ဗိုလ် သံချောင်း

ဗိုလ် သံချောင်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဗိုလ် သံချောင်း, Charitable organisation, Incheon.

သမိုင်းကိုမမေ့ဖို့ အင်မတန်မှအရေးကြီးတယ်စစ်အစိုးရဆိုတာ ပြည်သူအပေါ် တိုင်းပြည်အပေါ် ကောင်းကျိုးပြုတယ်ဆိုတာမရှိဘူး ဘယ်သောအခ...
10/08/2026

သမိုင်းကိုမမေ့ဖို့ အင်မတန်မှအရေးကြီးတယ်
စစ်အစိုးရဆိုတာ ပြည်သူအပေါ် တိုင်းပြည်အပေါ် ကောင်းကျိုးပြုတယ်ဆိုတာမရှိဘူး
ဘယ်သောအခါမှ မရှိဘူး နောင်လဲရှိလာမှာမဟုတ်ဘူး
အဲ့လို ကောင်းကျိုးမပြု ဒုက္ခသာပေးနေတဲ့ စစ်အုပ်စုကို မတွန်းလှန် မတော်လှန် အမြစ်မဖြတ်ရင် ကျနော်တို့ပြည်သူအားလုံးအနာဂတ် ကောင်းစားလှပဖို့ဆိုတာ မရှိဘူး ဒုက္ခတွင်းနက်ဖို့ပဲရှိမယ်
ဒါကြောင့် ရဲဘော်ပြည်သူများအားလုံးတက်ညီစည်းလုံးစွာနဲ့
အာဏာရှင်စနစ် ချုပ်ငြိမ်းပပျောက်သည်အထိ တော်လှန်ကြပါစို့။

#ဗိုလ်သံချောင်းထောက်ပို့အဖွဲ့
#၈လေးလုံး
#အရေးတော်ပုံအောင်ရမည်။

09/08/2026

၈၈၈၈ ၃၈နှစ်မြှောက် ဆန္ဒပြပွဲး
အားအင်ကောင်းကောင်းဖြင့် ဗိုလ်သံချောင်ထောက်ပို့အဖွဲ့ ပါဝင်အားဖြည့်ထားပါတယ်

09/08/2026

၈၈၈၈ (၃၈)နှစ်မြောက် ဆန္ဒပြပွဲ

🔴The Legacy of '88, the Soul of '21: One Unbroken Revolution!🔴၈၈-ရဲ့ အမွေ ၂၁-ရဲ့ ဝိညာဉ် တသွေးတသားတည်း တို့တော်လှန်🟥8888 ...
26/07/2026

🔴
The Legacy of '88, the Soul of '21: One Unbroken Revolution!
🔴
၈၈-ရဲ့ အမွေ ၂၁-ရဲ့ ဝိညာဉ်
တသွေးတသားတည်း တို့တော်လှန်
🟥
8888 မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံ ၃၈ နှစ်မြောက် ဆန္ဒပြ ချီတက်ပွဲနှင့် ကင်ပိန်းများ
🟥
တစ်ပါတီစနစ်ကို ဖြိုလှဲခဲ့သော ၈၈၈၈ လူထုအရေးတော်ပုံကြီးက ပေးအပ်ခဲ့သည့် တော်လှန်ရေးအမွေ…

အာဏာရှင်စနစ်ကို တိုက်ထုတ်နေသည့် ၂၁ စိတ်ဓာတ်ဝိညာဉ်…
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီသို့ မပြိုမကွဲ တသွေးတသားတည်း တော်လှန်လျက်…

အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ်ဖယ်ရှားနိုင်ရေး ဦးတည်၍ ၈၈၈၈ နှစ်ပတ်လည် လူထုချီတက်ဆန္ဒပြပွဲကို နွေဦးတော်လှန်ရေးအဖွဲ့အားလုံး စုစည်းညီညွတ်စွာ ပါဝင်လှုပ်ရှားကြပါမယ်။

ကိုရီးယားနေ တော်လှန်ပြည်သူများ လူထုဆန္ဒပြချီတက်ပွဲသို့ တက်တက်ကြွကြွ ပါဝင်ကြပါရန် လေးစားစွာ ဖိတ်ကြားနှိုးဆော်အပ်ပါတယ်။

