Palaw Supporting Group Korea

Palaw Supporting Group Korea Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Palaw Supporting Group Korea, Nonprofit Organization, Korea, Seoul.

“၅/ထီ” “၆/ထီ” “ပြည်သူ့အောင်လံ တော်လှန်ထီထိုး အာဏာရှင်ကို ငါတို့စိုးမိုး”    🥰ပြည်ပရောက် မြန်မာပြည်သူပြည်သားများ အားလုံးဘ...
02/09/2022

“၅/ထီ” “၆/ထီ” “ပြည်သူ့အောင်လံ တော်လှန်ထီထိုး အာဏာရှင်ကို ငါတို့စိုးမိုး”

🥰ပြည်ပရောက် မြန်မာပြည်သူပြည်သားများ အားလုံးဘဲ မင်္ဂလာပါ ခင်ဗျာ။
PSGJ အဖွဲ့သား များနှင့် DD အဖွဲ့သားများက ဦးဆောင်ပြီး ပြု လုပ်သွားမဲ့ “ပြည်သူ့အောင်လံ တော်လှန်ထီထိုး”ဆိုတဲ့ အစီအစဉ်လေး တခုနဲ့ မိတ်ဆက် ပေးပါရစေခင်ဗျာ။😍😍
“ပြည်သူ့အောင်လံ တော်လှန်
ထီထိုး”ဆိုတဲ့အစီစဉ်မှာ ထီလက်မှတ်စုစုပေါင်း ၂၀၀၀ ကို ထိုင်း၊ မလေး၊ ဂျပန်၊ စင်ကာပူ၊ ကိုးရီယား၊ မြန်မာ စတဲ့ ( ၆ )နိုင်ငံ မှာ ရောင်းချသွားမှာ ဖြစ်ပါတယ် ခင်ဗျာ။🤗🤗
တခြားနိုင်ငံတွေကလည်းဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျား။🙆‍♂️🙆‍♂️
ထီစျေးနူန်းများကတော့ ဂျပန်-🇯🇵ယန်း (၁၀၀၀)၊ စင်္ကာပူ-🇸🇬SGD (၁၀)၊ ထိုင်း -🇹🇭(၁၉၉) ဘတ်၊ မလေး -🇲🇾(၃၀) ရစ်းဂစ်၊ ကိုရီယား-🇰🇷 ဝမ်(၁၀၀၀၀) တို့ဖြင့် ရောင်းချပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျာ။🤭🤭
ဆုကြေးအနေနဲ့ကတော့💰💰
ဆုကြေး (၁) - 💵USD 1,000
ဆုကြေး (၂) - 💵USD 700
ဆုကြေး (၃) - 💵USD 500
စတဲ့ဆုများအပြင်
အခြားဆုများအဖြစ်- အလှူရှင်များက လှူထားသောပစ္စည်းများပါကံစမ်းပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ😍🥰✨✨
မှတ်ချက် - မြန်မာနိုင်ငံမှ ပေါက်သောဆုကြေးများကို NUG၏ငွေလွဲနူန်းဖြင့်သက်မှတ်ကာ လွဲပြောင်းပေးပါမည်။🙇‍♂️🙇‍♂️

ထီရောင်းရငွေမှရရှိတဲ့အမြတ်‌ကိုတော့ တနင်္သာရီတိုင်း PDFကို ၅၀% နှင့် စစ်ကိုင်းတိုင်း local PDF ကို ၅၀% စီခွဲပီး လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျာ ။💪💪
ထီဝယ်ယူရနိုင်သာနေရာများ
ဂျပန် -Dragon Dawn Palaw Supporting Group Japan

မလေး- PaLaw Supporting Group Malaysia

စင်္ကာပူ-Palaw Supporting Group Singapore

ထိုင်း- Palaw Supporting Group Thailand

ကိုရီယား-Palaw Supporting Group Koreaတို့မှ တစ်ဆင့် ဝယ်ယူအားပးနိုင်ပါတယ် ခင်ဗျာ။🫶🫶🫶
#ထီလက်မှတ်များ ဝယ်ယူကံစမ်းပီး အာဏာရှင်ကိုအမြစ်ဖြတ်စို့။🤜🤛🤝
#တရားတဲ့သူသာနိုင်ကြေးဟေ့။
#အရေးတော်ပုံအောင်ရမည်။

🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
29/08/2022

🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰

သြဂုတ်လ၊ 29 ရက်နေ့ ၊ ၂၀၂၂ ခုနှစ်

ပုလောမြို့နယ်စစ်ဘေးရှောင်ပြည်သူများနှင့်နိုင်ငံအတွက်တိုက်ပွဲဝင်နေကျသော PDF/ LPDFများအတွက် ရွှေနားကပ်(2)ရံ ကို ထိုင်းနိုင်ငံတွင် နေထိုင်သူ
ကိုသုဘရာဇာ မှ တော်လှန်ရေးကို အမြန်ဆုံး အောင်မြင်ရန်အတွက် စေတနာရက်ရောစွာဖြင့် လှူဒါန်းပေးခဲ့ပါသည်။

