရင်...
19/01/2025

သင်ဟာ BL Series တွေ ကြည့်ပြီး ထိုင်းစာလေ့လာချင်သူတစ်ဦးလား?

လူငယ်အချင်းချင်း ထိုင်းစာကို အခြေခံကနေစပြီး 4 Skills လေ့လာရင်း Community တစ်ခုကို တည်ဆောက်ချင်သူတစ်ဦးလား?

ဒါဆိုရင်တော့ Hantharwady Center Bago ကနေ အခမဲ့ In-Person ပြုလုပ်သွားမဲ့ Basic Thai Language Club လေးကို Join လိုက်တော့နောိ။

ဒီ Club လေးကတော့ ဆရာ၊ဆရာမနဲ့ သင်ကြားသလိုမျိုးမဟုတ်ပဲ ထိုင်းစာလေ့လာသူအချင်းချင်း တစ်ယောက်မသိတာ တစ်ယောက်က ဝိုင်းကူညီပြောပြရင်း Community တစ်ခုကို တည်ဆောက်သွားမဲ့ Club လေးဖြစ်ပါတယ်။

♦️ Date - January 22 ရက်နေ့ မှ March 28 ရက်နေ့အထိ ( အပတ်စဥ် တနင်္လာနေ့၊ဗုဒ္ဓဟူးနေ့၊သောကြာနေ့ )

♦️ Time - ညနေ ၅ နာရီ မှ ည ၇နာရီထိ

♦️ Location - Room BB, Baan Aranya, Chiang Mai မြို့
https://g.co/kgs/xYa3DGm

ဒါဆိုရင် Club ကို ဘယ်လို Join မလဲ?

Hanthawady Center Bago ရဲ့ Messenger မှာ Basic Thai Language Club ဆိုပြီး ပို့လိုက်ရုံပါပဲ။

ဒါဆိုရင် HCB ကနေ သက်ဆိုင်ရာ Group ထဲကို ထည့်ပြီး ဆက်လက် Information တွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

လူအကန့်အသတ်ရှိတာ ဖြစ်လို့ အမြန်ဆုံးလာ Join လိုက်တော့နော်။

နောက်ဆိုရင်လဲ HCB ကနေဘယ်လိုမျိုး Project တွေကိုလုပ်သွားမလဲ ဆိုတာသိဖို့ Page ကို Like and Follow လုပ်ဖို့မမေ့နဲ့နော်။

ပဲခူးတိုင်းဒေသကြီး၊  ‌‌‌‌‌‌‌ပြည်သူ့အလင်းစာကြည့်တိုက်၊ ဖအောင်ဝဲ၊ ဒိုက်ဦးမြို့။ နှင့် Hanthawady Center Bago တို့ပူးပေါင်း...
12/01/2025

ပဲခူးတိုင်းဒေသကြီး၊ ‌‌‌‌‌‌‌ပြည်သူ့အလင်းစာကြည့်တိုက်၊ ဖအောင်ဝဲ၊ ဒိုက်ဦးမြို့။ နှင့် Hanthawady Center Bago တို့ပူးပေါင်း၍ ကျင်းပပြုလုပ်သော BOOKy Buddies Bookclub ကို နိုဝင်ဘာလ ၂ ရက်၊ ၁၆ရက်၊ ၃၀ရက်နှင့် ဒီဇင်ဘာလ ၁၄ရက်၊ ၂၈ရက်နေ့များတွင်ပြုလုပ်ရန်စီစဥ်ခဲ့ပါသည်။

သို့သော် Bookclub ကို ပထမ ၃ ရက်တွင်အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သော်လည်း ဒီဇင်ဘာလ ၁၄ရက်နှင့် ၂၈ရက်နေ့များတွင်မူ ကလေးငယ်များစာမေးပွဲရှိသောကြောင့် Bookclub ကို ခဏတာ ရပ်နားခဲ့ပြီး ဇန်နဝါရီလ ၁၁ ရက်နေ့တွင် နောက်ဆုံးနေ့အဖြစ် အစားထိုးပြုလုပ်ခဲ့ပါသည်။

ဇန်နဝါရီ ၁၁ နေ့ လေးမှာတော့ Activities အနေနဲ့ စကားရည်လုပွဲ၊ Role play debate များကျင်းပပြီး စာအုပ်လက်ဆောင်များပေးခြင်း၊ Memories board လေးမှာ Feedback များရေးပြီးကပ်ခြင်း နှင့် ကလေးငယ်များနှင့်အတူ ရေခဲချောင်းစားရင်း အချိန်ကောင်းလေးကို ပိုင်ဆိုင်ခဲ့ကြပါတယ်။

