အပြည်ပြည်ဆိုင်ရာ ပဲခူးတိုင်းအသင်း

  • Home
  • Myanmar
  • Bago
  • အပြည်ပြည်ဆိုင်ရာ ပဲခူးတိုင်းအသင်း

အပြည်ပြည်ဆိုင်ရာ ပဲခူးတိုင်းအသင်း ပဲခူး၊တောင်ငူ၊သာယာဝတီ၊ပြည် နှင့် ပြည်ပရှိ ပဲခူးတိုင်းသူ/ပဲခူးတိုင်းသားများအားလုံးပါဝင်သည်။

 #ပြုံးပြုံးလေး
31/12/2025

#ပြုံးပြုံးလေး

16/12/2025

All in One Piece Movement 🎉
• Justice for Her, Justice for All
• Freedom for Her, Freedom for All
• For Her. For All. For Peace.
• Her Freedom, Our Peace

• “Reject the Military’s Fake Election — Release Our Leaders First.”
• “No Freedom, No Fair Vote — Free Our Leaders!”
• “No Real Election Without Our Leaders.”
• “A Vote Without Our Leaders Is Not Democracy.”

All In One Piece Movement
13/12/2025
All In One Piece Movement ကတော့ အမေစုရဲ့သား ကင်မ် မှဦးဆောင်ပြီး ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ Social media နှင့် မြေပြင် အဖွဲ့ များအတူတူပူးပေါင်းပြီး တောင်းဆိုဆန္ဒဖေါ်ထုတ်ကြမယ့်အစီအစဉ်ဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့

၁)အမေဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမ္မတကြီးနှင့် မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေး

၂)နိုင်ငံခေါင်းဆောင်တွေကို မတရား ဖမ်းဆီးထားပြီး ကျင်းပမယ့် ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်ဆိုတာ ကမ္ဘာက သိရှိသတိပြုမိစေနိုင်ရန်

၃)အားလုံးရဲ့ စည်းလုံးမှု့အင်အားကိုပြသနိုင်ရန်



26/07/2025
 #ပြိုင်ပွဲဝင်စာရင်းJune 28 , 2025 စနေနေ့ တွင် သီဆိုယှဉ်ပြိုင်ကြမည့်... Group C/ D / E တို့တွင်ပါဝင်သော ပြိုင်ပွဲဝင် အမည...
25/06/2025

#ပြိုင်ပွဲဝင်စာရင်း
June 28 , 2025 စနေနေ့ တွင် သီဆိုယှဉ်ပြိုင်ကြမည့်... Group C/ D / E တို့တွင်ပါဝင်သော ပြိုင်ပွဲဝင် အမည်စာရင်းဖြစ်ပါတယ်။
အချိန် ။ ။ မြန်မာစံတော်ချိန် ညနေ ၅:၀၀ နာရီတိတိတွင် Oakar Moe ( Tik Tok) live စတင်လွှင့်ပါမည်။
🤙🎶၆:၀၀ နာရီတိတိတွင် ယခင်အပတ်မှ လက်ကျန် အတွဲတတွဲ စတင်ယှဉ်ပြိုင်ကြမည်။
🤙🎶ထို့နောက် Group-C မဲနှိုက်ပြီး ဆက်လက်ယှဉ်ပြိုင်ရမည်။
🤙🎶ထို့နောက် Group-D မဲနှိုက်ပြီး
ဆက်လက်ယှဉ်ပြိုင်ရမည်။
🤙🎶ထို့နောက် Group-E မဲနှိုက်ပြီး
ဆက်လက်ယှဉ်ပြိုင်ရမည်။
🙏ပြိုင်ပွဲဝင်များအနေဖြင့် အချိန်မီရောက်ရှိရန်။
🙏မိမိတို့စက်များကြိုတင်ချိန်ထားရန်။
🙏အင်တာနက်လိုင်း၊ဖုန်းအားသွင်းထားရန်။