၈၈၈၈ ဆန္ဒပြပွဲတွေမှာ ဝတ်ဖို့ အထိမ်းအမှတ် တီရှပ်ကို တစ်ထည် ဝမ် ၃၀,၀၀၀ နဲ့ ကြိုတင်မှာယူနိုင်ပါပြီ။

🚩Aug 2 (Sun) 11:00
➡️ဘူဆန် ဘူတာရှေ့ ရင်ပြင်
🔶၁၄၂ ကြိမ်မြောက် မြန်မာပြည်သူများနှင့်အတူ သွေးစည်းညီညွတ်သော လှုပ်ရှားမှု ဆန္ဒပြပွဲ
***မြန်မာဒီမိုကရက်တစ် သွေးစည်းညီညွတ်ရေး ဘူဆန်နက်ဝပ်မှ စီစဉ်သည်။

🚩Aug 6 (Thu) 10:30
➡️ဆိုးလ်မြို့ လွှတ်တော်ရှေ့
🔶သတင်းစာရှင်းလင်းပွဲ (အာဆီယံသို့ တောင်းဆိုခြင်း)

🚩Aug 6 (Thu) 12:30
➡️ဆိုးလ်မြို့ ကိုရီးယား-အာဆီယံရုံးရှေ့
🔶သတင်းစာရှင်းလင်းပွဲ (အာဆီယံသို့ တောင်းဆိုခြင်း)

🚩Aug 7 (Fri) 11:30~12:30
➡️ဆိုးလ်မြို့ အာဆီယံနိုင်ငံ သံရုံးများရှေ့
🔶တစ်ဦးချင်းဆန္ဒပြခြင်း

🚩Aug 8 (Sat) 13:00
➡️ဆိုးလ်မြို့ စစ်ကောင်စီသံရုံးရှေ့/စစ်သံရုံးရှေ့
🔶သတင်းစာရှင်းလင်းပွဲ (ရှစ်လေးလုံး ၃၈ နှစ်မြောက် ထုတ်ပြန်ချက်များ)

🚩Aug 8 (Sat) 19:00~21:00
➡️ဆိုးလ်မြို့ ဟုန်းဒဲ သို့မဟုတ် မြောင်ဒုံ
🔶ဒီမိုကရေစီလှုပ်ရှားမှု ဓာတ်ပုံပြပွဲနှင့် မြန်မာဂီတ

🚩Aug 9 (Sun) 12:00~15:00
➡️ဆိုးလ်မြို့ ဘိုရှင်းဂတ်ပန်းခြံ
🔶၈၈၈၈ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံ ၃၈ နှစ်မြောက် ဆန္ဒပြပွဲနှင့် ချီတက်ပွဲ
🔷
ဆိုးလ်မြို့အစီအစဉ်များကို ကိုရီးယားနိုင်ငံ မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးအဖွဲ့အစည်းများနှင့် ကိုရီးယား အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သည်။
🔷











တော်လှန်ရေးကို ဆက်လက်အရှိန်မြှင့်တင်လုပ်ဆောင်ရန် ကိုရီးယားရှိ တော်လှန်အဖွဲ့အစည်းများ တညီတညွတ်တည်း ထပ်မံသန္နိဋ္ဌာန်ပြု***...
19/07/2026

တော်လှန်ရေးကို ဆက်လက်အရှိန်မြှင့်တင်လုပ်ဆောင်ရန် ကိုရီးယားရှိ တော်လှန်အဖွဲ့အစည်းများ တညီတညွတ်တည်း ထပ်မံသန္နိဋ္ဌာန်ပြု
**** **** ****

အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးမှ စီစဉ်၍ ကိုရီးယားအခြေစိုက် မြန်မာတော်လှန်ရေးအဖွဲ့အစည်းများ ပါဝင်‌သည့် “နိုင်ငံရေးဆွေးနွေးပွဲ ၂၀၂၆”ကို ဇူလိုင်လ ၁၈ ရက်နေ့တွင် ချွန်နန်းမြို့၌ ကျင်းပရာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် တော်လှန်ရေးအရှိန်အဟုန် မကျသွားစေရေး ဆက်လက်ကြိုးစားကြရန် ထပ်မံသန္နိဋ္ဌာန်ပြုချက်ကို တညီတညွတ်တည်း အတည်ပြုခဲ့ကြသည်။

တတိယအကြိမ်မြောက်အဖြစ် ပြုလုပ်သည့် နိုင်ငံရေးဆွေးနွေးပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က အွန်လိုင်းမှတဆင့် အဖွင့်အမှာစကား ပြောကြားရာတွင် ယခုအချိန်သည် ယခင်နှင့်မတူသည့် နိုင်ငံရေးစိန်ခေါ်မှုများကို ဖြစ်ပေါ်နေချိန်ဖြစ်ကြောင်း၊ တော်လှန်ရေးဘက်တွင် ပိုမိုစုစည်းညီညွတ်သည့် ဦးဆောင်မှုကို တည်ဆောက်နေကြောင်း၊ ရေရှည်အကျိုးဖြစ်ထွန်းမည့် နိုင်ငံရေးမူဘောင်ကို ဖော်ဆောင်လျက်ရှိကြောင်း၊ အဆိုပါ စစ်ရေး နိုင်ငံရေး ပေါင်းစပ်လုပ်ငန်းတို့ကို SCEF က ကြိုးစားဆောင်ရွက်နေကြောင်း အလေးထား ပြောကြားသွားသည်။

ယနေ့ဆွေးနွေးပွဲသို့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ၊ MFDMC, NLD-OC Korea, CYOSK, GMSR Korea, MRS, We Love Mother Land, ကြောက်ခေတ်ကိုမှောက်ပစ်အဖွဲ့၊ ဂင်မဲနွေဦးတော်လှန်ရေးအဖွဲ့၊ ဒေါင်းညီနောင်ထောက်ပို့၊ ယောဖောင်ဒေးရှင်း၊ မြင်းခြံGZ, ဗိုလ်သံချောင်းထောက်ပို့၊ Hope for Freedom အဖွဲ့မှ တာဝန်ခံများ တက်ရောက်၍ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီထိ တက်တက်ကြွကြွ ပါဝင်ဆွေးနွေးကြသည်။

ဆွေးနွေးပွဲအဖွင့်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက မိန့်ခွန်းပြောကြားရာတွင် “တော်လှန်ရေး၏ အဓိကအားသာချက်မှာ လက်နက်ခဲယမ်းမီးကျောက်ထက် ပြည်သူလူထု၏ ယုံကြည်မှု ဖြစ်ကြောင်း၊ ကျွန်ုပ်တို့၏ အကြီးမားဆုံးအင်အားမှာ ငွေကြေးစားနပ်ရိက္ခာထက် စည်းလုံးညီညွတ်မှု ဖြစ်ကြောင်း၊ တော်လှန်ရေးအောင်မြင်မှုကို ဆုံးဖြတ်ပေးမည့်အချက်မှာ အဖွဲ့အစည်း တခုချင်းစီ၏ အင်အားမဟုတ်ဘဲ အားလုံး၏ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းပင်ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးပွဲ၏ အဓိကအဓိပ္ပာယ်မှာ "မည်သူမှန်သည် မည်သူမှားသည်"ကို ဆုံးဖြတ်ရန် မဟုတ်ဘဲ "မည်သို့အတူတကွ အောင်မြင်နိုင်မည်" ကို ရှာဖွေရန် ဖြစ်ကြောင်း ပြောကြားသွားသည်။