နောက်ထပ်လည်းဘယ်လို HCB အနေနဲ့ ဘယ်လိုမျိုး Project လေးတွေလာမလဲဆိုတာ သိချင်ရင် Like and Follow လေးလုပ်ထားလိုက်တော့နော်။

HCBers တို့ကို နှစ်သစ်မှာ ကြိုဆိုလိုက်ပါတယ်။ဒီနေ့ မှာတော့ ထိုင်းနိုင်ငံမှာရှိတဲ့ University  တွေကိုစိတ်ဝင်စားတဲ့ HCBers ...
01/01/2025

HCBers တို့ကို နှစ်သစ်မှာ ကြိုဆိုလိုက်ပါတယ်။

ဒီနေ့ မှာတော့ ထိုင်းနိုင်ငံမှာရှိတဲ့ University တွေကိုစိတ်ဝင်စားတဲ့ HCBers တို့အတွက် Chiang Mai University အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

ချင်းမိုင်တက္ကသိုလ် (Chiang Mai University-CMU)ကို
1964ခုနှစ် ဇန်နဝါရီလ မှာတည်ထောင်ခဲ့ပြီးတော့ CMU ကထိုင်းနိုင်ငံရဲ့
ပထမဆုံးပြည်နယ်တက္ကသိုလ်ဖြစ်ပါတယ်။

CMU က 2025 ခုနှစ်ကျ QS ကမ္ဘာတက္ကသိုလ်အဆင့်မှာ
အဆင့် #567 ကိုရရှိထားပြီး
ချင်းမိုင် တက္ကသိုလ်မှာ Faculties (ဌာန) အနေနဲ့ (26) ခုထိ ရှိနေပါတယ်။

အဲ့ထဲကအချို့ကတော့
🔹Faculty of Mass Communication
🔹Faculty of Agriculture
🔹Faculty of Law
🔹Faculty of Nursing စသည်ဖြင့် စုစုပေါင်း Faculty (26) ခုရှိပါတယ်။

အချို့သော Program တွေကထိုင်းနိုင်ငံသားတွေပဲတက်လို့ရတာဖြစ်ပြီး
International ကျောင်းသားတွေတက်လို့ရတဲ့ Bachelor Programs တွေကတော့

1. Bachelor of Accountancy - ACC

2. Bachelor of Science in Modern Management and Information Technology - MMIT

3. Bachelor of Science in Software Engineering - SE

4. Bachelor of Science in Food Science and Technology - FST

5. Bachelor of Science in Integrated Design in Emerging Architecture - IDEA

6. Bachelor of Economics - ECON

7. Bachelor of Engineering in Civil Engineering - CE

8. Bachelor of Engineering in Electrical Engineering and Smart Grid Technology - EESG

9. Bachelor of Engineering in Industrial Engineering and Logistics Management - IEL

10. Bachelor of Engineering in Information Systems and Network Engineering - ISNE

11. Bachelor of Engineering in Mechanical Engineering and Engineering Project Management - MEPM

12. Bachelor of Arts in Humanities and Sustainability - HS

13. Bachelor of Arts in Thai as a Foreign Language - TFL

14. Bachelor of Nursing Science - NSC

15. Bachelor of Science in Sustainability - STB) [မေဂျာအသစ်]

16. Bachelor of Science in Environmental Science - ES

17. Bachelor of Arts in Social Science and Sustainable Development - SSSD

18. Bachelor of Science in Digital Innovation - DIN

ကဲ ဒါဆို ချင်းမိုင်တက္ကသိုလ်က ဒီ program တွေကဘယ်အချိန်မှာ လျှောက်လို့ရမလဲ?

