Bago Regional Support Team

Bago Regional Support Team အထောက်အကူပြုလုပ်ငန်းအဖွဲ့ (ပဲခူး​ဒေသ)

နိုင်ငံပေါင်း ၁၈၃ နိုင်ငံပါဝင်သော နိုင်ငံတကာပါလီမန်များအဖွဲ့ IPU က မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပြည်ထောင်စုလွှတ်တော်ကို...
24/10/2025

နိုင်ငံပေါင်း ၁၈၃ နိုင်ငံပါဝင်သော နိုင်ငံတကာပါလီမန်များအဖွဲ့ IPU က မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ-CRPHကို ဆက်လက် အသိအမှတ်ပြုဟု ကြေညာဆုံးဖြတ်

🟥 NUG နိုင်ငံခြားရေးဝန်ကြီးက မြန်မာ့ဒီမိုကရေစီ အင်အားစုများနှင့်တိုင်းရင်းသားများကို ပံ့ပိုးကြရန် မေတ္တာရပ်ခံ

နိုင်ငံပေါင်း ၁၈၃ နိုင်ငံပါဝင်သော နိုင်ငံတကာပါလီမန်များအဖွဲ့ IPU က မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ-CRPHကို ဆက်လက် အသိအမှတ်ပြုကြောင်း ကြေညာဆုံးဖြတ်လိုက်သည်။

အောက်တိုဘာလ (၂၃)ရက်နေ့က ကျင်းပသည့် (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ၏ အမှုဆောင်ကောင်စီအစည်းအဝေးက မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၏ အဓိကဆွေးနွေးဖက်မိတ်ဖက်အဖြစ် ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်ကြေညာခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) သည် မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို မြန်မာပြည်သူတို့၏ တရားဝင်ကိုယ်စားပြုအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အနေဖြင့်လည်း နှစ်စဉ် IPU ညီလာခံများနှင့် အစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။

ယခုဆုံးဖြတ်ချက်သည် အကြမ်းဖက်စစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲကျင်းပရန် ကြေညာထားသည့်အချိန်တွင် ဆက်လက်အတည်ပြုခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) သည် IPU ၏ အစည်းအဝေးများသို့ မြန်မာကိုယ်စားပြု၍ ဆက်လက်တက်ရောက်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့အရေးဖြေရှင်းမှုတွင် နိုင်ငံတကာအသိုက်အဝန်း၏ အခန်းကဏ္ဍသည် အရေးပါလှသကဲ့သို့ မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော ပဋိပက္ခများကို လက်တွေ့ကျပြီး ရေရှည်တည်တံ့သော ဖြေရှင်းမှုဖြင့် ပံ့ပိုးကူညီပေးရန်နှင့် စစ်မှန်သော လွတ်လပ်မှု၊ လုံခြုံမှုနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရေးစနစ်တည်ဆောက်နိုင်ရေးကို ပြည်သူလူထုက ပြတ်သားခိုင်မာစွာ တောင်းဆို၊ ကြိုးပမ်းနေခြင်းကို ကမ္ဘာတစ်ဝှမ်းက သိမြင်ပြီး ထိရောက်သော အကူအညီများ ရရှိစေရန်အတွက် ပြည်သူတို့နှင့် ပြည်သူ့ဆန္ဒကို ကိုယ်စားပြုလျက် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သတင်းထုတ်ပြန်သည်။

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း ၁၅၁ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ (IPU) ညီလာခံ၌ "အကျပ်အတည်းကာလများ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စံနှုန်းများကို မြှင့်တင်ခြင်းနှင့် လူသားချင်းစာနာမှု လုပ်ငန်းများကို ပံ့ပိုးကူညီခြင်း" ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် General Debate အစီအစဉ်သို့ တက်ရောက်မိန့်ခွန်းပြောခဲ့ကြောင်း သိရှိရသည်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာင်အောင်၏ မိန့်ခွန်းတွင် မြန်မာအကြမ်းဖက် စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ပေးရန် ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဖမ်းဆီးခံ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်း ခြွင်းချက်မရှိ လွှတ်ပေးရေး တောင်းဆိုပေးရန်၊ နယ်မြေဒေသအားလုံးမှ လူသားချင်းစာနာထောက်ထားရေးအကူအညီများ ချက်ချင်း အတားအဆီးမရှိ ရရှိနိုင်ရေး တောင်းဆိုပေးရန် ၊ လက်နက်နဲ့ လေယာဉ်ဆီ တင်ပို့မှုပိတ်ဆို့ခြင်းအပါအဝင် အလုံးစုံ အရေးယူဒဏ်ခတ် ပိတ်ဆို့မှုများကို ချမှတ်ပေးရန် ၊လက်ရှိပဋိပက္ခကို လက်တွေ့ကျတဲ့ ဖြေရှင်းမှုအတွက် မြန်မာ့ဒီမိုကရေစီ အင်အားစုများနှင့် တိုင်းရင်းသား အစုအဖွဲ့များကို ပံ့ပိုးပေးရန် မေတ္တာရပ်ခံပြောဆိုသွားသည်။

ခေတ်သစ်မီဒီယာ

Address

Bago

Website

Alerts

Be the first to know and let us send you an email when Bago Regional Support Team posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Bago Regional Support Team:

Share