Gyeongnam myanmar community

Gyeongnam myanmar community ကိုရီးယားနိုင်ငံတွင် တရားဝင် NGO လိုင်စင်ရရှိထားသော ဂယောင်နမ်မြန်မာအသင်း(ချန်ဝမ်) 경남미얀마교민회(창원 )

11/06/2026

GME နဲ့ အတူ GMC မှ ပူးပေါင်းပါဝင်ပြီး GMC ရဲ့ အတွေ့အကြုံများကို ပြန်လည် မျှဝေပေးထားခြင်း ဖြစ်ပါတယ်ခင်ဗျ

မင်္ဂလာပါ မနေ့က လုပ်စရာတွေများသွားလို့ စာရင်းရှင်းတမ်းလေး တစ်ရက် နောက်ကျသွားခဲ့ပါတယ် ခင်ဗျ ~ လေးစားစွာဖြင့် GMC
08/06/2026

မင်္ဂလာပါ

မနေ့က လုပ်စရာတွေများသွားလို့ စာရင်းရှင်းတမ်းလေး တစ်ရက် နောက်ကျသွားခဲ့ပါတယ် ခင်ဗျ ~

လေးစားစွာဖြင့်
GMC

08/06/2026

이번 행사는 서로의 문화를 나누고, 함께 살아가는 이웃으로서 따뜻한 정을 나누는 뜻깊은 자리로 마련되었습니다.

행사 일정

1부
대구, 부산, 거제 지역의 미얀마스님들을 모시고 미얀마 내전으로 희생된 분들과 한국에서 생활하시다 안타깝게 세상을 떠난 이주민들을 위한 추모 및 평화 기도회를 진행했습니다.

2부
그동안 후원과 봉사, 다양한 활동으로 안전한 사화를 위해 함께해 주신 교민 회원 여러분께 감사의 마음을 전하며 경남미얀마교민회 회원카드를 전달하는 시간을 보냈습니다.

3부
미얀마 전통음식을 비롯한 다양한 자국 음식을 함께 나누는 음식잔치를 개최하면서 국적과 문화를 넘어 모두가 함께 어울리며 교류하는 따뜻한 시간이 될 것으로 기대하면서 진행을 했습니다.

모두 덕분에 어제 하루가 아주 좋은 하루가 되었습니다.
감사합니다.

07/06/2026

ဘူဆန်ဆရာတော်မှ ဩဝါဒတရား ဟောကြားခြင်း

07/06/2026

စနေကတည်းက တနင်္ဂနွေထိ၊ အိပ်ချိန် နည်းနည်းနဲ့ လုပ်အားပေးထားကြလို့ အားနာနေရသော်လည်း ၊ သူတို့ကတော့ ပြန်ရောက်တော့လည်း အားကစားလုပ်နေကြတယ်
အပတ်တိုင်းကို မနားကြဘူး

မင်္ဂလာပါယနေ့ ပွဲသို့ တက်ရောက်ပြီး တရားတော်များ ချီးမြှင့်ပေးပါသော ဒယ်ဂူးဆရာတော်၊ ဘူဆန်ဆရာတော်၊ ဂေါ်ဂျယ်ဆရာတော်များနှင့်...
07/06/2026

မင်္ဂလာပါ

ယနေ့ ပွဲသို့ တက်ရောက်ပြီး တရားတော်များ ချီးမြှင့်ပေးပါသော ဒယ်ဂူးဆရာတော်၊ ဘူဆန်ဆရာတော်၊ ဂေါ်ဂျယ်ဆရာတော်များနှင့်တကွ အစအဆုံး ပါဝင်ကူညီပေးကြသူအားလုံးကို ကျနော်တို့ GMC မိသားစုမှ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျ

လေးစားစွာဖြင့်
GMC

안녕하세요.경남 14개 국가 교민회 대표님들과 교민회 회원 여러분들께~ 2026년 6월 7일(일)에 개최되는 경남미얀마교민회의 자국음식잔치에  초대합니다.행사 일정은 1부 (오전 10:00 ~ 11:30)대구, 부산...
05/06/2026

안녕하세요.

경남 14개 국가 교민회 대표님들과 교민회 회원 여러분들께~

2026년 6월 7일(일)에 개최되는 경남미얀마교민회의 자국음식잔치에 초대합니다.