အပြည်ပြည်ဆိုင်ရာပဲခူးတိုင်းအသင်း

''SU 80th Birthday ပညာရေးရန်ပုံငွေကံစမ်းမဲကမ်ပိန်း ပေါက်မဲနံပါတ်နှင့်ပစ္စည်းများ''၂၀၂၅ခုနှစ် ဇွန်လ ၁၉ရက်နေ့ နိုင်ငံတော်၏...
21/06/2025

''SU 80th Birthday ပညာရေးရန်ပုံငွေကံစမ်းမဲကမ်ပိန်း ပေါက်မဲနံပါတ်နှင့်ပစ္စည်းများ''
၂၀၂၅ခုနှစ် ဇွန်လ ၁၉ရက်နေ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်(၈၀)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ပညာရေးရန်ပုံငွေကံစမ်းမဲကမ်ပိန်း မဲဖေါက်ခြင်းနှင့် မွေးနေ့ပွဲအစီအစဥ်ကို အပြည်ပြည်ဆိုင်ရာပဲခူးတိုင်းအသင်း ( International Bago Division Association - IBDA ) မှ .. မြေပြင်နှင့်အွန်လိုင်း တပြိုင်နက်ကျင်းပခဲ့ပါတယ်။ မြေပြင်ပွဲကို ထိုင်းနိုင်ငံမဲ့ဆောက်မြို့ အပြည်ပြည်ဆိုင်ရာပဲခူးတိုင်းအသင်းရုံးတွင်၄င်း၊ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့တွင်၄င်း ကံစမ်းမဲနှိုက်ကြေငြာခြင်းကိစ္စများကို အများမြင်သာအောင် ပြုလုပ်ခဲ့ကြပါသည်။ အွန်လိုင်းတွင်တပြိုင်နက်တည်း Zoom platform ဖြင့် page မှလည်း။ တိုက်ရိုက်Live လွှင့်ခဲ့ပါတယ်။ ယခုပွဲသို့ အွန်လိုင်းမှ Zoom ဖြင့် ၁၀၀ကျော်ခန့်တက်ရောက်ခဲ့ကြပါတယ်။
ယခုပွဲသို့ မြန်မာပြည်ဒေသအသီးသီးမှ တော်လှန်ရေး နိုင်ငံရေးနယ်ပယ်အသီးသီးခေါင်းဆောင်များလည်းတက်ရောက်ခဲ့ကြပြီး အမေစုမွေးနေ့အမှတ်တရဆုတောင်းစကားများပြောကြားခဲ့ကြပါတယ်။ နိုင်ငံတကာအနေဖြင့် ထိုင်းနိုင်ငံ၊ မလေးရှားနိုုင်ငံ၊ စက်ာပူနိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ အဂ်လန်နိုင်ငံ၊ အမေရိကန်နိုင်ငံ၊ အိုမန်နိုင်ငံ၊သြစတေးလျှနိုင်ငံ၊ နယူဇီလန်နိုင်ငံ၊ဥရောပ နယ်သာလန်နိုင်ငံ၊ တရုတ်နိုင်ငံစသဖြင့် နိုင်ငံအတော်များများတွေရောက်ရှိနေထိုင်ကြသော မြန်မာနွယ်ဖွားများ တက်ရောက်ခဲ့ကြပါတယ်။
