စဉ်းစားကြည့်

စဉ်းစားကြည့် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from စဉ်းစားကြည့်, Nonprofit Organization, Cheongju-si Ochang-eup, Cheongwon.

အွန်လိုင်း လောင်းကစား၊ စလော့ဂိမ်းဆော့ နေကြတဲ့လူတွေကို အံ့ဩလို့ မဆုံးဘူး ..ဘာဖြစ်လို့လဲဆိုတော့ ဆော့တဲ့သူကို ကျွန်တော်မြင်...
26/04/2026

အွန်လိုင်း လောင်းကစား၊ စလော့ဂိမ်းဆော့ နေကြတဲ့လူတွေကို အံ့ဩလို့ မဆုံးဘူး ..

ဘာဖြစ်လို့လဲဆိုတော့ ဆော့တဲ့သူကို ကျွန်တော်မြင်ရင် အမြဲတမ်းမေးဖြစ်တယ်
Q- စလော့ဆော့တာ နိုင်လားအကို၊ စားရလား လို့ မေးတော့
A- နိုင်တယ်ရယ်လို့လည်း မဟုတ်ပါဘူးကွာ ရှုံးတဲ့အခါတွေ လည်း ရှိတာပေါ့တဲ့
Q- ဒါဆို အကို ဆော့လာတဲ့ ကာလတလျောက်မှာ နိုင်တာများလား ရှုံးတာများလားလို့ မေးတော့
A- ရှုံးတာများတယ် ညီ တဲ့
Q- ရှုံးတာကို သိသိကြီးနဲ့ ဘာလို့ ဆက်ဆော့နေလဲလို့ ထပ်မေးတော့
A- အပျင်းပြေဆော့တာတဲ့ ဗျာ 😐

#ဆွံ့အ

သူများနိုင်ငံက ဘယ်လောက်တောင် လှလိုက်လဲ
24/04/2026

သူများနိုင်ငံက ဘယ်လောက်တောင် လှလိုက်လဲ

အကယ်၍ မြန်မာနိုင်ငံသာ ဒီမိုကရေစီရပြီး ကိုးရီးယားလိုမျိုး တိုးတက်နေရင် ဘယ်လောက် ကောင်းလိုက်မလဲ..တခါတလေ တွေးရင်းတွေးရင်းနဲ...
24/04/2026

အကယ်၍ မြန်မာနိုင်ငံသာ ဒီမိုကရေစီရပြီး
ကိုးရီးယားလိုမျိုး တိုးတက်နေရင် ဘယ်လောက် ကောင်းလိုက်မလဲ..

တခါတလေ တွေးရင်းတွေးရင်းနဲ့ နိုင်ငံကို သူတို့ပိုင်ဆိုင်တဲ့ မြေတစ်ကွက်လိုမျိုး ရောင်းလိုတာရောင်း၊ တူးချင်တာတူး၊ ခြယ်လှယ်ချင်သလို ခြယ်လှယ်နေကြတဲ့ စစ်တပ်အပေါင်းအပါနဲ့ လူမျိုးကြီးဝါဒ စွဲနေကြတဲ့ လူတွေကို မုန်းတယ် ..😌
ဖြစ်နိုင်ရင် အဲဒီလူတွေကို အကုန်ရှင်းပြီး နိုင်ငံကို အသစ်တဖန်ပြန်လည်တည်ဆောက်လိုက်ချင်တော့တယ်

အမေရိကန်အပေါ် စစ်ပွဲတွေနဲ့ ဝန်ပိနေလို့ ဂျပန်အား ပစိဖိတ်စာချုပ်ကနေ ဖြေလျှော့ပေးလိုက်တဲ့အပေါ်  အနောက်အုပ်စုတိုင်းပြည်တွေက ...
15/04/2026

အမေရိကန်အပေါ် စစ်ပွဲတွေနဲ့ ဝန်ပိနေလို့ ဂျပန်အား ပစိဖိတ်စာချုပ်ကနေ ဖြေလျှော့ပေးလိုက်တဲ့အပေါ် အနောက်အုပ်စုတိုင်းပြည်တွေက လက်ကမ်းကြိုဆိုလာကြပါတယ်။