နိုင်ငံရေးဆွေးနွေးပွဲသို့ NUG ကိုယ်စားလှယ်ရုံးမှ “လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေ၊ အလားအလာနှင့် စိန်ခေါ်ချက်များ”၊ “ရန်ပုံငွေလုပ်ငန်းများနှင့် စပ်လျဥ်း၍ မူတစ်ခုသဘောတူနိုင်ရေး ဆွေး‌နွေးချက်”၊ GMSR မှ “ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပြည်ပရောက်နိုင်ငံသားများအပေါ် ရိုက်ခတ်လာနိုင်မှုအခြေနေ”၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီမှ “တော်လှန်ရေးအင်အားစုချင်း ပဋိပက္ခကို လက်နက်နှင့်ဖြေရှင်းမှုအပေါ် သုံးသပ်ခြင်း”၊ MFDMC မှ “လက်နက်ကိုင် အင်အားစုများအကြား ပဋိပက္ခလျှော့ချရေးနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ် အကောင်အထည်ဖော်ရေး”၊ “နိုင်ငံတကာ မဟာမိတ်ကွန်ရက် ချိတ်ဆက်မှု၊ အရှိန်အဟုန် မြှင့်တင်ရေးနှင့် စုပေါင်းအင်အား တည်ဆောက်ခြင်း”၊ NLD-OC မှ “အဖွဲ့အစည်းများ စနစ်တကျဖွဲ့စည်းခြင်းနှင့် စည်းရုံးရေးအစီအစဉ်” စသည့် အဓိကစာတမ်း ၇ ခု တင်ပြကြသည်။

တင်ပြချက်များကို အပြန်အလှန်ဆွေးနွေးကြပြီး - ကိုရီးယားရှိ တော်လှန်အဖွဲ့အစည်းများ ပေါင်းစည်း လက်တွဲ၍ လှုပ်ရှားမှုများကို အရှိန်မြှင့်တင်လုပ်ဆောင်ကြရန် - တညီတညွတ်တည်း ထပ်မံ သန္နိဋ္ဌာန်ပြု ဆုံးဖြတ်ကြသည်။

ဆွေးနွေးပွဲမှ တော်လှန်ရေးအင်အားစုအတွင်း ပဋိပက္ခကို လက်နက်နှင့် ဖြေရှင်းမှုများအပေါ် - ပြဿနာကို လက်နက်ဖြင့် မဖြေရှင်းရဆိုသည့် မူဝါဒကို အားလုံးပါဝင်ချမှတ်နိုင်ရန်၊ ပြဿနာကို အချိန်တာရှည် မွေးမထားဘဲ မြန်မြန်ဆန်ဆန် ညှိနှိုင်းဖြေရှင်းရန်၊ ဖြစ်ပွားခဲ့ပြီးသော ပဋိပက္ခများအတွက် သက်ဆိုင်ရာအဖွဲ့များက ပြည်သူလူထုကို ပွင့်လင်း မြင်သာစွာ တာဝန်ယူ ရှင်းလင်းပေးရန်၊ ထောက်ပို့အဖွဲ့အစည်းများကလည်း မိမိတို့ ထောက်ပို့နေသည့် လက်နက်ကိုင်အဖွဲ့များ၏ မြေပြင်လုပ်ရပ်များကို သေချာလေ့လာစိစစ်ရန်၊ စည်းစနစ်ကျအောင် ဝိုင်းဝန်းထိန်းကျောင်းရန်၊ အ‌ရေးယူရန်လိုအပ်ပါက ထောက်ပို့မှုကို ရပ်ဆိုင်းခြင်း၊ ထုတ်ပယ်ခြင်း၊ မှတ်တမ်းတင်ခြင်း ပြုလုပ်ရန် သဘောထားများကို လက်ခံအတည်ပြုကြသည်။

ထို့ပြင် ကိုရီးယားရှိ ရန်ပုံ‌ငွေလုပ်ငန်းများတွင် - အသုံးစရိတ်ကို အတတ်နိုင်ဆုံး ချိုးခြံချွေတာသုံးစွဲခြင်း၊ ထောက်ပံ့ကူညီရာတွင် ပွင့်လင်းမြင်သာမှုရှိခြင်း၊ အ‌ထောက်အထားများ တင်ပြနိုင်ရန် ကြိုးစားအားထုတ်ခြင်း - တို့ကို သဘောတူညီကြပြီး၊ “ရန်ပုံငွေရှာပွဲ၏ ငွေစာရင်းရှင်းတမ်းကို အချက်အလက် တိတိကျကျဖြင့် တစ်လထက် မကျော်လွန်သော အချိန်ကာလအတွင်း အများပြည်သူသို့ တင်ပြရန်” ဆိုသည့်အချက်ကို လစဉ်အွန်လိုင်းအစည်းအဝေးများတွင် အသေးစိတ် ဆက်လက်ဆွေးနွေးရန် သဘောတူကြသည်။

