ကလေးကဘော်-ညီအကိုများ

ကလေးကဘော်-ညီအကိုများ 🏠 🏡

🎼🎼🎼စစ်ရှောင်လဲကူ  ဆေးဝါးလဲလှူ (၂)ရန်ပုံငွေဂီတဖျော်ဖြေပွဲစာရင်းရှင်းတမ်းနှင့် “ကျေးဇူးတင်လွှာ”👏👏👏စစ်ရှောင်လဲကူ ဆေးဝါးလဲလှ...
06/05/2026

🎼🎼🎼စစ်ရှောင်လဲကူ ဆေးဝါးလဲလှူ (၂)ရန်ပုံငွေဂီတဖျော်ဖြေပွဲစာရင်းရှင်းတမ်းနှင့် “ကျေးဇူးတင်လွှာ”

👏👏👏စစ်ရှောင်လဲကူ ဆေးဝါးလဲလှူ(၂)ရန်ပုံငွေဂီတဖျော်ဖြေပွဲအောင်မြင်စွာပြီးဆုံးခဲ့ပါပြီဗျာ..ပါဝင်အားဖြည့်ပေးကြတဲ့၊ Linn Htet Aung Real Feelings Band ဆိုဂျူးမြေမှဂီတရူးလေးများနှင့်ပွဲကျင်းခွင့်ပေးခဲ့သော ဂွမ်ဂျူးလေး ဆုံမှတ်မြန်မာစားသောက်ဆိုင်ကိုလဲ အထူးကျေးဇူးတင်ပါတယ်ဗျာ…
💰💰💰ရန်ပုံငွေဂီတပွဲမှ ရရှိခဲ့သော ငွေများမြေပြင်သို့ပို့ဆောင်ဖို့ စီစဉ်နေပါတယ်ဗျ..
ပို့ဆောင်ပြီးပါက မှတ်တမ်းပုံများ ပြန်လည်တင်ပေးပါ့မယ်ဗျာ…

02/05/2026
02/05/2026

စစ်ရှောင်လည်း ကူ

ဆေးဝါးလည်း လှူ

ဂီတ ရန်ပုံငွေပွဲ

🎶 ကလေးကဘော်-ညီအကိုများ မှ Real Feelings Band နှင့် တိုင်းပြည်ကိုချစ်သူ တက်ကြွလှုံ့ဆော်သူတွေ အသံတူ၊ စိတ်တူ စည်းလုံးပြီး-စ...
24/04/2026

🎶 ကလေးကဘော်-ညီအကိုများ မှ Real Feelings Band
နှင့် တိုင်းပြည်ကိုချစ်သူ တက်ကြွလှုံ့ဆော်သူတွေ အသံတူ၊ စိတ်တူ စည်းလုံးပြီး
-စ-စ်ကြောင့် ဒုက္ခရောက်နေသူများအတွက် ရံပုံငွေဂီတပွဲ ပြုလုပ်သွားမည်ဖြစ်ပါတယ်။

🔴ဂီတပွဲအတွက် ညီအကိုများရဲ့ လေးနက်သည့် အလှူငွေတစ်စုံတစ်ရာသည်—
💖 စစ်ဘေးကြောင့်ပျက်စီးသွားသော အိမ်ယာ များကို ပြန်ထူထောင်နိုင်ရန်—
💖 ကလေးငယ်များအတွက် အိပ်ရာ၊ အစာနွေးထွေးမှု ဖြစ်လာစေရန်—
💖 စစ်ဘေးကြောင့်မိသားစုတွေ အတူအပြန် အပြန်အလှန် အားထားစရာ အင်အား ဖြစ်ပေါ်စေရေးအတွက် ကျင်းပပြုလုပ်ရခြင်းဖြစ်ပါတယ်။

📍Location: *ဆုံမှတ် မြန်မာစားသောက်ဆိုင်(ဂွမ်ဂျူးလေး)
📅 Date: 2026.5.2(Saturday)
🕗 Time: ည ၈ နာရီ
🎤 Presenter: Linn Htet Aung
🎶 Hosted by: Real Feelings Band

