Yaw Funding Korea

Yaw Funding Korea တောင်းယူမရ တိုက်ယူရတဲ့ပွဲ သတ္တိနှင့်ဇွဲ ရှိမှရမယ်

"တွဲလက်ညီညီ ချီတက်မည်" ဂီတရံပုံငွေပွဲနှင့်ကံစမ်းမဲဖောက်ပွဲအား 4.4.2026 (စနေနေ့ည)တွင် ချောင်းနန်းမြို့ရှိလပ်ကီး ဆဲလ်ဗမ်း(...
06/04/2026

"တွဲလက်ညီညီ ချီတက်မည်" ဂီတရံပုံငွေပွဲနှင့်ကံစမ်းမဲဖောက်ပွဲအား 4.4.2026 (စနေနေ့ည)တွင် ချောင်းနန်းမြို့ရှိ
လပ်ကီး ဆဲလ်ဗမ်း(LUCKY-7) မြန်မာဆိုင်တွင် ကျင်းပပြီးစီးခဲ့ပါသည်။

ထိုပွဲဖြစ်မြောက်ရေးအတွက်နေရာစီစဥ်ပေးပါသော LUCKY-7 မြန်မာဆိုင်မိသားစု၊ ဂီတဖြင့်အားဖြည့်ပေးကြသော LUCKY-7 MUSIC BAND နှင့် အဆိုရှင်များအားလုံး၊ Presenter အဖြစ်အမြဲကူညီဆောင်ရွက်ပေးသော ကိုလွှမ်းပြည့်၊ ပွဲ​ စ/လယ်/ဆုံး အသေးစိုက် တာဝန်ယူကူညီပေးကာ လက်ကျန်မဲလက်မှတ်များစွာကို ရောင်းချပေးသော ကိုမင်းမင်း၊ အဖက်ဖက်မှ ကူညီပေးကြသော မိတ်ဆွေများ၊ ငွေစာရင်းများကို သေချာစနစ်တကျပြုစုပေးသော ညီမလေးများ၊ပွဲကို လာရောက်ဝိုင်းရံအားပေးကြသော တစ်ယောက်စီတိုင်းကို Global Yaw Funding (ယောမိသားစု)မှ အထူးကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင်ပါသည်။

ဂီတပွဲအတွင်း ရရှိငွေ - 5280000 ဝမ်
ကုန်ကျငွေ စုစုပေါင်း- 860000 -ဝမ်
လက်ကျန်ငွေ စုစုပေါင်း - 4420000 - ဝမ် ရရှိခဲ့ပါသည်။

ဂီတပွဲချိန်အတွင်း လက်ကျန်မဲလက်မှတ်အစောင်ရေ ၄၇၀ -စောင် (ဝမ် ၄၇ သိန်း)
ကိုလဲ ရောင်းချခဲ့သည်။

ရရှိငွေအားလုံး အလေလွင့်မရှိအောင် သေချာစီစစ်ပြီး ယောဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ/စစ်ဘေးရှောင်ပြည်သူများထံ ပေးပို့သွားမည် ဖြစ်သည်။

"တွဲလက်တွေခိုင်မြဲ မယိုင်လဲတဲ့ စိတ်ဓါတ်တွေနဲ့
တော်လှန်ရေးကို ဆက်လက်ချီတက်ကြပါစို့။"


#လက်တွဲညီညီချီတက်မည်

04/04/2026
Global Yaw Funding (GYF)             သဘောထား ထုတ်ပြန်ကြေငြာချက်                                ၁/၂၀၂၆                   ...
30/03/2026