Round 3 round ရှိပြီး

Round 1 [Nov 5 - Jan 2]
Announcement for eligible applicants/ interviews
[Jan 7]
Announcement admission results
[Jan 24]

Round 2 [Feb 13 -Mar 20]
Announcement for eligible applicants/ interviews
[Mar 26]
Announcement admission results
[April 21]

Round 3 [May 1 - 8]
Announcement for eligible applicants/ interviews
[May 14]
Announcement admission results
[May 26]

တို့ပဲဖြစ်ပါတယ်။ Round Timeline တွေက ယေဘုယျအားဖြင့်ယခုလိုအချိန်တွေဖြစ်ပြီး တစ်နှစ်နဲ့တစ်နှစ်မတူပဲ အနည်းငယ်ကွဲပြားနိုင်ပါတယ်။

HCB က 2025 Academic Year အတွက် Timeline တွေကို ကိုးကားထားခြင်းဖြစ်ပါတယ်။

နောက်နေ့တွေကျရင် ဒီ Programs တွေတစ်ခုချင်းစီတိုင်းကို အသေးစိတ်ပြန်ပြောပြပေးသွားမှာဖြစ်လို့ Pageလေး ကို Like and Follow လုပ်သွားဖို့မမေ့နဲ့နော်။

Hanthawady Center Bago  နှင့် ပြည်သူ့အလင်းစာကြည့်တိုက်၊ ဖအောင်ဝဲ၊ ဒိုက်ဦးမြို့။ မှ ပူးပေါင်းပြုလုပ်သော "Booky Buddies" B...
01/12/2024

Hanthawady Center Bago နှင့် ပြည်သူ့အလင်းစာကြည့်တိုက်၊ ဖအောင်ဝဲ၊ ဒိုက်ဦးမြို့။ မှ ပူးပေါင်းပြုလုပ်သော "Booky Buddies" Book Club လေး၏ Day-2 (16.11.2024) နှင့် Day-3 (30.11.204) တို့တွင်

🔷️ ကလေးငယ်တစ်ယောက်ချင်းစီက Day-1 တွင် စာကြည့်တိုက်မှကိုယ်စီ ငှားရမ်းခဲ့သော စာအုပ်များအကြောင်းကို Club ထဲက သူငယ်ချင်းများ ဖတ်ချင်လာအောင်ပြန်လည် ပြောပြခဲ့ပါတယ်။

🔷️ ဒီလိုမျိုး တစ်ယောက်နဲ့ တစ်ယောက် အချင်းအချင်းပြန်လည်ပြောပြခဲ့ခြင်းကြောင့် Club ထဲ က ကလေးငယ်တွေဟာ သူတို့ရဲ့စိတ်ကူးစိတ်သန်းလေးကို ပိုမိုချဲ့ထွင်နိုင်ခဲ့ပြီး social networking အတွက်ပါ တည်ဆောက်လာနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

🔷️ ဒါ့အပြင် Volunteers တွေနဲ့ အတူတူ Story Creation Game လေးကိုဆော့ခဲ့ကြပြီး နောက်အပတ်ဖတ်ဖို့အတွက် ကလေးငယ်တွေ အချင်းချင်း recommended ပေးတဲ့ စာအုပ်တွေကို ကိုယ်စီ ငှားရမ်းသွားခဲ့ကြပါတယ်။

နောက်ဆိုရင်လဲ HCB က ဘယ်လိုမျိုး Project တွေကို လုပ်သွားမလဲ ဆိုတာသိနိုင်ဖို့ Page ကို Like and Follow လုပ်ဖို့မမေ့နဲ့နော်။

Hanthawady Center Bago နှင့် ပြည်သူ့အလင်းစာကြည့်တိုက်၊ ဖအောင်ဝဲ၊ ဒိုက်ဦးမြို့။ မှ ပူးပေါင်းပြုလုပ်သော "Booky Buddies" Bo...
02/11/2024

Hanthawady Center Bago နှင့် ပြည်သူ့အလင်းစာကြည့်တိုက်၊ ဖအောင်ဝဲ၊ ဒိုက်ဦးမြို့။ မှ ပူးပေါင်းပြုလုပ်သော "Booky Buddies" Book Club လေး၏ Day-1 တွင်

🔷️ ကလေးငယ်များအချင်းချင်း မိတ်ဆက်ရင်း၊ စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူး တွေကို ဆွေးနွေးကြရင်း Bingo Game လေး ကစားခဲ့ကြပါတယ်။

🔷️ ဒါ့အပြင် Volunteer များက မိမိ အကြိုက်နှစ်သက်ဆုံး စာအုပ်တစ်အုပ် အကြောင်းကို ကလေးငယ် များကို ဖတ်ချင်လာအောင် ပြောပြခဲ့ပါတယ်။

🔷️ အလားတူစွာ ကလေးတွေအနေနဲ့လည်း မိမိ အကြိုက်ဆုံး စာအုပ်ကို စာကြည့်တိုက်မှ ငှားရမ်းကာ နောက်အပတ်တွင် အခြားကလေးငယ်များကို ပြန်လည်ပြောပြရမည်ဖြစ်ပြီး စာဖတ်ချင်လာအောင် အကောင်းဆုံးဆွဲဆောင်နိုင်တဲ့ကလေးငယ်တွေအတွက်လဲ လက်ဆောင်လေးတွေစီစဥ်ထားပါတယ်။