👩‍❤️‍👨 ဘဝမှာ အခက်အခဲတွေကြားက တစ်ဦးတစ်ယောက်အတွက် အကူအညီပေးနိုင်တာဟာလူသားအဖြစ်အပြည့်စုံဆုံး အဓိပ္ပာယ်ပါ။

🎼ဂီတဖျော်ဖြေပွဲမှာ တေးသီချင်းများက်ို နားထောင်ခံစားရင်းနဲ့ ကိုယ်တိုင်ပါဝင်သီဆိုနိုင်တဲ့ အစီအစဉ်၊ကိုယ်နှစ်သက်တဲ့တေးသီချင်းကို တောင်းဆိုတဲ့အစီအစဉ်များကိုလည်း ထည့်သွင်းထားပြီး တေးသီချင်း(၁)ပုဒ်ကို(၃၀၀၀၀)ဝမ်ဖြင့် ပါဝင်ထောက်ပို့နိုင်ပါတယ်။

📍ဂီတဖျော်ဖြေပွဲကို လာရောက်သူများနှင့် ပွဲမလာရောက်နိုင်ပေမယ့် အဝေးမှ ပါဝင်ချင်သူများ၊ကိုရီးယားရှိ စီးပွါးရေးလုပ်ငန်းရှင်များအနေဖြင့်လည်း စပွန်ဆာ ထောက်ပို့ငွေများကူညီထည့်ဝင်ရင်း မိမိတို့လုပ်ငန်းများကို ကြော်ငြာနိုင်ပါတယ်။

💳 Hana Bank : 225-910521-12007
📱 Ph : 010-7502-0051

🇰🇷ကိုရီးယားမှာရောက်ရှိနေတဲ့ညီအကိုမောင်နှမများအနေနဲ့ ဂီတဖျော်ဖြေပွဲမှာ မြန်မာပြည်အတွက် ပါဝင်ကူညီရင်းနဲ့ မြန်မာပြည်အလွမ်းပြေ မြန်မာအစားအသောက်များကိုလည်းစားသောက်ရင်း ညီအကိုမောင်နှမတွေ တော်လှန်ရင်းအပန်းဖြေဖို့အတွက် ကျွန်တော်တို့ ကလေးကဘော်ညီအကိုများအဖွဲ့မှ ဂွမ်ဂျူးလေး *ဆုံမှတ်* မြန်မာစားသောက်ဆိုင်သို့ လာရောက်ခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါသည်ခင်မျာ။
* အထူး အစီအစဉ်*
#ကလေးကဘော် ညီအကိုများမှ ထုပ်လုပ်ရောင်းချထားသော *ကဘော်ထောက်ပို့ ဝိုင်းကူစို့* ကံစမ်းလက်မှတ်များကို မဲဖောက်ပေးသွားမှာ ဖြစ်တဲ့အကြောင်း အသိပေးအပ်ပါသည်ခင်ဗျာ…
#ကလေးကဘော်_ညီအကိုများ
#စစ်ရှောင်လဲကူ -ဆေးဝါးအလှူ(၂)

"We demand proof of life of Aung San Suu Kyi".လူထုခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေကြောင်း သက်သေပြဖို...
22/04/2026

"We demand proof of life of Aung San Suu Kyi".

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
သက်ရှိထင်ရှား ရှိနေကြောင်း
သက်သေပြဖို့ တောင်းဆိုပါတယ်။

"ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကော်မတီ (SCEF)ကို ကြိုဆိုထောက်ခံခြင်း နှင့် စစ်အုပ်စု၏ အတုအယောင် ရွေး...
19/04/2026

"ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကော်မတီ (SCEF)ကို ကြိုဆိုထောက်ခံခြင်း နှင့် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာသော သမ္မတအတုကို လက်မခံကြောင်း ကန့်ကွက်ဆန္ဒပြပွဲ သတင်းထုတ်ပြန်ချက်