Global Yaw Funding (GYF)
သဘောထား ထုတ်ပြန်ကြေငြာချက်
၁/၂၀၂၆

နေ့စွဲ ၃၀-၃-၂၀၂၆

၁။ Global Yaw Funding (GYF)အဖွဲ့သည် ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးချိန်မှစတင်၍ ယောဒေသအတွင်းရှိ စစ်ရေး/ကျန်းမာရေး/ပညာရေးနှင့် စစ်ဘေးရှောင်ကိစ္စများကို တစိုက်မတ်မတ်ထောက်ပံ့လာခဲ့သော ပြည်တွင်းပြည်ပမှာရှိတဲ့ ယောသူ/ယောသားများနှင့် ဖွဲ့စည်းထားသော ထောက်ပို့အဖွဲ့စည်းတခုဖြစ်ပါသည်။

၂။ ၂၂-၃-၂၀၂၆ ခုနှစ်တွင် လက်နက်နဲ့ မဖြေရှင်းရန် သဘောတူညီမှု ရှိနေ၍ လုံခြုံးရေးအင်အား အနည်းငယ်ဖြင့်သာ ထီးလင်းမြို့နယ်၊ရေမျက်နီကျေးရွာသို့ သားရှင်ပြုအလှူပွဲပြုလုပ်ရန် ရောက်ရှိ‌နေ
သော ယောကာကွယ်ရေးတပ် မြေပြင်စစ်ဒေသရုံးမှ ကိုကောင်းကောင်းဦးဆောင်သော အင်အား ၇ဦးနှင့် ရေမျက်နီရွာအလှူပွဲသို့ လာရောက်ထောက်လှမ်းသော ကိုမြတ်သူဦးဆောင်သော ယောကာကွယ်ရေးတပ် (YDF)အဖွဲ့မှ ထောက်လှမ်းရေး ရဲဘော် ၂ဦးတို့သည် ဂန့်ဂေါမြို့နယ် ညောင်လယ်ကျေးရွာအနီး စတားလင့်ဆိုင်တခုတွင် အချိုရည်သောက်ရင်း စကားပြောဆိုနေကြစဉ် ကိုမြတ်သူဦးဆောင်သာ YDF အဖွဲ့မှ ရဲဘော်အချို့သည် ကားတစ်စီးဖြင့် ရုတ်တရက်ရောက်ရှိလာပြီး ရည်ရွယ်ချက်ရှိရှိ လက်ဦးမှုရယူကာ တဖက်သတ်ပစ်ခတ်မှုစတင်ပြုလုပ်ခဲ့ပြီး ဒရုန်းများပါအသုံးပြုတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။

၃။ ယင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယောကာကွယ်ရေးတပ် မြေပြင်စစ်ဒေသရုံးမှ ဦးဆောင်သူ ဗိုလ်ကြီးကောင်းကောင်းနဲ့ တပ်ကြပ် စိုင်းဇော်ဝင်းတို့ကျဆုံးကာ ရဲဘော် မျိုးအောင်နှင့် ရဲဘော်မိုင်းပီးတို့ ၂ဦးလဲ ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်းသိရှိရသည်။

၄။ ၂၀၂၅ ခုနှစ်ကတည်းက ဖြစ်ပွားခဲ့သော တပ်တွင်းပြဿနာများကြောင့် ပိုမိုဆိုးရွာသောအခြေနေများ
မဖြစ်စေရန်အတွက် မကွေးတိုင်းစစ်ဌာနတိုင်းမှူး၊နွေဦးတော်လှန်ရေးတပ်ပေါင်းစု(SRA)ကိုယ်စားပြု မောင်ဆောင်းခ(BPLA)နှင့် ကိုမင်းကျော်(YA)၊ဂန့်ဂေါခရိုင်စစ်ဌာန ကိုယ်စားပြု သခင်ဇော် တို့မှ သဘာပတိများအဖြစ်ဆောင်ရွက်ကာ ၁၀-၃-၂၀၂၆ ခုနှစ်တွင် ပထမအကြိမ် အစည်းအဝေးပြုလုပ်ပြီး နှစ်ဦးနှစ်ဖက်လုံးမှ မည်သည့်အခြေနေတွင်မဆို လက်နက်နဲ့မဖြေရှင်းကြရန် လက်နက်နှင့်စတင်ဖြေရှင်းသူ အရှုံးဖြစ်ကြောင်း သဘာပတိများမှ‌ပြောဆိုဆုံးဖြတ်ခဲ့မှုကို နှစ်ဖက်လုံးမှ သဘောတူလက်ခံခဲ့ကြောင်းသိရှိရသည်။