행사 일정은

1부 (오전 10:00 ~ 11:30)
대구, 부산, 거제 지역의 미얀마스님들을 모시고 미얀마 내전으로 희생된 분들과 한국에서 거주하면서 안타깝게 세상을 떠난 이주민들을 위한 추모 및 평화 기도회를 진행합니다.

2부 (오전 11:30)
그동안 후원과 봉사, 다양한 활동으로 함께해 주신 교민 회원 여러분께 감사의 마음을 전하며 경남미얀마교민회 회원카드를 전달하는 시간을 갖습니다.

3부 (오전 11:30 ~ 12:00 이후)
미얀마 전통음식을 비롯한 다양한 자국 음식을 함께 나누는 음식잔치를 개최합니다. 국적과 문화를 넘어 모두가 함께 어울리며 교류하는 따뜻한 시간이 될 것이라고 기대합니다.

이번 행사에 바쁘시더라도 참석하여 뜻깊은 시간을 함께해 주시면 감사하겠습니다.

여러분의 많은 관심과 참여를 부탁드립니다.

감사합니다.

경남미얀마교민회(GMC) 드림

မင်္ဂလာပါခင်ဗျ 🙏Gyeongnam Myanmar Community (GMC) မှ ဦးစီး၍ ၂၀၂၆ ခုနှစ် ဇွန်လ ၇ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀:၀၀ နာရီမှ နေ...
01/06/2026

မင်္ဂလာပါခင်ဗျ 🙏

Gyeongnam Myanmar Community (GMC) မှ ဦးစီး၍ ၂၀၂၆ ခုနှစ် ဇွန်လ ၇ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀:၀၀ နာရီမှ နေ့လယ် ၁:၀၀ နာရီအထိ 경남이주민센터 (Gyeongnam Migrant Center) ဒုတိယထပ် ခန်းမ၌ “2026 Happy Thadingyut Festival and GMC Friendship Gathering” ခေါင်းစဉ်ဖြင့် အခမ်းအနားကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

မြန်မာတို့၏ ရိုးရာသီတင်းကျွတ် အငွေ့အသက်များ၊ မီးရောင်အလှများနှင့်အတူ ပြည်ပရောက် မြန်မာမိသားစုများ၊ မိတ်ဆွေများနှင့် အသိုင်းအဝိုင်းများ ပြန်လည်တွေ့ဆုံကာ စည်းလုံးညီညွတ်မှု၊ မိတ်ဆွေချစ်ကြည်မှု၊ ယဉ်ကျေးမှုချိတ်ဆက်မှုနှင့် အပြန်အလှန် ကူညီရိုင်းပင်းမှုများ ပိုမိုခိုင်မာလာစေရန် ရည်ရွယ်၍ ဤအခမ်းအနားကို စီစဉ်ကျင်းပရခြင်း ဖြစ်ပါသည်။ 🇲🇲🤝🇰🇷

အခမ်းအနားတွင် ဒယ်ဂူးဆရာတော်၊ ဘူဆန်ဆရာတော်နှင့် ဂေါ်ဂျယ်ဆရာတော် အပါအဝင် ဆရာတော် (၃) ပါးအား ပင့်ဖိတ်၍ နေ့လယ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ တရားတော်နာယူခြင်းနှင့် ဩဝါဒချီးမြှင့်ခြင်း အစီအစဉ်များကိုလည်း ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

ထို့အပြင်

✨ GMC Member Card ပေးအပ်ခြင်း
✨ လစဉ် အလှူရှင်များနှင့် ပံ့ပိုးကူညီသူများအား ဂုဏ်ပြုခြင်း
✨ မြန်မာရိုးရာ အစားအသောက်များဖြင့် တည်ခင်းဧည့်ခံခြင်း
✨ Community Networking နှင့် မိတ်ဆုံတွေ့ဆုံခြင်း
✨ ယဉ်ကျေးမှုနှင့် ဖျော်ဖြေရေး အစီအစဉ်များ

ကိုလည်း အတူတကွ စီစဉ်ကျင်းပသွားမည် ဖြစ်ပါသည်။

အကျွေးအမွေးအဖြစ်

မုန့်ဟင်းခါး (ပဲကပ်ကြော်နှင့်အတူ)
ရှမ်းခေါက်ဆွဲ
လက်ဖက်သုပ်
ကောက်ညှင်းပေါင်း
မုန့်လုံးရေပေါ်
လက်ဖက်ရည်
ဖရဲသီး
လိမ္မော်သီး
စပျစ်သီး