၂၀၂၆ ဧပြီလ ၁၉
"ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကော်မတီ (SCEF)ကို ကြိုဆိုထောက်ခံခြင်း၊ စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာသော သမ္မတအတုကို လက်မခံကြောင်း ကန့်ကွက်ဆန္ဒပြပွဲကို ယနေ့ မွန်းလွဲပိုင်းက ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ စစ်သံရုံးရှေ့တွင် ပြုလုပ်သည်။

ဆန္ဒပြပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်း တက်ရောက်၍ - ညီညွတ်‌ရေးကို အလေးထားရန်နှင့် တော်လှန်ရေးစိတ်ဓာတ် ယိုင်းယိမ်မသွားကြရန် - တော်လှန်ရေးစကား တိုက်တွန်း ပြောကြားသည်။

ထောက်ခံပွဲနှင့် ကန့်ကွက်ပွဲ၏ သဘောထား ထုတ်ပြန်ကြေညာချက်ကို ကိုရီးယားအခြေစိုက် မြန်မာတော်လှန်ရေးအဖွဲ့အစည်း ၄၀ နှင့် ကိုရီးယား အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ကို မြန်မာ့ ဒီမိုကရေစီခရီး၏ မျှော်လင့်ချက်ဖြစ်လာမည်ဟု ယုံကြည်ကြောင်း၊ မြန်မာပြည်သူလူထု၏ ရည်မှန်းချက်ဖြစ်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် မရှိမဖြစ် လိုအပ်သော စုစည်းညီညွတ်မှုကို စတင်ဖော်ဆောင်ခြင်းဖြစ်သည့်အတွက် ထောက်ခံကြိုကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် အတုအယောင်ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာသော သမ္မတအတု မင်းအောင်လှိုင်ကို လုံးဝ လက်မခံ အသိအမှတ်မပြုကြောင်း၊ မင်းအောင်လှိုင်သည် စစ်ရာဇဝတ်ကောင် ဖြစ်ကြောင်း အကျယ်တဝင့် ဖော်ပြထားသည်။

ထုတ်ပြန်ချက်တွင် နိုင်ငံတကာသို့ အချက် ၅ ချက်တောင်းဆိုထားပြီး၊ စစ်အုပ်စုမှ အရပ်သားများအပေါ် တိုက်ခိုက်မှုနှင့် နိုင်ငံရေးဖိနှိပ်မှုများကို လုံးဝရပ်တန့်ရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန်၊ အတုအယောင် ရွေးကောက်ပွဲနှင့် အရပ်သားအစိုးရဟု အမည်တပ်ထားမှုအပေါ် မည်သည့်တရားဝင်မှုမျှ မပြုကြရန်၊ နိုင်ငံတကာအသိုက်အဝန်းသည် NUG နှင့် SCEF အပါအဝင် ပြည်တွင်းပြည်ပ မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ ငြိမ်းချမ်းသော ကြိုးပမ်းမှုများတွင် ပူးပေါင်းပါဝင်ပေးရန်၊ မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီများကို တိုးမြှင့်ပေးရန် တောင်းဆိုထားသည်။

ကိုရီးယားအစိုးရနှင့် ကိုရီးယားအရပ်ဘက် လူမှုအဖွဲ့အစည်းများအား မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပြန်လည်ရရှိရေးအတွက် ပိုမိုရှင်းလင်းပြီး လက်တွေ့ကျသော လုပ်ဆောင်ချက်များကို ဖော်ဆောင်ရန်လည်း အလေးထားတောင်းဆိုထားသည်။

ဆန္ဒပြပွဲတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ၊ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်(MFDMC)၊ NLD OC Korea နှင့် တော်လှန်ရေးအဖွဲ့ အသီးသီးမှ ရဲဘော်များက တော်လှန်ရေးစကား ပြောကြားကြသည်။

ယနေ့ ဆန္ဒပြပွဲသို့ တော်လှန်ပြည်သူ အင်အား တစ်ရာကျော်ပါဝင်ကြပြီး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး “ရှပ်ပြာကင်ပိန်း”ကိုလည်း ထည့်သွင်း ပြုလုပ်ခဲ့သည်။

Address

Gwangju
464-749

Website

Alerts

Be the first to know and let us send you an email when ကလေးကဘော်-ညီအကိုများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share