၅။ ဂန့်ဂေါခရိုင် စစ်ဌာနမှလည်း မတ်လ (၁၀)ရက်နေ့ရက်စွဲဖြင့် မည်သူမျှ ကျေးရွာနှင့် တပ်စခန်းအနီးဝန်းကျင်တို့တွင် မလိုလားအပ်ဘဲ လက်နက်ပစ်ဖောက်ခြင်း ဖောက်ခွဲခြင်းများမပြုလုပ်ရန်၊ အကယ်၍ လက်နက်စမ်းသပ်ခြင်းပြုလုပ်မည်ဆိုပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်ရာတပ်ရင်းတပ်ဖွဲ့ထံ ကြိုတင်အသိပေးရမည်။ အထက်ပါအချက်များအားလိုက်နာကြရန်နှင့် လိုက်နာမှုမရှိပါက ဂန့်ဂေါခရိုင်စစ်ဌာနမှ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်ကိုလဲတွေ့ရှိရသည်။

၆။ယင်းတိုက်ပွဲတွင် တော်လှန်ရေးရဲဘော်အချင်းချင်း ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်မှုကြောင့် ယောကာကွယ်ရေးတပ်မြေပြင်စစ်ဒေသရုံးမှ ဦးဆောင်သူ ဗိုလ်ကြီးကောင်းကောင်းနှင့် တပ်ကြပ် စိုင်းဇော်ဝင်းတို့ ကျဆုံးခဲ့ရသည့်အတွက် မိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲရပါသည်။

၇။ ကိုမြတ်သူဦးဆောင်သော ယောကာကွယ်ရေးတပ် (YDF)အဖွဲ့သည် မတ်လ ၁၀ ရက်နေ့တွင်ပြုလုပ်သော အစည်းဝေးပွဲဆုံးဖြတ်ချက်ကိုလည်းကောင်း၊ မတ်လ ၁၀ ရက်နေ့တွင်ထုတ်ပြန်ထားသော ဂန့်ဂေါခရိုင်စစ်ဌာန၏ထုတ်ပြန်ချက်ကိုလည်းကောင်း လိုက်နာရန်ပျက်ကွက်ခဲ့ပြီး မြန်မာ့ရိုးရာ သားရှင်ပြုအလှူပွဲပြုလုပ်ရန်ရောက်ရှိနေသော ယောကာကွယ်ရေးတပ်မြေပြင်စစ်ဒေသရုံး ဦးဆောင်သူ ဗိုလ်ကြီးကောင်းကောင်းတို့အဖွဲ့အား သေဆုံးသည်အထိ ရည်ရွယ်ချက်ရှိရှိ စတင်ပစ်ခတ်မှုပြုလုပ်ခဲ့ခြင်းအပေါ် Global Yaw Funding (GYF)အဖွဲ့မှ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချပါသည်။