အရင်က ဂျပန်ဟာ စစ်လက်နက်တွေထုတ်ကာ ပြည်ပတင်ပို့ ရောင်းချခွင့် ပိတ်ပင်ထားခဲ့ရာကနေ အခု တင်ပို့ခွင့်ရသွားပါပြီ။ ဂျပန်မှာက ရေငုပ်သင်္ဘောနဲ့ တိုက်လေယာဉ်တွေ ထုတ်နိုင်တဲ့နည်းပညာက အဆင်သင့်ရှိနေပြီးသားပါ။ ဂျပန်လက်နက်တွေ ဝယ်ယူဖို့ ပထမဆုံးချဉ်းကပ်လာသူတွေထဲက အရင်ရမှာက ဖိလစ်ပိုင်နဲ့ပိုလန်ဖြစ်ပါတယ်။

ဖိလစ်ပိုင်ကို ဂျပန်ရေတပ်အကျ ဖရီးဂိတ်တွေရောင်းပေးကာ တရုတ်ကိုအန်တုဖို့ အားပေးမှာပါ။ ယူကရိန်းစစ်ပွဲကြောင့် လုံခြုံရေးစိုးရိမ်နေရတဲ့ပိုလန်ကလည်း ဂျပန်စစ်လက်နက်တွေရဖို့ တက်ကြွနေပါတယ်။ ယူကရိန်းလက်နက်ကုမ္ပဏီနဲ့ ဂျပန်ကုမ္ပဏီ ၂ ခုပေါင်းကာ ဒရုန်းတွေထုတ်ပါတော့မည်။ ဂျပန်ဟာ တောင်ကိုရီးယား၊ ဗြိတိန်၊ အီတလီ၊ အစ္စရေးတို့နဲ့ ပါဝါတူတဲ့တိုင်းပြည်ဖြစ်ပါတယ်။

ဝယ်သူတွေက နေရာပေါင်းစုံကနေ ဂျပန်လက်နက်ဝယ်ချင်လို့ စုံစမ်းနေကြပြီလို့ မစ်ဆူဘီရှီတာဝန်ရှိသူက ဆိုပါတယ်။ တိုရှီဘာဟာ လေကာစနစ်တွေ တိုးထုတ်ကာရောင်းချနိုင်ဖို့အတွက် ဝန်ထမ်း ၅၀၀ တိုးခန့်လိုက်ရပါပြီ။ တာကာအိချိအစိုးရက အမြန်ဆုံးလက်နက်တင်ပို့ရောင်းချသွားမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စစ်ဖြစ်နေတဲ့နေရာတွေ လူသတ်လက်နက်မရောင်းဖို့ ဂျပန်ကိုတားမြစ်ထားပါသေးတယ်။

Crd

ဟော်မုဇ်ရေလက်ကြား ထရမ့်ပိတ်ဆို့မှု တရုတ်နှင့် အိန္ဒိယတို့ပါ ကြားညှပ်ဧရာဝတီ၊ ဧပြီ ၁၅၊ ၂၀၂၆အမေရိကန်က ဟော်မုဇ်ရေလက်ကြားကို ...
15/04/2026

ဟော်မုဇ်ရေလက်ကြား ထရမ့်ပိတ်ဆို့မှု တရုတ်နှင့် အိန္ဒိယတို့ပါ ကြားညှပ်

ဧရာဝတီ၊ ဧပြီ ၁၅၊ ၂၀၂၆

အမေရိကန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လိုက်တာဟာ အီရန်ကို အကျပ်ကိုင်ရုံတင် မဟုတ်ပါဘူး။ အီရန်နဲ့ အရင်းနှီးဆုံးဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေအပေါ်မှာလည်း ဖိအားတွေ အကြီးအကျယ် ကျရောက်လာစေပါတယ်။

အီရန်က တင်ပို့တဲ့ ရေနံ ၉၈ ရာခိုင်နှုန်းလောက်ကို ဝယ်နေတာက တရုတ်နိုင်ငံပါ။ နောက်ပြီး သမ္မတ ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ ထိပ်သီးဆွေးနွေးပွဲလုပ်ဖို့ သီတင်းပတ်အနည်းငယ်ပဲ လိုပါတော့တယ်။ ဒီလိုအချိန်မှာ အမေရိကန်က အီရန်ကို အစွမ်းကုန်ဖိအားပေးနေတာကြောင့် တရုတ်နဲ့ တည်ဆောက်ထားတဲ့ နုနယ်တဲ့ ဆက်ဆံရေး ပျက်သွားမလားဆိုတာ စိုးရိမ်စရာ ဖြစ်နေပါတယ်။