ဤကဲ့သို့ ထောက်ပံ့ပေးမှုအတွက် ကျွန်တော်တို့ Palaw Supporting Group Thailand (PSGT) မှ ကျေးဇူးတင်စွာဖြင့် ဝမ်းမြောက်ဝမ်းသာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

#တရားတဲ့သူသာနိုင်ကြေးဟေ့
#အရေးတော်ပုံအောင်ရမည်
Palaw Supporting Group Thailand

🛑🛑ပုလောဒေသအတွက် “ခွေး”ရန်လုံအောင် ခြံခတ်ကြမယ်🛑🛑အခုဆိုကျနော်တို့ပုလောဒေသမှာ ခွေးရူး ခွေးဆိုးတွေ အင်မတန်သောင်းကျန်းနေပါတယ်...
11/07/2022

🛑🛑ပုလောဒေသအတွက် “ခွေး”ရန်လုံအောင် ခြံခတ်ကြမယ်🛑🛑

အခုဆိုကျနော်တို့ပုလောဒေသမှာ ခွေးရူး ခွေးဆိုးတွေ အင်မတန်သောင်းကျန်းနေပါတယ်။ခွေးရူးဆိုတဲ့အမျိုးက လူဆိုးမှန်းမသိ လူကောင်းမှန်မသိ မြင်မြင်သမျှ လိုက်ကိုက်တော့တာပါ။ထို့အတွက့်ကြောင် ကိုယ်နဲ့မဆိုင်ဘူးဆိုပီးနေလို့မရတော့ပါဘူး။ ‌ခွေးဆိုး ခွေးရူးရန်ကိုကာကွယ်ဖို့ဆိုခြံစည်းရိုးကောင်းကောင်းနဲ့ ခွေးပစ်တုတ်တွေအများကြီးလိုအပ်ပါတယ်။ပြည်တွင်းမှာရှိတဲ့ ကိုယ့်မိသားစုတွေ ကိုယ့်ပြည်သူတွေ ခွေးဆိုးရန်ကင်းဝေးစေဖို့ ခွေးမောင်းနေတဲ့ ကလေးတွေကို ဝိုင်းဝန်းထောက်ပံ့ကျရအောင်နော်။
#ကိုယ့်မိသားစုဝင်တွေ ကိုယ့်ပြည်သူတွေ ခွေးရူးရန်ကင်းဝေစေချင်တယ်မလား ခွေးရူးမောင်းနေတဲ့ကလေးတွေကိုကူပေးနိုင်ဖို့အတွက်ကျွန်တော်တို့နှင့်ပူးပေါင်းပါဝင်ပေးဖို့ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ🤝

#ခွေးရန်များကို ကာကွယ်ဖို့10days challengeမှာပါဝင်လိုက်ကြစို့🤝
📌ဘယ်လောက်ရှာမှာလဲ
10days challenကနေပီး မြန်မာငွေသိန်း၂၀၀ရှာသွားမှာ ဖြစ်ပါတယ်

📌ဘယ်လို့နေရာတွေကို ထောက်ပံ့မှာ လဲ
ရရှိသောငွေများကိုပုလောဒအတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့များဖြစ်တဲ့ PPDF,PRDF, LPDF, K.PDF(palaw)တို့ ကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ

📌ဘယ်လို့မျိုးထောက်ပံ့ကြမလဲ
ဂျပန် -PSGJ pageမှတစ်ဆင့်ဆက်သွယ်ရန်
စက်ာပူ- Palaw Supporting Group Singapore page မှ တစ်ဆင့်
မလေးရှား- PaLaw Supporting Group Malaysiapage မှ တစ်ဆင့်
ထိုင်း- Palaw Supporting Group Thailandမှ တစ်ဆင့်
ကိုးရီယား-Palaw Supporting Group Korea မှ တစ်ဆင့်
ဆက်သွယ် ပီးလှူနိုင်ပါတယ် ခင်ဗျာ
🛑 ကိုယ့်မိသားစုဝင်တွေ ကိုယ့်ပြည်သူတွေ ခွေးရူးရန်ကင်းဝေးစေချင်တယ်မလား ခွေးရူးမောင်းနေတဲ့ကလေးတွေကိုကူပေးနိုင်ဖို့အတွက် ကိုယ်ရဲ့ လုပ်အားခ တစ်ရက် စာ ဖြစ်ဖြစ် နှစ်ရက်စာဖြစ်ဖြစ်ပါဝင်လှူတန်းပေးဖို့ တိုက်တွန်းပါတယ် ခင်ဗျာ

06/07/2022

Address

Korea
Seoul

Website

Alerts

Be the first to know and let us send you an email when Palaw Supporting Group Korea posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share