‌၈။ ယခုကဲ့သို့ တော်လှန်ရေးရဲဘော်အချင်းချင်းကြား ဆွေးနွေး‌ဖြေရှင်းရမည့်အစား လက်နက်နဲ့ ‌ဖြေရှင်းမှုကို ပြုလုပ်ခဲ့သော ကိုမြတ်သူဦးဆောင်သော ယောကာကွယ်ရေးတပ်(YDF)အဖွဲ့အား လက်ရှိကျူးလွန်ထားသော ရဲဘော်အချင်းချင်းသတ်ဖြတ်မှုအား တာဝန်ယူမှု တာဝန်ခံမှုရှိရှိဖြင့် မဖြေရှင်း‌ပေးမချင်း ယောဒေသတွင်းမှာရှိကြသော ထောက်ပို့ပြည်သူများ၊
ပြည်တွင်းပြည်ပမှာရှိကြသော ထောက်ပို့အဖွဲ့အစည်းများနှင့် တစ်ဦးတစ်ယောက်ချင်းထောက်ပို့နေကြသော ထောက်ပို့ပြည်သူများအနေဖြင့် လုံးဝ(လုံးဝ)ထောက်ပို့ခြင်းမပြုကြပါရန် ထောက်ပို့ပြည်သူများအား Global Yaw Funding (GYF)အဖွဲ့မှ ‌အလေးအနက်ထား မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

၉။ တော်လှန်ရေးရဲဘော်အချင်းချင်း သတ်ဖြတ်သည့် အလေ့အထတခု မထွန်းကားစေရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်းကောင်း၊နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တာဝန်ရှိသူများအနေဖြင့်လည်းကောင်း၊ မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအနေဖြင့်လည်းကောင်း တော်လှန်ရေးရဲဘော်အချင်းချင်း ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်ခဲ့ကြသူများအား အမှန်တရားပေါ်ပေါက်သည်အထိ ထိထိရောက်ရောက် အရေးယူပေးပါရန် လေးစားစွာဖြင့် အလေးအနက်ထား တိုက်တွန်းအပ်ပါသည်။


ဥက္ကဌ
Global Yaw Funding (GYF)

"တွဲလက်ညီတူ စစ်ရှောင်ကူ" ဂီတပွဲစာရင်းရှင်းတမ်းစပွန်စာစာရင်း-ထွန်းတောက်ဖြိုး မြန်မာစားသောက်ဆိုင်-၁၀ သိန်းကလေးကဘော်အဖွဲ့-2...
18/03/2026

"တွဲလက်ညီတူ စစ်ရှောင်ကူ" ဂီတပွဲစာရင်းရှင်းတမ်း

စပွန်စာစာရင်း-

ထွန်းတောက်ဖြိုး မြန်မာစားသောက်ဆိုင်-၁၀ သိန်း
ကလေးကဘော်အဖွဲ့-200000
ဘာရန်း(FC)-50000
ကိုမောင်မောင်(ဘာရန်းFC)-50000
ဖိုးခွားလေး-50000
အမိမြေ မြန်မာစားသောက်ဆိုင်-300000
Yan Yan Yaw-50000
Zaw Win Oo-50000
ကိုပိုင်စိုး -100000
Final Battle Force-100000
SYSO - 200000
အိုပါးဇော်ကြီး+ဆာကူရာစုစု-50000
ကြောက်ခေတ်မှောက်ပစ်အဖွဲ့-300000
ကိုချမ်းဟို-50000
မဝင်းနဲ့အဖွဲ့- 600000
ကိုရဲ -30000

ကျွန်တော်တို့ ရန်ဘုံငွေဂီတဖြော်ဖြေပွဲမှာ ပါ၀င်အားဖြည့်ပေးကြတဲ့ volunteer ညီကိုများ ၊Real Feeling Band မှ အဖွဲ့တော်သားများ၊ဆိုဂျူးမြေမှဂီတရူးလေးများအဖွဲ့ မှ ညီကိုများ ၊ presenter ကူညီဆောင်ရွက်ပေးပါသော ကိုလွှမ်းပြည့်၊ ပွဲကျင်းပ ခွင့်ပေးပါသော ထွန်းတောက်ဖြိုးမြန်မာစားသောက်ဆိုင် ၊တက် ​ရောက်ဂုဏ်ပြုပေးပါသော ကိုဇော်မိုးအောင်နှင့် ကိုမင်းမင်း၊စာရင်းကိုင်ကူညီပေးသော ညီလေးနဲ့ညီမလေး၊ စည်းကမ်းရှိစွာဝန်းရံအားပေး ကြသောဘာရန်းမှ ရွှေညီကိုများအား ကျွန်တော်တို့ Global YawFunding အဖွဲ့မှ ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ🙏🙏