အိန္ဒိယကလည်း အမေရိကန်နဲ့ ဆက်ဆံရေးရှိပေမဲ့ အခု အမေရိကန်ရဲ့ မူဝါဒတွေက သူတို့စီးပွားရေး အကျိုးစီးပွားနဲ့ တိုက်ရိုက်ဆန့်ကျင်နေပါတယ်။ အထူးသဖြင့် စွမ်းအင်ဈေးနှုန်းတွေ တက်လာတာဟာ အိန္ဒိယစီးပွားရေးအတွက် အတော်လေးကို အထိနာစေပါတယ်။

ထရမ့်က မေလလယ်မှာ တရုတ်ကို သွားဖို့ရှိတော့ နှစ်နိုင်ငံဆက်ဆံရေးကို တည်တည်ငြိမ်ငြိမ် ရှိစေချင်တာပါ။ ဒါပေမဲ့ အခြေအနေတွေက တင်းမာလာနေပါပြီ။ တရုတ်နိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူ ကော့ကျားကွန်ကလည်း အမေရိကန်ရဲ့ လုပ်ရပ်ဟာ "တာဝန်မဲ့ပြီး အန္တရာယ်ရှိတယ်" လို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ ထရမ့်ကလည်း တရုတ်ကသာ အီရန်ကို လက်နက်ထောက်ပံ့ရင် တရုတ်ကုန်ပစ္စည်းတွေကို အခွန် ၅၀ ရာခိုင်နှုန်း ကောက်မယ်လို့ ခြိမ်းခြောက်ထားပါသေးတယ်။

အိန္ဒိယကတော့ စွမ်းအင်လိုအပ်ချက်ကြောင့် အခက်တွေ့နေရတာပါ။ အမေရိကန်ဆီက ခွင့်ပြုချက်ရထားလို့ အီရန်ဆီက ရေနံနဲ့ ဂတ်စ်တွေကို ပြန်ဝယ်နေပေမဲ့ ဒါဟာလည်း ရေရှည်အတွက် မသေချာပါဘူး။ ဝန်ကြီးချုပ် မိုဒီက ထရမ့်နဲ့ ဖုန်းပြောရာမှာ ငြိမ်းချမ်းရေးကိုပဲ လိုလားကြောင်း ပြောခဲ့ပေမဲ့ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေက အိန္ဒိယရဲ့ လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ပါဘူး။

တရုတ်ကတော့ ရေနံအများကြီး သိုလှောင်ထားနိုင်သလို တခြားစွမ်းအင်တွေလည်း ရှိနေတော့ အီရန်ရေနံမရရင်တောင် ခံနိုင်ရည်ရှိပါသေးတယ်။ ဒါပေမဲ့ အိန္ဒိယကတော့ အဲဒီလိုမဟုတ်ပါဘူး။ ကမ္ဘာ့တတိယ အများဆုံး ရေနံတင်သွင်းတဲ့နိုင်ငံ ဖြစ်တဲ့အတွက် ဒီပိတ်ဆို့မှုဒဏ်ကို အဆိုးဆုံး ခံရနိုင်ပါတယ်။ အထူးသဖြင့် အိမ်သုံးဂတ်စ် (LPG) ဆိုရင် အိန္ဒိယမှာ ၂ ပတ်၊ ၃ ပတ်စာပဲ အရန်ရှိတာမို့ တင်သွင်းမှု ရပ်သွားရင် အခြေအနေ တော်တော်ဆိုးသွားမှာပါ။

တရုတ်နဲ့ အိန္ဒိယတို့ဟာ အမေရိကန်နဲ့ ဆက်ဆံရေး အပြတ်အသတ် ပျက်စီးသွားအောင်အထိတော့ တုံ့ပြန်မှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ယူဆကြပါတယ်။ တရုတ်က သံတမန်နည်းလမ်းအရ ကန့်ကွက်မှာဖြစ်သလို၊ အိန္ဒိယကလည်း အီရန်အစား ရုရှား ဒါမှမဟုတ် တခြားနိုင်ငံတွေဆီကနေ ရေနံပြောင်းဝယ်ဖို့ ကြိုးစားမှာပါ။

