Our Story
☞ ရည်ရွယ်ချက်(Objectives)
ကိုရီးယားနိုင်ငံတွင် လာရောက်ပညာသင်ကြားနေကြသော မြန်မာကျောင်းသား/သူများအချင်းချင်း ပိုမို ရင်းနှီးချစ်ခင်လာစေရန်၊ အခက်အခဲများနှင့်လိုအပ်သော အကူညီများရှိခဲ့ပါက ၀ိုင်းဝန်းကူညီ ဖြေရှင်းပေး နိုင်ရန်၊ သတင်းအချက် အလက်များနှင့် ပညာရေးဆိုင်ရာဗဟုသုတများ၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖလှယ်နိုင်ရန် ဖွဲ.စည်းထားခြင်းဖြစ်ပါသည်။ တစ်ဦးတစ်ယောက်က ဦးဆောင်ဖွဲ့စည်း ထားခြင်းမျိုးမဟုတ်ပဲ အားလုံးစုပေါင်းထားသော Co-operation စနစ်ဖြင့် ရပ်တည်သွားမည့် Students Association ဖြစ်ပါသည်။
ကျောင်းသား/သူများ အပြန်အလှန်ကူညီနိုင်ရန်၊ သတင်းအချက် အလက်များ၊ ပညာရေးဆိုင်ရာ ဗဟုသတ များနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖလှယ်နိုင်ရန် နည်းပညာနှင့် သတ်ဆိုင်သော ကိစ္စများကိုသာ Post တင်ပေးကြပါရန် အထူးမေတ္တာရပ်ခံ၍ ကိုရီးယားနိုင်ငံရောက် မြန်မာကျောင်းသားများအသင်းမှ လှိုက်လှဲစွာကြိုဆိုပါသည်။
★ လုပ်ငန်းစဉ်များ
- ယာယီအလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်း၍ အသင်းလုပ်ငန်းများကို ဦးဆောင်လှုပ်ရှားခြင်း၊
- ကိုရီးယားနိုင်ငံရောက် ကျောင်းသား ကျောင်းသူများ စာရင်းကောက်ယူခြင်း၊
- ပညာသင်ဆု ပေးအပ်မည့် အဖွဲ့စည်းများနှင့် ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊
- ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် ပူပေါင်းဆောင်ရွက်ခြင်း၊
- အသင်း ရေရှည်တည်တံ့ဖို့ အတွက် အသင်း ရန်ပုံငွေ ကောက်ခံရန်နှင့် အလှူငွေ လက်ခံနိုင်ရန်
Bank Account သီးသန့်ဖွင့်လှစ်ခြင်း ဆောင်ရွက်ခြင်း၊
- သတင်းအချက်အလက်နှင့် အလုပ်အကိုင် အခွင့်အလမ်းများအား အချင်းချင်းမျှဝေပေးနိုင်ခြင်း၊
- ကျောင်းသား/သူများ၏ သာရေးနာရေးနှင့် အခက်အခဲများအား ၀ိုင်းဝန်းကူညီ ဖြေရှင်းပေးခြင်း၊
- နိုင်ငံခြားဘာသာ အင်္ဂလိပ်၊ ကိုရီးယား စကားပြောသင်တန်းများဖွင့်လှစ်ခြင်း ၊
- လူမှုရေးနှင့်ဘာသာရေးဆိုင်ရာ အခမ်းအနားများကျင်းပခြင်းနှင့် ပါဝင်လုပ်ကိုင်ဆောင်ရွက်ခြင်း၊
- ကိုရီးယားနိုင်ငံ လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်သည့်ပွဲများကျင်းပခြင်း၊
- အခါအားလျော်စွာ အသင်းသားများ တွေ့ဆုံပွဲများ ပြုလုပ်ခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်သင့်သည့် လုပ်ငန်းများအား ညှိနှိုင်းခြင်း၊
The Myanmar Students Association in Korea (MSAK), a nonprofit organization, academicians and intellectuals in Korea. The association was established in 19th December 2009 with an objective to promote academic, professional and other mutual interests through a wider, regular and more frequent exchange of ideas and views among the Myanmar students studying in different academic institutions throughout Korea. Since its inception, the Association has worked to build up an academic network among the Myanmar students by easing the transition into Korean society and to create a common forum for exchange of ideas about research and other academic opportunities and job opportunities in Korea. MSAK does not have any affiliation with any corporate, political or governmental organizations. For further information please visit our official Facebook homepage https://www.facebook.com/MyanmarStudentsAssociationInKorea/ Facebook homepage is the collaborative effort of the organization to give quick access of information for those Myanmar students pertaining to study in Korea, events, job news, and happening related to MSAK.
Purpose