📢 ဂီတနဲ့တော်လှန်ရေးကို အတူတကွ ခံစားကြပါစို့🎶 “စစ်ဘေးရှောင် မိသားစုများအတွက် တွဲလက်ညီတူ စစ်ရှောင်ကူ MUSIC CONCERT” 🎶စစ်ဘေ...
09/03/2026

📢 ဂီတနဲ့တော်လှန်ရေးကို အတူတကွ ခံစားကြပါစို့

🎶 “စစ်ဘေးရှောင် မိသားစုများအတွက် တွဲလက်ညီတူ စစ်ရှောင်ကူ MUSIC CONCERT” 🎶

စစ်ဘေးကြောင့် နေအိမ်တွေကို စွန့်ခွာပြီး ခက်ခဲစွာ နေထိုင်နေကြတဲ့ ပြည်သူတွေကို ကူညီထောက်ပံ့နိုင်ဖို့
Global Yawfunding /တော်လှန်ကျန်းမာ/MCG နှင့် တော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်းပြီး
Music Concert ပွဲတစ်ခု ကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒီပွဲဟာ 🎤
ဂီတကို ချစ်တဲ့သူတွေ စုစည်းပြီး
တော်လှန်ရေးကို ထောက်ပံ့ဖို့
စစ်ဘေးရှောင်ပြည်သူတွေကို ကူညီဖို့
အတူတူ လက်တွဲနိုင်မယ့် အဓိပ္ပါယ်ရှိတဲ့ ညတစ်ည ဖြစ်ပါတယ်

💛 ဂီတကို ခံစားရင်း
ပြည်သူတွေကို ကူညီနိုင်တဲ့ ပွဲ ဖြစ်တာကြောင့်
အားလုံးကို လာရောက်အားပေးဝန်းရံကြဖို့ ဖိတ်ခေါ်ပါတယ်။

📅 Date – 14 March 2026 (Saturday)
⏰ Time – 8:00 PM – 12:00 PM
📍 Location – 경기도 화성시 향남읍 3.1만세로 1122

🎟ဆက်သွယ်ရန်
📞 010-5733-9301
📞 010-5794-1710

💳 Hana Bank – 4019 1037 254807
NAING AUNG

✊ ဂီတနဲ့ တော်လှန်ရေးကို အတူတူ ခံစားကြရင်း ပြည်သူတွေအတွက် အားတစ်ခုဖြစ်
အောင် လာရောက်အားပေးဝန်းရံကြပါစို့ဗျာ။

“ ယောဒေသစစ်ရှောင်အပူ အားကစားဖြင့်ပါဝင်ကူ “၂၀၂၅ ခုနှစ် စက်တင်္ဘာလ ၁၄ ရက်နေ့ (တနင်္ဂနွေနေ့) တွင် ကျင်းပ ပြီးစီးခဲ့သော ရန်ပ...
21/09/2025

“ ယောဒေသစစ်ရှောင်အပူ အားကစားဖြင့်ပါဝင်ကူ “
၂၀၂၅ ခုနှစ် စက်တင်္ဘာလ ၁၄ ရက်နေ့ (တနင်္ဂနွေနေ့) တွင် ကျင်းပ ပြီးစီးခဲ့သော ရန်ပုံငွေ
ဖူဆယ်ဘောလုံးပွဲမှ ရသုံးလက်ကျန်ငွေ စာရင်းရှင်းတမ်း ဖြစ်ပါသည်။