ဒါပေမဲ့ ပင်လယ်ပြင်မှာ အမေရိကန်က တရုတ်သင်္ဘောတွေကို ကြားဖြတ်တားဆီးတာမျိုး၊ တိုက်ရိုက်ထိတွေ့မှုမျိုး ဖြစ်လာရင်တော့ အခြေအနေတွေက ဆိုးရွားသွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ အခုလည်း အမေရိကန်က ပိတ်ဆို့ထားတဲ့ တရုတ်သင်္ဘောတစီး ဟော်မုဇ်ရေလက်ကြားကနေ ထွက်လာနိုင်တာကို တွေ့ရပါတယ်။

Crd Irrawaddy news

သေချာစဥ်းစားကြည့်အီရန်က Tယုတ် ယွမ်နဲ့ အခွန်ပေးတဲ့ သင်္ဘောကို ဖြတ်သန်းခွင့်ပေးမယ်ပေါ့ ..ဒေါ်နယ်ထွန်းကလည်း ငါ ဒီကနေပိတ်လို...
13/04/2026

သေချာစဥ်းစားကြည့်

အီရန်က Tယုတ် ယွမ်နဲ့ အခွန်ပေးတဲ့ သင်္ဘောကို ဖြတ်သန်းခွင့်ပေးမယ်ပေါ့ ..
ဒေါ်နယ်ထွန်းကလည်း ငါ ဒီကနေပိတ်လိုက်မယ်လေး
မကောင်းဘူးလား တဲ့

အီရန်က အထွက်ကိုပိတ်ပြီး အခွန်ကောက်မလို့ကြံတဲ့ဟာကို
အမေရိကန်က အထွက်ရော အဝင်ပါပိတ်လိုက်တော့

အကုန်လုံး ဝါးလုံးချီသုတ်တွေဖြစ်ကရော

နေတိုးကလည်း ဝင်ပါရခက် မပါရခက်..
ဥရောပကလည်း ထိုင်ရမလို ထရမလို ဖြစ်ကရော..
ဆီကျင်းဖင်ကတော့ ခေါင်းမီးတောက်နေလောက်ပြီး ..🤌🤌

ငယ်ငယ်တုန်းက ရွာမှာ ဆိုလာပြားနဲ့ ပတ်သက်ပြီး ကြားဖူးတာ တခုပြောပြမယ်😁အဲဒီအချိန်တုန်းက ဆိုလာပြား ပေါ်ခါစ ခေတ်စားခါစ အချိန်ပ...
13/04/2026

ငယ်ငယ်တုန်းက ရွာမှာ ဆိုလာပြားနဲ့ ပတ်သက်ပြီး ကြားဖူးတာ တခုပြောပြမယ်😁
အဲဒီအချိန်တုန်းက ဆိုလာပြား ပေါ်ခါစ ခေတ်စားခါစ အချိန်ပေါ့ဗျာ
ရွာမှာ တချို့က ဆိုလာပြားတွေ ဝယ်တပ်တော့ တချို့အန်တီကြီးတွေက ဘာပြောလဲဆိုတော့ "အမလေးအေ..အဲဒီဆိုလာပြားတွေကြောင့် ကမ္ဘာကြီးက ပူနေရတာ..
ဆိုလာပြားဆိုတာ နေစွမ်းအင်ကို သုံးတာဆိုတော့ နေကို ဆွဲငင်နေမှာ ဆိုလာပြားများလာရင် ဆွဲအားပိုများတော့ နေက ကမ္ဘာနဲ့ နီးလာရတာဆိုဘဲ..ကမ္ဘာကြီး ပူလာရတယ်ဆိုတာ ဆိုလာပြားသုံးများလို့ ဆိုဘဲ....🫤🫤

သင်ရော ဘယ်လိုထင်ပါသလဲ နေစွမ်းအင်သုံးဆိုလာပြားက နေဆိုဆွဲငင်နိုင်တယ်ဆိုတာ ဟုတ်ပါသလား ..🤌🤌

Address

Cheongju-si Ochang-eup
Cheongwon

Website

Alerts

Be the first to know and let us send you an email when စဉ်းစားကြည့် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share