ယနေ့ ဆွေးနွေးပွဲ၏ တင်ပြချက်၊ ဆွေးနွေးချက်နှင့် သဘောတူညီချက်များကို စုစည်းပြုစုပြီးလျှင် NUG နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ပေးပို့သွားမည် ဖြစ်သည်။

«ထောက်ပို့ပေးဝေ အညာမြေ ရံပုံငွေဖူဆယ်ဘောလုံးပြိုင်ပွဲ စာရင်းရှင်းတမ်းနှင့် ကျေးဇူးတင်လွှာ»ထောက်ပို့ပေးဝေ အညာမြေ ရံပုံငွေဖ...
06/07/2026

«ထောက်ပို့ပေးဝေ အညာမြေ ရံပုံငွေဖူဆယ်ဘောလုံးပြိုင်ပွဲ စာရင်းရှင်းတမ်းနှင့် ကျေးဇူးတင်လွှာ»

ထောက်ပို့ပေးဝေ အညာမြေ ရံပုံငွေဖူဆယ်ဘောလုံးပြိုင်ပွဲကို အားလုံး၏ ဝိုင်းဝန်းကူညီပံ့ပိုးမှု၊ စေတနာနှင့် တော်လှန်စိတ်၊ပူးပေါင်းဆောင်ရွက်မှုများကြောင့်(၂၀၂၆-၆-၂၈)ရက်နေ့တွင်အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။
ပွဲနှင့်ပတ်သက်သော ဝင်ငွေ၊ ထွက်ငွေ စာရင်းရှင်းတမ်းကို အများပြည်သူ သိရှိနိုင်စေရန် ပွင့်လင်းမြင်သာစွာ တင်ပြအပ်ပါသည်။

ဤပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီပေးခဲ့ကြသော

* မတည်အလှူရှင်များ
* Sponsor များ
* အလှူငွေထည့်ဝင်ပေးသူများ
* ဘောလုံးအသင်းများ
* ဒိုင်လူကြီးများ(ရံပုံငွေဘောလုံးပွဲကြီးကြပ်ရေးကော်မတီတာဝန်ခံများအားလုံး)
* Volunteer များ
* MC ညီမလေး နော်တေးစုစံ
* ဓာတ်ပုံ/ဗီဒီယိုရိုက်ကူးပေးသူ ကိုဖေစစ်နိူင်
* ပရိသတ်များ
* နောက်ကွယ်မှ ပင်ပန်းခံဆောင်ရွက်ပေးခဲ့ကြသူများအားလုံးနှင့်ဗိုလ်သံချောင်းထောက်ပို့အဖွဲ့ဝင်များအားလုံးကိုအထူးပင် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါသည်။

ရဲဘော်ညီအကိုမောင်နှမတိုင်း၏ စေတနာနှင့် ပါဝင်
ကူညီမှုများကြောင့် ရရှိလာသောရံပုံငွေများကို ရည်ရွယ်ချက်အတိုင်းအလေအလွင့်မရှိ အမြန်ဆုံးပို့ဆောင်သွားမှာဖြစ်ပါတယ်။
အားလုံးကို ထပ်မံ၍ ကျေးဇူးအထူးတင်ရှိပါကြောင်း လေးစားစွာဖြင့် ဖော်ပြအပ်ပါသည်။
#အရေးတော်ပုံမုချအောင်ရမည်
#ထောက်ပို့ပေးဝေအညာမြေ

#ဗိုလ်သံချောင်း

✊✊✊
27/06/2026

✊✊✊

ထောက်ပို့ပေးဝေ အညာမြေ ရံပုံငွေ ဖူဆယ်ဘောလုံးပြိုင်ပွဲမတည်စပွန်ဆာစုစုပေါင်း( ၁၀၀၅၀၀၀၀) ဝမ် တိတိရရှိပါပြီ။ပါဝင်ထောက်ကူကြသည်...
27/06/2026