တို့ဖြင့် ဧည့်ခံကျွေးမွေးသွားမည် ဖြစ်ပါသည်။

အခမ်းအနားအပြင်အဆင်ကိုလည်း သီတင်းကျွတ်၏ နွေးထွေးသော အငွေ့အသက်များ၊ မီးရောင်အလှများနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအသွင်အပြင်များကို ထင်ဟပ်စေရန် အထူးဖန်တီး ပြင်ဆင်ထားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ကိုရီးယားနိုင်ငံအတွင်းရှိ မြန်မာမိသားစုများ၊ မိတ်ဆွေများနှင့် GMC မိသားစုဝင်များအားလုံးကို ကျွန်ုပ်တို့နှင့်အတူ ပျော်ရွှင်နွေးထွေးစွာ ပါဝင်ဆင်နွှဲကြရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

လေးစားစွာဖြင့်

Gyeongnam Myanmar Community (GMC)

29/05/2026

ကျနော် သုံးတဲ့ ဖုန်းလိုင်း LG ရုံး မီးလောင်လို့ ဆိုလား
နေ့လည် ၁၂:၀၀ ကတညိးက ဖုန်းလိုင်းရော၊ အင်တာနက်ရော မရတာပါခင်ဗျ။

မာန ကြီးတာ မဟုတ်ရပါဘူး

ခုတောင် သူများ ဖုန်းလေး ကပ်သုံးရတာပါလို့

ကို MIN MIN AUNG ၏ နာရေးကိစ္စအား GMC မှ ကျန်ရစ်သူ မိသားစုကိုယ်စား တာဝန်ယူ ဆောင်ရွက်ခဲ့ပြီးစီးခဲ့ပါပြီခင်ဗျ။နာရေးနှင့် သက...
24/05/2026

ကို MIN MIN AUNG ၏ နာရေးကိစ္စအား GMC မှ ကျန်ရစ်သူ မိသားစုကိုယ်စား တာဝန်ယူ ဆောင်ရွက်ခဲ့ပြီးစီးခဲ့ပါပြီခင်ဗျ။

နာရေးနှင့် သက်ဆိုင်သော ကုန်ကျစရိတ်များကိုလည်း ကို MIN MIN AUNG ၏ ကျန်ရှိခဲ့သည့် လုပ်ခလစာများနှင့် နာရေးကူညီငွေများဖြင့် စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

သို့သော် ကျန်ရှိသော လုပ်ခလစာများအား အလုပ်ရှင်ဘက်မှ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင်မှ ပေးချေနိုင်မည်ဖြစ်သဖြင့် GMC ဥက္ကဌမှ ဦးစွာ စိုက်ထုတ်ပေးချေထားခဲ့ပါသည်။

ထို့အပြင် —

၁) GMC Bank Account သို့ နာရေးကူညီငွေ ပေးပို့လှူဒါန်းခဲ့ကြသော အလှူရှင် (၆၈) ဦး၊

၂) KDA မှ နာရေးကူညီပေးခဲ့ကြသော 신상헌님၊ 박용수 대리님 နှင့်

၃) ကို MIN MIN AUNG နာရေးကူညီငွေအဖြစ် KDA (၁/၂) ရုံ၊ KDA (၅) ရုံမှ ညီကိုမောင်နှမများ စုပေါင်းကောက်ခံပေးခဲ့သော ငွေ 1,970,000 wonကိုလည်း တာဝန်ခံ ကိုရန်နိုင်စိုးထံမှ လက်ခံရရှိခဲ့ပါသည်။

ငွေအား၊ လုပ်အား၊ စိတ်အားဖြင့် အသီးသီး ပါဝင်
ကူညီပေးခဲ့ကြသူ အားလုံးကို GMC မှ အထူးကျေးဇူးတင်ရှိပါသည်ခင်ဗျ။

စိတ်မကောင်းစွာဖြင့်
GMC
경남미얀마교민회

Address

Changwon

Alerts

Be the first to know and let us send you an email when Gyeongnam myanmar community posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Gyeongnam myanmar community:

Share