ဆုမဲပေါက်နံပါတ်များ
*******************
၁။ ၀၀၁၁၀ --အမေစုပုံတူပန်းချီကား
၂။ ၀၅၈၃၁ -- ပတ္တမြားတဆင်စာ
၃။ ၀၂၄၅၃ -- စိန်လည်ဆွဲနှင့်နားဆွဲ
၄။ ၀၅၁၉၃ -- မြလည်ဆွဲနှင့်နားကပ်
၅။ ၀၀၉၁၃ -- တော်လှန်ရေးပန်းချီကား
၆။ ၀၆၂၄၇ -- ပုလဲနက်လည်ဆွဲနှင့်နားဆွဲ
၇။ ၀၀၁၀၉ -- လည်ဆွဲနှင့်နားဆွဲ
၈။ ၀၁၆၅၂ -- ပုလဲလည်ဆွဲသီးနှင့်နားကပ်
၉။ ၀၂၈၈၂ -- အသဲပုံစိန်လည်ဆွဲ
၁၀။ ၀၀၃၅၆ -- ပုလဲလည်ဆွဲနှင့်နားဆွဲ
၁၁။ ၀၅၂၄၂ -- ပတ္တမြားလည်ဆွဲ နှင့် နားကပ်
၁၂။ ၀၃၂၉၆ -- နီလာလည်ဆွဲနှင့်နားကပ်
၁၃။ ၀၆၀၂၀ -- အမေစုပုံရင်ထိုး
၁၄။ ၀၆၀၆၂ -- ပန်းချီကား
၁၅။ ၀၂၇၃၄ -- ပန်းချီကား
၁၆။ ၀၁၃၆၀ -- လက်ဆွဲအိတ်
၁၇။ ၀၂၈၁၃ -- လက်ဆွဲအိတ်
၁၈။ ၀၄၁၁၁ -- အမေစုပုံပြက္ခဒိန်
၂၉။ ၀၁၅၈၀ -- အမေစုပုံဒဂ်ါးပြား
၂၀။ ၀၂၄၀၈ -- ကျောက်စိမ်းပုတီးများနှင့်ကျောက်စိမ်းလက်ကောက်များ
၂၁။ ၀၁၅၀၂ -- ပန်းချီကား
၂၂။ ၀၂၉၉၁ -- ပန်းချီကား
၂၄။ ၀၅၇၇၅ -- လက်ဆွဲအိတ်
၂၄။ ၀၅၅၅၄ -- ပန်းချီကား
အမေစု၈၀ပြည့်နှစ်အထိမ်းအမှတ်ရန်ပုံငွေကမ်ပိန်းမဲလက်မှတ်များအားဝယ်ယူပေးခဲ့ကြသော ညီအကိုမောင်နှမများ၊ မဲရောင်းပေးခဲ့ကြသော နိုင်ငံတကာမှကိုယ်စားလှယ်တော်ကြီးများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်းလေးစားစွာ မှတ်တမ်းတင်အပ်ပါသည်။
အမေစုကျန်းမာပါစေ...
အမေစုကျန်းမာပါစေ..
အမေစုကျန်းမာပါစေ....
အရေးတော်ပုံအောင်ရမည်။