ထောက်ပို့ပေးဝေ အညာမြေ ရံပုံငွေ ဖူဆယ်ဘောလုံးပြိုင်ပွဲ

မတည်စပွန်ဆာစုစုပေါင်း( ၁၀၀၅၀၀၀၀) ဝမ် တိတိရရှိပါပြီ။

ပါဝင်ထောက်ကူကြသည့် တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို
ဗိုလ်သံချောင်း ထောက်ပို့အဖွဲ့မှ အထူးကျေးဇူးတင် လေးစားဂုဏ်ယူပါတယ်ခင်ဗျာ🫡။

ထပ်တိုး မတည်စပွန်ဆာများ💪💪💪ကိုလွင်မိုးဦး ဝမ် ၅ သောင်း ကိုဝင်းဇော်ဦး ဝမ် ၅ သောင်း ကိုကံထူး ဝမ် ၅ သောင်း ကိုဇော်ထွန်းအောင် ...
27/06/2026

ထပ်တိုး မတည်စပွန်ဆာများ💪💪💪

ကိုလွင်မိုးဦး ဝမ် ၅ သောင်း
ကိုဝင်းဇော်ဦး ဝမ် ၅ သောင်း
ကိုကံထူး ဝမ် ၅ သောင်း
ကိုဇော်ထွန်းအောင် ဝမ် ၅ သောင်း
ကိုပြည့်ဖြိုးအောင် ဝမ် ၅ သောင်း
ကိုပေါက်ကြီး ဝမ် ၁ သိန်း
ကိုဟိန်း ဝမ် ၁ သိန်း
ကိုအေးလွင် ဝမ် ၅ သောင်း
ကိုအောင်လွမ်းဇော် ဝမ် ၁ သိန်း
ကိုချမ်းမြေ့ ဝမ် ၅ သောင်း
ကိုကြီးပင် ဝမ် ၅ သောင်း
မဝင်းဝင်းမြင် ဝမ် ၅ သိန်း
ကိုချစ်ဦး ဝမ် ၃ သောင်း
ကိုကျော်ကြီး ဝမ် ၃ သောင်း
ကိုဇော်ဟိန်း ဝမ် ၃ သောင်း
ကိုမင်းသူ ဝမ် ၃သောင်း
ကိုနေလင်းဦး ဝမ် ၃ သောင်း
ကိုလွမ်းဝေအောင် ဝမ် ၃ သောင်း
ကိုဒူးရှည် ဝမ် ၃ သောင်း
ကိုစည်သူ ဝမ် ၃ သောင်း
ကိုလူပျိုကြီး ဝမ် ၅ သောင်း
ကိုကျော်သက်ထွန်း ဝမ် ၅ သောင်း
ကိုရှိန်ကို ဝမ် ၅ သောင်း
ကိုမွန် (စာအူ) ဝမ် ၅ သောင်း
ကိုရန်ပိုင် ဝမ် ၁ သိန်း
ကိုအောင်ချိုချ်ု ဝမ် ၅ သောင်း
ကိုမျိုးညီ ဝမ် ၅ သောင်း
ကိုကရင် ဝမ် ၅ သောင်း
ကိုမွန်ကြီး ဝမ် ၅ သောင်း
ကိုမွန်လေး ဝမ် ၅ သောင်း
လက်ရာမွန် ဝမ် ၂ သိန်း
E-9pay Myanmar ဝမ် ၃ သိန်း
ဝေလာ ဝမ် ၂ သိန်း
ကိုဘဲဥ ဝမ် ၁ သိန်း
ကိုခိုင်ကြီး ဝမ် ၁ သိန်း
ကိုတံငါရွာ ဝမ် ၅ သောင်း
ကုန်ထုတ် ဝမ် ၃ သောင်း
ပဲခူးသူ မြန်မာစားသောက်ဆိုင် ဝမ် ၂ သိန်း

Address

Incheon

Website

Alerts

Be the first to know and let us send you an email when ဗိုလ် သံချောင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share