မြေပြင်ထောက်ပို့မှု မှတ်တမ်းများကိုလည်း ပြန်လည်တင်ပြပေးသွားပါမည်။

#လူထုအရေးတော်ပုံမုချအောင်ရမည်

21/09/2025

🎶✨ KIMCHI LAND MUSIC CONCERT ✨🎶
❤️ဂီတနဲ့ အတူ စစ်ဘေးရှောင်ကို ကူညီပေးနိုင်မဲ့အခွင့်အရေး ❤️
Uijeongbu Myanmar Community မှ ဦးဆောင်ကျင်းပသော 🎼🎸🎙️
KIMCHI LAND MUSIC CONCEERT မှာ ပါဝင်ဖျော်ဖြေပေးမည့် အနုပညာရှင် အဆိုတော်များ 🎼🎼🎼
🎤 David Lai - အိမ်မက်ဆုံရာ - ရာသက်ပန် ( Season -2 )Winner
🎤 Cha Cha -Me N MA GIRLS (Founding member )
🎤 Yaung Ny -KOREA
🎤 Ja Di Zign -KOREA အဆိုတော် (၄)ဦးနှင့် Real Feelings Band ရဲ့ တီးခတ်မှုနှင့်အတူ အကောင်းဆုံးသံစဥ်တွေနဲ့ တေးသီချင်းတွေကို အတူခံစားနိုင်မဲ့ တေးဂီတဖျော်ဖြေပွဲကို မကြာခင်အချိန်မှာ တောင်ကိုရီးယားနိုင်ငံရှိ မြို့ကြီး (၂)မြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်....
🇰🇷 ကိုရီးယားနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသားအပေါင်းကလည်း အင်တိုက်အားတိုက်လာရောက်ပူးပေါင်းကြဖို့ ဖိတ်ခေါ်အပ်ပါတယ်🤘🤘🤘💪💪

မကြာမှီအချိန်အတွင်းမှာ မြို့ကြီး ( ၂ ) မြို့ရဲ့ ပွဲကျင်းပမည့်နေရာ၊ အချိန်၊ လက်မှတ်ဈေးနှုန်း၊ ဝယ်ယူနိုင်မည့်အဖွဲ့အစည်း စတာတွေကို အသေးစိတ်ကြေညာပေးသွားမှာမို့ လွတ်မသွားရအောင် ဒီ Page လေးကို Like and follow လုပ်ပေးထားကြပါနော်
အပန်းမကြီးဘူးဆိုရင် အဆင်ပြေသူများကလဲ Page လေးကို Share ပေးကျပါအုံးနော်
🇰🇷 SAVE THE DATE 📅

📍 Changwon City (창원시) – 25.10.2025 (Saturday)
📍 Seoul City (서울 ) – 01.11.2025 (Saturday)







Myanmar Community
#창원
#서울

မိတ်ဆွေများခင်ဗျာ..ကုလသမ္မဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်...
18/08/2025

မိတ်ဆွေများခင်ဗျာ..
ကုလသမ္မဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားလှယ်အဖြစ် ဆက်လက်အသိအမှတ်ပြုရေးအတွက် ကုလသမဂ္ဂသို့ ကျွန်ုပ်တို့ အိတ်ဖွင့်ပေးစာတစောင် ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါပေးစာမှာ-
ဦးကျော်မိုးထွန်းဟာ အသံမဲ့မြန်မာပြည်သူများရဲ့ အသံဖြစ်ပြီး၊ ကျွန်တော်တို့နိုင်ငံရဲ့ အကျပ်အတည်း အခြေအနေမှန်ကို နိုင်ငံတကာအသိုင်းအဝိုင်း သိရှိစေဖို့ ကြိုးပမ်းနေတဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ အခန်းကဏ္ဍကို အဓိကထားဖော်ပြထားပါတယ်။ ယခုပေးစာဟာ သက်ဆိုင်ရာများရဲ့ တရားဝင် အတည်ပြုချက်ကို ရရှိထားပြီးဖြစ်ပါတယ်။

https://docs.google.com/document/d/1zODiXpE-_Ty68ZagRl2AMgEVxKgY7G9vkUEL9AhwQTE/edit?usp=sharing