နောက်အပတ်ကြရင် Book Club မှာ ဘယ်သူက သူ့အကြိုက်ဆုံးစာအုပ်ကိုဖတ်ချင်လာအောင် တခြားကလေးငယ်တွေကို အကောင်းဆုံးဆွဲဆောင်သွားမလဲ ဆိုတာသိချင်ရင် Page ကို Follow လုပ်ခဲ့ဖို့ မမေ့နဲ့နော်။

Volunteers Needed❗️မိမိရပ်ရွာအကျိုးအတွက် စေတနာ့ဝန်ထမ်းလုပ်ရင်း Youth Organization တွေမှာ Experience ကောင်းတွေအရယူထားချင်...
01/11/2024

Volunteers Needed❗️

မိမိရပ်ရွာအကျိုးအတွက် စေတနာ့ဝန်ထမ်းလုပ်ရင်း Youth Organization တွေမှာ Experience ကောင်းတွေအရယူထားချင်တဲ့သူတွေအတွက်

Hanthawady Center Bago (HCB) ရဲ့ လက်ရှိခေါ်ယူနေတဲ့ Volunteer Open Position တွေကို ဖော်ပြပေးလိုက်ပါတယ်။

About Organization
=================

HCB ဟာဆိုရင် 2023 မှ စတင်ပြီး ပဲခူးမြို့တွင် Equality Education ကိုအဓိကထားပြီး
တခြားအမျိုးမျိုးသော Social Issues တွေကို မတူညီတဲ့ရှုထောင့်မျိုးစုံကနေ ဖေးမကူညီနေတဲ့ ပရဟိတလူငယ်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

ဒါ့ကြောင့် HCB နဲ့အတူ Community အတွက် ပါဝင်ကူညီရင်း Experience တွေရယူလိုက်ပါ။

Volunteers Experience မရှိသေးလဲ HCB က senior volunteer တွေက on job training တေတွေနဲ့ လက်တွဲခေါ်ပေးသွားမှာဖြစ်လို့ Experience မရှိသေးတဲ့ လူတွေလဲ လျှောက်ကြည့်လို့ရပါတယ်။

Job Description အသေးစိတ်ကြည့်ရန်။👇

🔶️ Content Writer [ 1 post ]

https://drive.google.com/file/d/1CcIfcLfPHdKB_41GfOjsXUiTqbqKEIbz/view?usp=sharing

🔶️ Graphic Designer [ 2 posts ]

https://drive.google.com/file/d/1qy3ctYvbqdoZZ9XWt56siYNtKDV1gtV6/view?usp=sharing

ဘယ်လိုလျှောက်ရမလဲ ❓️

Hanthawady Center Bago ရဲ့ G-mail ဖြစ်တဲ့ [email protected] ကို CV ပေးပို့ပေးရမှာဖြစ်ပါတယ်။

HCB ကနေ နောက်ထပ်နောက်ထပ် ဘယ်လိုမျိုး Project တွေ ထပ်လုပ်သွားမလဲ ဆိုတာ သိနိုင်ဖို့ Page လေးကို Like and Follow လုပ်ထားဖို့လည်း မမေ့နဲ့နော်။🤗


Hanthawady Center Bago မှ  ပြည်သူ့အလင်းစာကြည့်တိုက်၊ ဖအောင်ဝဲ၊ ဒိုက်ဦးမြို့။ နဲ့ ပူးပေါင်း၍  ပြုလုပ်မည့် "Booky Buddies"...
30/10/2024

Hanthawady Center Bago မှ ပြည်သူ့အလင်းစာကြည့်တိုက်၊ ဖအောင်ဝဲ၊ ဒိုက်ဦးမြို့။ နဲ့ ပူးပေါင်း၍ ပြုလုပ်မည့် "Booky Buddies" စာဖတ် Club အကြောင်း Pam Phlet လေးများကို ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားစွာ လာရောက်ဖတ်ရှုနေတဲ့ ပုံရိပ်များကို မျှဝေလိုက်ပါတယ်ရှင်။

Address

Bago

Telephone

+959960803557

Website

Alerts

Be the first to know and let us send you an email when Hanthawady Center Bago posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Hanthawady Center Bago:

Share