အပြည်ပြည်ဆိုင်ရာပဲခူးတိုင်းအသင်း - IBDA

19/06/2025

Happy 80th Birthday အမေစု❤️အမြန်ဆုံး လွတ်မြောက်ပါစေ။ အမြန်ဆုံး မိသားစုလေးနဲ့ပြန်လည်ဆုံတွေ့ရပါစေ။🌸🙏🙏🙏

❤️Tay Than Hlaing Family

ယနေ့ ၂၀၂၅ခုနှစ် ဇွန်လ ၁၉ရက် နေ့ ညနေ ၇း၀၀နာရီ တွင်စတင်မည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၀နှစ်ပြည...
19/06/2025

ယနေ့ ၂၀၂၅ခုနှစ် ဇွန်လ ၁၉ရက် နေ့ ညနေ ၇း၀၀နာရီ တွင်စတင်မည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၀နှစ်ပြည့်မွေးနေ့အမှတ်တရ ပညာရေးရန်ပုံငွေကံစမ်းမဲကမ်ပိန်း မဲဖွင့်ဖေါက်ခြင်းအခမ်းအနားကို မြေပြင်ပွဲအဖြစ် ထိုင်းနိုင်ငံ မဲ့ဆောက်မြို့ ရှိ အပြည်ပြည်ဆိုင်ရာပဲခူးတိုင်းအသင်းရုံးတွင် မဲဖေါက်ခြင်းပထမပိုင်းအစီအစဥ်ကို ကျင်းပမည်ဖြစ်ပြီး... ဒုတိယပိုင်းအွန်လိူင်းမဲဖေါက်ခြင်းအစီအစဥ်တဝက်ကို အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့တွင် ပြုလုပ်မည်ဖြစ်သည်။ ယနေ့ပွဲသို့ တော်လှန်ရေး နိုင်ငံရေး နယ်ပယ်အသီးသီးမှ ခေါင်းဆောင်များတက်ရောက်ရျ် မွေးနေ့အမှတ်တရစကားများပြောဆိုကြမည်ဖြစ်ပါသည်။ အနုပညာလောကမှ လည်း ဂီတအနုပညာဖြင့် တက်ရောက်ဂုဏ်ပြုကြမည်ဖြစ်သည်။
ယနေ့ပွဲကို အပြည်ပြည်ဆိုင်ရာပဲခူးတိုင်းအသင်း page, ပဲခူးပြည်သူ့ကာကွယ်ရေးတပ် BDF Page, Bago Federal School Page တို့မှ တိုက်ရိုက် Live လွှင့်သွားမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာပဲခူးတိုင်းအသင်း-IBDA #ပဲခူးပြည်သူ့ကာကွယ်ရေးတပ်BDF #ဒေါ်အောင်ဆန်းစုကြည် #အမေစုကျန်းမာပါစေ🌹 #အရေးတော်ပုံအောင်ပြီ ြည်ပြည်ဆိုင်ရာပဲခူးတိုင်းအသင်း #ပဲခူးတိုင်း #ပြည်သူ့အသံပြည်သူ့ထံသို့ #အမေစုကျန်းမာပါစေ #အမေစုမွေးနေ့ #ဘန်ကောက် #အရေးတော်ပုံအောင်ကိုအောင်ရမည်

 #အပြည်ပြည်ဆိုင်ရာပဲခူးတိုင်းအသင်း ပဲခူးတိုင်းသူတိုင်းသားများ
19/06/2025

#အပြည်ပြည်ဆိုင်ရာပဲခူးတိုင်းအသင်း ပဲခူးတိုင်းသူတိုင်းသားများ

ထိုင်းနိုင်ငံမဲ့ဆောက်မြို့တောရကျောင်းမှာပြုလုပ်တဲ့လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၀ပြည့်နှစ်မွေးနေ့ပွဲမှ မြင်ကွင်...
19/06/2025

ထိုင်းနိုင်ငံမဲ့ဆောက်မြို့တောရကျောင်းမှာပြုလုပ်တဲ့လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၀ပြည့်နှစ်မွေးနေ့ပွဲမှ မြင်ကွင်းတချို့.... IBDA မှ ဆရာနေတက်ရောက်ခဲ့တဲ့ မှတ်တမ်း #ပြည်သူ့အသံပြည်သူ့ထံသို့ #ပဲခူးပြည်သူ့ကာကွယ်ရေးတပ်BDF #ပဲခူးတိုင်း ြည်ပြည်ဆိုင်ရာပဲခူးတိုင်းအသင်း #အရေးတော်ပုံအောင်ပြီ #အမေစုမွေးနေ့ #ဒေါ်အောင်ဆန်းစုကြည် #အမေစုကျန်းမာပါစေ #ပဲခူးတိုင်းတောတွင်းတနေရာမှအမေ့သားသမီးမြေးမြစ်များပေးပို့လာတဲ့အမေ့မွေးနေ့ဆုတောင်းvideo #အမေစုကျန်းမာပါစေ🌹 #အမေ့မွေးနေ့ကျွေးမွေးဧည့်ခံရေးပြင်ဆင် #အပြည်ပြည်ဆိုင်ရာပဲခူးတိုင်းအသင်းမှ #အပြည်ပြည်ဆိုင်ရာပဲခူးတိုင်းအသင်း

Address

Bago
8011

Website

Alerts

Be the first to know and let us send you an email when အပြည်ပြည်ဆိုင်ရာ ပဲခူးတိုင်းအသင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share