ယခုတောင်းဆိုစာကို အားပေးထောက်ခံပေးကြပါရန် ဖိတ်ခေါ်အပ်ပါတယ်။ ကျွန်တော်တို့ရဲ့ ထောက်ခံမှုများဟာ မြန်မာပြည်သူများရဲ့ စည်းလုံးညီညွတ်မှုကို ကမ္ဘာကို ပြသနိုင်ပါလိမ့်မယ်။

အောက်ဖော်ပြပါ Google Form ကို အသုံးပြု၍-

**စာကို ဖတ်ရှုကြပါရန်။
**အကြံပြုချက်များ သို့မဟုတ် မှတ်ချက်များ ပေးကြပါရန်။
**ထောက်ခံကြောင်း လက်မှတ်ရေးထိုးရန် ဖြစ်ပါတယ်။

🌐✍️🏽https://docs.google.com/forms/d/e/1FAIpQLSewbZ3gkOPbYQkg1VZCuXbYoHGI4FYwA2fN6bS7nSwuEWeBrA/viewform?fbclid=IwQ0xDSwMN1eBjbGNrAw3V22V4dG4DYWVtAjExAAEeQER2yZ8JzUAwZzriS-qV6X2yu4veG8Qi7C0YvGVH4q7CdYK47Yc0GR67XHo_aem_hIucutOLuNKKz8_COYAWyA

သင်တို့၏ ပူးပေါင်းပါဝင်မှုသည် ကျွန်ုပ်တို့၏ စုပေါင်းအသံကို ပိုမိုကျယ်လောင်စေရန် အတွက် အရေးကြီးပါသည်။

မိမိနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ ဆိုရှယ်မီဒီယာတွေကနေ ပြန်လည်ကူးယူဖြန့်ဝေပေးဖို့၊ လက်မှတ်ထိုးကမ်ပိန်းမှာ ပူးပေါင်းပါဝင်ကြရန် စည်းရုံးလှုံ့ဆော်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ မြန်မာနိုင်ငံအတွက် အတူတကွ ရပ်တည်ပေးခြင်းအတွက် ကျေးဇူးတင်ရှိပါသည်ခင်ဗျာ။

"ကိုရီးယားအစိုးရကို တောင်းဆိုသည့် မြန်မာ့ဒီမိုကရေစီရေး လက်မှတ်ထိုးကင်ပိန်း စတင်"လက်မှတ်ပေါင်း 8,888 အထက်ရရှိရန် ရည်မှန်း...
17/07/2025

"ကိုရီးယားအစိုးရကို တောင်းဆိုသည့် မြန်မာ့ဒီမိုကရေစီရေး လက်မှတ်ထိုးကင်ပိန်း စတင်"
လက်မှတ်ပေါင်း 8,888 အထက်ရရှိရန် ရည်မှန်း
အလွယ်တကူ လက်မှတ်ထိုးနိုင်ရန် စီစဉ်ထား
*******

မြန်မာဒီမိုကရေစီနှင့် လူမှုဘဝ ပြန်လည်ထူထောင်ရေးအတွက် ကိုရီးယားသမ္မတနိုင်ငံ အစိုးရသို့ တောင်းဆိုသည့် လက်မှတ်စုရေးထိုး လှုပ်ရှားမှုကို ယခုရက်ပိုင်းတွင် စတင်လိုက်ပြီး လက်မှတ်ပေါင်း 8,888 ရရှိအောင် စုဆောင်းမည်ဟု တာဝန်ခံများက ကြေညာထားသည်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)၊ MFDMC, 미얀마민주주의를지지하는한국시민사회단체모임, KOCO(해외주민운동연대), 수원이주민센터 စသည့် တော်လှန်ရေးအဖွဲ့အစည်းများ ဦးဆောင်၍ ၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံ (8888 ) ၃၇-နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဤလက်မှတ်ထိုးလှုပ်ရှားမှုကို ပြုလုပ်ခြင်းဖြစ်သည်။

