17/09/2026
(၂၇)ကြိမ်မြောက် စင်တာမန်ဘာဝင်များ အခမဲ့ဆေးကုသပေးနိုင်ခဲ့ခြင်း
******************************************************************************************
■မြန်မာအလုပ်သမားလူမှုဖူလုံရေးစင်တာသည် စင်တာ မန်ဘာဝင်များအတွက် အခမဲ့ဆေးကုသပေးခြင်းကို ၂၀၂၆ခုနှစ် ၉လပိုင်း ၁၃ရက် တနင်္ဂနွေနေ့ နေ့လယ်၂နာရီခွဲမှ ညနေ၅နာရီအထိ ကိုရီးယားနူးဂါ လူမှုဖူလုံရေးအဖွဲ့(한국누가회 사회부)၊ ရွှေ့ပြောင်းသူကျန်းမာရေးသုတေသအဖွဲ့(이주민건강연구회)တို့နှင့် ပူးပေါင်းပြုလုပ်ခဲ့ပြီး ရွှေ့ပြောင်းမြန်မာအလုပ်သမားများအား ဆေးကုသပေးနိုင်ခဲ့ပါသည်။
ကုသပေးခဲ့သော ရောဂါများမှာ
☆အရိုးကုသခြင်းနှင့်အာထရာဆောင်းကြည့်၍ ဆေးထိုးကုသခြင်း၊
☆အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ၊
☆အစာခြေရောဂါများ၊
☆ခါးနဲ့ပတ်သက်သော ရောဂါများ၊
☆ညအိပ်မပျော်ရောဂါများ၊
☆အရေပြားနှင့် မျက်စိရောဂါများ၊
☆အထွေထွေကျန်းမာရေးဆိုင်ရာတိုင်ပင်ဆွေးနွေးခြင်းများ ဖြစ်ပါသည်။
■ထို့ပြင် ဗီဇာမရှိ၍ ကျန်းမာရေးအာမခံဝင်မရသောကြောင့် ဆေးရုံ၊ဆေးခန်းပြရန် အခက်အခဲဖြစ်နေသော စင်တာမန်ဘာဝင်များ ဆက်လက် ဆေးကုမှုခံယူနိုင်ရန်လည်း ကူညီစီစဥ်ပေးခဲ့ပါသည်။
#မြန်မာလုပ်သားများ အဆင်ပြေကြပါစေ။
#မြန်မာအလုပ်သမားလူမှုဖူလုံရေးစင်တာ(ကိုရီးယား)
ဖုန်း:032-502-8188/010-9847-8283
Fax: 032-503-8188
လိပ်စာ: 인천시 부평구 남부역로3-3층
https://www.facebook.com/mwwcenter
■စင်တာသည် ကိုရီးယားရောက်မြန်မာလုပ်သားများကိုယ်တိုင်တည်ထောင်ထားပြီး မြန်မာလုပ်သားများကိုယ်တိုင် ပံ့ပိုးထောက်ပံ့နေသည့်စင်တာဖြစ်ပါသည်။ စင်တာနဲ့အတူ ဘဝတူမြန်မာလုပ်သားများအကျိုးဆောင်ရွက်လို၍
စင်တာမန်ဘာဝင်လိုပါက အောက်ပါလင့်ခ်ကို ဖြည့်ပေးပါ။
စင်တာမန်ဘာဝင်ဖောင်လင့်ခ်👇
https://shorturl.at/aitq5