အဆိုပါ အွန်လိုင်းလက်မှတ်ရေးထိုး ကင်ပိန်းကို https://campaigns.do/campaigns/1624 တွင် မည်သူမဆို ပါဝင် လက်မှတ်ရေးထိုးနိုင်သည်။

မိမိအချက်အလက်များကို စာရင်းသွင်းစရာ မလိုဘဲ လက်မှတ်ထိုးနိုင်သည်။ (အီးမေးလ်၊ ဖုန်းနံပတ်၊ လိပ်စာတို့ကို ထည့်လိုက ထည့်၊ မထည့်လိုက မထည့်ပဲ ထားနိုင်သည်။)

စုဆောင်းရရှိသည့် လက်မှတ်များနှင့်အတူ ကိုရီးယားအစိုးရသို့ တောင်းဆိုချက်များကို သြဂုတ်လ ၈ ရက်နေ့တွင် ဆိုးလ်မြို့ သမ္မတရုံးရှေ့၌ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပေးပို့သွားမည်ဖြစ်သည်။

အဆိုပါ တောင်းဆိုစာတွင် အချက် ၇-ချက် ပါဝင်ပြီး၊ မြန်မာ့ဒီမိုကရေစီရေးအတွက် လက်တွေ့ကျသော ထောက်ခံအားပေးမှုများ ဆောင်ရွက်ပေးရန်နှင့် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုရန် ပါဝင်သည်။

미얀마연방민주주의승리연합(MFDMC)
MFDMC

미얀마군부독재타도위원회
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ - ကိုရီးယား

미얀마민주주의를지지하는한국시민사회단체모임
미얀마 지지 시민모임

KOCO(해외주민운동연대)
KOCO - 해외주민운동연대

수원이주민센터
수원이주민센터 Suwon Migrants Center

🙌 로그인 없이 누구나 청원에 참여하실 수 있습니다! 단체, 개인으로 서명에 함께 참여해주세요! 📋 미얀마어/한국어 설명이 있습니다(아래로 내려보면 한국어가 있습니다) 이 캠페인은,국내 미얀마 민주화 운동 조직의 연합....

လာ‌ရောက်ယှဉ်ပြိုင်ပေးကြသော  Korea , Japan and Thailand မှ အသင်းအားလုံးကို  Yaw Funding Korea မှ အထူးပင် ကျေးဇူးအထူးပင် တ...
10/07/2025

လာ‌ရောက်ယှဉ်ပြိုင်ပေးကြသော Korea , Japan and Thailand မှ အသင်းအားလုံးကို Yaw Funding Korea မှ အထူးပင် ကျေးဇူးအထူးပင် တင်ရှီပါသည် ။

အကောင်းဆုံး လက်ရည်များကို ပြသနိုင်ပြီး Tournament ရဲ့ Total Prize အသီးသီးကို ရရှီနိုင်ကြပါစေ။

Register ပေးချင်သော အသင်းများနေ ဖြင့် Page Messenger တွင် 12 ,july 2025 ထိ Register ကောက်ခံပေးသွားမည်ဖြစ်ကြောင်း အသိပေး လိုက်ရပါတယ်။

အလုပ်တစ်ဖက်နှင်.မအားသောအသင်းများ အနေဖြင့် Admin များနှင့် တိုက်ရိုက် တိုင်ပင် ညှိနှိုင်းပိုင်ခွင်. ပေးသွားမှာဖြစ်ပြီး တော်လှန်ရင်း ပြိုင်ပွဲဝင်ကြဖို. ဖိတ်ခေါ််လိုက်ရပါတယ် ခင်ဗျာ။

Address

경기도 화성시 정남면 내향로 69
Seoul
18523

Alerts

Be the first to know and let us send you an email when Yaw Funding Korea posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Yaw Funding Korea:

Share